Channel Myanmar

Uncategorized

Turbo Kid(2015) မြန်မာစာတန်းထိုး
Turbo Kid(2015) မြန်မာစာတန်းထိုး ၈၀ ပြည့်​နှစ်​​တွေ ရဲ့ သိပ္ပံ ဇာတ်​လမ်းပုံစံ မျိုး ခဏ​လောက်​ ပြန်​သွား ကြည့်​ကြစို့ဗျာ။ ရုပ်​ရှင်​က အသစ်​ဖြစ်​​ပေမယ့်​ အတိတ်​ က ပုံစံ​လေး​တွေ ယူပြီး ရိုက်​ကူးထားတာပါ။ ကာတွန်း စာအုပ်​​တွေ အ​ပေါ် စွဲလမ်းလွန်းတဲ့ ​ကောင်​​လေး တစ်​​ယောက်​ဟာ သူဖတ်​​နေကြ ရုပ်​ပြဇာတ်​လမ်း​တွေ ထဲကလို အဖြစ်​မျိုး နဲ့ ကြုံ လာရတဲ့ အချိန်​မှာ ကြုံ​တွေ့ ရမယ့်​ အဖြစ်​အပျက်​​တွေကို တင်​ဆက်​ထားတာပါ။ သူ​ကြောက်​ခဲ့ရတဲ့ မိစ္ဆာ ​တွေ ကို သူဖြစ်​ချင်​တဲ့ လူစွမ်း​ကောင်း​နေရာက​နေ နှိမ်​နင်းရ​တော့မှာပါ။ ရုပ်​ရှင်​ရဲ့ ရှုခင်း​တွေ ကို စွန့်​ပစ်​​မြေ ​တွေ အ​ဆောက်​အအုံ ​ဟောင်း ​တွေ နဲ့ ​နောက်​ခံယူထားပါတယ်​။ လုံးဝကို နျူကလီးယား စစ်​ လိုမျိုး ​တွေ ဖြစ်​ပြီး ​ခြောက်​ခမ်း ​နေတဲ့ ပုံစံ ...

Turbo Kid(2015) မြန်မာစာတန်းထိုး

Another Cinderella Story (2008)
Another Cinderella Story (2008) မင်းသမီး ဆလီနာဂိုးမက်ကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တယ်။ သူမ ၁၆ နှစ်သမီးတုန်းက သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်သွားပြီး အက ကွက်တွေလဲ သပ်ရပ်ပါတယ်။ ပုံမှန်တော့ စင်ဒရဲလားဇာတ်ကားတွေကို ပျင်းလို့ ကျွန်တော်ကြည့်လေ့မရှိပါ။ ဒါပေမယ့် ဒီဇာတ်ကားကတော့ ခေတ်သစ်စင်ဒရဲလားအဖြစ် ပုံပြင်ထဲက ကွဲထွက်ပြီး မပျင်းမရိအောင် ခေါ်ဆောင်သွားနိုင်ပါတယ်။ IMDb Rating မှာ (5.9/10) ပဲရရှိထားပေမယ့် Rotten Tomatoes မှာတော့ 75% ထိ Rating ပေးထားပါတယ်။ ဆလီနာဂိုးမက် ပရိတ်သတ်ပဲဖြစ်ဖြစ် Musical ဇာတ်ကားတွေကိုနှစ်သက်သူတွေဖြစ်ဖြစ် ကြည့်သင့်ပါတယ်။ "သင့်မှာ စွမ်းရည်တွေရှိနေရင် အိမ်မက်တွေက တကယ်ဖြစ်လာမှာပါ။" (မြန်မာစာတန်းထိုးကိုတော့ Kyaw Htwe မှ တင်ဆက်ထားတာပါ။)File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....01:31:54 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung  နမူနာကြည့်ရန်
movie

Another Cinderella Story (2008)

Parts Per Billion / Pihu (2014)
Parts Per Billion / Pihu (2014) ဒီကား​လေးက​တော့ ထိတ်​လန့်​ တုန်​လှုပ်​ဖွယ်​ရာကို ရိုက်​ပြထားသလိုနဲ့ တကယ်​တမ်း ချစ်​သူစုံတွဲ ​တွေရဲ့ relationship ကို ချပြ ထားတဲ့ကား​လေးပါ။ အဓိက ​ကျောရိုး ကို​တော့ ဇီဝ​ဗေဒ ဆိုင်​ရာ ပြဿနာ က စတဲ့ ပုံစံယူထားပါတယ်​။ လူသား​တွေ ​ကြောင့်​ ဖြစ်​တဲ့ ဇီဝ ​ဘေးအန္တရာယ်​ ကြား က​နေ စုံတွဲ သုံးတွဲ ဟာ အသက်​လု ကြရင်း တစ်​ဦး အ​ပေါ် တစ်​ဦး ဘယ်​လို ​ဖေးမ ကြတယ်​ ဆိုတာ ​တွေ, relationship တစ်​ခုရဲ့ ကြည်​နူးစရာ​တွေ ဖြစ်​တတ်​တဲ့ က​တောက်​ကဆ ​လေး​တွေကို ပြသ ထားတာပါ။ ပိုစတာ ကို ကြည့်​ရင်​ ကမ္ဘာ့​နောက်​ဆုံး ​နေ့ရက်​​တွေ အ​ကြောင်း ရိုက်​ထားသလို စိတ်​ကူးယဉ်​ သိပ္ပံဇာတ်​လမ်းလို ​တွေ မဟုတ်​ပါဘူး။ drama ...
movie

Parts Per Billion / Pihu (2014)

Instructions Not Included(2013) မြန်မာစာတန်းထိုး
Instructions Not Included(2013) မြန်မာစာတန်းထိုး ငယ်စဉ်က အဖေဖြစ်သူဆီကနေ အကြောက်တရားမျိုးစုံကို မကြောက်စေဖို့ ထိန်းကျောင်းခံလာရတဲ့ ဗယ်လယ်တိုင်း ဆိုတဲ့သူ တစ်ဦးကြီးပြင်းလာတဲ့အခါ မိန်းမတွေနဲ့ ရှုပ်ပွေ ပြီးတော့ အချစ်ဆိုတာ ပေါ့ပျက်ပျက်ထားခဲ့ပြီး လက်ထပ်ဖို့တော့ အရမ်းကြောက်တဲ့ သူဖြစ်ပါတယ် တနေ့မှာတော့ သူ့အိမ်ရှေ့ကို သူနဲ့ အရင်က တွဲခဲ့တဲ့ မိန်းမတယောက်က ကလေးလေး တယောက်နဲ့ အတူ ရောက်လာပြီး သူ့ကလေးလို့ ပြောပြီး ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်သူကတော့ ကလေးကို လဲ မလိုချင်တော့ သူ့အမေကို ပြန်ပေးဖို့ မက္ကဆီကိုကနေ ကားတစ်တန် ကုန်းကြောင်းတစ်တန်နဲ့ အမေရိကားကို လာခဲ့ပါတယ် လမ်းခရီးမှာ ကလေးနဲ့ သံယောဇဉ်တွယ်လာပြီး နောက်ပိုင်း ကလေးကို ပြုစု စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်အမြင့်ကို ကြောက်တတ်တဲ့Valentin ဟာ ကလေး သံယောဇဉ်ကြောင့် စတန့် သမား ...

Instructions Not Included(2013) မြန်မာစာတန်းထိုး

Dhobi Ghat (2010) မြန်မာစာတန်းထိုး
Dhobi Ghat (2010) မြန်မာစာတန်းထိုး ဒီကားလေးကတော့IMDB rating 7.2/10ရရှိထားပြီး ဒရမ်မာ ဆန်ဆန်လွမ်းမောဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ Pk မင်းသားပါဝင်သရုပ်ဆောင်ထားပြီးလူနေမှုဘ၀အဆင့်အတန်းကို မီးမောင်းထိုးပြပေးတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်း➳ ➳ ➳ ➳ ➳အာရွန် ဆိုတဲ့ ပန်းချီဆရာလေးဟာတိုက်ခန်းငယ်တစ်ခုဆီ ငှါးရမ်းနေထိုင်ဖို့ ပြောင်းရွှေ့လာခဲ့ပါတယ်။သူငှားနေတဲ့ရပ်ကွက်ကတော့မွန်ဘိုင်းရဲ့အခြေခံလူတန်းစားရပ်ကွက်လေးပေါ့အတိတ် မှာဖြင့်အာရွန် ဟာ သူ့မိန်းမနဲ့ကွာရှင်းခဲ့ပြီးနာက်စိတ်ဒဏ်ရာရရှိခဲ့သူတစ်ဦးဖြစ်လာခဲ့ရတယ်။အဲဒီနောက် သူဟာ မိန်းကလေး များနှင့်ခပ်ခွာခွာ နေလာခဲ့ရသူ ဖြစ်လာခဲ့တယ်။ဒါပေမဲ့မွန်ဘိုင်း တိုက်ငယ်ဆီ မပြောင်းခင်တုန်းကပေါ့။အာရွန်ဟာ ရှိုင်း ဆိုတဲ့ကောင်မလေးနဲ့ဆုံဆည်းခဲ့ပါသေးတယ်။ရှိုင်း ဟာ ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီးသူမရဲ့ ၀ါသနာအရ ဓာတ်ပုံရိုက်ခြင်းမှာဝါသနာထုံသူတစ်ဦးပါ။တစ်နေ့ မှာ အာရွန်ရဲ့ ပန်းချီ ပြပွဲသွားရင်းရှိုင်းဟာ အာရွန်ကို ခင်မင်ရင်းနှီး သွားပါတယ်။အဲ့ဒီနောက် ရှိုင်းကတော့ အာရွန်ကိုတိတ်တခိုးချစ်မိသွားပါတော့တယ်။ဒီ ဇာတ်ကားရဲ့ နောက်ဇာတ်ကောင်လေးကတော့မူနာ ဆိုတဲ့ အ၀တ်လျှော်သမားလေးပါ။သို့ပင်သူ့မှာ ရုပ်ရှင်မင်းသားဆိုတဲ့ အိပ်မက်လေးလည်းရှိထားနှင့်ခဲ့ပါတယ်။တစ်နေ့မှာ မူနာ ဟာ ရှိုင်းတို့တိုက်ခန်းဆီ အ၀တ်သွားပို့တဲ့ချိန်မှာတော့ အာရွန်ရဲ့အကျီင်္ကို မှားပို့မိပါတယ်။ ရှိုင်းကတောူ့အာရွန့်လိပ်စာကိုမေးမြန်းစုံစမ်းရင်း အာရွန်ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မူနာလည်း ရှိုင်း နဲ့ ...

Dhobi Ghat (2010) မြန်မာစာတန်းထိုး

God’s Not Dead(2014) မြန်မာစာတန်းထိုး
God’s Not Dead(2014) မြန်မာစာတန်းထိုး God's not dead ဒီကား​လေး ဟာ နာမည်​ နဲ့ လိုက်​​အောင်​ပဲ ဘာသာ​ရေး ဇာတ်​ကား ​လေးပါ။ အဓိက က​တော့ ခရစ်​ယာန်​ ဘာသာ​ရေး ဇာတ်​ကား လို့ ​ပြောလို့ရပါတယ်​။ ခရစ်​ယာန်​ ဘာသာ​ရေး ကားဆို​ပေမယ်​လို့ ဒီကားမှာ လူသား တစ်​ဦး ရဲ့ သူ ၏ ကိုးကွယ်​ ရာ ဘုရား ကို သက်​ဝင်​ ယုံကြည်​မှု, ဘုရား အ​ပေါ်ယုံကြည်​မှု နဲ့ ကိုယ့်​ ကိုယ်​တွင်း သန္တာန်​ က စိတ်​ ခွန်​အား ဆက်​စပ်​ပုံ, ​တွေကို ချပြထားတာ​ကြောင့်​ ဘယ်​ဘာသာဝင်​မဆို ကြည့်​ဖို့ အဆင်​​ပြေ ပါတယ်​။ ဇာတ်​အိမ်​ကို​တော့ ခရစ်​ယာန်​ ဘာသာဝင်​ ဘာသာတရား ကိုင်းရှိုင်းတဲ့ ​ကောလိပ်​ ​ကျောင်းသား​လေးတစ်​​ယောက်​နဲ့ ဘာသာမဲ့ ဆရာ တို့ရဲ့ အားပြိုင်​မှု​လေးနဲ့ ...

God’s Not Dead(2014) မြန်မာစာတန်းထိုး

မြန်မာစာတန်းထိုး ဇတ်ကားများ အသံမလာတာ ဖြေရှင်းရန်….
မြန်မာစာတန်းထိုး ဇတ်ကားများ အသံမလာတာ ဖြေရှင်းရန်….  ကျနော်တို့ CM မှာ နောက်ပိုင်း တင်တဲ့ ရုပ်ရှင်ကားတွေ အသံမလာဘူးလို့ပြောနေကြတဲ့ CM Member များအတွက် ဖြေရှင်းဖို့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်တစ်ချို့ဖုန်းများမှာ UPDATE မလုပ်ရသေးတဲ့ Player တွေဟာ ရုပ်ရှင်ကားတွေကိုအသံထွက်စေဖို့ Support လုံလောက်စွာ မပေးနိုင်ပါဘူးဖုန်းအားလုံးနဲ့ ကိုက်ညီတဲ့ VLC Player နဲ့ဆို ပိုအဆင်ပြေမှာပါ...Android=========Play Store Linkhttps://play.google.com/store/apps/details?id=org.videolan.vlc.betav7neon&hl=enPcloud Linkhttp://pc.cd/C42IOS======APP Store Linkhttps://itunes.apple.com/en/app/vlc-for-ios/id650377962?mt=8Windows =========VLC Official Websitehttp://www.videolan.org/vlc/download-windows.htmlPcloud LinkWindows 32bitWindows 64bit စသဖြင့် ၃ မျိုးလုံးအတွက် တင်ပေးလိုက်ပါတယ်..အဆင်ပြေနိုင်ကြပါစေ...(သစ်ဆန်းခန့်)

မြန်မာစာတန်းထိုး ဇတ်ကားများ အသံမလာတာ ဖြေရှင်းရန်….

Trespass (2011)  မြန်မာစာတန်းထိုး
Trespass (2011) မြန်မာစာတန်းထိုး သီးသန့်ဆန်ပြီး ချမ်းသာတဲ့ အသိုင်းဝိုင်း လုံခြုံရေးကို အဓိကထားပြီး ခြွင်းချက်မရှိ ပြည့်စုံတဲ့ မီလာ မိသားစု သူတို့ရဲ့ တောက်ပတဲ့ နံရံတွေ လှပတဲ့ ပန်းခြံကျယ်တွေကို စီးပွားရေးသမား အိမ်ရှင်ကြီး ကိုင်လ်က သူ့ရဲ့ အယုံကြည်ရဆုံး မိန်းမဖြစ်သူ ဆာရာကို အလုံးစုံ အပ်ထားပါတယ် သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးလေးလေး အေဗရီ အတွက် အချင်းချင်း သဘောထားမတိုက်ဆိုင်တာတွေ ဆုံးဖြတ်ချက်တွေ လွဲလာတဲ့ အလျောက် ဆာရာဟာ ယောက်ျားဖြစ်သူနဲ့ အနည်းငယ် ဝေးကွာနေခဲ့ပါတယ် အဲ့ဒီအချိန်မှာ သူတို့အိမ်ကို ပြုပြင်ဖို့ရောက်လာတဲ့ အလုပ်သမား ငယ်ငယ်ချောချောကောင်လေး အယ်လိုင်ယက်စ် နဲ့ ငြိမိတဲ့နောက် နောက်ပိုင်းမှာ အယ်လိုင်ယက်စ်ဟာ သူတို့မိသားစုကို အုပ်စုလိုက် ဓါးပြတိုက်ဖို့အတွက် လပေါင်းများစွာ သွေးအေးအေးနဲ့ ကြိုတင်ကြံစည်နေတဲ့သူမှန်း သိလိုက်ရတဲ့အခါ… ကိုင်လ် ဆာရာ နဲ့ အေဗရီတို့ သူတို့ရဲ့ အသက်အန္တရာယ်ကနေ ...

Trespass (2011) မြန်မာစာတန်းထိုး

Yevadu(2014)
Yevadu(2014) IMDb Rating ကတော့ 4.8 လောက်ပဲရရှိထားပေမယ့် အခုလထဲမှာအရမ်းကိုခေတ်စားနေတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမို့Channel Myanmar ပရိတ်သတ်ကြီးအတွက်တင်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့်မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး ...
movie

Yevadu(2014)

Stage Fright Movie(2014) မြန်မာစာတန်းထိုး

Stage Fright Movie(2014) မြန်မာစာတန်းထိုး

Entertainment ( 2014 )
Entertainment ( 2014 ) ဟာသဇာတ်လမ်းလေးနဲ့ဘ၀ရဲ့ ချစ်ခြင်းမေတ္တာကို တွဲဖက်ကြည့်ရင်း အားလပ်ချိန် ကိုအပန်းဖြေချင်ရင်တော့ ဒီဇာတ်ကားလေး ကိုညွှန်းဆိုပါရစေ။ဇာတ်လမ်းအကျဉ်းအခီ ( အရှေးကူးမား) ဟာကြုံရာကျပန်း လုပ်ကိုင်နေရတဲ့ သူဆင်းရဲတစ်ဦးပေါ့။ဒါပေမဲ့ သူ့မှာ သိပ်ချောလွန်းတဲ့ ရည်းစားလေးတစ်ဦးရှိတယ်။ သူမ နာမည်က ဆက်ရှီ။အခီ ဟာ ဆက်ရှီကို လက်ထပ်ဖို့ ယောက္ခမ ကိုခွင့်ပန်ခဲ့သည်။သို့သော် ချမ်းသာသူနှင့်သာ ပေးစားလိုသော အဖေတစ်ယောက်အဖို့ အခီကို လုံးဝသဘောမတူခဲ့ပေ။ မီလီလျံနာတစ်ဦးသာ ဖြစ်ခဲ့လျှင် အချိန်မရွေး လက်ထပ်ပေးမယ်ဟု ကတိပေးခဲ့လေသည်။ကံကြမ္မာ သည်ကား မျက်လှည့်ဆန်လွန်းသည်။ ထို့သို့နှင့် အခီ၏မွေးစားအဖေ ပြောပြချက်အရ အခီ မှာ မီလီလျံနာတစ်ဦး၏ သားဖြစ်နေကြောင်း သိလိုက်ရလေသည်။ ထိုသူဌေးမှာလည်း ကွယ်လွန်၍ အမွေဆက်ဆံမည့်သူသည် အခီသာ ရှိတော့သည်။သို့သော် အခီ ရောက်ရှိခဲ့ချိန်မှာတော့ အမွေဆက်ခံရသွားသူက Entertainment ဟူသော ခွေးတစ်ကောင်ဖြစ်နေလေ၏။ အခီအဖို့တော့ အလာကောင်း အခါနှောင်း ဖြစ်နေရသည့်အဆုံး အခီသည် entertainment.ခွေးအားသတ်ရန် နည်းမျိုးစုံသုံးကာ လုပ်ကြံခဲ့သည်။သို့သော် အောင်မြင်မှု မရသေးချေ။ထိုစဉ် မျှော်လင့်မထားဘဲ အမွေလာလုသူနှစ်ဦးက အခီအဖေရဲ့ ညီဝမ်းကွဲ အာဂျန်နဲ့ ကာရန် ။ အာဂျန်နဲ့ ကာရန် ဟာလည်း အခီနဲ့ entertainment ခွေးကို လုပ်ကြံသတ်ဖြတ်ရန် ...
movie

Entertainment ( 2014 )

Seeking Justice (2011) မြန်မာစာတန်းထိုး
Seeking Justice (2011) မြန်မာစာတန်းထိုး Seeking Justic မှာတော့ Cage က သာယာတဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကျောင်းဆရာ တစ်ဦးအဖြစ်သရုပ်ဆောင်ထားပါတယ်။ မိန်းမကလည်း အနုပညာသည်တစ်ဦးဖြစ်ပြီး ယောက်ျားအပေါ်လည်းအလွန်ချစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ မိန်းမဖြစ်သူ အိမ်ကိုပြန်လာချိန်မှာ လမ်းမှာမုဒိမ်းကျင့်ခံလိုက်ရပါတယ်။ Cage ဆေးရုံကိုရောက်သွားတဲ့အချိန်မှာ မိန်းမဖြစ်သူလုံးဝ သတိလစ်လို့နေပါပြီ။ မိန်းမဖြစ်သူ သတိပြန်အလည်လာကိုစောင့်နေရင်း လူထူးလူဆန်းတစ်ယောက်က Cage ကိုစကားလာပြီးပြောပါတယ်။ သူ့မိန်းမကိုမုဒိမ်းကျင့်တဲ့လူကို သူသိတယ်။ အဲဒီလူကို သတ်ပေးမယ်ဖြစ်ပြီးပိုက်ဆံလည်းပေးစရာမလိုတဲ့အပြင် ဘာအမှုမှပတ်စရာမရှိကြောင်း ပြောတဲ့အခါCage တစ်ယောက်အရမ်းအံ့သြသွားပါတယ်။ အဲဒီအခါမှာ Cage က အဲဒီလူကိုပဲ ပြပါ။သတ်ပေးစရာလည်းမလိုဘူး ရဲလက်ကိုပဲအပ်မယ်လို့ပြောတဲ့အခါ အဲဒီလူက မုဒိမ်းမှု နဲ့ထောင်ကျရင် ၁၁လပဲကျမှာဖြစ်ပြီး မိန်းမဖြစ်သူက တရားရုံးမှာအမှုရင်ဆိုင်ရာမှာမို့လူသိရှင်ကြားနဲ့ အရှက်တကွဲအကျိုးနဲစရာတွေဖြစ်လာမှာမို့ မုဒိမ်းကျင့်တဲ့လူကိုသတ်လိုက်တာဟာအကောင်းဆုံးဖြစ်တယ်လို့ရှင်းပြပါတယ်။ နောက်ဆုံး Cage တစ်ယောက်ထိုသူပြောတဲ့စကားကိုလက်ခံလိုက်ပြီး ဘာကြောင့်အဲဒီလူမုဒိမ်းကျင့်တဲ့လူကို သတ်ပေးရတာလဲလို့မေးတဲ့အခါမှာ ရဲတွေရဲ့တရားမျှတမှုမရှိလို့ ကိုယ်တိုင်ကိုယ်ကျအဖွဲ့တစ်ခုဖွဲ့ပြီး တရားမျှတမှုကိုလိုက်ရှာနေတဲ့အတွက် ဒါမျိုးလုပ်ပေးတယ်လို့ပြောပြီးထွက်သွားပါတယ်။နောက်နေ့မှာလည်းတကယ်ပဲ Cage ဆီကို အဲဒီမုဒိမ်းကျင့်တဲ့လူ သေနေတဲ့ပုံ နဲ့အခင်းဖြစ်ပွားတဲ့နေရာမှာကျန်ခဲ့တဲ့ မုဒိမ်းသမားဆီရောက်နေတဲ့ ...

Seeking Justice (2011) မြန်မာစာတန်းထိုး

Mortdecai (2015) မြန်မာစာတန်းထိုး
Mortdecai (2015) မြန်မာစာတန်းထိုး မင်းသားကြီး ဂျော်နီဒပ် (Johnny Depp) ကိုယ်တိုင် ရိုက်ကူး သရုပ်ဆောင်ထားတဲ့ အမေရိကန် ဟာသ အက်ရှင် ဇာတ်ကားသစ် အကြောင်း  တင်ပြပေးလိုက် ပါတယ်။ နှုတ်ခမ်းမွေး အကောက် နဲ လော့ဒ်ချာလီမော့ဒီကိုင် ဟာ ထူး ခြားတဲ့ အနုပညာ လက်ရာ တွေကို  အရောင်းအဝယ် လုပ်တဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်ပါတယ်။ လူဆိုး ဂိုဏ်းဝင် ဖန်ဆို သူကို ရှားပါး ပန်းအိုး တစ်လုံး ရောင်းဖို့အတွက် ဟောင်ကောင်က ကာစီနို ရုံကို သွားခဲ့ပါတယ်။ ဒေါ်လာ တစ်သန်းတန် ပစ္စည်းကို သုံးသန်းနဲ့  ရောင်းခဲ့တာ သိသွားတဲ့ ဖန် က မော့ဒီကိုင် ရဲ့ လက်ချောင်းတွေကို ဖြတ်ယူ နိုင်မှပဲ ကျေနပ် နိုင်မယ့်  အခြေအနေ ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက် လန်ဒန် က ...
movie

Mortdecai (2015) မြန်မာစာတန်းထိုး

Max (2015) မြန်မာစာတန်းထိုး
Max (2015) မြန်မာစာတန်းထိုး IMDb Rate 6.8 ရရှိထားပြီးနိုင်ငံတကာမှာလည်းနာမည်ရခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်..2015 ခုနှစ်အတွင်းမှာထွက်ရှိထားပြီး ဒါရိုက်တာ Boaz Yakin က ရိုက်ကူးတင်ဆက်ထားပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ... မက်စ်ဟာ အထူးလေ့ကျင့်ပေးထားတဲ့စစ်ခွေးတစ်ကောင်ပါ..အင်မတန်တော်သလို..အင်မတန်လည်းသစ္စာရှိပါတယ်..တစ်နေ့ အာဖဂန်နစ်စတန် စစ်ပွဲမှာမက်စ်ရဲ့သခင် ဖြစ်တဲ့ Marine Kyle ဟာ စစ်မြေပြင်မှာ အသက်ပေးသွားပြီးတဲ့နောက်မှာတော့Kyle ရဲ့ မိသားစုကပဲ မက်စ် ကိုဆက်လက်ပြီးမွေးထားလိုက်ပါတယ်...အဲ့မိသားစုထဲက ကောင်လေးတစ်ယောက်ဟာ သူ့အိမ်မှာ တိရစ္ဆန်မွေးတာကိုကြိုက်တဲ့သူမဟုတ်ပါဘူးဘယ်လိုပဲနေနေ မက်စ်ကတော့ အကောင်းဆုံးနေထိုင်ခဲ့ပေမယ့် သူမသိခဲ့တာတွေမထင်မှတ်ထားတာတွေဖြစ်လာတဲ့အခါမှာတော့.................................................Filesize : 754 MBQuality : WEB-DL720pFormat : mp4Run Time : 1 hour 51 minSubtitle : Myanmar Subtitle { Hardsub }Encoded By LKDownload And Watch With Pcloud Link

Max (2015) မြန်မာစာတန်းထိုး