Channel Myanmar

Uncategorized

Hearty Paws 2 (2010)
Hearty Paws 2 (2010) အားလုံးသိကြတဲ့ Big Boss (Song Jong-Ki)တဲ့ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hearty Paws 2 မှာတော့မိခင်မေတ္တာကိုအထူးသရုပ်ဖော်တင်ဆက်ထားပါတယ်....ဒုံဝေါ က သူအဖေနောက်ဆုံးလက်ဆောင်အဖြစ်ဂရုစိုက်ဖို့ပေးထားခဲ့တဲ့ ခွေးမလေးအသဲနဲ့နေ့တိုင်းကစားနေတော့ စာမေးပွဲတွေနဲ့အမှတ်တွေကျလာခဲ့ပါတယ်....ဒါကြောင့် ဒုံဝေါ့ရဲ့အမေကခွေးမလေးနဲ့သူရဲ့သားလေးသုံးကောင်ကိုသူ့မောင်ရှိတဲ့ဆီကိုပို့လိုက်ပါတယ်....ခွေးမိသားစုလေးကတော့တိရစ္ဆာန်စောင့်ရှောက်တဲ့လူမရှိခင် ဒုံဝေါ့ရဲ့ဦးလေးဖြစ်သူရဲ့အခွေဆိုင်လေးမှာနေခဲ့ရပါတယ်....အဲ့ဒီအချိန်မှာဘဲဖောက်ထွင်းမှု့ကျူးလွန်တဲ့လူနှစ်ယောက်က ခွေးလေးတွေကိုမြင်ပြီးတော့အခွေဆိုင်ကိုရောက်လာခဲ့ပါတယ်...အကြောင်းကတော့သူတို့ရဲ့ခိုးရာပါစိန်တွေကို ခွေးလေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ပြီးသယ်ဖို့အတွက်ဆုံးဖြတ်လိုက်လို့ပါဘဲ...သူခိုးနှစ်ယောက်ကသူ့ရဲ့ကလေးလေးတစ်ကောင်ကိုဖမ်းသွားတဲ့အခါ အသဲလို့ခေါ်တဲ့ခွေးမလေးကအန္တရာယ်တွေကြားထဲကနေ ပြန်လိုက်ကယ်ရတဲ့ကားလေးဖြစ်ပါတယ်....အသဲက သူ့ရဲ့ကလေးလေးကိုကယ်တင်နိုင်မလား ????ဒုံဝေါကကောသူရဲ့ အချစ်ဆုံးခွေးလေး အသဲနဲ့ခွေးလေးတွေကိုပြန်ပြီးတွေ့နိုင်မလားဆိုတာ Hearty Paws 2 မှာကြည့်ရှု့နိုင်ပါတယ်...ရယ်စရာဟာသခန်းလေးများလည်းပါတဲ့အပြင်မိခင်မေတ္တာကိုအဓိကညွှန်းဆိုထားတဲ့ကားလေးဖြစ်လို့ မျက်ရည်မခိုင်သူများအတွက် အရမ်း သနားစရာကောင်းတဲ့ကားကောင်းလေးတစ်ကားလည်းဖြစ်တယ်လို့ပြောပါရစေ...ကျွန်တော် ဘ၀အတွက် အရေးပါတဲ့ တစ်ယောက်သောသူက ကြည့်ချင်တယ်ဆိုလို့ ဘာသာပြန်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့လဲ ပြောလို့ ရပါတယ်။File Size         :670 MB Quality           : DVD Rip Running Time : 1hr 32 minute Format           : Mp4 Genre             : Drama,Comedy Encoder         : Joker.phs(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwin ပဲ ...
movie

Hearty Paws 2 (2010)

Ace Ventura: Pet Detective (1994) 6.9
Ace Ventura: Pet Detective (1994) The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိန်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9  အထိ ရထားတဲ့ ဇာတ်ကားပါ။File Size         : 620 MB Quality           : Blu ray 720P Running Time : 1hr 26 minute Format           : ...
movie

Ace Ventura: Pet Detective (1994)

Touch By Touch (2015) 18+
Touch By Touch (2015) 18+ ဒီကားလေးကတော့အထူးညွှန်စရာမလိုတော့ဘူးထင်ပါတယ်ဗျ...ဒါပေမယ့်တခြား 18+ကားတွေထက် ထူးခြားတာလေးတွေကတော့ အိမ်ထောင်ရေးသုခကိုဘယ်လိုပြေလည်အောင်လုပ်ရမယ့် နည်းလမ်းတွေရယ်...မိန်းကလေးတွေရဲ့သဘာဝကိုဘယ်လိုနားလည်ရမလဲဆိုတဲ့အချက်ကလေးတွေပါ ထည့်သွင်းဖော်ပြပေးထားလို့ 18+ ကြည့်နေရင်းနဲ့ မိန်းကလေးတွေရဲ့အကြောင်းကိုနားလည်ချင်နေတဲ့အကိုတွေဦးလေးတွေအတွက်ရော အိမ်ထောင်ရေးအဆင်မပြေလို့မိန်းမကိုကြောက်နေကြတဲ့အိမ်ထောင်သည် အကိုကြီးတွေအတွက်ကောလုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ဘဲပြောပါရစေ ..အိမ်ထောင်သည်တွေအတွက်မိန်းမနိုင်နည်းပါတယ်မို့ မလွတ်တမ်း ကြည့်လိုက်ကြပါဦးFile Size         : 650 MB Quality           : HD Rip 720P Running Time : 1hr 16 minute Format           : Mp4 Genre             : Comedy, Romance Encoder         : Joker.phs (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwin ပဲ ဖြစ်ပါတယ်)
movie

Touch By Touch (2015) 18+

Mr.Right(2016) မြန်မာစာတန်းထိုး
Mr.Right(2016) မြန်မာစာတန်းထိုး IMDb rating 6.3/10 ရရှိထားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားလေးဟာဆိုရင်ဖြင့် ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ကြွေမိပြီးချစ်ကြိုက်မိရာမှာ ထိုကောင်လေးဟာ တရားခံပြေးတယောက်ဖြစ်နေခဲ့သည်ကို သိရှိခဲ့ရတဲ့ အခါမှတော့မည်သို့မည်ပုံ ဆက်လက်ကြုံတွေ့ရမည်ကို ဟာသဆန်ဆန် ရိုက်ကူးပြသထားသည်ကိုပရိတ်သက်ကြီးကဘဲဆက်လက် ကြည့်ရှုခံစားကြပါအုံးလို့ဒီဇာတ်ကားမှာဆိုရင်တော့ မစ္စတာရိုက် အဖြစ် မင်းသားကြီး Sam RockWell ကပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီး Anna Kendrick ကပါ ပါဝင်အားဖြည့်ပြီး အက်ရှင် ဟာသကားတကား အနေဖြင့်ပရိတ်သတ်ကြီးကို တကားလုံး မပျင်းရိစေဘဲ ဆွဲဆောင်သွားမှာဖြစ်ပါတယ်။File size...(700MB)  Quality...BR-Rip 720pFormat...mp4Duration....01:44:24Subtitle....Myanmar Subtitle (Hardsub)Translator .......Myo Myint MaungEncoder....Aung Pyay  Download and Watch on Pcloudအစမ်းကြည့်ရန်

Mr.Right(2016) မြန်မာစာတန်းထိုး

Super Junior: Attack On the Pin-up Boys (2007)
Super Junior: Attack On the Pin-up Boys (2007) ဒီဇာတ်ကားလေးဟာ နာမည်ကြီးK-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့Super Junior အဖွဲ့သားတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအကြောင်းမပြောခင်မှာ အဖွဲ့အကြောင်းလေးအရင်မိတ်ဆက်ပါရစေ။Korean Boys Band တစ်ခုဖြစ်တဲ့ Super Junior ကို စတင်ဖွဲ့စည်းခဲ့ချိန်က2005 ခုနှစ်မှာဖြစ်ပြီး အေဂျင်စီကတော့ SM Entertainment ပဲဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့စဉ်က Leeteuk, Heechul, Hangkyung, Yesung, Kangin, Shindong, Sungmin, Eunhyuk, Siwon, Donghae, Ryeowook, Kibum စတဲ့အဖွဲ့ဝင်ဆယ့်နှစ်ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပြီးတော့ 2006 ခုနှစ်မှာ Kyuhyun ဆိုတဲ့ အဖွဲ့ဝင်သစ်ကိုထပ်တိုးပေါင်းထည့်ခဲ့ပြီး အဖွဲ့ဝင်ဆယ့်သုံးယောက်အဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။2009 ခုနှစ်မှာထွက်ရှိခဲ့တဲ့ "Sorry, Sorry" အယ်ဘမ် ကြောင့် Super Junior ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာထိအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ပုံစံမတူကွဲပြားတဲ့ ဂီတအမျိုးစားပေါင်းများစွာကို ချပြနိုင်ခဲ့တာဒီနေ့အထိပါပဲ။သူတို့ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့အတူ Super Junior M , Super Junior ...
movie

Super Junior: Attack On the Pin-up Boys (2007)

The Restless (2006) 6.2
The Restless (2006) တော်ဝင်မိသားစုတွေဟာ ကိုယ်ကျင့်တရားပျက်စီးလာပြီး တိုင်းပြည်ဟာပျက်ယွင်းလာခဲ့တဲ့ မင်းဆက်ရဲ့နောက်ဆုံးအချိန်ကို ရောက်လာခဲ့တယ် မင်းကျင့်တရားပျက်ယွင်းလာတာနဲ့အမျှတရားမျှတမှုမရှိတော့ဘဲ တိုင်းပြည်ကပျက်ဆီးလာသလို ပုန်ကန်မှုတွေလဲ ပေါ်ပေါက်ခဲ့တယ် မကောင်းဆိုးဝါးတွေလဲဝင်ရောက်လာခဲ့တယ် တော်ဝင်မိစ္ဆာဖမ်းတဲ့အဖွဲ့ဟာ ပြည်သူတွေအတွက်တော်လှန်ပုန်ကန်ခဲ့ပေမယ့် အာဏာရူးတို့ထုံးစံအတိုင်းအပြတ်ရှင်းခဲ့ပြီးတဲ့နောက်မှာ..... သူတို့အယူအဆအရတော့လူသေပြီးရင် ကြားခံဘုံမှာ ၄၉ ရက်ကြာနေပြီး လူပြန်ဝင်စားရင်ဝင်စား ဒါမှမဟုတ် နိဗ္ဗာန်ဘုံကိုလဲသွားနိုင်တယ် ဒီကြားခံဘုံကို တော်ဝင်မိစ္ဆာအဖွဲ့ကတဦးထဲသောကျန်ခဲ့တဲ့သူရောက်သွားတဲ့အခါ လူ့ဘ၀ကနားကျည်းချက်တွေနဲ့ ကမ္ဘာကြီးကိုပြင်ဖို့ကြိုးစားခဲ့တဲ့ တချိန်ကတော်ဝင်မိစ္ဆာနှိမ်နင်းရေး ကလူရောဘာဖြစ်သွားမလဲ..... အချစ် အလွမ်း ရသစုံပေးနိုင်တဲ့ ဇာတ်ကားကောင်းတခုဖြစ်တယ်ဆိုတာတော့ညွှန်းပါရစေ File Size         : 750 MB Quality           : Blu ray 720P Running Time : 1hr 45 minute Format           : Mp4 Genre             : Action, Adventure,Drama Encoder         : Joker.phs (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)
movie

The Restless (2006)

2006
Brooklyn Bizarre (2015)
Brooklyn Bizarre (2015)  Mauriceဆိုတာ ပြင်သစ်လူမျိုး ဆယ်ကျော်သက်လေးဖြစ်ပြီး ပြင်သစ်နိုင်ငံကနေ ခိုးထွက်လာခဲ့ သူပါ။ ပြင်သစ်နိုင်ငံက လွတ်မြောက်လာပြီးနောက် သူဟာ Brooklynမှာ ရှိတဲ့ club တစ်ခုဖြစ်တဲ့ BIZARRE မှာ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ မကြာခင်မှာပဲ သူဟာ အဲ့ နာမည်ကြီး ကလပ် ရဲ့ လာဘ်ကောင်လို ဖြစ်လာခဲ့ ပါတယ်။ အဲ့က ပိုင်ရှင်တွေနဲ့ အနုပညာရှင်တွေက သူ့ကို ဝိုင်းချစ် ကြပေမယ့် သူကတော့ သူ့ဘဝ အတိတ်ကြောင့် ပြန်မချစ်နိုင်ရှာပါဘူး။သူ့ဘဝအတိတ်က ဘာလဲ..ဘာလို့ မွေးရပ်မြေဖြစ်တဲ့ ပြင်သစ်ကနေ ခိုးထွက်လာရတာလဲ...ကလပ် ပိုင်ရှင်နဲ့ရော ဘယ်လိုဇာတ်လမ်းဆက်သွားမယ်ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။အဖော်အချွန်အခန်းတွေနဲ့ Sex Sense အချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး။File Size         : 680 MB Quality           : Blu ray 720P Running Time : 1hr ...
movie

Brooklyn Bizarre (2015)

Legally Blonde (2001) 6.3
Legally Blonde (2001) မင်းသမီး Reese Witherspoon ရဲ့နာမည်ကြီးဇာတ်ကားပါ။ IMDb Rating (6.2/10) ရရှိထားပြီး Romance/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဖက်ရှင်ရဲ့အရေးပါပုံကို တင်စားရိုက်ကူးထားပေမယ့် ဒီထက်ပိုလေးနက်တဲ့အတွေးအမြင်ကိုပေးထားနိုင်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ကျွမ်းကျွင်ပိုင်နိုင်တဲ့အရည်အသွေးတွေရှိကြပြီး ဒါကိုရိုးရိုးသားသားအသုံးချနိုင်ရင် ဘယ်အရည်အသွေးပဲဖြစ်ဖြစ် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ထင်ဟပ်ပြထားပါတယ်။ မိန်းကလေးပရိတ်သတ်တွေ လက်လွတ်မခံတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားကို Su Yadanar Oo မှာခံစားတင်ဆက်ထားပါတယ်။)File size...(850MB) Quality...BR-Rip 720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie

Legally Blonde (2001)

The Hole(2009) – မြန်မာစာတန်းထိုး
The Hole(2009) – မြန်မာစာတန်းထိုး လူသားတစ်ယောက်ခြင်းရဲ့အတွင်းမသိစိတ်မှာ အကြောက်ဆုံးဆိုတဲ့အရာတစ်ခုရှိတက်ကြပါတယ်။တစ်ချို့လူတွေက ကိုယ်ဘာကြောက်တက်လဲဆိုတာကို ထုတ်ဖော်ပြောတက်ကြပေမယ့်။ တစ်ချို့ကြတော့ ကြောက်စိတ်ဆိုတာရှက်စရာသိမ်ငယ်စရာလို့ ထင်ကြတဲ့အတွက် မိမိရဲ့ကြောက်စိတ်ကို မိမိကိုယ်မိမိသော် လည်းကောင်း၊ သူတပါးကိုထုတ်ဖော်ပြောဖို့သော်လည်းကောင်း၊ ကွယ်ဝှက်လိမ်လည်ထား တက်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာပြီ ဆိုရင် မွေးကတည်းက အကြောက်တရားဆိုတာ ပါလာပြီးသားဆိုတာကတော့ငြင်းလို့မရပါဘူး။ဒီလိုအကြောက်တရားတွေနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဒီကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်မြို့ကြီးကနေ ဘန်ဆန်ဗီလီလို့ခေါ်တဲ့မြို့ငယ်လေးကို ရွှေ့ပြောင်းလာတဲ့ မိသားစုလေးတစ်စုနဲ့စတင်ထားပါတယ်။ မိသားစုသုံးယောက်မှာ အမေဖြစ်သူ ဆူဆန်ရယ် ပြောင်းရွေ့လာရတဲ့အပေါ်ကိုသိပ်အစာမကျေတဲ့ သားအကြီး ဒင်းန် နဲ့ ကြောက်လန့်အားငယ်တက်သူ သားငယ် လူးကပ်စ် တို့ပဲဖြစ်ပြီး၊ဘန်ဆန်ဗီလီမှာ အိမ်နီးချင်းအသစ်အဖြစ် ဂျူလီ လို့ခေါ်တဲ့ ကောင်မလေးနဲ့ မိတ်ဆွေဖြစ်ကြပါတယ်။တစ်နေ့မှာ ဒင်းန် နဲ့လူးကပ်စ်ဟာ သူတို့အိမ်သစ်ရဲ့ အောက်ထပ်မှာ သော့ပိတ်ထားတဲ့ တွင်းကြီးတစ်တွင်းကို တွေ့ရှိပြီး သော့များကိုဖွင့်ချလိုက်တဲ့အခါမှာ တွင်းကြီးထဲမှာ ဘာတွေကိုတွေ့မလဲ? ဘယ်သူတွေဟာ ဒီတွင်းကြီးနဲ့ပတ်သတ်နေမလဲ ဆိုတာကိုတော့ ဒီကားလေးမှာဆက်လက်ကြည့်ရှုပါ။(ဇာတ်ကားအမျိုးအစားက Fantasy/Thrillerအမျိုးအစား ဖြစ်ပြီး Rotten Tomatoes 80% ...

The Hole(2009) – မြန်မာစာတန်းထိုး

Joy (2015)
Joy (2015) ဒီဇာတ်ကားက Joy Manganoဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ Biographical Comedy-Dramaအမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ်Joyက ယောက်ကျားနဲ့ ကွဲထားတဲ့ ကလေးနှစ်ယောက် အမေ ဖြစ်သလို သူရဲ့ အဖေနဲ့ အမေကလဲ ကွာရှင်းထားတာကြောင့် အိမ်စီးပွားရေးက သူရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ်အဲဒီလိုနဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အလုပ်သစ်တစ်ခုကို စတင်တီထွင်ဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားက အလုပ်သစ် စတင်မဲ့ လူတစ်ယောက်အတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ရတတ်တယ်၊ မအောင်မြင်ခင် ဘယ်လို ဝေဖန်တိုက်ခိုက်ခံရတယ်ဆိုတာတွေကို တွေ့ရမှာပါ။အဲဒီ အခက်အခဲတွေကို ဘယ်လို အင်အားမျိုးနဲ့ ကျော်ဖြတ်မှာလဲ၊ ကျရံှူးမှူတွေကိုရော လက်မြောက် အရံှူးပေးမှာလား ဒါမှမဟုတ် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ကျော်လွှားမှာလားဆိုတာကို ကောင်းကောင်းသင်ယူနိူင်မဲ့ ဇာတ်ကား တစ်ကားမှာပါ။အလုပ်သစ်တစ်ခု စတင်မဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွန်းပါရစေJennifer Lawrence  ရဲ့ ...
movie

Joy (2015)

Arrow (Season 4) TV Series
Arrow (Season 4) TV Series Arrow season 4 အတွက် အချိန်ကျလာပါပြီဗျာ။ ဒါပေမယ့် အားလုံးသိပြီးတဲ့အတိုင်း လူတွေက အဲရိုးသေသွားပြီလို့ပဲ သိထားကြတာပါ။ အဲရိုးတို့ စုံတွဲဟာလဲ မြို့ရဲ့ အဝေးတစ်နေရာမှာ ပျော်ရွှင်နေကြပါပြီ။ မြို့အတွက်တော့ အဲရိုးရဲ့ညီမရယ် Black canary ရယ် ဒစ်ဂယ် ရယ်က ဆက်လက်တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့် ဒီစီစန်မှာတော့ သူတို့ ချည်းပဲ မဖြေရှင်းနိုင်တော့တဲ့ အဖွဲ့အစည်းကြီးတစ်ခုပေါ်လာပါပြီ။ H.I.V.E လို့ ခေါ်တဲ့အဖွဲ့အစည်းကြီးဟာ မြို့က အုပ်ချုပ်ရေးပိုင်းက လူအားလုံးကို သတ်ပြီး မြို့ကို တစ်စစီပြိုကွဲစေပါတော့မယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ စီစန် ၃ မှာ နာမည်ကြားခဲ့ပြီးဖြစ်တဲ့ ရေရှယ်ဂူး ရဲ့ ပြိုင်ဘက် ရန်သူတော်ကြီး ဒေမီယန် ပဲဖြစ်ပါတယ်။ သူဟာ လက်ရှိအမြင်အရတော့ ရာရှယ်ဂူးထက်ပိုစွမ်းနေပါတယ်။ အဲရိုးရဲ့ မြှားတွေကို စွမ်းအားတစ်မျိုးနဲ့တားထားနိုင်နေလို့ပါပဲ။ တစ်ချိန်ထဲမှာပဲ ပရိသတ်အားလုံးကို ဆွဲဆောင်သွားနိုင်တာတော့ နောက်ခြောက်လအကြာမှာ ...
movie


A Werewolf Boy (2012) မြန်မာစာတန်းထိုး
A Werewolf Boy (2012) မြန်မာစာတန်းထိုး Big Bossလို့ လူသိများတဲ့ မင်းသား Song Joong Ki ပါဝင်တဲ့ ဒရာမာ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ Song Joong Ki စစ်မှု မထမ်းခင် လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၂မှာ ရုံတင်ပြသခဲ့ပြီး ကြည့်ရှုသူတွေရဲ့  အားပေးမှု နဲ့ အသိအမှတ် ပြု ခံခဲ့ရတဲ့ ဇာတ်ကားပါ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ဖြစ်ပြီး တကယ့် ပုံပြင်လေး တပုဒ်ကို ကြည့်နေရသလို ခံစားရစေပါတယ်။ အဆုတ်ရောဂါသက်သာအောင် လေကောင်းလေသန့် ရှူ ရင်း အနားယူဖို့ တောရွာဘက်ကို ပြောင်းရွှေ့ လာကြတဲ့ မိန်းမပျို လေးတို့ မိသားစုနဲ့ ဝံပလွေလုလင်ပျို တို့ တွေ့ဆုံမိကြရာက ဒီပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက် လာပါတော့တယ်။ မိန်းမပျိုလေးနဲ့ တွေ့မှပဲ ၀ံပုလွေတစ်ကောင်လိုနေထိုင်တဲ့ ကောင်လေးက လူသားတယောက်လို စားသောက်နေထိုင်ပုံကို ...

A Werewolf Boy (2012) မြန်မာစာတန်းထိုး

Battle for Sevastopol(2015)(မြန်မာစာတန်းထိုး)
Battle for Sevastopol(2015)(မြန်မာစာတန်းထိုး) unicodeIMDb 7.2 ရထားတဲ့ ၂၀၁၅ ထှကျ ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ...
movie

Battle for Sevastopol(2015)(မြန်မာစာတန်းထိုး)