Channel Myanmar

Uncategorized

The Rescuers Down Under (1990) မြန်မာစာတန်းထိုး
The Rescuers Down Under (1990) မြန်မာစာတန်းထိုး IMDb Rating 6.9/10 ဆိုတော့ ကာတွန်းကားထဲမှာဆို မဆိုးဘူးလို့ပြောလို့ရတဲ့ ကာတွန်းကားတကားပါ ထွက်တဲ့ခုနှစ်က ၁၉၉၀ အန်နီမေးရှင်း ကြည့်လိုက်တော့ သူ့ခေတ်သူ့အခါနဲ့ဆို တော်တော် လန်းတယ်လို့ ပြောလို့ရတယ်။ ကြည့်လိုက်တော့ ၁၉၉၁ မှာ ဇာတ်ကားဆုက ၆ဆုရထားတယ်။ ရထားတဲ့ဆုတွေက လည်း အလန်းတွေ 1.Feature Film - Family 2.Best Animated Film 1992 ရောက်တော့ Golden Screen ဆုထပ်ရတယ် ပြီးတော့ Motion Picture ရဲ့ Sound Editor ဆုပါထပ်ရထားတော့ ပရိတ်သတ်ကြီးအနေနဲ့ ဒီကားတွန်းကားက ဘာတွေများထူးခြားနေလဲဆိုတာ ကြည့်သင့်တဲ့ကား လက်မလွှတ်သင့်တဲ့ကားဇာတ်လမ်း အကျဉ်းက R.A.S Agent မစ္စဘရိုင်ရန်ကာ နဲ့ ဘားနတ်တို့ဟာ လူငယ်လေးတယောက်ကို ကယ်ဖို့အတွက် ပြိုင်ဆိုင်မှုတခုပြုလုပ်ပြီး ယှဉ်ပြိုင်ရာမှ ရက်စက်တဲ့ ရွှေရောင်သိမ်းငှက်ကြီးရဲ့ တိုက်ခိုက်မှုကို မထင်မှတ်ဘဲတွေ့ကြုံလိုက်ရတဲ့ အခါမှာတော့ .......(ဒေါင်းလော့လင့်အသစ်များဖြင့်တင်ဆက်ပေးထားသောကြောင့် ...

The Rescuers Down Under (1990) မြန်မာစာတန်းထိုး

The Pink Panther(2006) မြန်မာစာတန်းထိုး

The Pink Panther(2006) မြန်မာစာတန်းထိုး

Inside (2007)
Inside (2007) Inside ဇာတ်ကားဟာဆိုရင် 2007 ခုနှစ်ကထွက်ရှိထားပြီး IMDB rating 6.6 ရထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ခေတ်ပျက်နေတဲ့ပဲရစ်ဆင်ခြေဖုံးမြို့ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကားတိုက် မှု့ကနေစတာပါ။ ကားတိုက်မှု့ဖြစ်ပြီး လေးလလောက်အကြာ ခရစ္စမတ်အကြိုနေ့ညမှာ စိတ်ဓာတ်ကျနေတဲ့နေ့စေ့လစေ့ကိုယ်ဝန်သည် တယောက် သူမသိတဲ့သူစိမ်းတစ်ယောက် အိမ်ထဲဝင်ခွင့်တောင်းရာမှ.........(မှတ်ချက်။ အသက် ၁၅ နှစ်အောက်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံးရောဂါဝေဒနာရှင်များ မကြည့်ရ)File Size         : 620 MB Quality           : Blu ray 720P Running Time : 1hr 22 minute Format           : Mp4 Genre             : Horror Encoder         : Joker.phs(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
movie

Inside (2007)

Mighty Morphin Power Rangers:The Movie (1995) (မြန်မာစာတန်းထိုး)
Mighty Morphin Power Rangers:The Movie (1995) (မြန်မာစာတန်းထိုး) ပါဝါရိန်းဂျားတွေ တစ်ဖြစ်လဲ ဆယ်ကျော်သက်ကျောင်းသားလူငယ်လေး ခြောက်ယောက်ဖြစ်တဲ့ တော်မီ ကင်ဘာလေ ရော်ကီ ဘီလီ အဒမ် အေးရှား တို့ဟာ အိန်ဂျယ်ဂရော့ မြို့မှာ နေထိုင်ကြပြီး ကျောင်းတက်ရင်း မြို့ကိုကာကွယ်စောင့်ရှောက်နေကြသူတွေဖြစ်ပါတယ်။ တစ်နေ့မှာတော့မမျှော်လင့်ပဲနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ အနီးနားကရှိ တွင်းကြီးတစ်ခုထဲက အလွန်ဆန်းကြယ်တဲ့ ခရမ်းရောင် ဥကြီးဟာ ဆောက်လုပ်ရေးလုပ်သားတွေကြောင့် မြေပေါ်ကို ပေါ်ထွက်လာခဲ့ပြီး Lord Zedd နဲ့ ကြင်ယာတော် Rita တို့လက်ချက်ကြောင့် အဲ့ဒီဥထဲကနေ နှစ်ပေါင်းခြောက်ထောင်ကျော်ကြာ ပိတ်လှောင်ခံထားရတဲ့ အီဗန်အူးဇ် ဆိုတဲ့ ကမ္ဘာဖျက်မကောင်းဆိုးဝါးကြီး နိုးထလာခဲ့ပါတော့တယ်။ အီဗန်အူးဇ် ဟာ ပါဝါရိန်းဂျား တို့ရဲ့ ခေါင်းဆောင်ကြီး ဇိုဒန် နဲ့ရန်ငြိုးရှိခဲ့ဖူးတာကြောင့် ဇိုဒန် ရှိရာ ဌာနချုပ်ကို သွားပြီး အကုန်ဖျက်ဆီးတိုက်ခိုက်ခဲ့ရာမှာတော့ ဌာနချုပ်ပျက်စီးပြီး ပါဝါရိန်းဂျားတို့လည်း စွမ်းအားများပျောက်ကွယ်ကာ ဇိုဒန်မှာလည်း သေလုမျောပါးအခြေနေထိရောက်သွားပါတော့တယ်။ အဲ့ဒီနောက် တော်မီ ဦးဆောင်တဲ့ ပါဝါရိန်းဂျား ...
movie

Mighty Morphin Power Rangers:The Movie (1995) (မြန်မာစာတန်းထိုး)

The Road (2009) – မြန်မာစာတန်းထိုး
The Road (2009) – မြန်မာစာတန်းထိုး ဒီဇာတ်ကားကတော့ IMDb rating 7.3/10 ထိ ရရှိထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။  ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ်ပြောပြရမယ်ဆိုရင်  ကမ္ဘာပျက်ကပ် ဆိုက်လာတဲ့အချိန်မှာ လူသားတွေဟာ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ကြတယ်။ သူတစ်ပါးရဲ့ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မလူယုကြတယ်၊ နောက်ဆုံး... လူအချင်းချင်း သတ်ပြီးစားကြတဲ့ အရိုင်းအစိုင်းတွေ ဖြစ်လာကြပြီးတော့ . . . ကမ္ဘာကြီးမှာ မသူတော်တရားတွေကြီးစိုးလာခဲ့ပါတယ်။  ဒီလိုကပ်ပျက်ကမ္ဘာကြီးထဲမှာ သနားကြင်နာတတ်တဲ့ ကလေးတစ်ယောက်နဲ့ သားကို ဘုရားသခင်ထက် ချစ်မြတ်နိုးတဲ့ အဖေတစ်ယောက်တို့ဟာ ဒီဒုက္ခတွေက လွတ်မြောက်မယ်လို့ မျှော်လင့်ရတဲ့ ပင်လယ်ပြင်ရှိရာကို ခရီးဆက်လာကြတဲ့အခါမှာတော့ .... ဆက်လမ်းလေးမှာသာ ဆက်လက်ခံစားကြည့်ရှုကြပါကုန်။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။)@San Win MaungFile Size                          :  700 MbQuality ...

The Road (2009) – မြန်မာစာတန်းထိုး

Arahan(2004)
Arahan(2004) Imdb Rating - 6.8/10 ရရှိထားတဲ့ ကိုးရီးယား Action/Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမကြည့်ခင် အညွှန်းကို ဖတ်ဖြစ်အောင် ဖတ်ခဲ့ပေးကြပါလို့ မှာချင်ပါတယ်။တစ်ခါတုန်းက “ဒါအို”ပညာရှင်ကြီး ၇ ဦး ရှိခဲ့ပါတယ်။ (“ဒါအို”-Tao ဆိုတဲ့စကားလုံးဟာ အဓိပါယ်ဖွင့်ဆိုလို့ မရအောင်ကို ကျယ်ပြန့်ပါတယ်၊ စကြာဝဋာကြီးတစ်ခုလုံးရဲ့နိယာမသဘောတရားတွေကိုသိမြင်နိုင်တဲ့ပညာလို့ပဲ ဖွင့်ဆိုပါရစေ) သူတို့ရဲ့ တာဝန်က “ဒါအို”ပညာရဲ့ အဆုံးမဲ့အသိဉာဏ်“အရဟံ”အဆင့်ကို ရရှိနိုင်မယ့် “သော့ချက်”နည်းလမ်းကို မသမာသူတွေရဲ့ လက်ထဲမရောက်ရအောင် ထိန်းသိမ်းထားရမှာပါ။ “ဒါအို”ပညာရှင်ညီနောင်တွေထဲက(၅)ဦးဟာ “သော့ချက်”ကို လျှို့ဝှက်ထားပြီး ဇာတ်မြှုပ်နေထိုင်လာခဲ့ရာကနေ သူတို့ရဲ့တာဝန်ကို လွှဲပြောင်းရယူနိုင်မယ့်အစွမ်းတွေပိုင်ဆိုင်နေတဲ့ ပေါတောတော ရဲသားလေးတစ်ယောက်ကို ်အမှတ်မထင် တွေ့ရှိလိုက်ရတဲ့အခါ... မဟာရန်သူတော်ကြီးတစ်ဦးကလည်း သူတို့ အားလုံးကို လိုက်လံရှာဖွေတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့....။ဖိုက်တင်နဲ့ဟာသကို တစ်ပြိုင်တည်း အပြည့်အဝခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါဗျာ။File Size         : 810 MB Quality           : Blu ray ...
movie

Arahan(2004)

A Delicious Flight (2015) မြန်မာစာတန်းထိုး (18++)
A Delicious Flight (2015) မြန်မာစာတန်းထိုး (18++) ကိုရီးယား 18++ ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တင်ဆက်ထားပါတယ်။တစ်ခြားဇာတ်ကားတွေနဲ့မတူတာက ဇာတ်လမ်းဇာတ်ကွက်ရှိတာပါ။ရိုးသားတဲ့မင်းသမီးလေးတစ်ယောက် အနုပညာဗန်းပြထားတဲ့ သားရဲတောမှာမျက်ရည်တွေကျခဲ့ပေမယ့်နောက်ဆုံးမှာ အချစ်စစ်ကိုရှာဖွေတွေ့ရှိပြီး ခိုနားရာရသွားတဲ့ဇာတ်ကြောင်းပါ။အချစ်နဲ့ရမ္မက်ကို ထင်ရှားပြသရာမှာ လေယာဉ်မယ်များပါထည့်သွင်းပြီးဇာတ်လမ်းဆင်ထားပါသေးတယ်။သိပ်တော့လဲ မညွှန်းတော့ပါဘူး။အရွယ်ရောက်ပြီးရင်ကြည့်လို့ရပါတယ်....။(မြန်မာစာတန်းထိုးကိုတော့ Moe Myint Lwin မှတင်ဆက်ထားပါတယ်။)File size...(850MB)  Quality...HD-Rip 720pFormat...mp4Duration....01.36:57Subtitle....Myanmar Subtitle (Hardsub)Encoder....Nyeinsaeya Aung Download and Watch HD 720p (pCloud Link) Download and Watch 360p Small File Size(350MB)   နမူနာကြည့်ရန်

A Delicious Flight (2015) မြန်မာစာတန်းထိုး (18++)

Emergency Couple TV Series (2014) မြန်မာစာတန်းထိုး
Emergency Couple TV Series (2014) မြန်မာစာတန်းထိုး ( Running Man အစီအစဉ်ကနေတဆင့် ပရိသတ်ရဲ ့ ချစ်ခင်အားပေးမှုကို ပိုမို ရရှိလာတဲ့ မင်းသမီးချော (Song Ji Hyo) နဲ့ အရပ်ရှည်ရှည် ရုပ်ဖြောင့်တဲ့ မင်းသား (Choi jin Hyuk) တို့အပြင် အခြား ဇာတ်ရံများစွာဟာလဲ ဒီဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် အားဖြည့်ထားကြပါတယ်။ အိမ်ထောင်ကွဲ စုံတွဲ အလုပ်သင် ဆရာဝန်အဖြစ်နဲ့ အရေးပေါ်ဌာနမှာ ပြန်လည် ဆုံတွေ့ကြရင်း.. နိစ္စဓူဝ ဆေးရုံမှာ လူနာမျိုးစုံ ဇာတ်လမ်းစုံနဲ့ ဆရာဝန် သူနာပြုတွေရဲ ့ အလုပ်သဘောသဘာဝကို စိတ်ဝင်စားဖွယ် သွက်သွက် လက်လက် ရိုက်ကူး တင်ပြထားတာမို့ ဆေးပညာ ဇာတ်လမ်းတွဲ (သို့) ရွှင်မြူ းတဲ့ Romance ဇာတ်လမ်း နှစ်သက်သူများ စကြည့်မိတာနဲ့ စွဲငြိသွားမယ့် ဇာတ်လမ်းတွဲတခုလို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ...
movie

Emergency Couple TV Series (2014) မြန်မာစာတန်းထိုး

E.T – Extra-Terrestrial (1982) – မြန်မာစာတန်းထိုး
E.T – Extra-Terrestrial (1982) – မြန်မာစာတန်းထိုး ဒီဇာတ်ကားလေးကတော့ Imdb Rating 7.9/10 ရရှိထားပြီး စိတ်ကြည်နူးဖွယ်ရာ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားပါ . . .ဒီဇာတ်ကားလေးကို ကြည့်ဖြစ်တဲ့သူတိုင်း အီးတီနဲ့ဘိုဘို ကာတွန်းရုပ်ပြလေးတွေ အပြေးအလွှား ဖတ်ခဲ့ရတဲ့ ငယ်ဘ၀လေးကို လွမ်းဆွတ်သတိရမိကြပါမှာ?နောက်ပြီး ... ဇာတ်ကားထဲမှာ ပုရိသတို့ အသည်းကျော် မင်းသမီးချော Drew Barrymore ရဲ့ ၄ နှစ်သမီး အရွယ်လေးနဲ့ အံ့မခန်း သရုပ်ဆောင်ချက်တွေကို တွေ့ကြရမှာပါ။လူသား ကောင်လေးတစ်ယောက်နဲ့ သဘာဝလွန် SpaceMan တစ်ယောက်ရဲ့ မေတ္တာတရားကို ဖော်ကြူးထားတဲ့ ဇာတ်ကားလေးဖြစ်လေးဖြစ်တဲ့အပြင် . ကလေးဘဝက ဇာတ်ကောင်းကောင်းလေးကိုမကြည့်လိုက်ရတဲ့လူတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါဗျာ ...(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win MaungFile Size                          : ...
movie

E.T – Extra-Terrestrial (1982) – မြန်မာစာတန်းထိုး

Hello, My Dolly Girlfriend (2013) 18++ – မြန်မာစာတန်းထိုး
Hello, My Dolly Girlfriend (2013) 18++ – မြန်မာစာတန်းထိုး မောင့်ချစ်သူအရုပ်မလေး . ..ကျွန်တော်ရဲ့ဘာသာပြန်ကား (၂၀) မြောက်ကားလေးကိုထူးထူးခြားခြားလေးဖြစ်အောင်18+နဲ့စတင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့စိတ်ဓါတ်ကျနေသောကောင်လေးတစ်ယောက် ပြေးရင်းလွှားရင်းတိုက်ပျက်ကြီးထဲရောက်သွားတဲ့အခါမှာ လူနဲ့တူတဲ့အရုပ်မလေးကိုစတွေ့တာကနေစတာပါပဲ။ ချောမောလှပတဲ့ အရုပ်မလေးလည်း အဲ့နေရာကိုဘယ်လိုရောက်နေတာလဲဆိုတာကတော့ ဇာတ်လမ်းထဲတွေ့မြင်ရပါမယ်။ နောက်ပြီး ထိုတိုက်ပျက်ကြီးထဲမှာဘိန်းဖြူတွေကိုသိမ်းဆည်းထားသောလူတစ်စု၊ ထိုလူတစ်စုကကောင်လေးကိုတွေ့ရှိသွားပြီး နှုတ်ပိတ်ဖို့ကြိုးစားချိန်မှာအရုပ်မလေးဟာ အသက်ဝင်လာပြီးထိုကောင်လေးကိုကယ်တင်သွားတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားမှုပါပဲ။လူဆိုးတွေလက်ထဲကလွတ်မြောက်ပြီးနောက် အရုပ်မလေးကိုအိမ်ပြန်သယ်သွားတဲ့ကောင်လေးနေ့ဘက်မှာတော့အရုပ်မလေးအဖြစ် ၊ ညဘက်ရောက်တော့အသက်ဝင်လာတဲ့အရုပ်မလေးနဲ့ထိုကောင်လေးတို့ရဲ့ အချစ်ရနံ့ထုံမွှန်းမှုတွေ . ဆန်ဆန်အချစ်ဇာတ်လမ်းစသဖြင့်ပရိတ်သတ်တွေကိုမပျင်းမရိအောင်ဆွဲဆောင်သွားမယ့် ဇာတ်လမ်းလေးပါပဲ။18+ချည်းသက်သက်မဟုတ်ပဲအချစ်ဇာတ်လမ်းဆန်ဆန်ရိုက်ကူးထားတာကြောင့်ပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့မျော်လင့်ပါတယ်။ နောက်ပြီးတစ်ခုပြောချင်တာက ဒီဇာတ်လမ်းလေးမှာ ပြရိုက်ကူးမှု တွေဟာ ယောကျာ်းလေးအချင်းချင်း မိန်းကလေးအချင်းချင်းသာ အတူစုထိုင်ကြည့်သင့်တဲ့ပြကွက်တွေမို့ ရောနှောမကြည့်ဖို့ကြိုတင်သတိပေးပါရစေ . ဇာတ်ကားလေးကြည့်ပြီးသွားရင်ပရိတ်သတ်တွေရင်ထဲအမျိုးအမည်နာမ မသိတဲ့ဝေဒနာတစ်ခုကျန်ခဲ့ပါလိမ့်မယ်။ ဇာတ်ကားက18+လောက်တင်မဟုတ်ပဲအလွန်ပင်သာလွန်သောကြောင့် 18++ လို့ညွှန်းလိုက်ချင်ပါတယ်။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Soe Htwe ဖြစ်ပါတယ်။)@San Win Maungဒီဇာတ်ကားကို ဒေါင်းလုပ်မဆွဲခင် movie preview link လေးကို ကြည့်ကြည့်ကြပါ။File Size                       ...

Hello, My Dolly Girlfriend (2013) 18++ – မြန်မာစာတန်းထိုး

The Amazing Wiplala (2014) မြန်မာစာတန်းထိုး
The Amazing Wiplala (2014) မြန်မာစာတန်းထိုး ဇာတ်လမ်းလေးက နာမည်ကြီး Dutch စာရေးဆရာအကျော်အမော် Annie M. G. Schmidt ရေးသားထုတ်ဝေခဲ့တဲ့ Wiplala ၀ထ္ထု ကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ၀ှပ်လာလာ တယောက်အမှားကြီးတစ်ခုကျူးလွန်မိပြီး ပြေးမိပြေးရာ ပြေးရင်း သားအဖသုံးယောက်နေတဲ့ အိမ်ကြီးထဲကိုရောက်သွားပါတော့တယ် တကယ်တော့ ၀ှပ်လာလာဆိုတာ ငလက်မလေးတွေပါ။ ၀ှပ်လာလာဟာ အိမ်ကြီးထဲကိုရောက်ပြီဆိုတာနဲ့ သူတက်ထားတဲ့ မှော်အစွမ်းတွေ နဲ့စပြီး ဂြိုလ်မွှေတော့တာပါပဲ။ သူဘယ်လောက်ထိ ဂြိုလ်မွှေမလဲ၊ သူဂြိုလ်မွှေထားတာတွေကိုရော သူပြန်ရှင်းနိုင်ပါ့မလား ဆိုတာကိုတော့ခုပဲ....File Size         : 710 MBQuality           : HD RipRunning Time : 1hr 40 minuteFormat           : Mp4Genre             : Adventure,FamilyEncoder         : Joker.phsDownload And watch With Pcloud Link Full HDDownload And watch ...

The Amazing Wiplala (2014) မြန်မာစာတန်းထိုး

My Pretty Sister(2006) 18++
My Pretty Sister(2006) 18++ တစ်ခေါက်လည်း ဂျပန်ကား 18+ ကားလန်းလန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်....ချစ်သူရှိတဲ့တက္ကသိုလ်ကိုအတူတူတက်ချင်လို့တစ်မြို့ထဲကိုတက္ကသိုလ်လာတက်ရင်းအကိုဖြစ်သူနဲ့တစ်အိမ်ထဲမှာ အတူတူနေရတဲ့ညီမလေးယုခတစ်ယောက် သူ့မျှော်လင့်ချက်ကြီးစွာစောင့်ခဲ့ရတဲ့ချစ်သူမှာ ရည်းစားရှိမှန်းသိလိုက်ရအေခါ...ညီမလေးဖြစ်သူကိုစစတွေ့ချင်းရင်ခုန်မိသောကြောင့် တိတ်တခိုးစွဲလမ်းရင်း ညီမဖြစ်သူချစ်သူကပစ်သွားပီးနောက် စိတ်ဓာတ်တွေကျ ကိုယ့်ကိုကိုယ်အဆုံးစီရင်တဲ့အချိန်တွင် မောင်နှမအရင်းမဟုတ်မှန်းသိသွားရတဲ့အခါ .....သူတို့နှစ်ယောက်ဘာတွေဖြစ်လာမလဲ..... သူတို့နှစ်ယောက်နည်းတူဘဲ နောက်ထပ်မောင်နှမနှစ်ယောက်ကလည်း ထိုနည်း၎င်းဖြစ်လာတဲ့အခါ ဘယ်လိုရင်ခုန်စရာဇာတ်လမ်းတွေနဲ့ဆက်ပြီးတော့ရှေ့ဆက်ကြမလဲဆိုတာ မင်းသမီးချောချောလေးတွေနဲ့ရိုက်ကူးထားတဲ့ My Pretty Sister မှာ ထုံးစံအတိုင်း ၁၈ယောက်စုပြီးရင်ခုန်စွာနဲ့ကြည့်ရှု့နိုင်ပါတယ်File Size         : 530 MB Quality           : DVD Rip Running Time : 1hr 12 minute Format           : Mp4 Genre             : Drama Encoder         : Joker.phs(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwin ပဲ ဖြစ်ပါတယ်)
movie

My Pretty Sister(2006) 18++

Chocolate (2008) မြန်မာစာတန်းထိုး
Chocolate (2008) မြန်မာစာတန်းထိုး ဒီဇာတ်ကားကနာမည်ကြီးလူကြိုက်များခဲ့တဲ့ Action/Drama အမျိုးအစား ထိုင်းဇာတ်ကားဖြစ်ပါတယ်။IMDb Rating (7/10) Rotten Tomatoes (73%) ရရှိထားလို့ Asian ဇာတ်ကားတွေထဲအတော် Rating မြင့်တဲ့ဇာတ်ကားဖြစ်တာနဲ့အညီထူးခြားတဲ့ တင်ဆက်ပုံ Action တွေနဲ့ ဆွဲဆောင်ထားတာ တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်းမပေးတော့ပါဘူး...ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ဇာတ်ကားဟောင်းဖြစ်ပေမယ့် Quality ကောင်းကောင်းရှာပြီး ဖိုင်ဆိုဒ်သေးအောင် Encode ထားလို့ Download ဆွဲရကျိုးနပ်မှာပါ။(ဒီဇာတ်ကားကို Jhon La Young မှခံစားတင်ဆက်ထားပါတယ်။)File size...(800MB)  Quality...Blu-ray Rip 720pFormat...mp4Duration....01:32:03Subtitle....Myanmar Subtitle (Hardsub)Encoder....Nyeinsaeya Aung  Download and Watch HD 720p (pCloud Link) Download and Watch 360p Small File Size(350MB)   နမူနာကြည့်ရန်

Chocolate (2008) မြန်မာစာတန်းထိုး

21 (2008)
21 (2008) Ben Mezrich ရဲ့ Bringing The House ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကိုမှီးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ် ကြည့်ဖူးတဲ့သူတွေကတော့ ဒီကားထဲကဖဲစဉ်မှတ်တာတွေကို ကြည့်ပြိီးလိုက်လုပ်ချင်ကြမှာသေချာပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဘန်ကမ်းဘဲလ်ဆိုတဲ့ထူးချွန်တဲ့ကောင်လေးတစ်ယောက် ဆေးကျောင်းတက်ဖို့ပိုက်ဆံမရှိတဲ့အတွက်် ပါမောက္ခ မစ်ကီရိုုဆာထောင်ထားတဲ့ ဖဲစဉ်မှတ်ပြီးဖဲကစားတဲ့အဖွဲ့ကိုဝင်လိုက်တာကနေ ဇာတ်လမ်းစပါတယ် အဲ့ဒီနောက် လပ်ဗီးဂတ်စ်မှာသူတို့အဖွဲ့ဘယ်လိုတွေ ဖဲစဉ်မှတ်ပြီးအနိုင်ကစားခဲ့ကြလဲဆိုတာကိုတော့... File Size         : 878 MB, 400 MB Quality           : Blu ray rip 720P Running Time : 2hr Format           : Mp4 Genre             : Drama, Action, Adventure Encoder         : seniorkaung91
movie

21 (2008)

A bridge too far (1977) မြန်မာစာတန်းထိုး
A bridge too far (1977) မြန်မာစာတန်းထိုး ဒုတိယကမ္ဘာစစ်ကြိးစတင်ခဲ့တာ ၅နှစ်မြောက်တဲ့နှစ် မှာ D-Day စတင်ခဲ့တယ် တနည်းပြောရရင် ဂျာမနီတွေ ဥရောပမှာ ထိန်းချုပ်ထားနို်င်ခဲ့ပေမယ့် ဒီနေ့မှာ အခြေအနေတွေတမျိုးတဖုံပြောင်းလဲ ခဲ့ရတယ်... ၁၉၄၄ခုနှစ်ဂျွန်လ၆ရက်မဟာမိတ်တပ်ဖွဲ့တွေ ဗိုလ်ချုပ်အိုက်စင်ဟောင်ဝါနဲ့ကွပ်ကဲမှုနဲ့ပြင်သစ်မြောက်ပိုင်းနော်မန်ဒီမှာကမ်းတက်ခဲ့ပြီး ဇူလိုင်လမှာ ပြင်သစ်ကလွတ်မြောက်နယ်မြေဖြစ်လာတယ် ဂျာမနီတို့ဆုတ်ရနေရပြီး မဟာမိတ်တွေအောင်ပွဲတွေရခဲ့တဲ့အချိန်....... ပြသနာက အောင်ပွဲတွေနဲ့အတူ ပါလာခဲ့ပြီး နော်မန်ဒီကနေ မိုင် ၄၀၀ လောက်အထိ ထောက်ပံ့ရေးလမ်းကြောင်းမှာစခဲ့တယ်....ထောက်ပံ့ရေးတွေ ဆိုးဆိုးရွားရွားပြတ်ခဲ့တယ် မဟာမိတ်တွေအတွက်ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြစ်ခဲ့ရတယ်နောက်ထပ်ပြသနာတခုက အိုက်စင်ဟောင်ဝါရဲ့ နံမည်ကျော်ဗိုလ်ချုပ် ၂ဦးထိပ်တိုက်တွေ့တဲ့ ပြသနာ ...... တောင်ပိုင်းမှာရှိတဲ့ ဗိုလ်ချုပ်ပါတ်တွန်နဲ့မြောက်ပိုင်းမှာရှိတဲ့မောင့်ဂိုမာရီတို့က တယောက်ယောက်နဲ့တယောက် သဘောထားမတိုက်ဆိုင်ကြသလို တဦးနဲ့တဦးလဲပြိုင်ဆိုင်မှုတွေပြင်းထန်လာတယ် ထောက်ပံ့ရေးပြသနာရဲ့နောက်ဆွဲတွဲလို့ပြောလို့ရတဲ့ ဒီတင်းမာမုှမှာတယောက်ကတခြားတယောက်ကို ဂျာမန်တွေဆီမှာအရှုံးပေးနေစေချင်ခဲ့တယ်..... နောက်ဆုံးမှာတော့ အိုက်စင်ဟောင်ဝါက မောင့်ဂိုမာရီဘက်ကိုပါခဲ့ပြီး MARKET က လေကြောင်းတပ်ဖွဲ့ကိုကိုယ်စားပြုပြီး GARDEN ကတော့ မြေပြင်တပ်ဖွဲ့တွေကိုကိုယ်စားပြုတဲ့ MARKET GARDEN OPERATION မားကတ်ဂါးဒင်း စစ်ဆင်ရေးကြီးပေါ်လာခဲ့ရတယ် နော်မန်ဒီမှာလေထီးဆင်းခဲ့တာထက် ၂ဆလောက်ပိုများပြီးအချိန်တိုတွင်းပြင်ဆင်ခဲ့ရတဲ့ ဒီစစ်ဆင်ရေးရဲ့နောက်ဆက်တွဲတွေက ဘာတွေဖြစ်လာမလဲ.... ...
movie

A bridge too far (1977) မြန်မာစာတန်းထိုး