Channel Myanmar

Uncategorized

Tom & Jerry Back to Oz (2016)  မြန်မာစာတန်းထိုး
Tom & Jerry Back to Oz (2016) မြန်မာစာတန်းထိုး Tom & Jerry Back to Oz ဟာ 2011 တုန်းက ထွက်ခဲ့တဲ့ Tom & Jerry The Wizard of Oz ရဲ့sequal တစ်ခုပဲဖြစ်ပါတယ် Tom & Jerry ကြောင်လေးနဲ့ ကြွက်ကလေးကို Oz ကမ္ဘာထဲ crossover လုပ်ပေးထားပြီး ကာတွန်း ဇာတ်ကောင်စုံစုံလင်လင်နဲ့ ဇာတ်မြူးကားကောင်းလေး တစ်ကားဖြစ်လို့ ကလေးများကြိုက်နှစ်သက်သလိုပဲ ကိုးဆယ်ခုနှစ်တစ်ပတ်လည်မွေးဖွားခဲ့တဲ့ လူငယ်များအနေနဲ့လဲ မိမိတို့ ငယ်ဘဝက ကာတွန်းဇာတ်ကောင်လေးများနဲ့ ပြန်လည် တွေ့ဆုံရပြီး ငယ်ဘဝအမှတ်တရ တွေပြန်လည်သတိရအောင့်မေ့စေမှာ ဖြစ်မယ်လို့ယုံကြည်ပါတယ် IMDb rating အနေနဲ့လဲ 7.5/10 ရရှိထားလို့ ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းပေးပါရစေFile Size         : 580 MBQuality           : DvD RipRunning Time : 1hr ...

Tom & Jerry Back to Oz (2016) မြန်မာစာတန်းထိုး

Maya The Bee (2014) မြန်မာစာတန်းထိုး
Maya The Bee (2014) မြန်မာစာတန်းထိုး ဒီ ကာတွန်းလေးကတော့ IMDb 6 ထားတဲ့ ကာတွန်းလေးပါ။ ဒီကား ထဲက ဇာတ်ကောင်အကြောင်းသိဖို့ လိုတာလေး တစ်ခုကတော့ ဒီဇာတ်ကောင်ကို ဂျာမန်ကလေးပုံပြင်စာအုပ်ထဲကနေ ဖန်တီးထားတယ်ဆိုတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မာရာဆိုတဲ့ပျားကလေးဟာ ကမ္ဘာကြီးထဲကို စူးစမ်းလေ့လာချင်ပြီး တစ်ခြားပိုးကောင်လေးတွေနဲ့လဲ မိတ်ဆွေဖွဲ့ချင်သူပါ။ ဒါပေမယ့် ပျားတွေဟာ ပျားမဟုတ်တဲ့ အကောင်တွေနဲ့မိတ်ဆွေမဖွဲ့ရဘူးလို့စည်းကမ်းရှိနေပါတယ်။ ဒါပေမယ့် မာရာ ဟာ တစ်ခြားပိုးကောင်မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ပြီး ပိုးကောင်အားလုံးကို ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဆွေစိတ်အကြောင်း သင်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ လက်ရှိကလေးရှိတဲ့သူတွေ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသေးတဲ့သူတွေတော့ ကလေးတွေကို ပြနိုင်အောင် သိမ်းထားသင့်တဲ့ ကားထဲမှာ ပါတယ်ဆိုတာ သိလာပါလိမ့်မယ်။ File Size         : 630 MBQuality           : Blu ray 720PRunning Time : 1hr 29 minuteFormat           : ...

Maya The Bee (2014) မြန်မာစာတန်းထိုး

No one killed Jessica (2011) မြန်မာစာတန်းထိုး
No one killed Jessica (2011) မြန်မာစာတန်းထိုး IMDB 7.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ တရားမျှတမှုနဲ့သြဇာအာဏာတို့လွန်ဆွဲမှုတို့ကို ထင်းလင်းအောင် ဖော်ပြထားပြီး အမှန်တရားရဲ့နိမိတ်ပုံကိုလည်း မီးမောင်းထိုးပြပေးနေတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။[ဇာတ်လမ်းအကျဉ်း]ဤ ဇာတ်ကားရဲ့အဖွင့်မှာတော့ Night Club တစ်ခုမှာ လူသတ်မှုဖြစ်ပွားပုံနဲ့ အစပျိုးထားခဲ့ပါတယ်။အသတ်ခံရသူမှာ တက်သစ်စ မော်ဒယ်လ် ဂျက်ဆီကာ ဖြစ်ပြီး သူမ အားသေနတ်ဖြင့် ပစ်သတ်ခဲ့သူကတော့ မနစ်ရှ်ဘာဝဂ်ျ ပဲဖြစ်ပါတယ်။ ဖြစ်ပွားပုံကတော့ မနစ်ရှ် အရက်တောင်းဝယ်ရင်း ဂျက်ဆီကာ နဲ့အချင်းများရာမှစခဲ့တာပါ။ဘားပိတ်ချိန်ဖြစ်၍ အရက်မရောင်းတော့ကြောင်း ဂျက်ဆီကာ ရှင်းပြသော်လည်း အရက်မူးလွန်သူ မနစ်ရှ် အတွက်တော့ နားမ၀င်ခဲ့ဘဲ လူသတ်မှုကျူးလွန်ခဲ့တာပါ။အဲ့ဒီနောက် ဂျက်ဆီကာရဲ့အစ်မ ဆက်ဘရီနားက မနစ်ရှ်ကို စွဲချက်တင်ပြီးအမှန်တရားပေါ်ပေါက်စေရန် ကြိုးပမ်းခဲ့ပါတယ်။ သို့သော် မနစ်၇ှ် ဟာ ၀န်ကြီးတစ်ဦးရဲ့သားဖြစ်တာကြောင့် ဆက်ဘရီနားအတွက် မလွယ်ကူခဲ့ပါဘူး။ဒီလူသတ်မှုမှာ မျက်မြင်သက်သေ ၃၀၀ ကျော်ရှိခဲ့သော်လည်း ၀န်ကြီးရဲ့သြဇာအာဏာကြောင့် အားလုံးဟာ အမှန်တရားကို ပုန်းလျှိုး လျစ်လျူရှုလိုက်ကြပါတယ်။ဒါဟာ ညီမလေးတစ်ယောက်အတွက် အမှန်တရားပေါ်ပေါက်စေလိုသူ ဆက်ဘရီနားအတွက် ကြေကွဲမှုတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။တရားရုံး ကြားနားချိန်တွေမှာလည်း ဆုံးဖြတ်မှုတွေအောက်မှာ လာဘ်စားမှုတွေအောက်မှာ အာဏာမရှိသူ ပြည်သူသာ ကျရှုံးခဲ့ရပါတယ်။ အဓိက မျက်မြင်သက်သေကလည်း ငွေနဲ့ အ၀ယ်ခံရပြီး အမှုကိုအဆုံးသတ်ထွက်ဆိုပေးခဲ့ပါတယ်။ဆက်ဘရီနားအတွက်တော့ ညီမလေးရဲ့အမှန်တရားမပေါ်ပေါက်ခဲ့သလို မိဘတွေစိတ်ဆင်းရဲ ဒုက္ခကိုကြည့်ရင်း စိတ်ဓာတ်ကျသူလုံးလုံးဖြစ်လာခဲ့ရှာသည်။ဒီအမှုစစ်ဆေးမှုဟာ ခြောက်နှစ်တာကြာမြင့်ခဲ့ပြီး ဂျက်ဆီကာအတွက်လည်း တရားမျှတမှုမရှိဘဲ ပိတ်သိမ်းခဲ့ရပါတယ်။ဒီလိုမျိုးအချိန်မှာတော့ NDTV သတင်းဌာနရဲ့သတင်းထောက်မလေး မီရာက တရားမျှတမှုကို ပြန်လည်ဖော်ထုတ်ခဲ့သောအခါ၌--------။ကဲ ဘာတွေဆက်ဖြစ်လာမှာလဲ။အစ်မတစ်ယောက်အဖို့ လက်လွှတ်ခဲ့ရသော အမှုအား မီရာက ဘယ်လိုကြိုးပမ်းဆောင်ရွက်မှာလဲ။အောင်မြင်မည်လား၊ကျရှုံးမည်လား။ဒီဇာတ်ကားလေးမှာတော့ လူသတ်သမားအား ဖော်ပြပေးခဲ့ပြီး သြဇာအာဏာရဲ့လွှမ်းခြုံမှုတွေက ပြည်သူ့ဥပဒေအပေါ် ရက်စက်သလားဆိုတဲ့ မေးခွန်းမျိုးမေးရတဲ့အထိ ကျန်ရစ်စေသည့် ဇာတ်ကားကောင်းလည်းဖြစ်ပါတယ်။ ထို့အပြင် ရိုးရိုးရှင်းရှင်းနဲ့ ...
movie

No one killed Jessica (2011) မြန်မာစာတန်းထိုး

Mere Dad Ki Maruti(2013) မြန်မာစာတန်းထိုး

Mere Dad Ki Maruti(2013) မြန်မာစာတန်းထိုး

Kai Po Che ( 2013 ) 7.6
Kai Po Che ( 2013 ) ဒီကားလေးကတော့ IMDB 7.7 /10 ရရှိထားပြီး သဘာဝဆန်ဆန် ပြကွက်တို့နဲ့ အသိသညာ တစ်ခုကို ရင်ဘတ်ထဲစွဲညှိစေခဲ့တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်း  အီရှန်၊ ဂိုဗင်၊ အိုမီ တို့ဟာ ညီအစ်ကိုလိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပေါ့။ အီရှန်ကတော့ တဇွတ်ထိုးလုပ်တတ်ပြီး ခရစ်ကတ်ကစားနည်းကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်ဟာ ဘုရားကျောင်းအနီးမှာ အားကစားပစ္စည်းရောင်းဖို့ စီစဉ်ခဲ့ကြပါတယ်။ တကယ်တမ်း သူတို့အိပ်မက်ကတော့ မော်လ်မှာ အားကစားဆိုင်ကြီးဖွင့်ချင်ကြတာပါ။ ဒါပေမဲ့ မတတ်နိုင်သေးတဲ့ အစမှာတော့ အိုမီဦးလေးဆီက ပိုက်ဆံနဲ့ပဲ ဆိုင်ငယ်လေးကို အစပျိုးခဲ့တယ်။ ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ နည်းပြအဖြစ်လည်း ခရစ်ကတ်ကစားသူ ကလေးတွေကို လမ်းညွှန်ပြပေးခဲ့တယ်။တစ်နေ့မှာတော့ အရမ်းတော်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်။ သူ့နာမည်က အလီ။ အဲဒီနောက်မှာတော့ အီရှန်ဟာ အလီကို ခရစ်ကတ်ချန်ပီယံ ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်။ အီရှန်ရဲ့ဆန္ဒတွေကို အိုမီနဲ့ ဂိုဗင်တို့ကလည်း ငွေကြေးအရ ကူညီပေးခဲ့ကြတယ်။ ...
movie

Kai Po Che ( 2013 )

Holiday (2014)
Holiday (2014) IMDb Rating (7.4) ထိရရှိထားတဲ့ Action, Drama, Mystery  အမျိုးအစား Bollywood ဇာတ်ကားကောင်းဖြစ်ပါတယ်။ Holiday: A Soldier Is Never Off Duty ဆိုတဲ့ ဒီဇာတ်ကားမှာ မင်းသား Akshay Kumar နဲ့ မင်းသမီးချော Sonakshi Sinha တို့အဓိကပါဝင်ထားပါတယ်။ အိန္ဒိယစစ်သည်တွေကို ဂုဏ်ပြုထားတဲ့ ဇာတ်ကားဖြစ်ပြီး စစ်သည်တစ်ယောက်ရဲ့စွမ်းရည် ၊ တာဝန်သိတတ်မှု၊ လျင်မြန်ဖျတ်လတ်မှုတွေကို စိတ်ဝင်စားဖွယ်ဇာတ်လမ်းနဲ့ဖန်တီးထားပါတယ်။ ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါး ရိုက်ကူးထားပြီး တင်ဆက်ပုံတွေကောင်းပါတယ်။ Bollywood ရဲ့ အက၊အလှတွေကိုလဲ ပြည့်စုံအောင်ထည့်သွင်းထားပါသေးတယ်။ အပန်းဖြေရင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။File size...(1.3GB) Quality...Bluray Rip 720p Format...mp4 Duration....02:40:45 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie

Holiday (2014)

Bangistan (2015) မြန်မာစာတန်းထိုး
Bangistan (2015) မြန်မာစာတန်းထိုး ဘန်ဂီစတန်ဆိုတဲ့နိုင်ငံတစ်ခု။ မြောက်ဘန်ဂီစတန်က မွတ်ဆလင်။ တောင်က ဟိန္ဒူ။ အမြဲတမ်းအပြန်အလှန်အကြမ်းဖက်မှုတွေ လုပ်နေကျ။ တစ်ခါတော့နှစ်ဘက်ခေါင်းဆောင်တွေက အကြံကြီးတစ်ခုကြံတယ်။ အဲဒါကတော့ကလဲ့စားချေသွေးကြွေးဆပ် ဖို့။ မွတ်ဆလင်ဘက်ကစိတ်ထက်သန်တဲ့ လူငယ်တစ်ယောက်ရွေး။ ဟိန္ဒူကလည်း တစ်ယောက်။ ဟိန္ဒူကမွတ်ဆလင် အယောင်ဆောင်ဖို့ကုရ်အာရန်ကျမ်းကို လေ့လာ။ မွတ်ဆလင်ကဟိန္ဒူကျမ်းလေ့ လာ။ နှစ်ဖက်ခေါင်းဆောင်တွေက ကောင်းကင်ဘုံနဲ့သိမ်းသွင်း။ တားဂတ်က ပိုလန်နိုင်ငံ။ ဒီလိုနဲ့၂ယောက်သားအဆောင်တစ်ခု တည်းတည်းမိကြ။ ပိုလန်အဝင်လေဆိပ်မှာမွတ်ဆလင်တွေကိုပဲစစ်လို့ ဟိန္ဒူအယောင်ဆောင် အစ္စလာမ်ဘာသာဝင်ကလက်မခံ။ မွတ်ဆလင်ဆိုတိုင်းအကြမ်းဖက်သမားလား။ အကုန်လုံးကိုစစ်။ ဟိန္ဒူလည်းစစ်ပါ ဝင်ပြော။ ဒီလိုနဲ့သူတို့ရင်းနှီး။ တစ်ခါသားဘာတစ်ခုသွားတော့ မွတ်ဆလင်အစစ်က အယောင်ဆောင်ကို မင်းမွတ်ဆလင်ဖြစ်ပြီးဘာလို့အရက်သောက်မလဲပြော။ အဲဒီမှာ ၂ယောက်သား ဘာသာရေးဆွေးနွေးကြ။ ဟိန္ဒူအယောင်ဆောင်သမားကသူလေ့လာထားတဲ့အတိုင်း ဟိန္ဒူဘာသာရေးကျမ်း ဂီတရဲ့အနှစ်သာရအစစ်ကိုပြောသလို မွတ်ဆလင်အယောင်ဆောင်သမားကလည်း ကုရ်အာရန်ကျမ်းသဘောအစစ်ကို ပြောပြ။ ဂျီဟဒ်ဆိုတာ ကုရ်အာရန်မှာရုန်းကန်ခြင်း။ မကောင်းမှုကနေလွတ်မြောက်အောင် ရုန်းကန်ခြင်းသဘော။ စတေးတာ အကြမ်းဖက်ခိုင်းတာမဟုတ်ဘူးဆိုတာရှင်ုးပြ။ နောက်တော့ သူတို့အစီအစဉ်အတိုင်းပဲ ကိုယ်စီလျှို့ဝှက်စွာဗုံးတွေလုပ်ကြတယ်။ဒီကားဟာ ဘောလီးဝုဒ်ရဲ့ပြောင်မြောက်တဲ့သရော်ချက်တစ်ခုပါ။ ပြကွက်တွေ။ ဆက်တင်တွေ။ ဥပမာ မြောက်ခြမ်း မွတ်ဆလင်ဘက်တောင်တွေကြား ခေါင်းဆောင်ကြီးတွေစတည်းချတဲ့ဆိုင်က အမေရိကန်စတိုင်စားသောက်ဆိုင်။ ဂုရုကြီးတွေဘာသာရေးအကြောင်းပြ နိုင်ငံရေးကစားမှု။ ရုရှားနဲ့တရုတ်က လက်နက်ရောင်းပေးတယ်။ သဘောကျစရာစကားတွေအများကြီး။ ဥပမာ တရုတ်ဆိုင်ဗုံးသွားဝယ်တော့ ဗုံးစမ်းလို့ရမလားမေးတယ်။ တရုတ်ကြီးက ဒါ made in china တို့ဆီမှာတော့ဖုန်းတောင်ခဏခဏ ပေါက်တယ် ဆိုတာမျိုး။ နောက်အိဒ်နေ့အယူအဆ။ သိုးကိုသတ်ခိုင်းတာမဟုတ်ဘူး။ တို့တန်ဖိုးထားတဲ့အရာကိုစွန့်လွှတ်ခိုင်းတာဟာ ကိုယ်ချင်းစာတတ်အောင် ဆိုတဲ့ အမြင်။ ဒီကားဟာ Oh My God တို့ PKတို့နောက် ဘာသာရေးအစွန်းရောက် တွေကိုခပ်ပြင်းပြင်းသရော်လိုက်တဲ့ကား ပါပဲ။ အိန္ဒိယနဲ့ပါကစ္စတန်ကိုရည်ညွှန်းပြီး စိတ်ကူးယဉ်ပြယုဂ်နိုင်ငံတစ်ခုဖန်တီးထား ပေမယ့် ဒါ ကမာတစ်ခုလုံးနဲ့ဆိုင်တဲ့ ထိုးနှက်ချက်ပါ။ ရည်ရွယ်ချက်ကပြတ်သားတယ်။ ဘာသာတရားသည် လက်နက်မဟုတ်။ အကြမ်းဖက်မှုသည် ဘာသာမဟုတ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရား တိုင်းရဲ့အနှစ်သာရကိုကိုယ်တိုင်သိပါ။ လေ့လာပါ။ ကျင့်ကြံပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေက မွတ်ဆလင်ဘာသာရေးခေါင်းဆောင် အဘိုးကြီးနဲ့ ဟိန္ဒူခေါင်းဆောင်အဘိုးကြီး။သူငယ်ချင်း၂ယောက်။ သူတို့နိုင်ငံ၂ခြမ်းကြားအဆင်ပြေမယ့်နည်းကိုရှာဖွေကြတယ်။ သူတို့ဘယ်သူတွေလဲ။ အဲဒါ ခင်ဗျားနဲ့ကျွန်တော်ပါပဲ။ ရှာပြီးဝယ်ကြည့်ပါ။ သရော်ခြင်းသဘောကိုနားလည်တယ် ခင်ဗျားမှာဖွင့်ထားတဲ့နှလုံးသားရှိတာ သေချာရင်ပေါ့။File Size         : 1 ...

Bangistan (2015) မြန်မာစာတန်းထိုး

1920: The Evil Returns (2012) မြန်မာစာတန်းထိုး
1920: The Evil Returns (2012) မြန်မာစာတန်းထိုး Director: Bhushan Patel ရိုက်ကူးတင်ဆက်ထားပြီးNovember 2, 2012 (India)  တွင် ရုံတင်ပြခဲ့သော ထိတ်လန့်သည်းဖို သရဲရုပ်ရှင်ဖြစ်ပါတယ်...ဇတ်လမ်း ပုံစံကတော့ လက်ထပ်ရမည့် သတို့သမီး တစ်ဦးသည်အိမ်ကြီး တစ်အိမ်မှ မည်သို့မျှ ခွာမရပဲ သူလပ်ထက်မည့်သူဆီသွားမရ ဖြစ်နေသော အကြောင်းမှာ မကောင်းဆိုးဝါး တစ်ကောင်က သူမအားသွားခွင့်မပေး၍ ဖြစ်ပြီး သူလက်ထပ်ရမည့် သတို့သားကိုလဲ သူမ သေပြီဟု သတင်းပေးခဲ့သည်...သို့သော်လဲ သတို့သား သည် သူလက်ထပ်ရမည့်သတို့သမီး သေသည်ကို လုံးဝ မယုံကြည်နိုင်ပဲတစ်နေ့ တစ်နေ့ အရက်သောက်လိုက် ကြေကွဲလိုက် နှင့် ဘ၀ ကို အဆုံးသတ်ဖို့ ကြံစည်နေပါတော့တယ်..ထိုအကြောင်းအရာကို သိသော သူတစ်ဦးမှ သတို့သမီးအား သွားပြော၍  သတို့သားဆီ လိုက်ခဲ့ပါဟုပြော၍ မကြောက်မရွံ့ ခရီးထွက်လာရာ လမ်းခရီးတစ်ဝက်တွင် မကောင်းဆိုးဝါးများမှဖမ်းဆီးခံရပြီး ထို သတို့သမီးသည်လဲ ပျောက်ဆုံးသွားပါတော့တယ်...တစ်ရက်တွင် အရက်နွံတွင် နစ်နေသော သတို့သားသည် ...

1920: The Evil Returns (2012) မြန်မာစာတန်းထိုး

Jism-2 (မြန်မာစာတန်းထိုး) 18+++
Jism-2 (မြန်မာစာတန်းထိုး) 18+++ ဒီဇာတ်ကားကတော့ ပွန်းဆိုဒ်တွေမှာ တွေ့နေကြဖြစ်တဲ့ အိန္ဒိယ-ကနေဒါနွယ်ဖွား Sunny Leone ရဲ့ ဘောလိဝုဒ်မျက်နှာစာအဖွင့်ကားပဲဖြစ်ပါတယ်။ 2012 က ထွက်ရှိခဲ့တာပါ။ဒီဇာတ်ကားကို ပြသနိုင်ဖို့အတွက် ထုတ်လုပ်သူတွေဟာ အိန္ဒိယရုပ်ရှင်အစည်းအရုံးရဲ့ခွင့်ပြုချက် ရဖို့ တော်တော်ကိုကြိုစားခဲ့ရတယ်လို့သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုမထိတွေ့နမ်းရှိုက်ခန်းတွေ၊ half naked အခန်းတွေ ဖောဖောသီသီပါလို့ပဲဖြစ်ပါတယ်။ ဇာတ်ကားထွက်လာချိန်မှာလည်း အနုတ်သဘောဆောင်တဲ့ဝေဖန်မှုတွေ အုတ်အော်သောင်းနင်း ထွက်လာခဲ့ပါတယ်။ တစ်ချို့သတင်းစာတွေကဆို ဒီကားကို အပြာကားသာသာပဲရှိတယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် Sunny Leone ဟာ ပထမဦးဆုံးအကြိမ် စတင်သရုပ်ဆောင်တဲ့ မင်းသမီးဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့တယ်။ ဒီကားရဲ့အသက်ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ကြပါတယ်။ တကယ်တော့ ဒီကားက ဒရာမာ၊ အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ပွန်းစတား အစ်ဇ်နာဆိုတဲ့ကောင်မလေးကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့က လာငှားပါတယ်။ အာရမ်ဆိုတဲ့စုံထောက်ကတဆင့်ပါ။ အစ်ဇ်နာရဲ့တာဝန်ကတော့ သူ့ရဲ့ရည်းစားဟောင်း လက်ရှိအချိန်မှာ လူသတ်သမားဖြစ်နေတဲ့ ကာဘီရဲ့နောက်ကအဆက်အသွယ်တွေ ပံ့ပိုးပေးသူတွေရဲ့အချက်အလက်ကို ရရှိလိုလို့ဖြစ်ပါတယ်။ အစ်ဇ်နာရဲ့ချစ်သူဟောင်း ကာဘီဟာ အရင်က အရမ်းတော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ...

Jism-2 (မြန်မာစာတန်းထိုး) 18+++

The Spiderwick Chronicles (2008) မြန်မာစာတန်းထိုး
The Spiderwick Chronicles (2008) မြန်မာစာတန်းထိုး 2008 ခုနှစ်ရဲ့အကောင်းဆုံးဇာတ်ကား 10 ကားစာရင်းဝင်ဇာတ်ကားပါ။ မှော်တွေ အကောင်ဗလောင်တွေ၊ မိသားစု ဇာတ်ကားအမျိုးစားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကား.....မယ်လ်ရီတို့ မိသားစုတွေနယူးယော့ခ် မှာအနေအထိုင်ကြပ်တည်းလာလို့အမွေရထားတဲ့ အိမ်ကြီးကိုပြောင်းရွှေ့လာရာမှ ပြန်မပြောနားမထောင် ဂျရက်တစ်ယောက်ရဲ့ တစ်ဇွတ်ထိုးတစ်ယောက်ကြောင့်မှော်ဝင်စာအုပ်ကြီးတစ်အုပ်တွေ့ရှိရာမှ..... ဒီမှော်ဝင်ကျမ်း(လမ်းညွှန်)ကိုရေးခဲ့တဲ့သူက အာသာစပိုက်ဒါဝါ့ခ် ပါပဲ...ဒီနေရာမှာ မှော်ဝင်ကျမ်းအကြောင်းနဲနဲပြောပြပေးပါမယ်... အာသာစပိုက်ဒါဝါ့ခ် တစ်ယောက်မိမိရောက်နေရာဒေသကို စူစမ်းရင်းနဲ့ မှင်စာတွေနဲ့ပက်ပင်းတိုးမိပါတယ်၊ အဲဒီကစပြီးသူက မှင်စာတွေရဲ့ အားသာချက် အားနည်းချက်တွေကို စာအုပ်ထဲမှာရေးမှတ်မိပါတော့တယ်... အဲဒီမှာ...မှော်မိစ္ဆာကြီး မာဂရက် တယောက်က ထိုကျမ်းကိုမျက်စိကျလာပါတယ်... မာဂရက်က မှော်ပညာသာကြီးတာ ဥာဏ်ပညာမရှိဘူးလေ သူကတခြားမှင်စာတွေကို သတ်ပြီး ကမ္ဘာ့မှော်ပညာအကြီးဆုံးမိစ္ဆာဖြစ်ချင်နေတာကိုး.... ထိုမှော်ကျမ်းထဲမှာလည်း မိစ္ဆာတွေရဲ့ အားနည်းချက်တွေအများကြီးပါတာကိုး.....ဒါတွေကိုသိသွားတဲ့ အာသာစပိုက်ဒါဝါ့ခ်က စာအုပ်ကိုကာကွယ်ဖို့ အိမ်ပတ်လည်ကို စည်းချခဲ့ပါတယ်....ဒါတွေက ဂျရက်တစ်ယောက် စာအုပ်ကို မတွေ့ခင်အထိဘေးကင်း နေပေမဲ့...ဂျရက်တစ်ယောက်လည်းစာအုပ်တွေ့သွားရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ..... (မင်းသမီး မယ်လ်ရီ က စံရတီမိုးမြင်းနဲ့ အတော်ဆင်တယ်)File Size         : 750 MB Quality           : ...
movie

The Spiderwick Chronicles (2008) မြန်မာစာတန်းထိုး

Helios (2015)
Helios (2015) သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကား နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဟောင်ကောင်အက်ရှင်လေးကို ဒီနေ့အတွက် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်က ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ တိုင်ပေနဲ့ တောင်ကိုရီးယား သရုပ်ဆောင်တွေ တစုတစည်းတည်း ပါဝင်ထားတာပဲဖြစ်ပါ တယ်။တောင်ကိုရီးယားအစိုးရက အလိုရှိနေတဲ့ ထိပ်တန်းဒုစရိုက် ကောင် Helios ဆိုသူနဲ့ သူ့ လက်ထောက် Messenger တို့ဟာ တောင်ကိုရီးယားစစ်တပ်က လျှို့ဝှက်တီထွင်ထားတဲ့ နျူကလီးယား ဓာတုလက်နက်ငယ် DC 8 ကို အကြမ်းထည် ပစ္စည်း ၁၆ ခုနဲ့ အတူ အောင်မြင်စွာခိုးယူသွားခဲ့ပါ တယ်။ Helios ဟာ အဲဒီလက်နက် ကို ဟောင်ကောင်မှာ မှောင်ခို ရောင်းဝယ်မယ်ဆိုတဲ့သတင်း အရ ဟောင်ကောင်၊ တရုတ်ပြည် မကြီးနဲ့ တောင်ကိုရီးယားရဲဌာနချုပ်တွေ ဖြန့်ကြက်ရှာဖွေစုံစမ်းပါတော့တယ်။အဲဒီကိစ္စကို ဖြေရှင်းဖို့ အတွက် ဟောင်ကောင်မှာ အရေးပေါ်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အဖွဲ့ ထဲမှာ ဟောင်ကောင်မှုခင်းနှိမ်နင်း ရေးအဖွဲ့က ...
movie

Helios (2015)