Channel Myanmar
Uncategorized
Peace Breaker (2017)
Peace Breaker (2017) 2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားဇာတ်ကား A Hard Day ကို ပြန်လည်ဆန်းသစ်ပီး တရုတ်ဘားရှင်းနဲ့ ရိုက်ကူးထားတာပါမူးယစ်ဆေးရောင်းဝယ်တဲ့သူကိုဖမ်းဖို့နိုက်ကလပ်ကိုရောက်နေတဲ့ရဲတပ်ဖွဲ့၊ကောင်းကျန့်ရှန်ကတော့သူ့အမေရဲ့အသုဘအတွက်လုပ်ဖော်ကိုင်ဖက်တွေနဲ့လိုက်မသွားပဲတစ်ယောက်တည်းကားမောင်းပြန်ခဲ့တယ်၊လမ်းမှာခွေးတစ်ကောင်ကိုရှောင်လိုက်ရင်းနဲ့လူတစ်ယောက်ကိုတိုက်မိပြီးအဲဒီလူကနေရာမှာတင်သေဆုံးသွားတယ်၊သေသူအလောင်းကိုကားနောက်ဖုံးထဲထည့်သွားပြီးသူ့အမေရဲ့အလောင်းနဲ့အတူတူထည့်ပြီးမြုပ်ပစ်လိုက်တယ်၊ဒါပေမယ့်အဲဒီအဖြစ်ကိုမျက်မြင်တွေ့ခဲ့တဲ့ချန်ချန်းမင်ကကောင်းကျန့်ရှန်ကိုဖိအားပေးပြီးသေဆုံးသွားတဲ့အလောင်းဆီမှာသူ့အတွက်တန်ဖိုးရှိတဲ့အရာပါသွားတဲ့အတွက်အလောင်းကိုသူ့ဆီပြန်ပေးခိုင်းတယ်၊အဲဒီအချိန်မှာမှပေါ်ထွက်လာတဲ့အမှန်တရားတွေ၊ထင်မှတ်မထားတဲ့အရာတွေဖြစ်ပျက်လာခဲ့တယ်.....Qty - Web dl 720pDuration - 1hr52minGene - Crime / ThrillSubtitle - Myanmar HardsubTranslator - NickyEncoder - Kyaw Ye Aung
movie
Peace Breaker (2017)
The Thirteenth Tale (2013) 7.0
The Thirteenth Tale (2013)  Vida Winter ဆိုတဲ့ စာရေးဆရာမကြီးဟာသူမရဲ့ အတ္ထုပ္ပတ္တိအကြောင်းရေးဖို့ ငယ်ရွယ်တဲ့ အတ္ထုပ္ပတ္တိရေးသူ Margaret ကို ငှားရမ်းခဲ့တယ်။ သူမဖြတ်သန်းလာရတဲ့ ဘဝကို The Thirteen taleလို့ တင်စားပြီး The Thirteen Tale ဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူပေါ့။ ပုံပြင်က 13ပုဒ်ဆိုပေမယ့် တကယ်တမ်းက 12ပုဒ်ပဲရှိတယ်။သူမ ငယ်ဘဝဖြတ်သန်းလာရမှုက 13ပုဒ်မြောက် ပုံပြင်ပေါ့။ Vida ဟာ အင်တာဗျူးမှာ သူမငယ်ဘဝအကြောင်းကို ဖြေဆိုထားတာတွေက တစ်ခုနဲ့တစ်ခုက မတူဘူး။ အဲ့ဒါကြောင့်လည်း လူအများက သူ့ငယ်ဘဝဖြစ်တဲ့ 13ပုဒ်မြောက် ပုံပြင်ကို သိချင်နေကြတာပေါ့။အဖေဘယ်သူမှန်း မသိ အမေကလည်း ဂရုမစိုက်တော့ ပျက်စီးချင်တိုင်း ပျက်စီးနေကြတဲ့ သနားကြင်နာမှုကင်းမဲ့တဲ့ ငယ်ဘဝအကြောင်း 13ပုဒ်မြောက် ပုံပြင်ကို Margaret ကို ပြောပြတဲ့အချိန်မှာတော့ .............Qty - 720p BlurayDuration - 90minGerne - Drama/MysterySubtitle - Myanmar HardsubTranslator - ...
movie
The Thirteenth Tale (2013)
2013
Journey to the West:return of 3 Saints (2017)
Journey to the West:return of 3 Saints (2017)  2017 ခုနှစ်ထွက် ၀ူခုန်း ရဲ့ နောက်ဘားရှင်းအသစ် ကားလေးကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ စာဖိုင်မထွက် သလို Imdb မယ်လဲ rating မတက်ပါဘူး ဒါပေသိ ပရိတ်သတ်ကြီးကိုကြည့်စေ ချင်တဲ့ စေတနာနဲ့ စာဖိုင်ဖန်တီးပြီးတင်ဆက်ပေးလိုက်ပါတယ် ကျတော်ကတော့ ကိုယ့်ဖာသာ rating ပေးရရင် 3.5/5 လောက်တော့ပေးပါတယ် မင်းသမီးလေးတွေက cute လွန်းလို့ဘာ :Pဇာတ်လမ်း အကျဉ်းလေးကတော့ ထန်သူတော်စင်က အနောက်ဖက်ကို ကျမ်းစာသွားသယ်ပါတယ် သယ်တဲ့နေရာမှာလဲ ၀ူခုန်းပါတယ်ထင်ပါသလား မပါပါဘူး စကီတွေ တပြုံကြီးနဲ့ သွားသယ်တာပါ ကဲ ထန်ကိုယ်တော်ကို စကီတွေက လမ်းခရီးမှာ မိစ္ဆာတွေရန်က ဘယ်လို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ကြမလဲ မိစ္ဆာငနဲကြီးတွေကကော ထန်ကိုယ်တော်ကို ဘယ်လိုတွေ သူငယ်ထောင်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ရှူစားကြရမှာပါ :PQty - 720p Web dlDuration - 1hr 30minGene - Fantasy/Drama/RomanceSubtitle - Myanmar ...
movie
Journey to the West:return of 3 Saints (2017)
Tomie: Unlimited(2011) 4.6
Tomie: Unlimited(2011) တလောက Facebook မယ် Share နေကြတဲ့ သရဲကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ကြောက်ဖို့တော့ အတော်ကောင်းတယ်ဗျ၂လုံးရောဂါ ရှိရင် မကြည့်နက်နော်ဆကီကိုဟာထက်မြက်တဲ့အထက်တန်းကျောင်းသူဓာတ်ပုံဝါသနာရှင်တယောက်ပါ။ သူမဟာတနေ့မှာ သူ့သူငယ်ချင်းနဲ့အတူအိမ်ပြန်လာတုန်း သူမအမ တိုမီနဲ့အတူ သူမကြိတ်crushနေတဲ့တိုရှီယိုကို တွေ့ခဲ့ရပါတယ်။ သူမဟာလှပတဲ့အမကို သ၀န်လဲတိုဂုဏ်လဲယူပါတယ်။ သူမအမ တိုမီကို ဓာတ်ပုံရိုက်ပေးနေတုန်းတိုမီဟာမတော်တဆဖြစ်ပြီး သေဆုံးသွားပါတယ်။ အဲတာတွေဖြစ်ပြီးတနှစ်အကြာတိုမီမွေးနေ့ရောက်တော့ ဆကီကိုတို့အိမ်ရှေ့မှာ တိုမီကပြန်ပေါ်လာပါတော့တယ်။ အဲ့အချိန်ကစပြီး ဆကီကိုအနားမှာရှိတဲ့သူတွေအားလုံးဟာ ထူးဆန်းပြီး ထိတ်လန့်စရာတွေစလုပ်လာပါတော့တယ်။တိုမီက ဘာကြောင့်ပြန်လာတာလဲ.... ဆကီကိုက တိုမီကိုတားနိုင်ပါ့မလား...Qty - Bluray 720pDuration 1hr 30 MinGern - Horror/ThrillSubtitle - Myanmar HardsubTranslator - Eg White Encoder - Kyaw Ye Aung 
movie
Tomie: Unlimited(2011)
2011
One Night in Taipei(2015) 4.1
One Night in Taipei(2015) Dark Side Production ================= One night in Taipei  (2015) မြန်မာစာတန်းထိုး Dark Side Production မှတင်ဆက်သည်။ ဒီကားလေးကတော့ ခပ်ဟော့ဟော့မိန်းမချောလေးတွေ အများစုအသုံးပြုရိုက်ထားပါတယ် အချစ်ကို ကိုးကွယ်တဲ့သူ အချစ်လို့ခေါင်းစဉ်တပ်ပြီး စီးပွားရှာနေသူ .... အချစ်ကိုတန်ဘိုးထားပေမဲ့လည်း ကောင်းမွန်တဲ့ ဘ၀တစ်ခုရှာဖွေဖို့ ယေကျာ်းတွေနဲ့ဆက်ဆံနေရတဲ့သူ..စတဲ့ မိန်းကလေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်.... ကလပ်တစ်ခုအခြေပြုထားလေတွော အချိန်တော်တော်များများ အဖော်အချွတ်နဲ့ 18+ senceတစ်ချို့ပါလေတော့ မိသားစုနဲ့မကြည့်သင့်ပါဘူး  File Size…(736MB) and (375MB) Quality…HD-Rip 720p Format…mp4 Duration…01:21:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by JUNEဒေါင်းလုတ်လင့်ကို Comment မှာယူကြပါ။#DarkSide  
movie
One Night in Taipei(2015)
2015
Kill Switch (2017) 5.4
Kill Switch (2017)   ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ 2017 မှာအသစ်ထွက်ထားတဲ့ စိတ်ကူးယဉ်ကားလေးပါ ရူပဗေဒပညာရှင် ဝဲလ်ဟာ သူ့ညီမနဲ့အတူ ထရာမာဖြစ်နေတဲ့ သူ့တူလေးကို စောင့်ရှောက်ပေးနေသူပါ တစ်နေ့တော့ အော်တာပလက်စ်ကနေ သူ့ကိုအလုပ်ခေါ်ရာကနေ စခဲ့တာပါ သူတို့က ပဲ့တင်ကမ္ဘာတစ်ခုကို ဖန်တီးပြီး အဲဘက်ကနေ တကယ့်ကမ္ဘာဆီကို စွမ်းအင်တွေလွှဲပြောင်းယူဖို့ ကြိုးစားချင်တာပါ သူတို့တကယ်ပဲ ပဲ့တင်ကမ္ဘာဖန်တီးဖို့ အောင်မြင်ခဲ့လား ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ ဆိုတာကိုရင်ခုန်ဖွယ်ရာ ရိုက်ကူးထားပါတယ် သိပ္ပံစိတိကူးယဉ်ကားတွေ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်တကယ်ကို လက်လွတ်မခံသင့်တဲ့ကားလေးပါ ဇာတ်ကားတစ်ခုလုံး ပဟေဠိဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီးနောက်ဆုံးမှာ ဘာတွေဖြစ်လာလဲ ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ)  File Size : (700 MB) and (290 MB) Quality : 720pBluray Running Time : 1hr 31minutes Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
movie
Kill Switch (2017)
2017
Inconceivable (2017) 7.4
Inconceivable (2017) ဆေးပညာတွေတိုးတက်လာတာနဲ့အမျအိမ်ထောင်ရှင်တွေမိသားစုတွေကြားထဲမှာ ဖြစ်တဲ့ရှုပ်ထွေးမှုတွေ ကိုရိုက်ကူးထားတဲ့ ဆိုက်ကိုကားလေးပါဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာမော်ဂန်တို့လင်မယားနှစ်ယောက်နဲ့ သမီးလေးကိုရာတို့အေးအေးချမ်းချမ်းနေထိုင်ကျတယ်တနေ့မှာတော့ဘယ်ကမှန်းမသိတဲ့ ကိတ်တီဆိုသော အမျိုးသမီးနဲ့သူမသမီးလေးမက်ဒီတို့နှစ်ယောက် နဲ့အမှတ်မထင်တွေ့ဆုံခဲ့ကျတယ်ကိတ်တီနဲ့မက်ဒီတို့ဟာ အရမ်းနှိပ်စက်တဲ့ယောကျာ်းဆီကထွက်ပြေးပီး ဒီမြို့မှာခြေရာဖျောက်နေထိုင်ဖို့ခနရောက်လာတယ်လို့သိရတယ်ကိတ်တီ နဲ့ဒေါက်တာမော်ဂန်တို့မိသားစုအရမ်းရင်းနှီးသွားပီး ဒေါက်တာမော်ဂန်ရဲ့ဇနီးဖြစ်သူ အန်ဂျလာက ကိတ်တီ့ကိုကူညီရင်း ကလေးချင်းလဲအဖော်ရအောင်သူတို့အိမ်မှာ ကလေးထိန်းလုပ်ခိုင်းခဲ့ပါတယ် အဲ့ဒိနောက်မှာတော့ ကိတ်တီရဲ့သရုပ်မှန်တွေတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်သူမအတိတ်ဇာတ်ကြောင်းကအလိမ်အညာတွေဖြစ်ပီး သူမဘာအကြောင်းကြောင့်အန်ဂျလာတို့မိသားစုထဲကိုရောက်လာရတယ်အန်ဂျလာတို့မိသားစုကို ဖျက်ဆီးဖို့ဘယ်လိုကြိုးစားတယ်ဆိုတာ ရင်တမမနဲ့စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှူရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ ခင်ပြည့်စုံကျော်ပါ) File Size : 750 MB/300 MB Quality : Webdl 720p Running Time : 1hr 45minutes Format : Mp4 Genre : Drama, Thriller  Translator : Khin Pyae Sone Kyaw Encoder :Thanhtike Zaw
movie
Inconceivable (2017)
Lost and Found (2016) 5.3
Lost and Found (2016)  Adventure အမျိုးအစား ရုပ်ရှင်ကြိုက်သူတွေ အတွက် သင့်တော်တဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်အန်ဒီ ဟာ ကျောင်းမှာ ရေကူးအားကစား မှာ ထူးချွန်တဲ့ ကျောင်းသား တစ်ဦးဖြစ်ပြီးစိတ်ဓါတ်ကျခိုက် အပေါင်းအသင်းမှားကာ စတိုးဆိုင်တစ်ခုကနေ ပစ္စည်းခိုးယူ၍ရဲတိုင်ခံခဲ့ရပါတယ် ထို့နောက် ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ရပြီး အန်ဒီ ဖခင် မှအန်ဒီ ဦးလေး ဖြစ်သူ ထရန့်ဝေါ်တန် ရှိသော ကျွန်းတစ်ခုသို့ အန်ဒီ ၏ ညီ မိုက်ခ် နှင့်အတူ အလည်အပတ် ပို့ဆောင်ပေးခဲ့ပါတယ်…ထို ကျွန်းသို့ ရောက်သော အခါ ဝေါ်တန် မျိုးရိုးသည် ချမ်းသာခဲ့ပြီးလူယုတ်မာများ လက်ချက်ဖြင့် အန်ဒီ တို့ အဖိုး ပျောက်ဆုံးခဲ့ပြီး မိသားစုပိုင်ပစ္စည်းများ အစ ပျောက်သွားသည်ကို သိရှိရကာ ဝေါ်တန် တို့ရဲ့ အမွေ အနှစ်ကိုပြန်လည်ရှာဖွေ ရန် အဖိုးဖြစ်သူ ထားခဲ့သော ၀ှက်စာများမှ တဆင့် အစ ဖော်ရာတွေ့ရှိဖို့ နီးစပ်ခဲ့ပြီး ...
movie
Lost and Found (2016)
The Thirteenth Floor (1999) 7.0
The Thirteenth Floor (1999)  မိတ်ဆွေတို့ အဖြစ်အပျက်တစ်ခုကြုံတဲ့အခါ တစ်ခါတစ်လေမှာ ကိုယ်ဒါမျိုးဖြစ်ခဲ့ဖူးတယ်။ဒီလိုအဖြစ်မျိုးကြုံဖူးပြီးသားလို့ ခံစားရပါသလား။ အနောက်တိုင်းမှာတော့ ဒါမျိုးကိုDéjàvu(ဒေးဂျာဘူး) လို့ခေါ်ကြပါတယ်။ လူတိုင်းနီးပါး အဲ့ဒီလိုအခိုက်အတန့်လေးတွေကြုံဖူးကြမှာပါ။ ခုဒီဇာတ်ကားမှာတော့ အဲ့ဒီ့ဖြစ်စဉ်လေးတွေ ဘာကြောင့်လူသားတိုင်းဖြစ်နေကြတာလဲ ဒီလိုဖြစ်စဉ်ဟာဘယ်အရာကြောင့် ဘယ်လိုဇီဝဖြစ်စဉ်ကြောင့်ခံစားရတာလဲဆိုတဲ့အပေါ်မှာ အခြေခံပြီး စိတ်ကူးယဉ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်သိပ္ပံ မှုခင်းဇတ်လမ်းသွားပုံစံမျိုးကိုကြိုက်နှစ်သက်သူတွေအတွက် ဆွဲဆောင်မှုကောင်းကောင်းပေးမှာပါ။ File Size : 700 Mb / 400 Mb Quality : Bluray 720P Running Time : 1 hr 40 min Format : Mp4 Genre : Mystery, Sci-Fi, Thriller Translator : Min Thet Oo Encoder : San Win Maung  Download from op link 720P Download from op link 360P
movie
The Thirteenth Floor (1999)
The Secret of Moonacre (2008) 6.2
The Secret of Moonacre (2008)  ဗိုလ်မှုးကြီး မယ်ရီဝဲသာဟာ သေဆုံးခဲ့ပြီးနောက် သူ့ရဲ့သမီး မာရီယာ မယ်ရီဝဲသာ အတွက်Moonacre ရွာရဲ့ ရာဇဝင်ကို ရေးသားထားတဲ့စာအုပ်တစ်အုပ်ကို အမွေအဖြစ်ထားရှိခဲ့တယ်။ အဖေသေဆုံးတဲ့အပြင် အိမ်တွေဟာလည်းဆုံးရှုံးခဲ့တဲ့အတွက် နေထိုင်တဲ့နေရာကနေစွန့်ခွာခဲ့ရပြီး ဦးလေးတော်စပ်သူအိမ်မှာသွားရောက်နေထိုင်ဖို့ဖြစ်လာခဲ့တယ်။ သူ့ကိုအရမ်းချစ်မြတ်နိုးတဲ့ ဟီလီရိုထရော့ ဟာလည်း လိုက်ပါလာခဲ့ပါတယ်။ဦးလေးဖြစ်သူနေထိုင်တဲ့နေရာဟာ စာအုပ်ထဲမှာရေးသားထားတဲ့ Moonacre ရွာဖြစ်ပြီး ထူးဆန်းမှုတွေကို တောက်လျှောက်ကြုံတွေ့ရတဲ့ မစ်စ်မယ်ရီဝဲသာတစ်ယောက် ခက်ခဲ စွာ ကျော်ဖြတ်ခဲ့ရပုံတွေ . သေခါနီး တိရစ္ဆာန်လေးတွေကို ကယ်တင်ခဲ့ပုံများကို ဒီကား လေးထဲမှာ တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားလေးဟာ အလွန်ကိုစိတ်ဝင်စားဖို့ကောင်းသ လို ကြည်နူးစရာတောတွင်းနဲ့ ထိတ်လန့်ဖွယ်ရာတောတွင်း ဒုက္ခတွေကို တွေ့မြင်ရမှာ ပါ။ (ဒီဇာတ်ကားလေးကို ဘာသာပြန်ရေးသားပေးသူကတော့ Hsu Sandar Aung ဖြစ်ပါတယ်။) File Size : 613 MB/213 MB Quality : Bluray 720P Running Time : 1hr 43minutes Genre : Adventure, Family, Fantasy Translator : Hsu Sandar Aung Encoder : San ...
movie
The Secret of Moonacre (2008)
Justice League – Gotham City Breakout (2016) 6.0
Justice League – Gotham City Breakout (2016) ရယ်ရွှင်စရာကောင်းတဲ့ Lego Superhero ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ ဘတ်မန်းဟာဆိုရင် သူ့ရဲ့ နှစ်ပတ်လည် နေ့အတွက် ကျန်တဲ့ သူတွေရဲ့ တိုက်တွန်းချက်အရ အားလပ်ရက် ခရီးထွက်ခဲ့ပါတော့တယ်။ ဒီခရီးကိုစီစဉ်သူကလည်း နိုက်ဝင်းနဲ့ ဘတ်ဂဲလ် ဖြစ်ပြီး ခရီးစဉ်ကတော့ ဘတ်မန်းရဲ့ ဆရာမဟောင်း မဒမ် မန်းတစ် ဆီကိုပါ။ ဂေါ့သမ်မြို့မှာတော့ ဘတ်မန်းဟာ စူပါမန်းနဲ့ ရော်ဘင်တို့ကို အစောင့်ထားရစ်ခဲ့ပါတယ်။ဒီလိုဘတ်မန်း မရှိတော့တာကို ဘတ်မန်းရဲ့ အဓိက ပြိုင်ဘက်ဂျိုကာကသိရှိပြီး ထောင်ဖောက်ကာ တစ်ခြား စူပါဗီလိန်တွေကို ပါခေါ်ပြီး သောင်းကျန်းပါတော့တယ်။တစ်ဖက်မှာလည်း မဒမ်မန်းတစ်ဆီကိုရောက်နေတဲ့ ဘတ်မန်းတို့မှာ လည်း မဒမ် မန်းတစ် က ပျောက်ဆုံးနေပြီး သူ့နေရာမှာ ဒက်ခ်စတုခ် က စီစဉ် ထားတဲ့ လူတစ်ယောက် ဖြစ်နေပါတယ်။ဒီလိုနဲ့ ဘတ်မန်းတို့ဟာ သူ့ဆရာမ ကိုရှာဖွေရပါတော့တယ်။ တစ်ဖက်မှာလည်း စူပါမန်း နဲ့ ဂျက်စတစ်လိဂ် ...
movie
Justice League – Gotham City Breakout (2016)
2016
Meet The Robinsons (2007) 6.9
Meet The Robinsons (2007) ဥာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ ... မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့် ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး... ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း) ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့် မှတ်ဥာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်.. တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ် ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့.. တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး… စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး… အနာဂတ်ကလာတာ ကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ ... ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်... သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို့ Quality…..BluRay 1080p Duration…..01:35:00 Format…Mp4 File Size…(738 MB , 561 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint  
movie
Meet The Robinsons (2007)
2007
Xuan Zang (2016) 5.7
movie
Xuan Zang (2016)
2016
Ink Heart (2009) မြန်မာစာတန်းထိုး
Ink Heart (2009) မြန်မာစာတန်းထိုး IMDb rating 6.1/10 ရရှိထားတဲ့ ဒီကားလေးဟာဆိုရင်တော့ Visual Effect အလန်းစားတွေကိုကြည့်ရှူရမှာပါ။ English စာရေးဆရာ မို ဟာ သူ့ ဇနီး ဆုံးပါးသွားတဲ့ နောက်မှာတော့ သူ့ ရဲ့ ဆယ့်သုံးနှစ်အရွယ်သမီးလေး မက်ဂီ ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေခဲ့သူတစ်ယောက်ပါ။ သူဟာ ရှေးဟောင်းစာအုပ်တွေ ကို ရှာဖွေစုဆောင်းဖို့ အတွက် ဥရောပ တစ်ခွင်ကို ခြေဆန့် ခရီးထွက်နေသူပါ။ သူ့ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Ink heart ဆိုတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ရှာဖွေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ အဲလို စာအုပ်ကို ရှာနေတဲ့ အချိန်မှာပဲ မက်ဂီဟာ သူ့ အဖေကို dustfinger လို့ ခေါ်တဲ့ လူတစ်ယောက် က silvertongue လို့ ခေါ်သံကိုကြားလိုက်ရတဲ့ နောက်တော့.... မက်ဂီ က  သူ့ အဖေဟာ ပုံပြင်ထဲက ဇာတ်ကောင်တွေကို ...
movie
Ink Heart (2009) မြန်မာစာတန်းထိုး
Little rascale (1994) 6.3
Little rascale (1994) 1994 ခုနှစ်ကထွက်ရှိခဲ့ပြီး ငယ်ဘ၀ ကိုပြန်လည် အမှတ်ရသတိရစေမယ့် ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် မိန်းမကို မုန်းတီးကြတဲ့သူတွေ များ ရှိကြမလား မသိဘူးဗျ ဒီကားလေးကတော့ မိန်းမမုန်း တီးသူ ကလေးတစ်စုအကြာင်းကိုဇာတ်အိမ်တည်ရိုက်ကူး ထားတာပါ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ဒီကားလေးဟာ ၁၉၉၅မှာ BMI best music award နဲ့ ပါဝင်သရုပ်ဆောင်ကြတဲ့ ကလေးသရုပ်ဆောင်တွေအားလုံးဟာ Young Artist Award ဆုတွေကိုအသီးသီးဆွတ်ခူးခဲ့ကြပါတယ် ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ spinky ဆိုတဲ့ကောင်လေးဟာ မိန်းမမုန်းတီးသူများကလပ် ရဲ့ ဥက္ကဌ ပါ အဖွဲ့ဝင်တွေအဖြစ် သူ့ရဲ့ မူလတန်းကျောင်းက သူငယ်ချင်းတွေက ပါဝင်ထာကြပါတယ် ဒီအချိန်မှာပဲ Alfafa ဆိုတဲ့ကောင်လေးကလဲ ယောကျာ်းလေးများသာ ဆိုတဲ့အဖွဲ့ကိုထူထောင်ထားပါတယ် ဒီလိုနဲ့ သူတို့၂ယောက် Dala ဆိုတဲ့ ကောင်မလေးကိုချစ်ကြိုက်မိသွားတဲ့အခါမှာတော့ ဘယ်လိုပြိုင်ဆိုင်မူတွေ ကို လုပ်ကြမလဲဆိုတာကိုတော့ ဘာသာပြန်ကတော့ အောင်ချမ်းငြိမ်း ပါ ဗျ
movie
Little rascale (1994)
1994
Mourning Grave (2014) 6.1
Mourning Grave (2014) Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။ တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာ ဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ   သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ...
movie
Mourning Grave (2014)
2014
The New Legend of Shaolin (1994)
The New Legend of Shaolin (1994) ဒီတစ်ခါဂျက်လီရဲ့1994ကထွက်ရှိခဲ့တဲ့ရှောင်လင်ကွန်ဖူးအက်ရှင်လေးပဲဖြစ်ပါတယ်…IMDB rating 6.4…Rotten Tomataes95အထိရထားပါတယ်ဇာတ်လမ်းကဟောင်းနေပေမယ့်အခုထက်အက်ရှင်ကွက်နေတဲ့ကောင်းဆဲပါဂျက်လီရဲ့My Father Is Heroကားထဲမှာဂျက်လီသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ကလေးသရုပ်ဆောင်Tes Miuဟာဒီကားမှာလည်းဂျက်လီရဲ့သားအဖြစ်ပါဝင်ထားပါတယ်ဒီကားမှာဂျက်လီဟာတော်လှန်ရေးသမားဟုန်ရှီကွမ်အဖြစ်သရုပ်ဆောင်းထားပြီဂျက်လီရဲ့ကွန်ဖူးကားတွေမှာပါဝင်နေကြတုတ်သိုင်း..ဓားသိုင်း…လက်သီးသိုင်းမျိုးမဟုတ်ပဲဒီကားထဲမှာဂျက်လီဟာလှံလက်နက်ကိုအသုံးပြုထားပြီးရိုက်ထားသလိုအရင်ခေတ်တွေကဒီနေ့ခေတ်တွေမာလိုကွန်ပျူတာဖန်းတီးချက်တွေလုံးဝမပါဝင်ပါဘူး ဒီဇာတ်ကားမှာဂျက်လီဟာThe Legend of Fong Sai Yukကားထဲကလိုမင်းသားတစ်ယောက်သာမကထုတ်လုပ်ရေးအပိုင်းမှာပါ ပါဝင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့တော်လှန်ရေးသမားဟုန်ရှီကွမ်မိသားစုဟာအစိုးရရဲ့သတ်ဖြတ်မှုကိုခံခဲ့ရပြီးသားဖြစ်သူမန်းတင်ဟာအသတ်မခံရဘဲအသက်ရှင်ခဲ့ပါတယ် ဒါပေမဲ့အတွင်းလူသစ္စာဖောက်တာကြောက်စရာကောင်းတယ်ဆိုတဲ့စကားအတိုင်းအဖွဲ့ထဲကလူဖြစ်တဲ့မာလင်းရည်ဟာဟုန်ရှီကွမ်းအပေါ်အမျိုးမျိုးသစ္စာဖောက်ပြီးလုပ်ကြံသတ်ဖြတ်ပါတယ် ဒါပမဲ့ဟုန်ရှီကွမ်းရဲ့လှံတံကြောင်သေဆုံးခဲ့ရပါတယ်ဟုန်ရှီကွမ်းသတ်ခဲ့တဲ့သစ္စဖောက်မာလင်းရည်ဟာမသေပဲအဆိပ်ဘီလူးအသွင်ပြောင်းပြီရှောင်လင်ကျောင်းတော်မှာရှိတဲ့မင့်ရတနာမြေပုံကိုရယူကြိုးစားပါတော့တယ်ဒါပေမဲ့ဟုန်ရှီကွမ်းနဲ့တွေ့ပြီးမင့်မင်းဆက်ရတနာမြေပုံကိုသစ္စဖောက်မာလင်းရည်လက်ထဲရပါ့မလားဆိုတာရှုစားကြပါဦးဒီကားထဲမှာကွန်ဖူးသာမကထိုက်ချိကိုလည်းအသုံးပြုထားတာတွေ့ရပြီးဂျက်လီရဲ့အက်ရှင်ကားလေးကိုရှုစားကြပါအုံးခေတ်ကာလများကြာခဲ့ပြီဖြစ်လို့ရသမျှအကောင်းဆုံးအကြည်ကိုသာတင်ဆက်ပေးထားပါတယ်  Translated And Review By - Thein Zaw
movie
The New Legend of Shaolin (1994)
1994