Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
6.3
Rigor Mortis (2013)
2013 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ် ၀ိဉာဏ်သိုင်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပရလောကရဲ့ ဆန်းကြယ်မူတွေနဲ့ လူ့ဘ၀ရဲ့ ထူးဆန်းတဲ့ ကံကြမ္မာအကြောင်းတွေကို တင်ဆက် ပြသထားတာပါ လူတွေဟာ သေဆုံးပြီးရင် ကိုယ်ချစ်ရခင်ရတဲ့ သူတွေကို နုတ်ဆက်ဖို့ အချိန် ၇ရက်ပေးတယ်လို့ ယုံကြည်ကြပါတယ် ဒီကားကလဲ ဒီရိုးရာ ယုံကြည်မူလေးကိုအခြေခံပြီးရိုက်ကူးထားတာပါ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ သူကတော့ ၁၉၈၀ ပတ်ချာလည်လောက်က တရုတ် တစ္ဆေ ဖုတ်ကောင်ကားတွေ ကို ရိုက်ကူးထုပ်လုပ်ပြီးအောင်မြင်မူရခဲ့ တဲ့ juno mak က ရိုက်ကူးထုပ်လုပ်ခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းကတော့ ထွေထွေထူးထူး ပြောစရာ သိပ်မရှိပဲ ခပ်ကြမ်းကြမ်း သိုင်းအက်ရှင်ခန်းတွေပါတာမို့ အသတ်အပုတ် ပရိတ်သတ်တွေကတော့ကြိုက်နှစ်သက်မယ့် ကားကောင်းတကားပါ Qty - 720p BlurayDuration - 1hr 45minGern - Action/thrillsubtitle - Myanmar HardsubEncoder - Kyaw Ye Aung
movie
Rigor Mortis (2013)
2013
6.3
Young Adult(2011)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ"Young Adult"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်.... သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ...ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး... သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး.... သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ...Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ... ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့... Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ.... ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့.... သူ့ရဲ့ လှပခဲ့တဲ့ ...
movie
Young Adult(2011)
2011
31st October (2016)
31'st October film ( သို့မဟုတ် ) မရရှိသေးသော အမှန်တရား °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " လမ်းချိုး တစ်ခုတိုင်း မှာ သွေရဲရဲ နီဆွေးခဲ့တဲ့ လူမျိုးနွယ် တစ်စု " ဒါမှမဟုတ် "ပြာငွေ့တွေကြား အရှင် လတ်လတ် အော်ဟစ်ပျောက်ဆုံး သွားကြတဲ့ အဖေ ။ အမေ ။ လူမမည် ကလေးငယ်တွေ။ဘာအတွက်ကြောင့်များ ကောင်းကင်ဘုံ တံခါး ကြိုပွင့်ခဲ့သလဲ ဆိုတာနံနက်ခင်း သတင်းမှာတော့ ကြိုတင် မကြေငြာခဲ့ပါ။ဒါပေမယ့် အလုပ်ဝင် အလုပ်သွားနေကြ ရုန်းကန်နေကြတဲ့ဆစ်ခ် လူမျိုး တွေ ကြား နေမင်းကြီးမြင့်လာချိန် နှင့် တစ်ပြိုင်နက်ပြဿနာ တစ်ခု က ဆီးကြို ခဲ့ပါပြီ။ ထိုအချိန်တွင် ရေဒီယို သတင်း ဌာနတွေဆီမှလည်း အစီအရီကြေငြာလို့နေခဲ့ပါသည်။ဒီအရေးကြီးသတင်းကတော့" Indira Gandhi ( အိန္ဒိယနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ) အားအနီးကပ်နေသက်တော်စောင့် ဆခ်လူမျိုးများက ...
movie
31st October (2016)
8.1
Batman: Under the Red Hood (2010)
ဒီကားလေးကတော့ DC ရဲ့ နာမည် ကျော် Animation တွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာတော့ Batman ရဲ့ နာမည်ကျော် ဗီလိန်တွေဖြစ်တဲ့ ဂျိုကာ ရာအယ်ဂူး Red Hoodအစရှိတဲ့ သူတွေပါဝင်တဲ့ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကို ပြောရရင်တော့ဂျိုကာ ရဲ့ လက်ချက်နဲ့ Second Robin ဖြစ်တဲ့ Jason Todd သေဆုံးသွားပြီးနဲ့နောက်မှာ Batman ဟာ ဆိုရင်ဘယ်သူ့ အကူအညီမှ မယူပဲတစ်ယောက်ထဲ လှုပ်ရှား နေပါတော့တယ်။အဲ့အချိန်မှာပဲ Gotham မှာJoker က Arkham Asylum ထဲမှာ အဖမ်းခံနေရပြီး ရာဇ၀တ်လုပ်ငန်းတွေကို Black Mask က ချုပ်ကိုင်နေတဲ့ အချိန်ပေါ့။ အဲ့အချိန်မှာပဲ Red Hood လို့အမည်ရတဲ့ အနီရောင် မျက်နှာဖုံးစွပ် ဗီလိန်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။သူကတော့ Black Mask တို့လို မူးယစ်ဆေး အရောင်း အ၀ယ်လုပ်ဖို့ဆိုးသွမ်း ...
movie
Batman: Under the Red Hood (2010)
2010
5.2
Sam (2015)
အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒါနဲ့စကားမစပ်ယူတို့ယောကျာ်းတွေထဲက ယောကျာ်းဘဝကနေမိန်းမဘဝပြောင်းချင်တဲ့သူဘယ်နှယောက်ရှိလဲလို့မေးလဲမေးချင်တယ်မေးလဲမေးပလိုက်ပြီ...ဒီဇာတ်ကားလေးထဲမှာ ဆမ်က မိန်းမလိုက်စားသူလူရှုပ်လူပွေတစ်ယောက်ပါ တစ်နေ့သူ့ရဲ့အချစ်ဆုံးဘော်ဒါကြီးဒေါ့ ရဲ့စေ့စပ်ထားတဲ့စေ့စပ်ပွဲကပြန် မူးမူးရူးရူးနဲ့ဆိုင်တစ်ဆိုင်ထဲဝင်သွားခဲ့ပါတယ် စျေးဆိုင်ရှင်ကြီးနဲ့ဘာညာသာဒကာလျှောက်ပြောရင်းမိန်းမတွေရဲ့မကောင်းကြောင်းဘယ်လိုဘယ်သင်းရင်ဖွင့်ပါတော့တယ် စျေးဆိုင်ရှင်ကြီးကလည်းသူ့ကိုဖြေသိမ့်ရင်း ထူးဆန်းတဲ့အရာတစ်ခုသောက်ခိုင်းခဲ့ပါတယ် နောက်တစ်နေ့မနက်အိပ်ယာထတဲ့အချိန်မှာတော့ဒေါ့ဟာအရမ်းကိုချောမောလှပတဲ့မိန်းမချောလေးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ် ကြံရာမရတဲ့အဆုံးမှာတော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်ပြီးမိန်းမတစ်ယောက်အဖြစ်ဟန်ဆောင်နေသွားရပုံကိုဟာသဆန်ဆန်လေးကြည့်ရှုရမှာဖြစ်ပါတယ် ယူတို့လည်းသိပ်ပြီးအားကျရင်ဇာတ်ကားလေးကြည့်ပြီးနည်းနာယူကြပါလို့.... အရေအကြီးဆုံးတစ်ချက်ကတော့မိန်းမချောလေးကိုငမ်းမှာဆိုလည်းတကယ်တော့သူဟာဆမ်ဆိုတဲ့ယောကျာ်းအစစ်ကြီးပါဆိုတဲ့အသိတရားလေးဝင်ကြပါဦးလို့့ :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie
Sam (2015)
2015
6.0
Starry Eyes (2014)
2014 ခုနှစ်က ထွက်ရှိထားတဲ့ သဲထိပ်ရင်ဖို စိတ်ကူးယဉ် ကားလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် အခုလို အေးတဲ့ဆောင်း တွင်း ညမှာ စောင်လေးခြုံ ပြီးကြည့်လိုက်ရရင် တော့ တကယ့်အနှစ်ပါပဲ ဗျဇာတ်လမ်း အကျဉ်းလေးကတော့ ရုပ်ရှင်သရုပ်ဆောင် တက်သစ်စ မင်းသမီး တစ်ယောက် အောင်မြင် မှူ ကို လိုခြင် လာတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ နတ်ဆိုး နဲ့ အလောင်း အစား အပေးအယူ ကို လုပ်လိုက် မိပြီး အဲ့ဒီ အပေးအယူ လုပ်ထားတဲ့ နတ်ဆိုး က အချိန်တန်တော့ သူ့ရဲ့ ရစရာ ရှိတာကို ပြန်ယူဖို့ကြိုးစားတဲ့ အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဘယ်လို စိတ်လှူပ်ရှားစရာတွေ နဲ့ တွေ့ကြုံ ရမလဲဆိုတာတွေကိုတော့ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာQty - 720p BlurayDuration - 1hr 40minGern - Horror / ThrillEncoder - ...
movie
Starry Eyes (2014)
2014
4.8
Hangman (2017)
2017 ခုနှစ်ထွက် သဲထိပ်ရင်ဖို အက်ရှင်ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Saw လိုဂိမ်း ကစားပွဲလေးတွေနဲ့ လူသတ်တဲ့ သဘောနဲ့ဆင် ပါတယ် အဲ့တာကြောင့် လူသတ် အက်ရှင်သဲထိပ်ရင်ဖို ပရိတ်သတ်ကြီး အနေနဲ့ ကတော့ အကြိုက်တွေ့မှာ သေချာပါတယ်ဒီဇာတ်လမ်းလေးမှာတော့ လူသတ်မှုစုံထောက်တစ်ယောက်ဟာ ရာဇဝတ်မှုကောက်ချက်ချတဲ့သူတစ်ယောက်နဲ့ပူးပေါင်းခဲ့ပါတယ် သူတို့ဟာ ကွင်းဆက်လူသတ်မှုတစ်ခုကို အတူတူဖော်ထုတ်ဖို့ပါ အဲလူသတ်သမားကတော့ ကလေးတွေကစားတဲ့ Hangman ဆိုတဲ့ဂိမ်းကနေ ပြစ်မှုတွေကို ကျူးလွန်တာပါ မှုခင်းစုံထောက်ဇာတ်ကားဆိုတဲ့အတိုင်း သည်းထိတ်ရင်ဖို ပြကွက်တွေ မြှုပ်ကွက်တွေနဲ့ တကယ်ကို ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးပါ ကြည့်ရှုအားပေးကြပါဦးQty - 720p Web DlDuration - 1hr 22minGern - Action/ ThrillTranslator - Zuel Khant ThwinEncoder - Kyaw Ye Aung
movie
Hangman (2017)
2017
8.1
Newton (2017)
IMDb 8.1 ရထား တဲ့ Bollywood ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်အေးကား ဆိုပေမယ့် India နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ ရတက် မအေးရပုံကို ရိုက်ကူးပြသသွားတဲ့ ဇာတ်ကားပါ။ Award 2 ခု ရရှိထားပြီး 2018 အတွက် Oscar စကာတင် ဇာတ်ကားဖြစ်ခဲ့ရတဲ့ Bollywood ကားပါ။ပထမဦးစွာ ပြောချင်တာက ဒီကားက ကျွန်တော်တို့ကြိုက်တဲ့ ပုံစံ မရှိပါဘူး ။ နိုင်ငံရေး နဲ့ နှီးနွယ်တာမို့ ကျွန်တော်တို့ မျှော်လင့်ရတဲ့ ဇာတ်သိမ်းနဲ့ Type မျိုး လုံးဝမရှိပါဘူး။ ဒီကားရဲ့ အဓိက က နိုင်ငံသားကောင်း ပီသခြင်း / ၀န်ထမ်းကောင်း ပီသခြင်းနဲ့ ဒီမိုကရေစီ ကို လှစ်ဟ ပြသရုံသာ ဖြစ်ပါတယ်။ အတွေးသက်သက်နဲ့ တွေးပြီးမှ သဘာဝကျ တဲ့ ဇာတ်ကား ကောင်း ...
movie
Newton (2017)
2017
3.8
Mr. X (2015)
Action ကားလန်းလန်းလေးတွေကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် အက်ရှင်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်။ Mr X (2015) ဆိုတဲ့ ကုလားကားလေးပါ။ဒီကားလေးရဲ့ အကျဉ်းချုပ်ကတော့ ကိုယ်ပျောက်စွမ်းအင်ကို အမှတ်မထင်ပိုင်ဆိုင်သွားတဲ့လူတစ်ယောက်။သူဟာ သူ့အပေါ်မှာ မတရားစော်ကားခဲ့သူတွေ၊ရဲတွေအရေးမယူနိုင်ခဲ့တဲ့၊ အရေးမယူခဲ့တဲ့ ရာဇဝတ်သားတွေကိုလိုက်လံအပြစ်ပေးတဲ့ တရားမျှတတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။အချစ်နဲ့လက်စားချေမှုရောပြွမ်းနေတဲ့ ဒီကားလေးက ကြာမြင့်ချိန်၁၃၃မိနစ်အတွင်းတော်တော်လေးကြည့်ကောင်းတဲ့ ကားလေးလို့ပဲဆိုရမှာပါ။ကုလားကားပရိသတ်တွေကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ Qty - 720p Bluray Duration - 2hr 13min Gern - Action Review - Aye Mon Kyaw Encoder - Kyaw Ye Aung
movie
Mr. X (2015)
2015
5.4
Singularity
ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်.... ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်... ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက် အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်... တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်... ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်.... ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို အစားထိုးခဲ့ပါတယ်... သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်... ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်... နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး... လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်.... ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့ အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်.... File Size : (794MB) and (275 MB) Quality : 720p Web DL Running Time : 1hr 32min Format : Mp4 Genre :Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p Web DL Translated by Thet Htar Phyu Encoded by ...
movie
Singularity
2017
Girl Love 1 & 2 (2017)
2016 ခုနှစ် Novemberလမှာ ထွက်ခဲ့တဲ့ လူငယ်ဖန်စီ အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒါပေမယ့် သမာရိုးကျ သာမန် B & G အချစ်ဇာတ်လမ်းမျိူးး မဟုတ်ဘဲ မီးလော့ ဆိုတဲ့Tomboy ချောချောလေးနဲ့ ရှောင်လုံဆိုတဲ့ ကောင်မလေးကြားက G & G အချစ်ဇာတ်လမ်းလေးပါ အရမ်းကို Romantic ဖြစ်တဲ့ 18+ခန်းတေနဲ့ အရမ်းကို စိတ်ကူးယဉ်လို့ကောင်းတဲ့ဇာတ်ကားလေးပါ။ part 1 part 2 နှစ်ပိုင်းရှိပီး ဒာကတော့ part 1ပါ ဇာတ်လမ်းအကျဉ်းကတော့ Tomboy တယောက်နဲ့အဆောင်တခန်းထဲတူတူနေ တဲ့ရှောင်လုံဆိုတဲ့ကောင်မလေးက အစ စ်ကောင်ကိုမကြိုက်ဘဲTomboyလေးကိုချစ်မိသွားတဲ့ကားလေးပေါ့ Tomboyဆိုတော့သိတဲ့အတိုင်းဘဲ အစစ်ကောင်တေထပ် အများကြီးချောတာကိုး မင်းသမီးကိုကြိုက်တဲ့အစစ်ကောင်နဲ့ အစစ်ကောင်ကိုကြိုက်နေတဲ့ အစစ်မ Tomboyလေးနဲ့ မင်းသမီးကြားက ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ သမာရိုးကျမဟုတ်တဲ့ အချစ်ဇာတ်လမ်းတခုက ဇာတ်သိမ်းလှပါ့မလား ဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ ဒေါင်းလော့လင့်ကိုတော့ အပေါ်က အပိုင်းတစ် အောက်က အပိုင်း ၂ ဆိုပြီး ထည့်သွင်းပေးထားပါတယ်နော်Qty - 710p Web DlDuration - 1 Hr for Each PartSubtitle ...
movie
Girl Love 1 & 2 (2017)
2017
7.4
The Return of the Condor Heroes (2006)
သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲ=======================သိုင်းဇာတ်လမ်းတွဲတွေကို တီဗွီအစီအစဉ်တစ်ခုအနေနဲ့ မပြသခင်အချိန် သိုင်းဇာတ်လမ်းတွဲများကို ဘာသာပြန် စာရေးဆရာကြီးများ စတင်ဘာသာပြန် ထုပ်ဝေခဲ့တဲ့ အချိန်ကစလို့ယနေ့ ကွန်ပျူတာ အင်တာနက်ခေတ်တိုင်အောင် သိုင်းဝတ္တူကို ချစ်မြတ်နိုးသူ သိုင်းဇာတ်လမ်းတွဲများအား နှစ်သက်သူ သိုင်းလောကသားတွေကြားမှာ နာမည်တစ်လုံးနဲ့ ယနေ့တိုင်ရပ်တည်ခဲ့တဲ့ ဇာတ်လမ်းတွဲကြီးတစ်ခုရှိခဲ့ပါတယ်။ဇာတ်လမ်းတွဲကြီးလို့ ပြောရခြင်းကတော့ သူ့မှာ ခေတ်သုံးခေတ် အပိုင်းသုံးပိုင်းပါဝင်ပြီး အချို့ fan theory များအရ ခေတ်လေးခေတ် အတွဲလေးတွဲတောင် ဖြစ်နိုင်ပါသေးသတဲ့ဗျာ fan theory အချို့ကိုပြောရရင် ပထမဆုံးဇာတ်လမ်းက လွမ်းငွေ့ဝေဖြာသိုင်းကမ္ဘာ (တိမ်လွှာနဂါး သူရဲကောင်းများလို့လည်း သိကြမှာပါ)…သူ့ရဲ့ ဇာတ်လမ်းအခင်းအကျင်းအရ သူတောင်းစားဂိုဏ်းချုပ်ချောင်ဖုန်းသုံးခဲ့တဲ့ နဂါးနိုင်လက်ဝါးသိုင်းကို နောက်ဆုံးသူချောက်နက်ထဲခုန်ချသွားပြီးနောက် တစ်နည်းတစ်ဖုံ မသေပဲ ဟုန်ချစ်ကုန်းကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ပါသတဲ့ နောက်တစ်ချက်က တလိ့ပြည်မှ အရိပ်မဲ့ဓါးပညာများ လက်ညိုးဓါးပညာများဟာလည်း နောက်ပိုင်းဇာတ်လမ်းတွဲများမှာ ပြန်လည်ပါဝင်လာခဲ့ပါသေးတယ်။ဒုတိယ ဇာတ်လမ်းတွဲ အနေနဲ့( အခိုင်အမာပြောနိုင်တာကတော့ ဒီဇာတ်လမ်းက ကနဦး ပေါ့ဗျာ)သိန်းငှက်သူရဲကောင်း(၁)ကော်ကျင့်နဲ့ ဟွမ်းယုံ တို့ခေတ်ကို ရောက်ရှိလာပါပြီ တရုပ်ပြည်မကြီးကို ကျင်းလူမျိုးတွေက ဝင်ရောက်ကျူးကျော်နေချိန်မှာ မြေပြန်သိုင်းလောကသားများမှ ကျင်းလူမျိုးများကို မွန်ဂိုတို့နဲ့ ပူးပေါင်းလို့ တစ်တပ်တစ်အား တိုက်ထုပ်နေတဲ့အချိန်ကို အချစ် အလွမ်း သူရဲကောင်းတို့နှလုံးသား အာဏာ ရမက် စတာတွေနဲ့ တန်ဆာဆင်လို့ စာဖတ်ရတဲ့သူရော ရုပ်ရှင်ကြည့်ရတဲ့သူပါ တလှပ်လှပ်ဖြစ်စေမယ့် ...
movie
2006
7.4
Sad Movie (2005)
Sad Movie ဆိုတဲ့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကိုရီးယားအချစ်ဟာသကားလေးတစ်ကားပါဒီကားလေးထဲမှာဆိုရင်တော့ဖြင့် Relationship တွေကြားမှာရှိနေတဲ့အဆိုးအကောင်းအကျိုးအကြောင်းဆိုင်ရာပြသနာတွေဖြေရှင်းကြပုံလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒါကြောင့် RS ရှိတဲ့သူတွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ကားလေးဖြစ်ပြီး RS တွေကြားမှာဖြစ်တတ်တဲ့ ပြသနာလေးတွေကိုဖြေရှင်းသွားပုံတွေကို သင်ခန်းစာယူကြည့်သင့်တဲ့ကားလေးတစ်ကားပါဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်ဖြင့်မထင်မှတ်တဲ့တစ်နေ့ပြင်းထန်တဲ့မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာLee Jin wooဆိုတဲ့မီးသတ်သမားလေးတစ်ယောက်ကSu eunဆိုတဲ့မိန်းကလေးကိုမီးထဲကနေကယ်တင်ပေးခဲ့ပါတယ် ဖြစ်ချင်တော့ ဆူအန်ရဲ့အမဖြစ်သူSoo jeong lim ကသူ့ဘဝကိုရဲရဲဝံ့ဝံ့နဲ့ကာကွယ်ပေးနိုင်မယ် လို့ယုံကြည်ရတဲ့သူ့ညီမကိုကယ်တင်ပေးခဲ့သူမီးသတ်သမားလေးကိုချစ်မိသွားပါတော့တယ်Su-eun အကြောင်းကိုပြောရမယ်ဆိုရင်တော့ သူက အပန်းဖြေပန်းခြံမှာအလုပ်လုပ်တဲ့ဆွံ့အနားမကြားသူလေးတစ်ယောက်ပါ သူကလည်း ပန်းခြံမှာဆေးသုတ်အလှဆင်တဲ့လူချောလေးတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ် ကောင်လေးကလည်းပဲSu eun ရဲ့အသံကိုမကြားဖူး/ မမြင်ဖူးပဲနဲ့တောင် စွဲလမ်းသွားမိပါတော့တယ်နောက်တစ်တွဲအကြောင်းပြောရမယ်ဆိုရင်တော့ Choi suk -hyun ကအလုပ်မရှိအကိုင်မရှိဖြစ်နေတဲ့သူ့အချစ်တော် Jung ha-seok ကိုဆင်းရဲဒဏ်မခံနိုင်တဲ့ပုထုစဉ်လူသားပီပီ Relationship ကိုစိတ်ပျက်နေတဲ့သူတစ်ယောက်ပါကဲပရိတ်သတ်ကြီးကတော့အတွဲတွေ ဘာတွေဆက်မယ်ဆိုတာကိုတော့ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ် Qty - DVD RipDuration - 1hr 44minGern - Drama/ Comedy / RomanceSubtitle - Myanmar HardsubTranslator - Mie MieReview - ...
movie
Sad Movie (2005)
2005
5.2
School Tales (2017)
2017 ခုနှစ်ထွက် ထိုင်းသရဲကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးကတော့ Make Me Shudder တို့လို ကျောင်းသားသရဲကားလေးပါIMDb မှာတော့ 5.1 ရထားပါတယ် စာဖိုင်မထွက်တဲ့ကားလေးကို ကိုယ်တိုင်ဖန်တီးတင်ဆက်ပေးလိုက်ပါတယ်ညကြည့်ကားလေးလာပါပြီ ဒီကားလေးကြည့်ပြီးရင် ကျောင်းကစာကြည့်တိုက်တို့practical ခန်းတို့ ဂီတခန်းတို့ရောက်ရင် စိတ်မသန့်ဖြစ်ပြီးကျီးကန်းတောင်းမှောက်လျှောက်မကြည့်ကြပါနဲ့ဗျာတော်ကြာပြေးပြေးမြင်မိနေမှာစိုးလို့ပါငိငိ ဖြစ်ပုံကအထက်တန်းကျောင်းတစ်ခုမှာ အဆောက်အဦးအမှတ်၃ က သရဲခြောက်လို့နာမည်ကြီးပေါ့ဗျာတစ်နေ့ကျ သူငယ်ချင်းတစ်စု စာစကားမြောက်လို့ ဆိုပြီးဆရာကအပြစ်ပေးတဲ့အနေနဲ့ ဂီတခန်းကတူရိယာတွေကိုသန့်ရှင်းဖို့အပြစ်ပေးလိုက်ပါတယ် သိတဲ့အတိုင်းပဲလူစုံတော့လည်းရောက်တတ်ရာရာပေါက်ပန်းသေးကနေပြောစရာမရှိရှာကြံပြီးသရဲအကြောင်းရောက်သွားတာပေါ့ဗျာသရဲ fan တွေထင်ပါ့ အဲ့လိုနဲ့သူသိတာကိုယ်နားထောင် ကိုယ်သိတာသူ့ကိုဖလှယ်ကြနဲ့အလုပ်တွေဖြစ်ပြီးဂီတခန်းကသရဲအစစာကြည့်တိုက်သရဲပါမကျန်အကုန်အတင်းပြောခံရတာပေါ့ မလွယ်ဘူးနော်သရဲတောင်အတင်းပြောခံရတယ် ဘယ်လိုဘယ်သင်းဘာညာသာဒကာ ဝေဖန်ုကြတာပေါ့ဗျာ သရဲလည်းလူကနေဖြစ်တာပဲအတင်းပြောတာဘယ်ကြိုက်မလဲဗျာ ပိုဆိုးတာက စူပါသတ္တိခဲအဖွဲ့ကတစ္ဆေဖမ်းထွက်မယ်ဆိုပြီးလူခွဲရှာသတဲ့အဲ့ဒီလိုနဲ့နောက်ဆုံးတစ်ကျောင်းလုံးကသရဲ ၄,၅ ကောင်ထခြောက်စေမယ့်စည်းမျဉ်းတွေအတိုင်းလုပ်တော့တာပေါ့volume လေးတော့လျော့ကြည့်ကြပါဗျာ သရဲကားဆိုပေမယ့်လည်း သရဲတောင်ပြန်ပြီးသနားသွားမိပါတယ်သူ့ခမျာကောင်းကောင်းမသေရလို့သရဲဘဝရောက်နေတာတောင် မလေးမစားလိုက်ဖမ်းခံရသေးနောက်ပိုင်းရောက်လေလေပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ် သရဲကားဆိုပေမယ့်လည်းဇာတ်အသွားအလာလေးက ဝမ်းနည်းစရာ /စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါအတော်ကြောက်မိတဲ့အဲလေ အတော်ကြိုက်မိတဲ့သရဲကားလေးတစ်ကားပါပဲဗျာငိငိ Qty - DVD RipDuration - 1hr 35minSubtitle -Myanmar HardsubGern - Horror/ ThrillTranslator - Pyae Xein ...
movie
School Tales (2017)
2017
6.7
Thelma (2011)
2011 ခုနှစ်ထွက် ဖိလစ်ပိုင် ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ထုံးစံ အတိုင်းစာဖိုင်မထွက်ပါဘူး အဲ့တာကို စာဖိုင်ဖန်တီးပြီး ပြန်ရေး ထားတာကြောင့်လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွတ်ပေး ကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ် ဒီဇာတ်ကားလေက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်မှာ ရုံတင်အောင်မြင်ခဲ့ပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကတော့ Thelma (သဲမာ) ပါ နာမည်အတိုင်း အသဲမာတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းလေးကို ရိုက်ကူးပြထားတာဖြစ်ပြီး ဖြစ်ရပ်မှန် ကိုရိုက်ကူးပြထားတာပါ လူ့ဘ၀မှာ အိမ်မက်ဆိုတာ တခုထဲ ရှိသလို အခွင့်အရေးကလဲ တခါပဲလာတာပါ အဲ့တာကို အမိအရဖမ်းဆုတ်ထား နိုင်ဖို့ကလဲ တစ်ခါပဲ လောက ကြီးကိုလူတစ်ယောက်ကိုမျက်နှာသာပေးပါတယ် တစ်သက်မှာတစ်ခါပဲ ရတဲ့ အခွင့်အရေးကို သဲမာဆိုတဲ့မိန်းမချောလေးက ဘယ်လို ဆုတ်ကိုင် အသုံးချ သွားတယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးက သင်ခန်းစာယူကြည့်ကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ သဲမာဆိုတဲ့ကောင်မလေး သူ့ဝါသနာက အပြေး သူ့အမေကလဲ အပြေးချန်ပီယံဟောင်းတစ်ယောက် ယောကျာ်းရကံမကောင်းတော့ ကြက်သမားနဲ့ ညားပြီး သဲမာတို့ ညီအစ်မ ၂ယောက်ကို ကိုယ်ဝန် ရခဲ့တယ် ဒီလိုနဲ့ ကံအကြောင်းမလှတဲ့ သဲမာတို့ ဘ၀ထဲကို မုန်တိုင်းတစ်ခုက ၀င်ရောက်လာခဲ့တယ် အဲ့တာကတော့ သဲမာ ညီမလေးကို ကားတိုက်သွားတာပါပဲ ...
movie
Thelma (2011)
2011
7.5
Way Back Home (2011)
ဒီတစ်ခါ အိုင် ယူတို့ကို ယူတို့တခါမှ မကြည့်ဖူးသေးတဲ့ ၂၀၁၁ ကကားလေးနဲ့ မိတ်ဆက်ပေးမယ်နော် အိုင်တော့ကြည့်ပြီး ၂ရက်လောက်စိတ်ထဲမကောင်းဘူး သိလား အိုင်မိတ်ဆက်ပေးမယ့်ကားလေးက IMDb 7.5 ရထားပြီး မျက်ရည် ဖရဲသီးလောက် ကျစေမယ့် ဖိလစ်ပိုင် Drama ကားလေးနော်ဒီဖိလစ်ပိုင်ကားလေးကတော့ အတော်ညွှန်းချင်တဲ့ကားလေးပါသိပ်ပြီးမာကျောလှပါတယ်ဆိုတဲ့ယူတို့ရဲ့နှလုံးသားတွေတောင်ဒီဇာတ်ကားလေးကြည့်ပြီးရင် ပါးပြင်စိုမှငိုနေမှန်းသိကြမယ်လို့မျှော်လင့်မိပါတယ်နာမည်ကြီး ဖိလစ်ပိုင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Mara & Clara Serie ထဲကမင်းသမီးနှစ်လက် ပါဝင်ထားပြီး ဇာတ်ကြောင်းလေးကလည်းထိုကားနည်းတူ ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်ဇာတ်လမ်အကျဉ်းလေးကဆိုရင်ဖြင့်......... သာယာချမ်းမြေ့စရာကောင်းလှတဲ့မိသားစုဘဝလေးကိုဂြိုလ်ဆိုးဝင်တယ်ပြောရမှာပဲ ဖေဖေရယ် မေမေရယ် သားလေးတစ်ယောက်ရယ် သမီးလေးနှစ်ယောက်ရယ် ရှိတဲ့အထဲက အငယ်ဆုံးသမီးလေးဖြစ်တဲ့ဂျိုအန်နာက သူ့ရဲ့အရွယ်မတိမ်မယိမ်းဖြစ်တဲ့အစ်မဖြစ်သူဂျက်စီကာနဲ့ ကမ်းခြေမှာကစားရင်းပျောက်သွားခဲ့ပါတယ် မိဘအရင်းတွေကတော့ ရင်ထုမနာခံစားခဲ့ရပြီးကလေးမလေးကတော့တံငါရွာလေးတစ်ရွာရဲ့မိသားစုတစ်စုမှာမွေးစားခံခဲ့ရပါတယ်၁၂ နှစ် ကြာတဲ့အခါမှာကြမ္မာရဟတ်တစ်ပတ်လည်လာပြန်တော့ ဂျိုအန်နာလေးကမနီလာမြို့မှာကျင်းပတဲ့ရေကူးပြိုင်ပွဲမှာသွားပြိုင်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ စိတ်လှုပ်ရှားနေတာကြောင့်မိခင်ငယ်ငယ်ကသင်ပေးဖူးတဲ့သီချင်းလေးဆိုရင်းမိမိကိုယ်ကိုယ်အားပေးခဲ့ပါတယ် ဒီသီချင်လေးဆိုနေသံကိုမိခင်ဖြစ်သူကြားတဲ့အခါမှာအားရဝမ်းသာနဲ့သူ့သမီးလေးပါဆိုပြီးအရူးတစ်ယောက်ပမာလိုက်ဆွဲပါတော့တယ်ဒါပေမယ့်လည်းသမီးဖြစ်သူကတော့မမှတ်မိခဲ့ပါဘူး ဒီလိုနဲ့သမီးစိတ်နဲ့အရူးတစ်ပိုင်းဖြစ်နေတဲ့မိခင်က သူ့သမီးလေးကိုမွေးစားထားတဲ့ရွာအထိလိုက်သွားခဲ့ပါတယ် တစ်နည်းအားဖြင့်တော့ပြန်တောင်းတော့တာပေါ့ ဒါပေမယ့်တစ်ဖက်ကလည်းမွေးမိခင် တစ်ဖက်ကလည်းကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့မိခင်ကြားမှာ ဂျိုအန်နာလေး နေရခက်ပြီပေါ့ ဒါပေမယ့်လည်းတက္ကသိုလ်တက်ရတော့မယ့်အရွယ်ဖြစ်တာကြောင့်မိဘအရင်းတွေနဲ့မြို့ကိုခဏပြန်လိုက်သွားခဲ့ပါတယ် ဒီအချိန်မှာမိဘတွေစိတ်ချမ်းသာခဲ့ရပေမယ့်ဗီလိန်ဖြစ်သွားရတဲ့သူကသူ့အစ်မ ဂျက်စီကာပါ မိဘတွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလုယုခံလိုက်ရပြီဆိုတဲ့သူ့ရဲ့အတွေးအပြင်မိန်းကလေးတွေရဲ့ထုံးစံအတိုင်းမုန့်ကိုသာဝေစားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုတဲ့အထင်မှားမှုကြောင့်ပါသူ့သရုပ်ကိုပိုပြီးကြမ်းတမ်းစေခဲ့ပါတယ် နောက်ပိုင်းကော ညီအစ်မ ...
movie
Way Back Home (2011)
2011
Fairy Tale Love (2017)
ကံကြမ္မာအလှည့်အပြောင်းကြောင့် ကာတွန်းဆရာတစ်ယောက်ဟာနတ်သမီးလေးတစ်ပါးနဲ့တွေ့ကြုံခဲ့ရတဲ့အခါမှာ.... ဒါဟာ ကောင်းကင်ဘုံမှာ အခြေတည်လာတဲ့ကစားပွဲလေလား... အတိတ်ဘ၀လား ပစ္စုပ္ပန်ဘ၀လား....ကောင်မလေးက သာမာန်မိန်းကလေးတယောက်မဟုတ်ခဲ့သလို... သူဟာလဲ သာမာန်လူတစ်ဦးမဟုတ်တဲ့အခါ.... ကံကြမ္မာက သူတို့နှစ်ဦးကို တွေ့ဆုံစေခဲ့သလို ကံကြမ္မာကပဲ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကို စမ်းသပ်လိုက်ပုံက....ဒီကားလေးက ၂၀၁၇ ထွက် (Chinese Comedy) ကားလေးပါ။ သူ့အကြောင်း သူ့နေစဉ်ဘ၀ကို ကာတွန်းရေးလေ့ရှိတဲ့ အောင်မြင်မှူမရသေးတဲ့ FA လူငယ်ကာတွန်းဆရာလေးတစ်ယောက် ဟာ အမှတ်မထင် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူရောက်လာချိန်ကစလို့ ကာတွန်းဆရာလေးဘ၀ ပြောင်းလဲသွားခဲ့ရပါတယ် ပျော်ရွှင်စရာတွေ ကြည်နှူးစရာတွေနဲ့ပေါ့။ ဒီပျော်ရွှင်မှူနဲ့အတူ နောက်ကနေ ကံဆိုးမှူတွေပါ တွဲလာတဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကို ကံကြမ္မာကစမ်းသပ်ခဲ့ပါတယ်။သူကောက်ရခဲ့တဲ့ကောင်မလေးဟာ သာမာန်မိန်းကလေး တစ်ယောက်မဟုတ်ခဲ့သလို သူဟာလဲ သာမာန်လူသားတစ်ဦးထက်ပိုတာကိုသိလိုက်ရပါတယ်။(ဇတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး ဖန်စီ ဟာသ အချစ်ဇတ်ကားလေးပါပဲ ဒီဇတ်ကား အတွက်တော့ ရီစရာလေးတွေနဲ့ ကြည်နှူးစရာတွေနဲ့မို့ အပြင်းပြေကြည့်ဖို့ ကားလေးတစ်ကားအနေနဲ့ ပြောပါရစေ။ တရုတ်ကားထုံးစံအတိုင်း သိုင်းတေလဲချသေးသကိုး)Qty - 720p Web ...
movie
Fairy Tale Love (2017)
The Princess is a Cat (2017)
2017 ခုနှစ်ထွက် Time Travel ကားတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားက စာတန်းထိုးဖိုင် မထွက်သလို IMDb မှာလဲ rating မတက်ပါဘူး အာ့ကြောင့်ကိုယ်တိုင် စာတန်းထိုးဖန်တီး တင်ဆက်ပေးလိုက်ပါတယ် မိမိ ကိုယ်ကို လုပ်ယူထားတာကြောင့် လိုအပ်ချက်အနည်းငယ် ရှိခဲ့ရင်လည်း တောင်းပန်အပ်ပါတယ်ဗျဆောင်ကြမြိုင်က အပျော်မယ်မလေး ရှောင်ကျိ ဘယ်သူနဲ့မှ မအိပ်ဖူးသေးတဲ့သူမ တစ်နေ့မှ လေလံတင်ခံ ရတဲ့ အခါမှာ မဖြစ်နိုင်တဲ့ဈေးနဲ့ လေလံဆွဲ ခံလိုက်ရသူ သူ့ကိုဘယ်သူက လေလံဆွဲ သွားတာလဲ ?ခွန်လင် ရဲ့ ထူးဆန်တဲ့နယ်မြေကို ခေတ်သစ်ကနေခေတ်ဟောင်းကိုရောက်ရှိလာသူကတော့ ကြောင်လေးနဲ့တူတယ်ဆိုတဲ့မိရှောင်ချီဘဲဖြစ်ပါတယ် ရှောင်ချီကခေတ်သစ်ထဲမှာဆရာတစ်ယောက်မှားတင်မိပီး ဆရာ့ကောင်းမှုနဲ့အတူ ခွန်လင် နယ်မြေကိုအံ့သြဖွယ်အနေနဲ့ရောက်ရှိသွားပီး သူကိုယ်တိုင်မသိတဲ့ဘဝကနေဦးရီတော်တစ်ယောက်ကိုသံယောဇဉ်တွယ်တာပီးတဲ့နောက် ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ရှုပီးအားပေးကြည့်ပါအုံးQty - 720p HDTVDuration - 1hr 34minGern - Drama/ ComedySubtitle - Myanmar HardsubTranslator - Bai MailingEncoder - Kyaw Ye Aung
movie
The Princess is a Cat (2017)
5.8
The Kick (2011)
One Bak နဲ့ Protector ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီးရဲ့ စွန်းကြမ်းတဲ့ Imdb5.8ရရှိထားတဲ့The Kickဆိုတဲ့ကိုရီးယားအက်ရှင်ကားဟာထိုင်းနိုင်ငံမှာအခြေချနေထိုင်နေတဲ့ကီုရီးယားတိုက်ကွမ်ဒိုမိသားစုကိုအခြေခံထားတာဖြစ်ပါတယ်ထိုင်းလူမျိုးဘုရင်တို့၏ဓားကိုလူဆိုးအဖွဲ့မှလုယူသွားခဲ့တဲ့အခါလူဆိုးများလက်ထဲမှာဓားကိုတိုက်ကွမ်ဒိုမိသားစုကပြန်လည်ရယူဖို့ကြိုးစားခဲ့ရာမှာတော့.......ဒီကားရဲ့အထူးခြားဆုံးကတော့The Kickဆိုတဲ့နာမည်နဲ့လိုက်ဖက်အောင်အက်ရှင်အခန်းတွေကိုခြေထောက်နဲ့ကန်ချက်တွေကိုပဲအသုံးပြုထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့အဆင်ပြေမယ့်ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ် ကဲ အက်ရှင်ကြိုက် ပရိတ်သတ်ကြီးအနေနဲ့တော့ One Bak နဲ့ Protector ကိုကြည့်ဖူးတယ်ဆိုရင် ကောင်းမကောင်းကိုတော့ စဉ်းစားမနေပါနဲ့တော့ ဗျာQty - 720p BlurayDuration - 1hr 45minGern - ActionSubtitle - Myanmar HardsubTraslator - Min Pyae SoneEncoder - Kyaw Ye Aung
movie
The Kick (2011)
2011
7.4
Soul Mate (2016)
2016 မှာထွက်ရှိခဲ့တဲ့ Chinese Drama ကောင်းတစ်ခုဖြစ်တဲ့ Soul Mates ဆိုတဲ့ကားလေးကတော့Romance Drama ကြိုက်တဲ့ပရိသတ်တွေအဖို့ကတော့ ကြည့်ရကျိုးနပ်မယ့်ကားလေးပါ။သွေးမတော် သားမစပ်တဲ့သူငယ်ချင်းသံယောဇဉ် အကြောင်းတွေ ချစ်ခြင်းမေတ္တာတွေ အကြောင်းကိုမင်းသမီး၂ယောက်က ဆွဲဆောင်ရှင်းပြသွားသလိုပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Qiyue နဲ့ Ansheng တို့ဟာ ညီမတွေထက်တောင်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။အေးအေးဆေးဆေးနေတတ်တဲ့ Qiyue နဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့Anshengတို့ ကြားထဲကို Jaiming ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတော့တယ်။ဇာတ်လမ်းကတော့ အဲ့ဒီအကြောင်းတွေကို ပြန်တွေးတဲ့ပုံစံနဲ့ စတင်ထားတာပါ။HongKong Film Award ကို ဆွတ်ခူးထားပြီးImdb Rating ကလဲ7.4 တောင်ရရှိထားတာမို့အထွေအထူးမညွန်းတော့ပဲ တခြား အက်ကြောင်းထပ်နေတဲ့ Drama တွေထဲက ဘယ်လိုဖောက်ထွက်သွားသလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားဖို့ပဲ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွန်းကတော့ အေးမွန်ကျော် ဖြစ်ပါတယ်Qty - Web dl 720pDuration -1hr 52minSubtitle - Myanmar HardsubGern - Drama / RomanceTranslator - Bai MailingMovie ...
movie
Soul Mate (2016)
2016
First
20
21
22
23
24
Last
Previous
Next