Channel Myanmar

Uncategorized

Family Blood 4.8
Family Blood Family Blood (2018) ===================NetFlix ရုပ်သံလိုင်းကနေ ပြသထားတဲ့ Family Blood ဆိုတဲ့ Horror ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် Horror ထုံးစံ ကြိုက်နှစ်သက်တဲ့သူနည်းတာကြောင့် Rating ကတော့ မကောင်းပါဘူးဒီကားလေးကတော့ လူ့စိတ်ရဲ့ ဆန်းကြယ်မှုနဲ့ ဆေးစွဲတဲ့သူတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အယ်လီဟာ ဆေးစွဲနေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့မှာသားဆယ်ကျော်သက်သားတစ်ယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ်အယ်လီတစ်ယောက် ဆေးသမားဘဝနဲ့ နောင်တရပြီး ဆေးဖြတ်ဖို့ကြိုးစားပြီးပတ်ဝန်းကျင်အသစ်တစ်ခုမှာ သွားအချေချဖို့ လုပ်ပါတယ်ပတ်ဝန်းကျင်အသစ်မှာ တည်ငြိမ်နေတဲ့ အယ်လီတို့ ဘဝထဲကို ဝင်လာတာကတော့ခရစ္စတိုဖာ ဆိုတဲ့ လူတစ်ယောက်ပါ ခရစ္စတိုဖာက အယ်လီ ကို ဘယ်လိုတွေမြူဆွယ်လိုက်လဲတော့မသိပါဘူး အယ်လီတစ်ယောက် ခရစ္စတိုဖာ နဲ့ ဆုံပြီးတဲ့အခါမှာ တခြားတစ်စိမ်းတစ်ယောက်လိုပြောင်းလဲသွားပြီးသူ့သားနဲ့ သမီး ကိုပါ အန္တရာယ်ပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါအဲ့ထဲမှာ ပြောသွားတဲ့ စကားလေးတစ်ခွန်းကတော့ " မေမေ လူသတ်ခဲ့တာလားတဲ့ "Qty - 720p ...
movie

Family Blood

2018
Pay It Forward(2010) 7.2
Pay It Forward(2010) Pay It Forward(2010)IMDb...7.2ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်....ပထမအချက်က စာရေးဆရာမ ဂျူးရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က  A.I. Artificial Intelligenceဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကိုကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်  Haley Joel Osment ကြောင့်ပါ..... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါသူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့.......ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ....ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ....ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ....ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်...ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်....ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့်မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း မှာမယ်....ခင်ဗျားတို့လည်းကြည့်ပြီးရင် ကျွန်တော့်လို ...
movie

Pay It Forward(2010)

2000
Cats and Peachtopia (2018)
Cats and Peachtopia (2018) Animationချစ်သူ CMပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။Cat and Peachtopia (2018)ကားလေးပါ။ဒီကားလေးကိုကြည့်ပြီးတော့ တရုတ်Animationတွေ တော်တော်အဆင့်မြင့်လာတယ်လို့ကောက်ချက်ချရမယ်ဗျ။ဒီကား Producerတွေက Studioရဲ့ " နိုင်ငံတကာစံချိန်အတိုင်းရိုက်ကူးနိုင်မှု" "ဟောလိဝုဒ်ကိုတောင်မှီနိုင်တယ်"လို့ကောက်ချက်ချကာ ငွေထုတ်ပေးခဲ့တာပါတဲ့။ဒီ" Light Chaser "စတူဒီယိုဟာ Little Door God(2016) Tea Pet (2017)ဆိုတဲ့တရုတ်ယဉ်ကျေးမှုအခြေခံကာတွန်းကားတွေကိုရိုက်ကူးခဲ့ရာမှညနာမည်ကြီးခဲ့တဲ့ စတူဒီယိုပါ။ကဲ အထွေအထူးပြောမနေတော့ပဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြပါ့မယ်။Blanket ဆိုတဲ့ကြောင်လေးတစ်ကောင်မှာ Capeဆိုတဲ့ ကြောင်သားလေးတစ်ကောင်ရှိပါတယ်။ငယ်ရွယ်သူတို့ထုံးစံအတိုင်း အပြင်ထွက်ချင်တယ် တစ်ကဲကဲပေါ့။တစ်နေ့တော့ စူးစမ်းလိုစိတ်လဲများပြီး ရဲရင့်တဲ့ကြောင်ပေါက်လေး Capeဟာ သူ့အဖေပြောပြဖူးတဲ့ မက်မုံနိဗ္ဗာန်ဘုံမှာ သူ့အမေရှိတယ်လို့ယုံကြည်ကာ အိမ်ကနေထွက်ပြေးသွားပြီးအမေကိုလိုက်ရှာပါတော့တယ်။အဖေဖြစ်သူ ဝဝတုတ်တုတ် ကြောင်ကြီး Blanketရယ် အိမ်မှာအတူတူမွေးထားတဲ့ ငှက်လေး အန်တီကြက်တူရွေးတို့ Capeကို စွန့်စားခန်းဖွင့်ကာရှာဖွေကြပုံတွေကို တရုတ်ယဉ်ကျေးမှုနောက်ခံထားကာဇာတ်အိမ်ကျယ်ကျယ်ရိုက်ကူးထားပါတယ်။ပေးချင်တဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ပဲ ညွှန်းပါရစေ။Ratingအနေနဲ့ကလဲ Imdb Rating 7.7 တောင်ရရှိထားတာမို့ Animationချစ်သူတွေအတွက် ကြည့်ရတန်စေမယ့် ကားတစ်ကားဖြစ်မှာပါလို့ပဲပြောလိုက်ပါတယ်။ Qty - 720p Web DLGern - ...
movie


Last Seen in Idaho (2018) N/A
Last Seen in Idaho (2018) အသစ်ထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်က Last seen in Idaho (2018)ပဲဖြစ်ပါတယ်။ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးလို့ပြောရမှာပါ။ဒီကားထဲမှာ ကိုယ်က အော် ဒီလိုကိုး လို့တွေးလိုက်မိတဲ့အချိန် နောက်ထပ်အံ့အားသင့်စရာတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်ဗျ။ဇာတ်လမ်းရဲ ့အကျဉ်းချုပ်လေးကတော့ အက်ဆီးဒန့်တစ်ခုကြောင့် သတိလစ်နေခဲ့တဲ့ အမျိုးသမီး Summer...ရုတ်တရက်သတိရလာချိန်မှာ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမမှတ်မိတော့ပဲ နောင်ဖြစ်လာမယ့်အနာဂါတ်မှာသူ့အသတ်ခံရမယ့်အကြောင်းကို ကြိုမြင်လာရပါတော့တယ်။တစ်ရွေ့ရွေ့ရွေ့လျားနေတဲ့အချိန်ရယ် လူသတ်သမားရယ် သူမရယ် အားပြိုင်မှုတွေကြောင့် တော်တော်လေးကောင်းတဲ့ကားတစ်ကားဖြစ်လာတယ်ပဲ ပြောရမယ်ဗျ။ဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးလို့မရတဲ့ကားမျိုးကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Last seen in Idaho(2018)ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။Qty - 720p Web DLGern - Action / ThrillerDuration - 1hr 55minTranslator - Ye YintReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Last Seen in Idaho (2018)

2016
LEGO DC Super Hero Girls: Brain Drain (2018) 5.5
LEGO DC Super Hero Girls: Brain Drain (2018) ============== ဒီတစ်ခါတော့CMပရိသတ်တွေအတွက် အသစ်စက်စက်Lego ကားတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်။DCfanတွေအတွက်တော့ အကြိုက်တွေ့မယ်လို့လဲထင်ပါတယ်။ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်တော့ ဖြင့် စူပါဟီးရိုးသင်တန်းကျောင်းတစ်ခုမှာ ဗီလိန်ရယ် ဟီးရိုးရယ်မခွဲခြားပဲ အတူတစ်ကွပညာသင်ကြားနေကြတာပါ။BatGirl,supergirl,Wonder woman,Green Lantern စတဲ့ဇာတ်ကောင်တွေက ကျောင်းမှာနာမည်ကြီးရေပန်းစားသူတွေအဖြစ် တွေ့မြင်ရမှာပါ။တစ်နေ့မှာ ဗီလိန်ဖြစ်သူလီနာလူသာက အပြိုင်သင်တန်းကျောင်းတစ်ခုကိုဖွင့်လိုက်ပါတော့တယ်။အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။Animationဆိုပေမယ့်ဇာတ်လမ်းဇာတ်ကွက်နဲ့ခိုင်ခိုင်မာမာလေးတည်ဆောက်ထားတာငတော့ချီးကျူးစရာပါ။Fun factလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ ဒီကားလေးကAnimationချစ်သူ DCဖန်တွေအတွက် ကျေနပ်လောက်စရာကားလေးတစ်ကားဖြစ်မှာပါ။ဇာတ်လမ်းလေးနာမည်ကတော့ Lego DC Superhero Girls : VillianHigh(2018)ပဲဖြစ်ပါတယ်။Qty - DVDripDuration - 1hr 55minGern - AnimationTranslator - Aye Mon KyawReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

LEGO DC Super Hero Girls: Brain Drain (2018)

2017
Foreboding (2018)
Foreboding (2018) ကြည့်လို့ကောင်းမယ့် အလယ်အလတ်တန်စားဂျပန်ကားတစ်ပုဒ်ပါမီယုကီ လို့ခေါ်တဲ့ကောင်မလေးဟာရုတ်တရက်သူ့အဖေကိုမမှတ်မိတော့ပါဘူးအဲ့ဒါကိုသူ့ကောလိပ်သူငယ်ချင်းဖြစ်တဲ့ အဲ့ဆူကို သိတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတယ်ထင်ပြီး အဲ့ဆူကို ရဲ့ယောကျာ်းအလုပ်လုပ်နေတဲ့ဆေးရုံကိုပို့ခဲ့ပါတယ်နောက်မှသိခဲ့ရတာကစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာမဟုတ်ပဲမှတ်ဉာဏ်ကွင်းဆက်ပျောက်ဆုံးနေတာပါတစ်ကမ္ဘာလုံးဖြစ်နေတဲ့ရောဂါဖြစ်ပြီးဆရာဝန်ရဲ့ကောက်ချက်ချတာကတော့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဆိုပေမယ့်ကမ္ဘာကိုကျူးကျော်မယ့်ဂြိုဟ်သားတွေရဲ့ရှေ့ပြေးစုံစမ်းရေးအစီအစဉ်ဖြစ်နေခဲ့ပြီးအဲ့ဆူကိုနဲ့သူမရဲ့ယောကျာ်းဟာအဲ့ပြသနာထဲကိုလုံးဝပါဝင်သွားပြီးရှင်သန်ဖို့အတွက်ဘယ်လိုရုန်းကန်ရမယ်ဆိုတာကို အခုပဲကြည့်လိုက်ပါဦးQty - 720p Web DLGern - Sci FiDuration - 1hr 33minTranslator - Si ThuEncoder - Kyaw Ye Aung
movie

Foreboding (2018)

Downfall (2004) 8.2
Downfall (2004) IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%)Unicodeဟစ်တလာ ကျဆုံးခန်း!!!၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ဘာလင်က Third Reich မြို့တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။" Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra Maria ...
movie

Downfall (2004)

2004
Genesis(2018) 4.9
Genesis(2018) CM ပရိသတ်ကြီးအတွက်ကားအသစ် အလန်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကားနာမည်က Genesis (2018)ပါ။ဇာတ်လမ်းကတော့ စွန့်စားခန်း သဲထိတ်ရင်ဖိုတွေကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးပေါ်မှာ ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်မှုတွေကြောင့်ပါတ်ဝန်းကျင်ညစ်ညမ်းကာ လူသားမျိုးသုန်းလုနီးပါးဖြစ်ခဲ့ရပါတယ်။လေထု မြေထု ရေထုတွေညစ်ညမ်းပြီးမြေပေါ်မှာလူသားတွေနေမရတဲ့အဆုံး မြေအောက်မှာအခန်းတွေဖွဲ့ကာ နေထိုင်ရပါတော့တယ်။ရက်တွေကြာလာတာနဲ့အမျှ စားနပ်ရိက္ခာပြဿနာတွေအတွက်စက်ရုပ်တွေဖန်တီးကာစားနပ်ရိက္ခာအရှာထွက်ခိုင်းပြီးနောက်ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ဒီကားလေးကတော့ Imdb Rating 6.9/10 ရရှိထားပါတယ်။ Qty - 720p Web DLDuration - 1hr 44minGern - Sci-Fi/ActionSubtitle - MyanmarTranslator - Aye Mon KyawEncoder - Kyaw Ye Aung
movie

Genesis(2018)

2018
On Fallen Wings (2017)
On Fallen Wings (2017)  CM ပရိတ်သတ်တွေအတွက် "On Fallen Wings"ဆိုတဲ့ တရုတ်ကားလေးမိတ်ဆက်ပေးချင်ပါတယ်... Mystery movie အမျိုးအစားမို့ လျို့ဝှက်ဆန်းကြယ်ကြိုက်တဲ့ ပရိတ်သတ်တွေအဖို့ အကြိုက်တွေ့စေမှာပါ... အညွှန်း- ရှန်ရှောင်တျဲဆိုတဲ့ အမျိုးသမီးဟာ လိပ်ပြာအကကတဲ့ အကဆရာမတစ်ယောက်ပါ.. သူက ထူးချွန်တဲ့ အကသမားတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့တော့ ရဲမင်ဆိုတဲ့ လူတစ်ယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ရဲမင် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်..ဒီသတင်းထွက်ပြီး ငါးနှစ်အကြာမှာတော့ ရှောင်တျဲကို ကျွမ်ဖောင်ဒေးရှင်းက အကဆရာမအနေနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်... ရှောင်တျဲသင်ပေးရတဲ့ အကသမားတွေက ပိုင်လူ, မန်လီ, ဆုန်းယို, ထရန်ရှောင်းဆိုတဲ့ ကောင်မလေးလေးယောက်ပါ... တိုက်တိုက်ဆိုင်ဆိုင် ဖောင်ဒေးရှင်ပိုင်ရှင်က ရှောင်တျဲရဲ့ လွန်ခဲ့တဲ့ငါးနှစ်က သေဆုံးသွားတဲ့ ချစ်သူရဲမင်နဲ့ ရုပ်ဆင်တာပါ...နောက်ထူးဆန်းတာက ဒီဖောင်ဒေးရှင်း မျိုးဆက် ယောကျာ်းသားတွေဟာ ဘယ်သူမှ အသက် ၄၀ ကျော်အထိအသက်မရှည်ကြပါဘူး... တစ်နေ့တော့ အကသမား ဆုန်းယိုရုတ်တရက်သေဆုံးခဲ့ပါတယ်..နောက်ဆက်တွဲ ထရန်ရှောင်းကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တယ်..ပိုင်လူကလဲ ပျောက်သွားပါတယ်.ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ...
movie

On Fallen Wings (2017)

Welcome the Stranger(2018)
Welcome the Stranger(2018)  Welcome the Stranger (2018) မြန်​မာစာတန်းထိုး ===============================နှစ်ပေါင်းများစွာဝေးကွာနေတဲ့မောင်နှမနှစ်ယောက်တစ်နေ့တော့ ညီမဖြစ်သူက အကိုဖြစ်သူကိုရှာတွေ့ခဲ့ပြီးအိမ်ကိုရောက်လာပါတယ်မောင်နှမနှစ်ယောက်ရဲ့ကွဲကွာမှုကထင်သလိုမရိုးရှင်းပဲအတိတ်ကဖြစ်ရပ်ဆိုးတွေရှိနေပါတယ် အတိတ်ကအရိပ်ဆိုးတွေ​ခြောက်လှန့်မှုတွေရှိနေချိန်မှာအကိုဖြစ်သူရဲ့ထူးဆန်းတဲ့ရည်းစားရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့..... ဘာ​တွေဆက်​ဖြစ်​မလဲဆိုတာကို​တော့၂၀၁၈မှာ အသစ်ချက်ချွတ်ထွက်ထားတဲ့လျို့ဝှက်သည်းဖိုဒရမ်မာကားလေးဖြစ်ပြီးအစပိုင်းမှာ နည်းနည်း ပျင်းဖို့​ကောင်း​ပေမယ့်​​နောက်​ပိုင်းမှာ မတူညီတဲ့ လှည့်​ကွက်​​တွေနဲ့အဆုံးထိ ဆွဲ​ခေါ်သွားမှာပါQty - 720p Web DLDuration - 1hr 55minGern - Drama / ThrillSubtitle - MyanmarTranslator - Hein Min TunEncoder - Kyaw Ye Aung
movie

Welcome the Stranger(2018)

Monsterz (2014) 5.7
Monsterz (2014) 2014 ကထွက်​ရှိထားတဲ့ ဂျပန်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက Drama နဲ့ Sci fi ကား​လေးဖြစ်​ပြီး Death Note ဇာတ်​ကားနဲ့နာမည်​ကြီးလာပြီး မြန်​မာပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်​ဆုယာ က ​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ထားတဲ့ကားဖြစ်​ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်​၀င်​​ငွေစံချိန်​​တွေချိုးထားပါ​သေးတယ်​မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့..... Qty - 720p HDTVDuration - 1hr 45minGern - Drama / Sci - FiSubtitle - MyanmarTranslator - KenEncoder - Kyaw Ye Aung
movie

Monsterz (2014)

2014
Mat Na Mau (2016) N/A
Mat Na Mau (2016)  ၂၀၁၆ ခုနှစ်​ထွက်​ ဇာတ်​ကား​လေး တစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက မ​လေးရှား လား အင်​ဒိုလား လို့ထင်​ခဲ့​ပေမယ့်​ တကယ်​က​တော့ ဗီယက်​နမ်​ကား​လေးပါ သရဲကားထဲမှာ ဗီယက်​နမ်​ကားကို မကြည့်​ဘူးကြဘူးဆိုရင်​​တော့ ဒီကား​လေးကို မြည်းစမ်းကြည့်​လိုက်​ပါ ဇာတ်​ကား​လေးက စုန်းကား​လေးမို့ စုန်းက​ဝေ ကြိုက်​တဲ့ပရိတ်​သတ်​​တွေအ​နေနဲ့ ကြိုက်​နှစ်​သက်​မှာ​သေချာပါတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ ​ပျော်​ပွဲစားထွက်​ကြတဲ့လူငယ်​​လေးတစ်​စု ​တောတွင်းမှာ မလုပ်​သင့်​တာ​တွေလုပ်​မိကြတဲ့အခါမှာ မဖြစ်​သင့်​တာ​တွေဖြစ်​ကုန်​ကြ​ပါ​တော့တယ်​ ကဲ ပိုစတာထဲက ပါတဲ့ သရုပ်​​ဆောင်​​ဒေ အကုန်​​သေမလား ရှင်​မှာလား ဘာ​တွေဆက်​ဖြစ်​ကြမှာလဲ ဆိုတာကို​တော့ ဆက်​လက်​ကြည့်​လိုက်​ကြပါ ​တော့ဗျာ Qty - 720p HDripDuration - 1hr 45minGern - Horror / Comedy / ThrillTranslator - Phyu ThantEncoder - Kyaw Ye Aung 
movie

Mat Na Mau (2016)

2016
Midnighters (2018) 5.3
Midnighters (2018)   2018 ခုနှစ်​ထွက်​ Midnighters ဆိုတဲ့ Horror ကား​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဇာတ်​ကား​လေးက သဲထိပ်​ရင်​ဖို ကြိုက်​တဲ့ပရိတ်​သတ်​​တွေအကြိုက်​​တွေ့မယ့်​ပုံ​လေးပါ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ ညသန်း​ခေါင်​ယံ နှစ်​သစ်​ကူးညမှာယုံကြည်​မှုအားလုံးရဲ့ ဘ၀တစ်​ခုဟာ စတင်​ပါတယ်​ ဂျက်​ဖ်​ နဲ့ လင်​​ဆေးဟာ လင်​မယား ​တွေပါ တစ်​ရက်​မှာ သူတို့ဟာ စမ်းသပ်​မှုတစ်​ခုကို လုပ်​ခဲ့ကြပြီး​တော့ သူတို့မထင်​မှတ်​ထားတဲ့ မှုခင်းတစ်​ခုကို ကျူးလွန်​မိသွားပါတယ်​ ဒီလင်​မယား သူတို့ကျူးလွန်​လိုက်​တဲ့ပြစ်​မှုကို ဘယ်​လိုဖုံးကွယ်​မှာလဲ ပြီး​တော့ ဘယ်​လို​တွေဆက်​ဖြစ်​ကြမှာလဲဆိုတာကို​တော့ ပရိတ်​သတ်​ ကြီးကကြည့်​ကြရမှာပါ ?Qty - 720p Web DLDuration - 1hr 45minGern - Horror/Crime/ThrillTranslator - Myo Thant KyawEncoder - Kyaw Ye Aung
movie

Midnighters (2018)

2017
Scorched Earth (2018) 5.4
Scorched Earth (2018)  အခုမိတ်​ဆက်​​ပေးချင်​တဲ့ဇာတ်​ကားက​တော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက်​ အက်​ရှင်​ကား​လေးပါ ဒီကား​လေးကို​တော့ တခြားအက်​ရှင်​ကား​တွေနဲ့ မတူဘဲ တစ်​မူထူးခြားတဲ့ ဇာတ်​အိမ်​​လေးနဲ့ တည်​​ဆောက်​ထားပါတယ် တိမ်​ပြိုမှုလို့​ခေါ်တဲ့ သဘာဝဒဏ်​​ကြောင့်​ ​ဂေဟစနစ်​တစ်​ခုလုံး ပျက်​စီး​နေချိန်​ပါ အဲအချိန်​မှာ အသက်​ရှင်​ဖို့အတွက်​ လူ​တွေက ​လေနဲ့ ​ရေကို အပူတပြင်းလိုအပ်​​နေကြပါတယ်​ ပတ်​ဝန်းကျင်​​လေထုကလည်း အဆိပ်​သင့်​​နေတဲ့အတွက်​ ရှူလို့မရပါဘူး ​ငွေသတ္ထုနဲ့သန့်​စင်​လိုက်​မှ ရှူလို့ရပါတယ်​ ဒီအခါ ​လေ​ရေ ရှားပါးမှု​ကြောင့်​ ခိုးဆိုးလုယက်​မှု​တွေ များပြားတဲ့ကာလပါ အဲ လို အပြစ်​သား​တွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်​​တွေက ဆု​ကြေး​ကြေငြာပြီး ဖမ်းကြပါတယ်​ ဒီလို​ဆု​ကြေးကို ရဖို့ အပြစ်​သားဖမ်းမုဆိုး​တွေ အလုအယက်​ကြိုးစားကြတဲ့အထဲမှာမှ ​ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်​တဲ့ မုဆိုးတစ်​​ယောက်​ပါ တစ်​​နေ့​တော့ တစ်​နယ်​ထူ​ထောင်​ပြီး မင်းမူ​သောင်းကျန်း​နေတဲ့ လူဆိုးတစ်​​ယောက်​ကိုဖမ်းဖို့ ​ဂေ့ကကြိုးစားပါ​တော့တယ်​ သူဘယ်​လိုကြိုးစားလဲဆိုတဲ့ လှည့်​ကွက်​​လေး​တွေနဲ့ အက်​ရှင်​အလန်းစား ပစ်​ခန်းခတ်​ခန်း​တွေကို​တော့ ပရိသတ်​ကြီး အား​ပေးကြည့်​ရှုကြပါဦးဗျာ​ Quality - ...
movie

Scorched Earth (2018)

2018
MUMON: The Land of Stealth(2018) 9.3
MUMON: The Land of Stealth(2018) ဟိုးရှေးရှေးကအိဂနဲ့အိုဒဆိုတဲ့လူမျိူးစုနှစ်စုရှိကြတယ် အိဂမျိူးနွယ်တွေကတော့ရှိနိုဘီဆိုတဲ့နင်ဂျာမျိူးရိုးနဲ့အိုဒကတော့ဆာမူရိုင်းမျိူးနွယ်တွေပါအိုဒကတော့ပိုပြီးအင် အားကြီးမားပါတယ်အိဂတွေကတော့နင်ဂျာပီပီအသတ် အပုတ်ကျွမ်းကျင်ပြီးစစ်ရေးပရိယာယ်လည်းကြွယ်ဝပါတယ်နင်ဂျာတွေဟာအခကြေးငွေသာရမယ်ဆိုရင်ကိုယ့်အချင်းချင်းတောင်ပြန်သတ်ဖို့ဝန်မလေးတဲ့သူတွေပါ ကြေးစားတွေပေါ့အိဂတွေထဲမှာနာမည်ကြီးနင်ဂျာကတော့ကျွန်တော်တို့ရဲ့ဇတ်ကောင်မုမွန်းပါပဲမုမွန်းရဲ့အဓိပ္ပါယ်ကတော့တံခါးမရှိလို့အနက်ရပါတယ်ဘယ်နေရာမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ရေးခိုက်ရေးလည်းအကျွမ်းကျင်ဆုံးပါပဲနင်ဂျာတွေထဲမှာမုမွန်းကနံပါတ်၁အတော်ဆုံးတိုက်ခိုက်ရေးသမားပါဒါပေမဲ့မုမွန်းမှာအားနည်းချက်တစ်ခုရှိပါတယ်cm ကလူတွေလိုပါပဲမုမွန်းဟာမိန်းမကြောက်ရသူပါမိန်းမခိုင်းတာဆိုအကုန်လုပ်ပါတယ်သူတလွဲလုပ်လာရင်ညစာငတ်ပြီသာမှတ်ပေရော့(ညစာကိုတော့သိကြမှာပါခ်ခ်)တိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မယားကြောက်မုမွန်းကိုတွေ့မြင်ရမှာပါအိုဒတိုင်းပြည်ဘက်မှာတော့ယောက္ခထီးကိုသတ်ပြီးနိုဘုကစုကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အိဂတွေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အိဂခေါင်းဆောင်၁၂ယောက်ရဲ့မကောင်းတဲ့အကြံအစည်ကြောင့်ဆာမူရိုင်းတွေနဲ့နင်ဂျာတွေအကြားစစ်ပွဲဖြစ်ဖို့ဖန်လာတဲ့အခါအခကြေးငွေရမှအလုပ်လုပ်တတ်တဲ့မုမွန်းတစ်ယောက်မိန်းမကိုခေါ်ပြီးခရောတိုမြို့ကိုထွက်ပြေးဖို့ကြံပါတော့တယ်ဒါပေမဲ့လည်းမိန်းမရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့မုမွန်းတစ်ယောက်ဆာမူရိုင်းတွေကိုပြန်တိုက်မှာလားတိုက်ခိုက်ရင်ကောအင်အား၂ဆ၃ဆလောက်ကွာတဲ့ဆာမူရိုင်းတွေကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူမလဲစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်နင်ဂျာတွေဆာမုူရိုင်းတွေ(မယကတွေ)အကုန်ဒီကားမှာမြင်ရမှာပါဟာသအချစ်အက်ရှင်အလွမ်းအဆွေးတွေရောပြွမ်းထားတဲ့ဒီကားကိုကျွန်တော်ကြိုက်နှစ်သက်မိသလိုrating ကလည်းအလန်းကြီးပါဂျပန်သရုပ်ဆောင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်းအားရစရာပါစဉ်းစားမနေပါနဲ့ဒေါင်းလော့ဆွဲကြပါလို့ပဲပြောကြားရင်းအတူတူကြည့်လိုက်ကြရအောင်နော် Qty - 720P BlurayDuration - 1hr 55minGern - Martial / warSubtitle - MyanmarTranslator - Soe htweEncoder - Kyaw Ye Aung 
movie

MUMON: The Land of Stealth(2018)

2017
Borg McEnroe (2017) 7.0
Borg McEnroe (2017)  2017 ခုနှစ်​ကထွက်​ရှိထားတဲ့ ဖြစ်​ရပ်​မှန်​ ဇာတ်​ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက 1980 ကာလကတင်းနစ်​ အားကစား ပြိုင်​ဆိုင်​မှုပြင်းထန်​ခဲ့ စဉ်​တုန်းက နာမည်​​ကျော်​ကစားသမား​တွေဖြစ်​တဲ့ Björn Borg နဲ့ John McEnroe အ​ကြောင်းကို ​သေချာ ရိုက်​ကူးပြထားတာပါဒီကားထဲမှာ အားကစားဆိုတာ ဘာလဲ အားကစားစိတ်​ဓာတ်​အပြည့်​နဲ့ ပြိုင်​ဖက်​ကို ယှဉ်​ပြိုင်​ကစားကြပုံ​တွေသာမကပဲ တကယ့်​ပြိုင်​ပွဲမှာ ကြုံ​တွေ့ရတဲ့ကစားသမား​တွေရဲ့ စိတ်​ဖိစီးမှုဒဏ်​​တွေ နဲ့ နည်းပြနဲ့ ကစားသမားကြားထဲက ပြသနာ​လေး​တွေကို ​ဖော်​ကျူးရိုက်​ကူးပြထားတာဖြစ်​ပါတယ်​ ဇာတ်​လမ်း​လေးက​တော့ Biography ဖြစ်​တာ​ကြောင့်​ အ​ထွေအထူး ညွန်းစရာမရှိပဲနဲ့ သင်​ခန်းစာယူဖွယ်​ရာ အဖြစ်​အပျက်​​တွေကို စိတ်​၀င်​စားဖို့​ကောင်း​အောင်​ရိုက်​ကူးပြထားပဲဖြစ်​ပါတယ်​ Qty - 720p BlurayDuration - 1hr 44minGern - BiographyTranslator - Ko YeEncoder - Kyaw Ye Aung
movie

Borg McEnroe (2017)

2017
anohana: The Flower We Saw That Day – The Movie (2013) 7.4
anohana: The Flower We Saw That Day – The Movie (2013) Qty - Bluray 720pDuration - 1hr 39minGern - DramaTranslator - Myo Myint NaingEncoder - Kyaw Ye Aung  ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘဝကို ကူးနိုင်မှာတဲ့။ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘဝကူးနိုင်အောင် ...
movie

anohana: The Flower We Saw That Day – The Movie (2013)

2013
Third Person (2013) 6.4
Third Person (2013) နာမည်ကျော် မင်းသား တစ်ဦး ဖြစ်မိုကျကယျ ဟာ ပူလစ်ဇာ ဆုရထားတဲ့ စာရေးဆရာတစ်ယောက်ပါ တစ်လောကပဲ ဇနီးဖြစ်သူနဲ့ ကွဲထားပြီး အခု ပဲရစ် မြို့က ဟိုတယ် တစ်ခုမှာနေပြီး သူ့စာအုပ်ကို လက်စသတ်နေတာပါ။ သူဇနီးဖြစ်တဲ့ Elaine နဲ့ ပြတ်ဆဲပြီးတဲ့နောက် Anna ဆိုတဲ့ ဂျာနယ်လစ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေသူပါ။ အဲ့အချိန်မှာပဲ Scott ဆိုတဲ့ အမေရိကန်က စီးပွားရေးသမားတစ်ယောက်ဟာ အီတလီက ဖက်ရှင်ဟောက်စ်တွေက ဒီဇိုင်းတွေကို ရယူဖို့ရောက်နေတာပါ အီတလီ မှာရှိတဲ့ အရာတိုင်းကို မုန်းနေတဲ့ စကော့တစ်ယောက် ဘားတစ်ခုထဲမှR Rated ဖြစ်တာကြောင့် 18+ အခန်းတွေပါဝင်လို့မိသားစုနဲ့ မကြည့်ရှု့ သင့်တဲ့ အခန်းတွေ ပါဝင်တယ် ဆိုတာကိုတော့ ကြိုတင် ပြောထားပါရစေ။ ဇာတ်လမ်းလေးကတော့ ပဲရစ် နယူးယောက် နဲ့ ရောမမြို့တို့မှာ ဖြစ်ပျက် ခဲ့တဲ့ ဆက်စပ် နေတဲ့ အချစ်ဇာတ်လမ်းသုံးခု အကြောင်းကို ရိုက်ထားတာပါ။ ဇာတ်လမ်း အကျဉ်းကတော့ သူ့သမီးဆီကို ...
movie

Third Person (2013)

Explosion (Yin Bao Zhe) 2017 5.8
Explosion (Yin Bao Zhe) 2017  Explosion ရုပ်ရှင်ကားဟာ နိုဝင်ဘာ၂၀၁၇ မှာထွက်ရှိထားတာဖြစ်ပြီး တရုတ်ရာဇ၀တ်မှုခင်းဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒိုင်းနမိုက်တွေပြုလုပ်တာမှာအင်မတန်ကျွမ်းကျင်တဲ့ မိုင်းတွင်းဖောက်ခွဲရေးအလုပ်သမားတစ်ဦးဖြစ်သူ ကျောင်းရွှီတုံဟာ မိုင်းတွင်းမတော်တဆပေါက်ကွဲမှုတစ်ခုမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပါတယ် ဒါပေမယ့် ဒီပေါက်ကွဲမှုဟာ မတော်တဆဖြစ်ရပ်မဟုတ်မှန်း သူကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့နောက်မှာတော့ ရဲတွေအတွက်သူဟာ အဓိကသံသယရှိသူအဖြစ် ပစ်မှတ်ထားခံခဲ့ရပါတယ် ဒါလိုနဲ့ သူ့ရဲ့ ဒိုင်းနမိုက်ပြုလုပ်ခြင်းအတတ်ပညာကိုသုံးပြီး အမှန်တကယ်အပြစ်ရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့သလား မဖမ်းဆီးနိုင်ခဲ့ဘူးလား ဒါမှမဟုတ် အပြစ်တကယ်ရှိသူက သူကိုယ်တိုင်ပဲလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှူတော်မူပါဦး သရုပ်ဆောင်ထားကြသူတွေကတော့ နာမည်ကြီး တရုတ်စတားတွေဖြစ်တဲ့ Yihong Duan, Yu Nang,Chen Taisheng, Wang Jainchun စသူတို့ပဲဖြစ်ကြပါတယ်… ဒါရိုက်တာက တော့ Chang Zheng ပဲဖြစ်ပါတယ် Qty - 720p Web dlDuration - 1hr 47minGern - ThrillTranslator - Zuel Twin KhantEncoder - Kyaw Ye Aung
movie


2017