Channel Myanmar
Uncategorized
The Road to Edmond (2018)
movie
The Road to Edmond (2018)
2019
Rocky II(1979) 7.3
Rocky II(1979) Rocky II(1979)Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့....တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်... ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလို အထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်... Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်း မရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်း လုပ်နေရတယ်... သူဇွဲတော့မလျော့ဘူး....တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်... သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ... တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကို မထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်.... တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်... ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်...ကမ္ဘာ့ချန်ပီယံဟာ ရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallion နာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ.... အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ.... Rocky ဟာ ၄ ကား ထွက်ရှိပါတယ်... မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်...အဲ့ဒီခေတ်အခါက ...
movie
Rocky II(1979)
Killer Camera Monsters (2020)
Killer Camera Monsters (2020) Killer Camera Monsters (2020)======================#Unicode2019 ခုနစ်ထွက် Low Budget Horror ဇာတ်ကားပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ဖီးလစ်ဟာ ချစ်သူ ဆာရာနဲ့အတူ ဓာတ်ပုံလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်ပါတယ်... ဒါပေမယ့် ဆာရာနဲ့သူ ပြတ်စဲတဲ့အခါမှာတော့ ဆာရာက ဓာတ်ပုံဆရာသုံးပစ္စည်းပစ္စယတွေနဲ့အတူ အလုပ်အပ်ထားတဲ့သူတွေကိုပါ မောင်ပိုင်စီးသွားပါတော့တယ်... အလုပ်လက်မဲ့ဖြစ်နေတဲ့ ဖီးလစ်တစ်ယောက် သုညကနေပြန်စဖို့ရာအတွက် စျေးပေါလွန်းတဲ့ကင်မရာတစ်လုံးကို ဝယ်ယူခဲ့ပါတယ်... အဲ့ကင်မရာက ပုံမှန်မဟုတ်ပဲ ကံဆိုးမှုတွေကိုသယ်ဆောင်လာတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုလိုက်ရအောင်နော်#Zawgyi2019 ခုနစ်ထွက် Low Budget Horror ဇာတ်ကားပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ဖီးလစ်ဟာ ချစ်သူ ဆာရာနဲ့အတူ ဓာတ်ပုံလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်ပါတယ်... ဒါပေမယ့် ဆာရာနဲ့သူ ပြတ်စဲတဲ့အခါမှာတော့ ဆာရာက ဓာတ်ပုံဆရာသုံးပစ္စည်းပစ္စယတွေနဲ့အတူ အလုပ်အပ်ထားတဲ့သူတွေကိုပါ မောင်ပိုင်စီးသွားပါတော့တယ်... အလုပ်လက်မဲ့ဖြစ်နေတဲ့ ဖီးလစ်တစ်ယောက် သုညကနေပြန်စဖို့ရာအတွက် ဈေးပေါလွန်းတဲ့ကင်မရာတစ်လုံးကို ဝယ်ယူခဲ့ပါတယ်... အဲ့ကင်မရာက ပုံမှန်မဟုတ်ပဲ ကံဆိုးမှုတွေကိုသယ်ဆောင်လာတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုလိုက်ရအောင်နော်(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 720p  WEB-RIPDuration – 1 hrs 26 ...
movie
Killer Camera Monsters (2020)
2020
The Mercenary(2019) 6.5
movie
The Mercenary(2019)
American Dresser (2018)
American Dresser (2018) American Dresser (2018)==================#UnicodeRating 5.2 ထိရထားတဲ့ American Dresser ပါ Adventure / Drama အမျိုးအစားပါ Sniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ် ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ် မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ် သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ် လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါ နည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါ Rider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ် “Life is a ride... ...
movie
American Dresser (2018)
2018
Outlawed (2018)
Outlawed (2018) Outlawed (2018)============#UnicodeOutlawed 2018 IMDB 5.8 Rating ကောင်းကောင်းလေး နဲ့ အင်္ဂလန် Action ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်ညမှာ နော်တင်ဟမ်မြို့မှာ အင်အားအကြီးဆုံး နိုင်ငံရေးသမား အာချီဘတ်က သူ့လုပ်ငန်းကအဖွဲ့ဝင်ဖြစ်တဲ့ နော်တင်ဟမ်မြို့တော်ဝန်ကို သတ်ပစ်လိုက်ပါတယ် အဲ့လိုသတ်တဲ့အချိန်မှာ သူတို့အနားမှာ အသံဖမ်းနားထောင်နေတဲ့ ဂျိတ်ထ်အဖေရှိနေခဲ့ပါတယ် သတ်ပြီးလိုက်တဲ့အချိန်မှာမှာ သူရှိနေတာကိုသတိထားမိပါတယ် အဲ့တော့ သက်သေခံပစ္စည်းရဖို့နည်းမျိုးစုံနဲ့လိုက်ပါတယ် ဒါပေမယ့် လူကိုပဲတွေ့တယ် သက်သေခံပစ္စည်းကိုတော့မတွေ့ပါဘူး အာချီဘတ်လဲ သက်သေခံပစ္စည်းကိုနှစ်တွေအကြာကြီးလိုက်ရှာနေဆဲပါပဲ ဂျိတ်ထ်ရဲ့အဖေဟာသူ့သမီးငယ်သေးတဲ့အတွက် သက်သေခံပစ္စည်းထားတဲ့နေရာရဲ့သော့တစ်ချောင်းသာအပ်ခဲ့ပြီးအသက်ကြီးလာမှာသွားယူဖို့ပြောခဲပါတယ် အာချီဘတ်က သူ့လုပ်ငန်းမှာ အဆင်ပြေပြေလုပ်ကိုင်ဖို့ ဂျိတ်ထ် ရဲ့သူငယ်ချင်း အထူးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ ဂျိတ်ခ်ကိုကမ်းလှမ်းခဲ့ပါတယ် ဒါပေမယ့် ဂျိတ်ခ်ဟာ အာချီဘတ် မကောင်းတာတွေလုပ်နေမှန်းသိလို့ငြင်းပယ်လိုက်ပါတယ် တစ်နေ့အာချီဘတ်ဟာ သူ့လုပ်ငန်းကြောင့် သူ့ကလေးနှစ်ယောက်ကိုပြန်ပေးဆွဲတာခံရပါတယ် အာဏရှိနိုင်ငံရေးသမားပီပီ စစ်တပ်ရဲ့အကူအညီတောင်းပြီးအထူးတပ်ဖွဲ့ကို သူ့ကလေးနှစ်ယောက်ကိုပြန်ကယ်ခိုင်းခဲ့ပါတယ် ဂျိတ်ခ်ရဲ့သူငယ်ချင်းအမှားကြောင့် အာချီဘတ်ရဲ့သားဟာ ကယ်ဆယ်နေရင်းသေခဲ့ရပါတယ် အဲ့ဒါကြောင့်အာချီဘတ်လဲ မကျေနပ်ခဲ့ပါဘူး နောက်ပိုင်းမှာတော့ ဂျိတ်ထ်လဲ သက်သေခံပစ္စည်းကိုနားထောင်မိပြီး ဂျိတ်ခ်ကိုပြောခဲ့ပါတယ် ဂျိတ်ခ်ကလဲသူ့သူငယ်ချင်းကိုကူညီဖို့ အာချီဘတ်ကို ရင်ဆိုင်တိုက်ခိုက်ပါတယ် ...
movie
Outlawed (2018)
2018
Spicy Beauty Queen of Bangkok 2 (2012)
Spicy Beauty Queen of Bangkok 2 (2012) ထိုင်းဟာသ ဇာတ်မြူးလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေ Oh My Ghost ကြည့်ဖူးသူများအတွက်ဒီ ကားထဲက မိန်းမလျှာ ဇာတ်ဆောင်များနဲ့ သိပ် စိမ်းမှာမဟုတ်ပါဘူးဒီဇာတ်ကားလေးရဲ့ဇာတ်အိမ်ကို ဆေးရုံတစ်ခုကို လိင်ပြောင်းခွဲစိတ်ရန် မိန်းမလျှာတစ်သိုက်ဟာ ရောက်ရှိလာပါတယ် အဲ့ဒီအချိန်မှာပဲ ဘတ်စ်ကားတစ်စီးပေါ်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ သေနတ်မှန်သွားတဲ့ လူငယ်တစ်ယောက်ကို အသတ်အချိန်မှီကယ်ရန် အစ်ကိုဖြစ်သူနဲ့ သူငယ်ချင်းတွေကလဲ အဆိုပါဆေးရုံကိုပဲရောက်ရှိလာပါတယ် ……ညီဖြစ်သူအတွက် ပိုက်ဆံလိုတဲ့အခါမှာတော့ အစ်ကို ဖြစ်သူက ပိုက်ဆံအတွက် နည်းလမ်းတစ်ခုရှာပါတယ် အဲ့ဒီနောက်မှာ ဓါးပြ တိုက်ပြီး ထိုဆေးရုံကိုပဲလက်နက်တွေနဲ့ ရောက်လာတဲ့ ဓါးပြ နှစ်ယောက်……… ဒီလူတွေ ဆေးရုံတစ်ခု ထဲမှာပဲ ပိတ်မိတွေ့ဆုံတဲ့အခါမှတော့ တစ်ကားလုံး ဟာသဇာတ်မြူး ဇာတ်ကွက် များနဲ့ ကြည့်ရသူကို တစ်ဝါးဝါးတစ်ဟားဟားနဲ့ မပျင်းရစေအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်မြူးလေးများနဲ့ စိတ်လက်အပန်းပြေစေဖို့ ကြည့်ရှုရန်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်းပါရစေ………ထွက်ရှိလာတဲ့ စာတန်းထိုးဖိုင်က မပြည့်စုံမှူတွေရှိတာကြောင့် တစ်ခြားနေရာတွေမှာ စာတန်းမထိုးခဲ့တာများရှိရင် သည်းခံ ...
movie
2012
Notting Hill(1999) 7.1
Notting Hill(1999) Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie
Notting Hill(1999)
1999
The Screen at Kamchanod ( 2007 ) 6.1
The Screen at Kamchanod ( 2007 ) Zawgyi*******1987 ခုနှစ် မှာ တောနက်ကြီးထဲမှာ ရုပ်ရှင်ပြဖို့ကြိုးစားတဲ့အဖွဲ့ဝိဥာဉ်တွေကြောင့် အကုန်လုံးပျောက်ဆုံးသွားခဲ့ကြတယ်အဲ့လိုပျောက်ဆုံးသွားတဲ့နေရာမှာ ရတနာတွေရှိတယ်ဆိုပြီးတော့ယုံတမ်းပုံပြင်တွေကို စွဲလမ်းနေခဲ့တဲ့ဒေါက်တာတစ်ဦးဒေါက်တာဘာလုပ်လုပ် အရမ်းကြောက်ရတဲ့ ချစ်သူ တစ်ယောက်ဒေါက်တာ အဆွယ်ကောင်းလို့ ငွေနောက်လိုက်လာတဲ့ စုံတွဲ တစ် တွဲဆင်းရဲလွန်းလို့ အဖက်မလုပ်ကြတော့ ပိုက်ဆံလည်းမက်မိန်းမ လှလေးတွေကိုလည်းကြိုက်တတ်တဲ့ ချာတိတ်လေးတစ်ဦးဒီလူတွေအားလုံးစုပေါင်းဆုံပြီး ဘာတွေဆက်လက်ဖြစ်ကြမယ်ဆိုတာကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ Unicode*******1987 ခုနှစ် မှာ တောနက်ကြီးထဲမှာ ရုပ်ရှင်ပြဖို့ကြိုးစားတဲ့အဖွဲ့ဝိဉာဉ်တွေကြောင့် အကုန်လုံးပျောက်ဆုံးသွားခဲ့ကြတယ်အဲ့လိုပျောက်ဆုံးသွားတဲ့နေရာမှာ ရတနာတွေရှိတယ်ဆိုပြီးတော့ယုံတမ်းပုံပြင်တွေကို စွဲလမ်းနေခဲ့တဲ့ဒေါက်တာတစ်ဦးဒေါက်တာဘာလုပ်လုပ် အရမ်းကြောက်ရတဲ့ ချစ်သူ တစ်ယောက်ဒေါက်တာ အဆွယ်ကောင်းလို့ ငွေနောက်လိုက်လာတဲ့ စုံတွဲ တစ် တွဲဆင်းရဲလွန်းလို့ အဖက်မလုပ်ကြတော့ ပိုက်ဆံလည်းမက်မိန်းမ လှလေးတွေကိုလည်းကြိုက်တတ်တဲ့ ချာတိတ်လေးတစ်ဦးဒီလူတွေအားလုံးစုပေါင်းဆုံပြီး ဘာတွေဆက်လက်ဖြစ်ကြမယ်ဆိုတာကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ
movie
The Screen at Kamchanod ( 2007 )
2007
Charlie Says (2018) 5.6
Charlie Says (2018) ဒီကားကတော့ အမေရိကားရဲ့စက်ဆုပ်ဖွယ်ကောင်းပြီးနာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့Charlie Mansonနဲ့သူ့နောက်လိုက်တွေအကြောင်းရိုက်ထားတဲ့Biographical Dramaကားတစ်ကားဖြစ်ပါတယ်။အရင်လည်းသူ့အကြောင်းရုပ်ရှင်တွေရိုက်ခဲ့ဖူးပါတယ်။ဒီကားမှာတော့ သူ့ကိုအရမ်းကိုချစ်ခင်ယုံကြည်ခဲ့တဲ့ကောင်မလေးတွေဘက်ကရိုက်ပြထားတာပါ။ဒီဘဲကြီးကThe Beatles ရော့ခ်အဖွဲ့ကိုအရမ်းရူးသွပ်ပြီးသူကိုယ်တိုင်လဲသီချင်းတစ်ပုဒ်တောင်ထွက်ခဲ့သေးတယ်။ကယ်လီဖိုးနီးယားကခြံကြီးတစ်ခြံမှာ Manson Family ဆိုပြီးသူတို့နေကြတယ်။ပုံစံကနည်းနည်းဟစ်ပီဆန်တယ်လွှင့်ပစ်ထားတဲ့အသီးအရွက်တွေကိုချက်စားတယ်မြင်ဇောင်းမှာအိပ်တယ် သူတို့အချင်းချင်းလိင်ဆက်ဆံကြတယ်သူတို့ဘာကိုမှမထိန်းချုပ်ထားဘူး။ဒါပေမယ့် ကျမ်းစာကိုရူးသွပ်ပြီး race warကိုစတင်ဖို့လုပ်တယ်။အခုလက်တလောထွက်ထားတဲ့ နာမည်ကြီး Once upon a time in HollywoodကားမှာMargot Robbieသရုပ်ဆောင်ထားတဲ့ Sharon Tateနဲ့တခြားအနုပညာရှင်တွေကိုလည်း ဒီFamilyကသတ်ခဲ့တာပါ။ဒီကားမှာ ဒီဘဲကြီးကကောင်မလေးတုံးတုံးအအလေးတွေကိုတကယ်လွှမ်းမိုးခြယ်လှယ်ပြီး brainwashလုပ်သွားတာတွေကိုရိုက်ပြထားတယ်။Castတွေကလည်း မျက်နှာသိပ်မစိမ်းတဲ့သူတွေပါGame of Thrones seriesထဲက ဂီလီတစ်ယောက်လဲပါပါတယ်။ File Size : (1 GB) & ( 387 MB)Quality ...
movie
Charlie Says (2018)
2018
Robert Reborn (2019) 3.6
Robert Reborn (2019) ရောဘတ်ဆိုတဲ့ကလေးငယ်လေးက မိသားစုမေတ္တာအပြည့်မဝမရခဲ့တဲ့ကလေးငယ်လေးတစ်ယောက်ပါအနိုင်ကျင့်တတ်တဲ့အဖေနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ အမေနဲ့ကြားကရန်ပွဲထဲမှာပဲကြီးပျင်းခဲ့ရတဲ့ ကလေးပါ တစ်ရက်မှာတော့သူ့အဖေနဲ့အမေရဲ့ ရန်ပွဲကြားညပ်ပြီးတော့ မတော်တဆ သေဆုံးသွားပါတော့တယ်။သူ့မိခင်ကလည်း သူ့ဝိညာဉ်ပြန်လည်နိုးထလာနိုင်ဖို့ဘုရားသခင်ဆ်ီမှာ တောင်းဆုပြုပါတော့တယ်။တစ်ဖက်မှာလည်း အေမော့စ် ဘလက်ဝုဒ်ဆိုတဲ့ ဂျာမနီလူအိုကြီးတစ်ယောက်ဟာသက်မဲ့အရုပ်တွေကို အသက်သွင်းခြင်းဆိုတဲ့အတတ်ပညာကို ကောင်းစွာတတ်မြောက်ထားသူပါ။နာဇီကတောင် အင်တိုက်အားတိုက် လိုက်ရှာနေခဲ့ရတဲ့သူပဲဖြစ်ပါတယ်။သူ့ကိုယ်ပိုင် အသက်သွင်း အရုပ်လေးတွေထဲမှာရောဘတ်ကတော့ အရက်စက်ဆုံးနဲ့ အနာခံဆုံး အရုပ်လေးပါပဲဘယ်လိုပဲလိုက်ရှာရှာ ဘယ်လိုပဲသတ်ဖို့ကြိုးစားစား သူ့အရုပ်လေးတွေအကူအညီနဲ့အမြဲလွတ်မြောက်သွားတဲ့သူ့ကိုနာဇီ အရာရှိတွေကိုယ်တိုင် ခြေရာခံမိသွားတဲ့အခါမှာတော့....အရုပ်ကလေးတွေဆိုတာ သက်မဲ့ဆို အင်မတန်ချစ်ခင် နှစ်လိုဖွယ်ဆော့ကစားချင်စရာ လေးတွေပေမယ့် ဝိညာဉ်ခိုကပ်နေတဲ့အခါမှာတော့လက်မရွံလူသတ်သမားတွေ အဆင့်လောက်ထိကို ရက်စက်သွားတော့တာပဲဖြစ်ပါတယ်သူတို့ရဲ့ဖခင်ကြီးကို နှောင့်ယှကိတဲ့လူမှန်သမျှကိုဘယ်လိုတွေ ကာကွယ်ပေးသွားကြမလဲဆိုတာ ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size : (763 ...
movie
Robert Reborn (2019)
2019
Red Joan (2019) 6.3
Red Joan (2019) ဒီ Red Joan ဆိုတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အတွင်းအင်္ဂလန်နိုင်ငံ၏နျူးကလီးယားဗုံးနှင့်ပတ်သတ်သည့်ထိပ်တန်းလျှို့ဝှက်ချက်များကိုရုရှားတွေဆီအသိပေးခဲ့တဲ့ စပိုင်တစ်ယောက်ရဲ့အကြောင်းကိုရေးသားထားတဲ့နာမည်တူစာအုပ်ကို ပြန်လည်မှီငြမ်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်...ဂျုန်းဟာ ရူပဗေဒပညာကိုအထူးပြုသင်ယူထားတဲ့ကမ်းဘရစ်ခ်ျကျောင်းဆင်းတစ်ယောက်ပါ...သူ့အနေနဲ့ဘယ်လိုလုပ်ပြီးတော့နိုင်ငံရဲ့လျှို့ဝှက်ထိပ်တန်းအချက်အလက်တွေကိုဖောက်ထွင်းယူတတ်တဲ့စပိုင်တစ်ယောက်ဖြစ်သွားရသလဲ...သူပြောပြတဲ့ သူ့အနေနဲ့နိုင်ငံကိုသစ္စာဖောက်ခဲ့မိရတဲ့အကြောင်းရင်းကတော်တော့်ကိုစိတ်ဝင်စားစရာပါ...အဲ့အကြောင်းကဘာဖြစ်မလဲဆိုတာနဲ့ဘာကြောင့်စိတ်ဝင်စားဖို့ကောင်းရသလဲဆိုတာကိုဒီ Red Joan ကားကိုကြည့်ပြီးအဖြေရှာကြည့်ကြည့်လိုက်ပါ File Size : (945 MB) & (358 MB)Quality :Web-DL 720pRunning Time :1 hr 34 minFormat : Mp4Genre : Drama , Biography , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie
Red Joan (2019)
2018
Days of Our Own ( 2016 ) 6.1
Days of Our Own ( 2016 ) ဒီကား​လေးဟာImdb 6.1ရရှိထားပြီး တရုတ်နိုင်ငံမှာ​​အရမ်းကိုလူသိများ​ကျော်​ကြားခဲ့တဲ့ဇာတ်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​..ဒီကားမှာဒီနှစ်​ပိုင်းအတွင်း တရုတ်​ပြည်​ရဲ့ Top10အလှဘုရင်​မတစ်​ဦးဖြစ်​လာခဲ့တဲ့ ​ကျောက်​လိရင်​ပါဝင်​သရုပ်​​ဆောင်​ထားပြီးလှပ​ချော​မောပြီးချစ်​စရာ​ကောင်းလွန်းတဲ့​ကောင်​မ​လေးသုံး​ယောက်​ရဲ့တက္ကသိုလ်​တက်​ချိန်​မှစလို့၁၀နှစ်​တာကာလအတွင်းအမျိုးမျိုးအဖုံဖုံ​ပြောင်းလဲမှု​တွေ..အခက်​အခဲမျိုးစုံရင်​ဆိုင်​​ကျော်​ဖြတ်​ရင်းအိပ်​မက်​ဆီအ​ရောက်​လှမ်းကြပုံကိုကြည့်​ရှုရမှာဖြစ်​ပါတယ်​...လူတိုင်းကို​ပျော်​​စေတတ်​ပြီး အနစ်​နာခံတတ်​လွန်းတဲ့ ကျန်းကျင်းရီ..စန္ဒရားနတ်​ဘုရားမ​လေးလို့တင်​စားခံရတဲ့ချိန်​ယိ​လော့..သရုပ်​​ဆောင်​တာဝါသနာပါလွန်းတဲ့ လျန်​​ရှောင်​ယိတို့ဟာတက္ကသိုလ်​မှာဆိုးတူ​ကောင်းဖက်​ သူငယ်​ချင်းသုံး​ဖော်​ဖြစ်​လာခဲ့ပါတယ်​....ဒီလိုနဲ့ ကျန်းကျင်းရီနဲ့ချိန်​ယိ​လော့တို့ဟာ ​ကောယွီချိန်​ဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ကို တစ်​ပြိုင်​တည်းကြိုက်​မိတဲ့အခါသူတို့သူငယ်​ချင်း​တွေကြားမှာ ဘယ်​လိုရိုက်​ခတ်​မှု​တွေဖြစ်​လာမလဲ...ဘဝမှာအိပ်​မက်​ဆီသို့​လျှောက်​လှမ်းရင်း အခက်​အခဲ​ကြုံရပုံ​တွေ...ဘဝခရီးလမ်းမှာလက်​​တွေ့​လျှောက်​လှမ်းရတဲ့အခါ လက်​​တွေ့ဆန်​ပုံ​တွေ...တစ်​ဖြည်းဖြည်း​ပြောင်းလဲလာရပုံ​တွေကို စိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​...အချစ်​..အလွမ်း..သူငယ်​ချင်းသံ​ယောဇဉ်​..ဘဝဒသန​တွေကိုရသမျိုးစုံခံစားရမှာဖြစ်​လို့လက်​မလွတ်​သင့်​တဲ့ဇာတ်​ကားတစ်​ပုဒ်​ပါပဲ Translated & Review By Phyo ZawEncoded By LK
movie
Days of Our Own ( 2016 )
2016
The Ides of March(2011) 7.1
The Ides of March(2011) The Ides of March(2011)IMDb....7.1,,,Rotten...84% " ကျွန်တော်ဟာ ခရစ်ယာန်ဘာသာဝင်လည်းမဟုတ်သလို ဘာသာမဲ့လည်းမဟုတ်ဘူးး .....ဂျူးလည်းမဟုတ်ဘူး. ...ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ဘာသာကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေလို့ခေါ်တယ်... ပြောရရင်ဗျာ...ကျွန်တော်အသက်ရှူရပ်တဲ့အထိ ခင်ဗျားတို့ယုံကြည်ရာဘာသာကို ကိုးကွယ်လို့ရအောင်အကာအကွယ်ပေးသွားမယ်...တစ်နိုင်ငံလုံးအနေနဲ့ ခင်ဗျားတို့ကို ဂရုစိုက်ပေးကာကွယ်ပေးသွားတာနဲ့ပဲဆုံးဖြတ်စေချင်တယ်... ဒါ ကျွန်တော့်ရဲ့ ယုံကြည်ကိုးကွယ်မှုပဲ... ကျွန်တော်ဘာသာရေးမကိုင်းရှိုင်းဘူးထင်ရင်ကျွန်တော့ကိုမဲမပေးပါနဲ့... အရပ်ပုနေတယ် နိုင်ငံရေးအတွေ့အကြုံမရှိဘူးထင်ရင်မဲမပေးပါနဲ့... ဘာလို့ဆိုကျွန်တော့်ကိုမဲပေးပြီးရင် ဒါတွေကပြောင်းလဲလို့မရတော့ဘူး..." ဒီစကားတွေကတော့ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်မှာဟောပြောခဲ့တဲ့ အမတ်လောင်း ပူးလ်မန်းရဲ့ဟောပြောချက်တွေပါ... ဒီကားကတော့ နောက်ဆုံးသမ္မတရွေးကောက်ပွဲအထိ တက်ရောက်နိုင်တဲ့ မဲအများဆုံးပေးခြင်းခံရတဲ့ အမတ်လောင်း(၂)ယောက်ရဲ့အကြောင်းကိုရိုက်ထားတာပါ.... နိုင်ငံရေးလှည့်ကွက်တွေ...စကားလုံးတွေရဲ့စွမ်းအားတွေ.... ပြိုင်ဘက်ကိုနောက်ကိုကျစေဖို့အရေး ဆင်နွှဲနေတဲ့ တိုက်ပွဲမျိုးစုံတွေကို တွေ့ရမှာဖြစ်တယ်....မင်းသားကြီး George Clooney ကိုယ်တိုင်ရိုက်ကူးပြီးပါဝင်သရုပ်ဆောင်ထားပြီးတော့ Ryan Gosling လည်း အဓိကပါဝင်ထားပါတယ်....IMDbရော Rottenရောအကောင်းဆုံးအနေအထားမှာရှိလို့ခံစားကြည့်လိုက်ပါဦး...File Size : (900 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie
The Ides of March(2011)
2011
Mia and the White Lion (2019) 6.6
Mia and the White Lion (2019) ဒီကားလေးကတော့တိရိစ္ဆာန်တွေချစ်တဲ့ကောင်မလေးတွေ လက်မလွှတ်သင့်ပါဘူးနော်ခြင်္သေ့ဖြူနဲ့ကောင်မလေးနှစ်ယောက်ကြားကသံယောဇဉ်တွေချစ်ခြင်းတရားတွေ ယုံကြည်မှုတွေကိုငိုရလောက်အောင်ထိကိုရိုက်ထားတဲ့ကားကောင်းလေးတကားပါအင်္ဂလန်ကနေတောကြီးဖြစ်တဲ့တောင်အာဖရိကကိုပြောင်းလာလို့မိသားစုကိုစိတ်ဆိုးနေတဲ့ကောင်မလေးတယောက်အဖေအလုပ်လုပ်ကိုင်တယ့်ခြင်္သေ့မွေးမြူရေးစခန်းကနေခြင်္သေ့ဖြူလေးတကောင်ရောက်လာပြီးနောက်မှာ သူဘယ်လိုတွေပြောင်းလဲသွားမလဲအိမ်မွေးသတ္တဝါမဟုတ်တဲ့ဒီခြင်္သေ့ကိုသူဘယ်လိုအခက်အခဲတွေနဲ့စောင့်ရှောက်လဲသူ့အဖေရဲ့မလုပ်ကခြင်္သေ့မွေးမြူရေးတင်မဟုတ်ပဲတခြားလုပ်ငန်းပါပါနေပြီးအန္တရာယ်ရှိလာတဲ့အခါသူခြင်္သေ့ကိုဘယ်လိုတွေကယ်တင်ပြီးဘာတွေဆက်လုပ်မလဲဆိုတာ...ဒီကားလေးကတောင်အာဖရိကမှာတရားဝင်ခွင့်ပြုပေးထားတဲ့ခြင်္သေ့အမဲလိုက်လုပ်ငန်းတွေကိုဆန့်ကျင်တိုက်ဖျက်ဖို့ရည်ရွယ်ချက်နဲ့ရိုက်ကူးထားတာဖြစ်ပါတယ် File Size : (1 GB) & ( 400 MB)Quality : BluRay 720pRunning Time : 1 hr 21 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Mia and the White Lion (2019)
2018
The Perfect Date (2019) 5.9
The Perfect Date (2019) သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ် အဟွင်းဟွင်းကိုယ်တွေလို သင်္ကြန်မှာအိမ်တွင်းပုန်းတဲ့သူတွေအတွက်တော့ရှယ်ပဲဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ်မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ်အကောင်းဆုံးကားကိုစီးချင်တယ်ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ်ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ် အစရှိသဖြင့်ပေါ့လေအဲ့ဒီရည်မှန်းချက်တွေအမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ်Spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဆက်လက်အားပေးလိုက်ပါဦးရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEB-DL.DDP5.1.x264-NTG Translated by ...
movie
The Perfect Date (2019)
2019
Dragged Across Concrete (2018) 7.1
Dragged Across Concrete (2018) သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားတွေကို ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် ၂၀၁၈ခုနှစ်ထွက် Dragged Across Concrete ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်…IMDb -7.3/10 နဲ့ Rottem tomatoes 73 တောင်ရရှိထားပြီး ရင်တမမနဲ့ တကယ်မိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ရစ်ဂျမန်းနဲ့ အန်သနီဆိုတဲ့ ရဲအရာရှိနှစ်ယောက်တို့ဟာ တရားခံဖမ်းတဲ့နေရာမှာ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာတွေကိုအရပ်သားတစ်ဦးက ဗီဒီယိုရိုက်ယူခဲ့အပြီးမှာတော့ တီဗီသတင်းထဲအထိ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးအလုပ်ကနေ လစာမဲ့ လေးပတ် ခေတ္တရပ်စဲခံရပါတယ်။စုံထောက်ရစ်ဂျမန်းဟာ နောက်လမှာ အသက် ၆၀ပြည့်ပင်စင်ယူရတော့မှာဖြစ်ပြီးပင်စင်ယူချိန်ရောက်ရင် နေမကောင်းတဲ့ ဇနီးနဲ့ ဆယ်ကျော်သက်သမီးလေးကိုထောက်ပံ့ဖို့ ငွေရေးကြေးရေး အခက်အခဲရှိနေသူပါ။အန်သနီကလည်းမကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သူ့ရှေ့ရေးအတွက် နဲ့ ရည်းစားကို ရွှေပေါ်မြတင်ထားချင်သူအနေနဲ့သူကလည်း ပိုက်ဆံတစ်နည်းနည်းနဲ့ လိုအပ်နေပါတယ်။ပိုက်ဆံလိုနေကြတဲ့ အလုပ်လက်မဲ့ ရဲစုံထောက်နှစ်ယောက်ဟာ တစ်နေ့မှာ မသင်္ကာတဲ့ ကားတစ်စီးနောက်ကိုလိုက်ရင်းရာဇဝတ်မှုတစ်ခုထဲ ခုန်ဆင်းလျက်သားဖြစ်နေပါတော့တယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : ...
movie
2018
Never Look Away (2018) 7.7
Never Look Away (2018) အနုပညာဆိုတာ ဘာလဲ။ အနုပညာရှင်ဆိုတာ ဘာပါလဲ။နတ်ကြီးတဲ့မေးခွန်းတွေဖြစ်လို့ ကိုယ်တိုင်မဖြေရဲလို့ သူများ ပြောထားတာတွေပဲ ကိုးကားပါရစေ။ဂျာမန်လူမျိုး ပန်းပုဆရာ Wilhelm Lehmbruck ကတော့ အနုပညာပစ္စည်းတစ်ခုဆိုတာ လူသားတွေ စဖြစ်တည်တုန်းက ကမ္ဘာကြီးကိုမြင်ရသလို အသစ်အဆန်းဖြစ်နေရမယ် တဲ့။အဲဒီစကားကို သူ့ဘာသာရှိနေတုန်းကတော့မထူးခြားပေမဲ့ အနုပညာနဲ့ပေါင်းပြီး ခံစားတတ်တဲ့နှလုံးသားနဲ့ ကြည့်လိုက်တဲ့အချိန်မှာ တန်ဖိုးတစ်ခုရှိလာပြီး၊ ထူးခြားတဲ့ လှပမှုပါရှိနေတဲ့ အရာတစ်ခုဖြစ်လာပါတယ် လို့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကာ့တ် က ခံယူထားပါတယ်။အနုပညာရှင်ဆိုတာကရော ဒီဇာတ်ကားထဲကပဲ မှီငြမ်းပါမယ်။အနုပညာရှင်ဆိုတာ တခြားအရာအားလုံးနဲ့ အနုပညာဆိုရင် အနုပညာကိုရွေးကြတဲ့သူတွေပါတဲ့။လူတိုင်းအနုပညာရှင်ဖြစ်နိုင်ပါတယ်။အနုပညာကိုပဲရွေးဖို့လိုတာပါ။ပန်းချီ၊ ပန်းပု၊ ဂီတ ဘယ်အနုပညာကိုမဆို ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လွတ်လပ်လပ် အနုပညာကို ဖန်တီးကြတဲ့ သူတွေ နောက်တစ်မျိုးပြောရရင် အနုပညာကိုဖန်တီးရင်း ကမ္ဘာကြီးကနေလွတ်မြောက်နေကြသူတွေ လို့ပြောလို့ရတာပေါ့။ကိုယ့်ကိုကိုယ် လွတ်မြောက်အောင် ကြိုးစားရင်းနဲ့ ...
movie
Never Look Away (2018)
2018
Justice League vs the Fatal Five (2019) 6.5
Justice League vs the Fatal Five (2019) Fatal Five ဆိုတာ ၃၁ရာစုဆိုတဲ့ အနာဂတ်ကနေလာတဲ့ စူပါဗီလိန်တွေပေါ့ဗျာ။အဲဒီ ၃၁ ရာစုမှာပဲ Justice League လို စူပါဟီးရိုးအဖွဲ့လည်းရှိသေးတယ်။အဖွဲ့နာမည်ကတော့ Legion of Superheroes တဲ့။ ကြယ်အစုအဝေးပေါင်းစုံကနေ လာကြတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စူပါဟီးရိုးအဖွဲ့အစည်းပေါ့။သူတို့ခေတ်မှာတော့ သူတို့ရဲ့အကြီးဆုံးရန်သူက ဗီလိန်ငါးယောက်ပါဝင်တဲ့ Fatal Five။ အဲဒီငါးယောက်ထဲမှာ နှစ်ယောက်ကို Legions of Superheroes က ဖမ်းထားပြီးသား။အဲဒီနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ကျန်တဲ့သုံးယောက်က Legions of Superheroes ရဲ့စခန်းကိုဝင်စီး၊ Time Machine ကိုယူပြီး ၂၁ ရာစုကိုပြန်သွားတယ်။အဲဒီမှာပဲ Legions of Superheroes ထဲက Star Boy ဆိုတဲ့တစ်ယောက်ပါ ကပ်ပြီးပါသွားတယ်။၂၁ ရာစုကိုမှ လာရတဲ့အကြောင်းအရင်းက Green ...
movie
Justice League vs the Fatal Five (2019)
2019
Among the Shadows (2019) 2.2
Among the Shadows (2019) လူသား ၊ ဝံပုလွေသွေးနှောသူတွေနဲ့ ဗမ်ပိုင်းယားတွေ ရောနှောပေါင်းစပ်နေထိုင်တဲ့ဥရောပဖက်ဒရေးရှင်းနိုင်ငံ တော် အစိုးရရုံးစိုက်ရာ ဘရပ်ဆဲမြို့မှာ ဇာတ်ကားကိုအခြေတည်ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ကတော့ဝံပုလွေသွေးနှော အလွတ်စုံထောက်မလေးတစ်ဦးပါ။ဥရောပဖက်ဒရေးရှင်းနိုင်ငံတော်ရဲ့ သမ္မတက ဝံပုလွေသွေးနှောတစ်ဦးဖြစ်ပြီးသမ္မတကတော်က ဗမ်ပိုင်းယားပါ။ အခြားဒီလိုမျိုးဇာတ်ကားတွေနဲ့မတူပဲ တမူ ဆန်းကြယ်တဲ့ကားပါ။အက်ရှင်နဲ့ နိုင်ငံရေးကို အချိုးကျပေါင်းစပ်ရိုက်ကူးထားပါတယ်။ကြည်​့ရှုအား​ပေးကြပါဦးFile Size : (963 MB) & ( 304 MB)Quality : Web-DL 720pRunning Time : 1 hr 36 minFormat : Mp4Genre :Adventure , Horror , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by May Pyae Sone Oo 
movie
Among the Shadows (2019)
2019