Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
7.6
Thupparivaalan
Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie
Thupparivaalan
2017
7
Flashback 2021
ဒီဇာတ်လမ်းကိုတော့ Maze Runners ဇာတ်ကားတွေနဲ့ လူသိများတဲ့မင်းသား ဒိုင်လန် အို ဘရိုင်ယန်က သရုပ်ဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သာမန်ဝန်ထမ်းလေးတစ်ယောက်ကအထက်တန်းကျောင်းက သူငယ်ချင်းကောင်မလေးတစ်ယောက်ကိုသတိရပြီး ပြန်သွားရှာကြည့်မိတာလေးပါပဲ။ဒီဇာတ်လမ်းလေး ပြချင်တဲ့ သဘောတရားလေးကလဲ ရိုးရှင်းပါတယ်။အရှိတရားဆိုတဲ့အကြော်င်းလေးပေါ့။ကျွန်တော်တို့တွေ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုဖြစ်တည်နေလဲဆိုတာကိုယ့်ကိုယ်ကိုယ့် သိဖို့ ခံစားကောက်ချက်ချရတဲ့ အာရုံလေးတွေရှိတယ်ပေါ့ဗျာ။ဥပမာ အမြင်တွေ၊ အကြားတွေ၊ ပုံစံတွေ၊ အရောင်တွေ၊ ပတ်ဝန်းကျင်က အချက်အလက်အားလုံးတွေပေါ့။အဲဒီအချက်အလက်အားလုံးကို အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အချိန်ဆိုတာလေးနဲ့ ချိတ်ဆက်ပြီး ကောက်ချက်ချလိုက်တာဗျာ။ဥပမာ ကျွန်တော်က အခု ညဘက် ၁၀ နာရီ ခွဲမှာ ဒီအညွှန်းကို ထိုင်ပြီး ရေးနေတယ်ပေါ့။ဒါကို ကျွန်တော်ခံစားမိပြီး သိနိုင်တယ်ဗျာ။ ဒါပေမယ့် နောက်တစ်နာရီနေရင် ကျွန်တော်အိပ်ရာထဲကိုရောက်နေတာကိုပဲ ခံစားသိတော့မယ်။အခု စာထိုင်ရေးနေတာက မှတ်ဉာဏ်အဖြစ် ကျန်နေနိုင်ပေမယ့် လက်ရှိအချိန်အဖြစ် မခံစားနိုင်တောဘူး။လက်ရှိအချိန်ဆိုတာ ပြောင်းလဲသွားခဲ့ပြီ။ အတိတ်အချိန်အဖြစ် စက္ကန့်တိုင်းပြောင်းလဲသွားနေတယ်။ဘာလို့လဲ? ကျွန်တော်တို့က အချိန်နဲ့အချက်အလက်အားလုံးကို မျဥး်ဖြောင့်အတိုင်းပဲ ရှုမြင်ခံစားနိုင်လို့ပေါ့။ဒါကြောင့် ခင်ဗျားဟာ ၂၀၂၁ ...
movie
Flashback 2021
5
102 Dalmatians 2000
Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella ဇာတ်လမ်းလည်း ထွက်လာတော့မှာဆိုတော့ အရင်တုန်းက Cruella de Vil အကြောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်း ပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်ပါ CM ပရိသတ်ကြီးရေ သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာ ချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ် ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့ Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့ ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ် 2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ 101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့ Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ ထူးဆန်းတာက 102 Dalmatians ...
movie
102 Dalmatians 2000
7.9
99 Songs (2021)
99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie
99 Songs (2021)
2021
6.3
26 Years
26 Years (2012)တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီး နိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင် - ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး - စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီး မတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါGwangju Uprising မှာဖြစ်သွားခဲ့တဲ့ ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီး လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျဒါပေမယ့် ...."Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့အချိန်တွေ ဘယ်လောက်ကြာကြာ ဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူးကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာနိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင် လူတွေကို ...
movie
26 Years
2012
5.8
Super Me (2021)
Super Me (2021)ဒီတစ်ခါတော့ Netflix က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့ တရုတ် စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ .....စန်းယွီဟာ မိဘမဲ့ဖြစ်ပြီး မွဲတေနေတဲ့ ဇာတ်ညွှန်းရေးဆရာလေး တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်ပြီး အိပ်မက်နဲ့ လက်တွေ့ ဘဝ မကွဲတော့သလို ကြောင်တောင်တောင်လည်း ဖြစ်လာနေပါပြီ။ဒါပေမယ့် တစ်နေ့မှာတော့ သူ့အိပ်မက်ထဲမှာ တွေ့သမျှ၊ သူ ဖတ်ဖူးမြင်ဖူးရေးဖူးသမျှအရာတွေကို အိပ်မက်ထဲကနေ အပြင်လောကကို တကယ်ယူလာနိုင်တာကို သူသိလိုက်ရပါတော့တယ်။ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို အိပ်မက်ထဲကနေ သွားယူပြီး ရောင်းချရင်း ချမ်းသာလာပါတော့တယ်။ဒါပေမယ့် ဒီအစွမ်းရဲ့နောက်ဆက်တွဲ ပေးဆပ်ရတာတွေ၊ အပြင်လောကမှာပါ မှောင်ခိုဂိုဏ်းနဲ့အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ....Review နဲ့ ဘာသာပြန်ကတော့ Little Neo ပဲ ဖြစ်ပါတယ်။IMDb - 5.8/10 ရရှိထားတဲ့ သဘာဝလွန် ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။Encoder - AugustFile size…2.3 GB ...
movie
Super Me (2021)
2021
6.6
Night in Paradise (2021)
Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie
Night in Paradise (2021)
2021
The Girl on the Train (2021)
The girl on the train (2021)ရထားပေါ်က မိန်းကလေး ဆိုတဲ့ ရုပ်ရှင်လေး ခံစားကြည့်ရအောင်။ သည်းထိပ်ရင်ဖို စုံထောက်ကား အမျိုးအစား ဖြစ်ပါတယ်။မီရာကာပူး ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး ရှီကာဆိုတဲ့ ဆရာဝန်နဲ့ လက်ထပ်ထားတဲ့ သူလည်းဖြစ်ပါတယ်။ မီရာဟာ ဂိုဏ်းစတားတစ်ယောက်ကို လူသတ်မှူနဲ့ တစ်ကျွန်းပို့ပြီးတဲ့နောက် လူဆိုးဂိုဏ်းက ပြန်လုပ်ကြံလို့ ကလေးပျက်ကျပြီး အတိတ်မေ့ဝေဒနါပါ ခံစားနေရပါတယ်။ ဒီဝေဒနာတွေကို မေ့ပစ်ဖို့ အရက်ပါစွဲနေပြီး ခင်ပွန်းနဲ့ပါ ကွာရှင်းခဲ့ရတယ်။ဒါပေမယ့် လူသတ်မှူတစ်ခုမှ သူပတ်သတ်နေတဲ့ သက်သေတွေအပြည့်နဲ့ သူဘာမှ မမှတ်မိတဲ့ အခြေအနေကို ကြုံလာတဲ့အခါ.... File size…1.7GB and 874MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ..... August
movie
The Girl on the Train (2021)
2021
6.2
Hannibal Rising (2007)
Hannibal Rising (2007)Prequel - Hannibal Rising မတိုင်ခင် Silence of the Lambs, Hannibal နဲ့ Red Dragon ကို စာရေးဆရာ Thomas Harris' က အရင်ထုတ်ဝေခဲ့ပါတယ် Hannibal Rising ကတော့ Hannibal Lectar ရဲ့ ၅ခုမြောက်သော Film ပါ Thomas Harris' က ရေးသားတဲ့ Lectar ရဲ့ ဇာတ်လမ်းပြောင်းလဲမှု အဆင့်ဆင့် လို့ပြောရင်လည်းရပါတယ်Hannibal Rising ကနောက်မှထွက်ပေမယ့် အစဥ်လိုက်တိုင်းခံစားချင်တယ်ဆိုရင် Hannibal Rising -> Red Dragon/Man Hunter -> Silence of the Lambs -> Hannibal (movie) ဆိုပြီး recommand ပေးထားတာတွေ့ရပါတယ်ဟာနီဘဲလ်က Pop Culture မှာနာမည်တော်တော်ကြီးတဲ့ ...
movie
Hannibal Rising (2007)
2007
8.1
Princess Dayareese (2018)
Princess Dayareeseဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာတော့ Movie name ထဲက အတိုင်း ဒိုင်ယာနာရိစ်ဆိုတဲ့ ကောင်မလေးကတော့ အဓိကဇာတ်ကောင်ပေါ့ သူ့မှာမိဘတွေမရှိတော့ဘူး သူ့အဖေဘက်က မိသားစုကချမ်းသာတယ် သူ့အဖေဆုံးတော့ သူ့အဖိုးက သားမိနှစ်ယောက်ကို အိမ်ပေါ်ကနှင်လိုက်တယ် နောက်တော့ သူ့အမေကလည်း ဆုံးပါးသွားပြီး အဒေါ်ရဲ့မိသားစုနဲ့အတူတူနေတယ် အဲ့အဒေါ်မှာ သားတွေလည်းရှိတယ်. သူတို့နဲ့အတူပေါင်းပြီး မင်းသမီးက ဖိလစ်ပိုင်ကိုအလည်အပတ်လာတဲ့ နိုင်ငံခြားတွေကို လိမ်စားတဲ့သဘောမျိုးပေါ့. အဲ့လိုနဲ့ပိုက်ဆံရှာတယ်. သူတို့ဘဝက အဆင်မပြေလှတော့ ပိုက်ဆံအများကြီးလိုချင်ကြတယ်.တစ်နေ့တော့ သူနဲ့ရုပ်ချင်းဆင်တဲ့ အော်ရို့ဆိုတဲ့တိုင်းပြည်က မင်းသမီးတစ်ပါးက သူ့ကိုပြန်ပေးဆွဲပြီး အဲ့မင်းသမီးကသူ့ချစ်သူကိုရှာချင်တာကြောင့်ရက်၄၀အတွင်း သူ့နေရာမှာ ခဏအစားဝင်ပေးဖို့ ငွေနဲ့အပေးအယူလုပ်တယ်. မင်းသားနာမည်ကတော့ ခေးလပ်.သူက video မှတ်တမ်းရိုက်တဲ့သူပေါ့. မင်းသားကလည်း အော်ရို့တိုင်းပြည်မှာ documentary တစ်ခုရိုက်ဖို့သွားရင်း မင်းသားနဲ့မင်းသမီး ဘယ်လိုဆုံတွေ့ကြမလဲ သူတို့နှစ်ယောက်ကြားက အချစ်ကိုဘယ်လိုပေါ်လွင်အောင်ပြထားမလဲပြီးတော့... အဒေါ်မိသားစုနဲ့မင်းသမီးကြားက မိသားစုသံယောဇဉ်လေးတွေကိုလည်း နွေးနွေးထွေးထွေးမြင်တွေ့ရမှာဖြစ်ပါတယ်. Background music လေးတွေလည်း တကယ်ကောင်းပါတယ်🖤 ကြည့်ရှုပေးကြပါဦးရှင်Translated by SimJinnie File size…1.7GB and 900MB Quality…. 1080pWEB-DL and 720P Format…mp4 Duration….1hr 55min Subtitle….Myanmar Subtitle (Hardsub) Encoder ..... August
movie
Princess Dayareese (2018)
2018
6.3
I Care a Lot (2021)
I Care A Lot (2020)ဇာတ်လမ်းနာမည်အတိုင်း မာလာဂရေဆန်ဟာ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦးပါဒါပေမယ့် ကောင်းသောစောင့်ရှောက်ခြင်းမျိုးလားဆိုတော့ သူ့ကောင်းစားရေးအတွက် ချမ်းသာတဲ့အဘိုးအဘွားတွေကို အသုံးချနေတဲ့စောင့်ရှောက်ခြင်းမျိုးပါမာလာဟာ ဒေါက်တာကယ်ရင်အေမို့စ်ဆိုတဲ့ ဆရာဝန်နဲ့ပေါင်းကြံပြီး လူနာတွေထဲက သူဌေးအဘိုးကြီး အဘွားကြီးတွေကို ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ကိုယ့်ကိုမစောင့်ရှောက်နိုင်တော့ပါဘူးဆိုပြီး တရားရုံးကိုအကူအညီတောင်း၊ တရားရုံးကနေမှ မာလာ့ကိုတရားဝင်အုပ်ထိန်းသူအဖြစ် တာဝန်ခန့်အပ်ပြီး လူနာတွေကို သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ သွားထားထားတာပါအဲဒီစောင့်ရှောက်ရေးဂေဟာဆိုတာကလည်း အကျယ်ချုပ်ချထားတာနဲ့မခြားပါဘူး မာလာနဲ့ပေါင်းကြံထားတဲ့အဖွဲ့အစည်းတွေပေါ့ အပြင်လောကနဲ့အဆက်အသွယ်လုံးဝဖြတ်ထားပြီး မိသားစုဝင်တွေနဲ့ပါ လုံးဝပေးမတွေ့တာပါအဲဒီလို သက်ကြီးရွယ်အိုတွေကို ဂေဟာမှာသွားထားပြီး မာလာကတော့ သူတို့ရဲ့အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေကို လေလံတင်ပြီးရောင်းစားနေတာပေါ့အကြောင်းပြချက်ကတော့ သူတို့မိသားစုဝင်တွေက အဘိုးအဘွားတွေကိုပစ်ထားတဲ့အတွက် စောင့်ရှောက်ရေးဂေဟာကိုပေးရမယ့်စရိတ်စကတွေပေးဖို့ ဒီလိုပစ္စည်းတွေကိုထုခွဲရောင်းချပြီး စီမံရပါတယ်ပေါ့ဒီလိုနဲ့တစ်နေ့ ဒေါက်တာကယ်ရင်အေမို့စ်ချိတ်ပေးတဲ့ မိသားစုလည်းမရှိ ငွေလည်းလျှံတဲ့အပျိုကြီး ဂျနီဖာပီတာဆန်တစ်ယောက် မာလာတို့လက်ထဲရောက်လာတဲ့အခါ....မာလာတို့အကြိုက်ပဲပေါ့နော် အမွေစားအမွေခံသားသမီးလည်းမရှိ၊ မိသားစုဝင်လည်းတစ်ယောက်မှမရှိတော့ အဘွားကြီးကို ဂေဟာမှာလှောင်ပိတ်ထားပြီး အဘွားကြီးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုရောင်း၊ ဘဏ်ထဲကမီးခံသေတ္တာတွေကို စိတ်ကြိုက်ခြယ်လှယ်တော့တာပေါ့ဒါပေမယ့် အဘွားကြီးပြောတဲ့စကားတစ်ခွန်းက "မင်းလုပ်ခဲ့မိသမျှထဲမှာ ...
movie
I Care a Lot (2021)
2021
8.9
Drishyam 2 (2021)
Drishyam 2 (2021) မြန်မာစာတန်းထိုးမနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါရစေ...။ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊ ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့ Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့ Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ရပါသေးတယ်။ မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို လူတွေ ပိုသိကြပါတယ်။ အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့ Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။ (ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ...။ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက် ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ...
movie
Drishyam 2 (2021)
2021
6.8
The Map of Tiny Perfect Things (2021)
The Map of Tiny Perfect Things (2021)အခုတစ်ခေါက်မှာတော့ The edge of tomorrow တို့လို Groundhog Day တို့လိုမျိုး Time loop ရုပ်ရှင်ပရိသတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ့် ရုပ်ရှင်လေးကိုတင်ဆက်ပေးသွားမှာပါ။The Map of Tiny Perfect Things လို့အမည်ရတဲ့ရုပ်ရှင်ကားလေးမှာတော့ အချိန်စက်ဝန်းထဲမှာ ပိတ်မိနေကြတဲ့လူငယ်လေးနှစ်ယောက်အကြောင်း ဖော်ကျူးတင်ဆက်ထားတာဖြစ်ပါတယ်မက်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ဟာ အချိန်စက်ဝန်းရဲ့ တစ်ရက်ထဲမှာ ထပ်ခါတလဲလဲပိတ်မိနေသူပါ။ တစ်နေ့တစ်နေ့ ဒီတစ်ရက်ထဲမှာပဲ ထပ်တူညီတဲ့အဖြစ်မျိူးတွေချည်းကြုံနေရတဲ့ မက်တစ်ယောက်ဟာ သူ့ဘဝကြီးကို ငြီးငွေ့လာခဲ့ပါတယ်။ သူတစ်ယောက်ထဲ အချိန်စက်ဝန်းထဲမှာ တစ်ကမ္ဘာတည်နေရသလိုပေါ့မက်က စူးစမ်းချင်တယ် ..... သူ့ရဲ့စိတ်ညစ်စရာဘဝကြီးကနေ လွတ်မြောက်ချင်တယ် အချိန်စက်ဝန်းထဲကနေ လွတ်မြောက်ဖို့အတွက် နည်းအမျိုးမျိုးရှာဖွေစမ်းသပ်တယ်။ အချိန်မျဥ်းတွေကို ကျော်ဖို့ကြိုးစားတယ်အဲ့လိုနဲ့ တစ်နေ့မှာ သူ့လိုပဲ အချိန်စက်ဝန်းထဲပိတ်မိနေတဲ့ ကောင်မလေး မာဂရက်နဲ့ တွေ့ဆုံခဲ့တယ်။ မာဂရက်ကတော့ သူနဲ့ပြောင်းပြန်ပါ။ ကင်ဆာနဲ့သေဆုံးခါနီးအမေဖြစ်သူကြောင့် အချိန်တွေကိုရပ်တန့်ပြီး အခုလိုတစ်ရက်ထဲမှာ ပိတ်မိနေရတာကို ပျော်မွေ့ပြီး အချိန်စက်ဝန်းကနေ ရုန်းမထွက်ချင်သူပါ။ လေးဖက်မြင်ဆိုတဲ့ပုံရိပ်ကို အချိန်စက်ဝန်းထဲမှာ ပိတ်မိနေရင်းလိုက်ရှာချင်တဲ့သူလေးပေါ့အချိန်စက်ဝန်းကနေ ရုန်းထွက်ချင်သူ မက် ...
movie
The Map of Tiny Perfect Things (2021)
5.4
Wrong Turn (2021)
Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie
Wrong Turn (2021)
CM Facebook Page ကို vpn ဖြင့် အသုံးပြုနည်း
Channel Myanmar Facebook Page ကို VPN ကျော်ပြီး သွားနည်း အောက်မှ လင့်ပေးထားသော VPN App များထဲမှ အဆင်ပြေရာ ဒေါင်းပါ ။VPN Software တွေအများကြီးရှိပါတယ်...နှစ်သက်ရာသုံးလို့ရပါတယ်...ကျနော်တို့ကတော့ နမူနာ ၄ ခုလောက်ပြပေးလိုက်ပါမယ်နော်...အဲ့ ၄ ခုမှာလူသုံးများလို့ လေးနေမယ်ဆိုရင် ဒီမှာ https://apkpure.com/search?q=vpn ရှိတဲ့ထဲက vpn တွေလဲ သုံးလို့ရပါတယ်နော်...ဖုန်းအတွက်ပဲပြလိုက်မယ်နော်..PC သမားတွေအတွက်ကတော့ Browser addon vpn တွေပေါပါတယ်..Hola,ZenMate စတဲ့ addon တွေရှာထည့်လိုက်နော်။ဒီမှာတော့ ဖုန်းအတွက်ပဲပြပေးသွားပါ့မယ်။ For Android,1 . Speed VPNDownlaod Link- [ 13 MB ] APK Pure / YoteShin / Meganz 2 . 1.1.1.1 Faster & ...
movie
CM Facebook Page ကို vpn ဖြင့် အသုံးပြုနည်း
Born a Champion (2021)
Born a Champion (2021)==================IMDb Rating ကတော့ မထွက်လာသေးပါဘူး . အစောဆုံးတင်ပေးလိုက်ပါတယ်။ အခုဒီကားလေးက ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ Action/ Drama/ Sport စတိုင် ဇာတ်ကားကောင်းလေးပါ။ဘရာဇီးကိုယ်ခံပညာတစ်မျိုးဖြစ်တဲ့ ဂျူဂျစ်ဆုမှာထူးချွန်တဲ့ မစ်ကီကယ်လီ…….ဇွဲ၊ သတ္တိရှိပြီး အနိုင်မခံအရှုံးမပေးတဲ့ ကယ်လီ ၊ ခင်ပွန်းသည်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ကယ်လီ၊ထိုးသတ်ပွဲတွေကို မကြိုက်တဲ့ သူ့ရဲ့ ချစ်တဲ့ဇနီးသည်ကိုဖြောင်းဖြပြီး တရားဝင်မဖြစ်သေးတဲ့ MMAပွဲကိုဝင်ပြိုင်ခဲ့တဲ့ကယ်လီ……… သူ့ဘဝမှာမရခဲ့တဲ့အရာကို မိသားစုကိုပေးချင်ခဲ့တဲ့ကယ်လီ၊ သားဖြစ်သူကိုသိပ်ချစ်ပြီး သားဖြစ်သူကို သူ့လိုမဖြစ်စေချင်ခဲ့တဲ့ ကယ်လီဆိုတဲ့ MMAဖိုက်တာကြီးအကြောင်းကို ရသစုံနဲ့ခံစားကြည့်ရှုရင်းဝေဖန်သုံးသပ် ကြည့်ကြပါအုံးလို့…………..(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 52minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Drama, SportSource : 1080p.WebRipTranslator – ...
movie
Born a Champion (2021)
2021
6.2
Just a Stranger
Just A Stranger (2019) ~~~~~~~~~~~~~~~~~~~~~IMDb - 6.2/10 ဒီဇာတ်ကားလေးကတော့ 2019တုန်းက အရမ်းကိုအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် Romance/Drama ကားလေးဖြစ်ပါတယ်ရုံတင်ပြီး (၁၂)ရက်အကြာမှာပဲ Box office မှာ PHP 100million အထိဝင်ငွေရရှိခဲ့ပါတယ်~~~ အညွှန်း ~~~အချစ်မပါတဲ့ အိမ်ထောင်ရေးကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ (၃၈)နှစ်အရွယ် မေနဲ့ မိဘတွေရဲ့ တင်းကြပ်တဲ့ချုပ်ထိန်းမှုတွေနဲ့ ချစ်သူကောင်မလေးရဲ့နားလည်မပေးမှုတွေကြောင့် စိတ်ညစ်နေတဲ့ ဂျေရီဂိုဆိုတဲ့ (၁၉)နှစ်အရွယ်ကောင်လေးတို့နှစ်ယောက် ခရီးထွက်ရင်း ကမ်းခြေတစ်ခုမှာ မထင်မှတ်ဘဲ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်ညတာ အတူနေဖြစ်သွားကြပါတယ်~~~~~~ မေကတော့ သူ့နေရပ် ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်~ တစ်ဖက်မှာလည်း ဖခင်ဖြစ်သူရဲ့အလုပ်ကြောင့် ဂျေရီဂိုတို့မိသားစုဟာ ဖိလစ်ပိုင်ကို ပြန်ပြောင်းဖြစ်ခဲ့ကြပါတယ်~ရက်အနည်းငယ်အကြာမှာတော့ ပြတိုက်တစ်ခုမှာ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာရာကနေ အသက်နှစ်ဆလောက်ကွာနေတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်~ဇာတ်လမ်းရဲ့အစပိုင်းကိုတော့ သာမာန်ပဲလို့ထင်ရနိုင်ချေရှိပေမယ့် မထင်မှတ်ထားတဲ့ ဇာတ်သိမ်းခန်းကြောင့် ရသတစ်ခုခုကို ကျိန်းသေပေါက်ခံစားရမှာဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်~Review by Van Sui ParFile size… 1.67GB and 758MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr ...
movie
Just a Stranger
2019
5.5
Ensemble (2020)
Ensemble (2020)ဒီရုပ်ရှင်ကားကတော့ ဇာတ်လမ်းနာမည်အတိုင်းပဲ တေးဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေရေးလုပ်ရတဲ့ သရုပ်ဆောင်တွေရဲ့ ဘဝအကြောင်းကိုအခြေခံပြီး ယောကျ်ား မိန်းမကြားက အချစ်ရေးရဲ့ ရှုပ်ထွေးဆန်းကြယ်ပုံကို ရိုက်ကူးပြသထားတဲ့ ကိုရီးယားရုပ်ရှင်ကားပဲဖြစ်ပါတယ်။အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ယောင်ရို့ ကတော့ ကလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက်ပါ ဆယ်ယောင်း ဆိုတဲ့ လက်ထောက်ဒါရိုက်တာမလေးကတော့ ကလေးအဖေ ယောင်ရို့ကို သဘောကျနေတဲ့သူပါ။ အဖွဲ့ရဲ့အဓိက သရုပ်ဆောင် မန်ရှစ်ကတော့ ဇနီးဖြစ်သူဟယ်ယောင်းနဲ့ ဖျော်ဖြေရေးအလုပ်လုပ်ရင်းချစ်မိကြပြီး လက်ထပ်ခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် ကွာရှင်းဖို့ရာပြင်ဆင်နေတဲ့သူပါ။သူတို့တွေအနေနဲ့ ပတ်ဝန်းကျင် အမြင်နဲ့ ဆန့်ကျင်ပြီး ချစ်ရတဲ့သူတွေကိုပဲရွေးချယ်မလား????? ဒါမှမဟုတ် ဘဝရှေ့ဆက်ဖို့အတွက်လုပ်သင့်တာကိုပဲရွေးချယ်ကြမလားကိုတော့ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်ရအောင်ပါ။ဒီဇာတ်ကားကိုတော့အချစ်ဇာတ်လမ်းအေးအေးလေးတွေကို သဘောကျတဲ့ သူတွေအတွက်ကတော့ အချိန်ပေးပြီး ကြည့်သင့်တဲ့ကားလေးတစ်ကားဖြစ်တယ်လို့ထင်ပါတယ်။ဒီဇာတ်ကားကိုတော့ Kim seung soo, Seo yoon ah, Kim jung hwa, Lee chun hee တို့က သရုပ်ဆောင်ထားပါတယ်File size… 1.7GB and 635MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 59min Subtitle….Myanmar ...
movie
Ensemble (2020)
6.2
Family of Strangers (2019)
Family of Strangers------------------------------------သွေးသားတော်စပ်သူတွေကို မိသားစုလို့ခေါ်ကြတယ်သွေးသားမတော်စပ်ပေမယ့်မိသားစုထပ်ပိုနွေးထွေးတဲ့သူတွေနဲ့ ကြုံဖူးကြလား??အရပ်သုံးစကားကတော့ ရပ်ဆွေရပ်မျိုးပေါ့အဲ့လိုဆိုပေမယ့်လည်း သွေးသားအချင်းချင်းကိုညှင်းပန်းနှိပ်စက်ပြီး ရိုင်းစိုင်းတဲ့သူတွေလည်းရှိကြတာပဲဒီကားထဲမှာတော့ လူသတ်ပြီးကြိုးပေးတာမသေလို့စိတ်ကျန်းမာရေးဆေးရုံရောက်နေတဲ့လူကြီးရယ်ဆေးသုံးလွန်ပြီး ကြောင်နေလို့ရောက်လာတဲ့လူရည်လည် ကောင်လေးရယ်ပထွေးကအနိုင်ကျင့်တာကိုဘယ်သူ့အကူအညီမှမရပဲသတ်သေချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးရယ်တို့ကစိတ်ကျန်းမာရေးဆေးရုံမှာဆုံကြရင်းကအချင်းချင်းနွေးထွေးကြတဲ့ဆက်ဆံရေးလေးကိုကြည့်ရမှာပါသွေးမတော်သားမစပ်ပေမယ့်ဘဝတူတွေမို့ ကိုယ့်သွေးသားမိသားစုလိုအတူတူလိုက်ပါ ခံစားနာကျင်ထိခိုက်ပြီးတတ်နိုင်တဲ့ဘက်ကကူညီကြတဲ့ရိုးရှင်းတဲ့ မေတ္တာတရားအေးချမ်းတဲ့မေတ္တာတရားကိုဘာအထူးတလည်မွမ်းမံမှုမှမရှိပဲနဲ့ရင်ထဲရောက်အောင် ရိုက်ကူးပြသထားတာကြောင့်အသေးစိတ်ကအစ ရင်ထဲခံစားရစေမှာပါ....ဒီလိုကပ်ဘေးကာလမှာ နှလုံးသားကိုလဲအာဟာရကျွေးဖို့လိုတာကြောင့် နှလုံးသားအာဟာရမိသားစုဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါဦးဒါကြောင့် သေချာလေးကြည့်ပြီးခံစားလိုက်ပါဦးနော်..IMDB 6.2 ရထားပြီး castingပိုင်းမှာလဲဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီး နနကိုမတ်စုလေးကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားကြောင့်ကြည့်ရှုသူ ပရိသတ်တို့ သရုပ်ဆောင်ပိုင်းမှာလဲ နှစ်ခြိုက်ကြမှာပါ...အညွှန်းနဲ့ဘာသာပြန်ကိုတော့ ThinZar Htet မှခံစားရေးသားပေးထားပါတယ် Translated by : ThinZar HtetEncoded by : YKQuality :720p HDTV x264 AAC5.1File Size : 1.2GBSubtitles : Myanmar (Hardsub)
movie
Family of Strangers (2019)
2019
10
PART 1/SBS Drama Awards(2020)
SBS Drama Awards(2020)PART 1SBSရုပ်သံကလွှင့်တဲ့ စီးရီးတွေကနေ အကောင်းဆုံးသောဆုအသီးသီးပေးတဲ့ပွဲကြီးပြီးသွားပါပြီ....တကယ်တော့ SBSရုပ်သံစီးရီးတွေဟာ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေနဲ့ အတော်ရင်းနှီးပါတယ်...ဟိုးစလွှင့်တဲ့အချိန်ကစလို့ ယခုအချိန်ထိစီးရီးတွေဟာ ကိုယ်နိုင်ငံကလွှင့်တဲ့ဇာတ်ကားတွေနီးပါးမှတ်မှတ်ရရရှိနေတတ်ပါတယ်...နောက်တစ်ခုက ဆုပေးပွဲကြီးစဖွင့်တာကစလို့ ကိုရိုနာကြောင့် ဆုတက်ရောက်ယူတဲ့အစီအစဉ်တစ်ချို့မှာကန့်သတ်ခဲ့ရတွေရှိခဲ့ပေမဲ့ တင်ဆက်ပေးသွားတဲ့ပုံတွေက တကယ့်ကိုအမိုက်စားတွေပါပဲ...SBSကို ဘယ်လိုစတင်ဖြစ်တယ်....SBSကလွှင့်တဲ့စီးရီးတွေကြောင့် ပရိတ်သတ်တွေ ဘယ်လောက်ကျေနပ်ပျှော်ရွှင်ခဲ့ရတယ်...SBS ဘယ်လိုအောင်မြင်လာတယ်...ဘယ်လောက်အထိ နိုင်ငံတကာအပေါ်လွှမ်းမိုးလာနိုင်ခဲ့တယ်ဆိုတာတွေအစတင်ဆက်ခဲ့ပြီးတစ်ချိန်တုန်းက ပရိတ်သတ်တွေအနှစ်ခြိုက်ဆုံး စီးရီးတွေကိုလည်း အလွမ်းပြေပြသသွားပါတယ်...တစ်ချို့လည်း LIVEကြည့်ပြီးကြပေမဲ့ Kdrama ပရိတ်သတ်တွေအတွက် သူတို့အားပေးတဲ့ သူတွေဆုရတာတွေကိုအမှတ်တရသိမ်းထားချင်လို့ပဲဖြစ်ဖြစ် တခြားနိုင်ငံရဲ့ဆုပေးပွဲတွေကျင်းပပုံတွေဘယ်လိုဆုအမျိုးအစားတွေပေးတယ်ဆိုတာတွေကို ဗဟုသုတရစေခြင်းအလို့ငှါတင်ဆက်ပေးလိုက်ရပါတယ်...Part 1,2,3ရှိတာမို့ ကျန်အပိုင်းများကို မကြာမီဆက်လက်တင်ဆက်ပေးသွားမှာပါ....Quality – HD-TV 720pDuration – 67MinSubtitle – Myanmar HardsubFormat – Mp4Genres: Drama AwardsTranslated by Lwin Lwin Aung,,Ei Phyu Khin ,Shoon Thu Thu Chain & Hnin PaleEncoder ...
movie
PART 1/SBS Drama Awards(2020)
2020
First
13
14
15
16
17
Last
Previous
Next