Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
4.8
Home (2021)
Home(2021)အိန္ဒိယ Family movie မျှော်နေတဲ့သူတွေအတွက် Sreenath Bhasi ပါဝင်သရုပ်ဆောင်ထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကို ညွှန်းရမယ်ဆိုရင်တော့ 2013 တုန်းက ထွက်ရှိထားတဲ့ Philips and the Monkey Pen ဇာတ်ကား ရဲ့ ဒါရိုက်တာ Rojin Thomas ရဲ့ နောက်ထပ်လက်ရာမွန်တစ်ခုပါကျွန်တော်ကတော့ ဒီကားကိုကြည့်ရင်းကနေ Kapoor and Sons ဆိုတဲ့ဇာတ်ကားနဲ့ကို သွားအမှတ်ရမိတယ်ဗျ Kapoor and Sons ဇာတ်ကားကို ကြိုက်တဲ့သူတွေအဖို့တော့ ဒီကားကိုလည်းနှစ်ခြိုက်မယ်လို့ အာမခံနိုင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီဆိုတဲ့လူက မြို့မှာအလုပ်လုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဗျာ တစ်ရက်တော့ ရုပ်ရှင်အတွက်အေးဆေးအညွှန်းရေးချင်တာနဲ့ နယ်မြို့ကအိမ်လေးဆီပြန်သွားတယ်ခုခေတ်လူငယ်ဆိုတော့ အင်တာနက်ပေါ်မှာပဲ အချိန်ဖြုန်းနေတော့ အိမ်ကမိသားစုဝင်တွေက သဟဇာတမဖြစ်ကြဘူး ဒီလိုနဲ့ပဲ မိသားစုထဲဖြစ်တဲ့အလွဲတွေ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အလွဲတွေနဲ့ကြောင့် အန်တိုနီရဲ့မိသားစုတွေရော သူရော သဟဇာတဖြစ်အောင်ညှိရင်းကနေ နောက်ဆုံးဘယ်လိုတွေဆက်ဖြစ်သွားကြမှာလဲဆိုတာ ရသအစုံနဲ့ ကြည့်ရှူရမှာပါနောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Family ကားဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကြည့်ရှူနိုင်ပါတယ်ခင်ဗျာအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ F&R Gurls ပဲ ဖြစ်ပါတယ်။File size…..2.8GB and 1.7GB and 558MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie
Home (2021)
2021
6.4
PAW Patrol: The Movie (2021)
Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီနေ့ထွက် animation ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, dramaတွေပဲ ဖြစ်နေလို့ ငြီးငွေ့နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူးပျော်ရွှင်စေနိုင်မယ့် animationလေးဖြစ်မှာ အသေအချာပါပဲ ဇာတ်လမ်းအကျဥ်းကတော့ Paw Patrolလေးတို့ရဲ့ ရန်သူတော်ကြီး Humdingerတစ်ယောက် Adventure Cityဆိုတဲ့မြို့လေးမှာ မြို့တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျရောက်စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူတော်ကြီးရဲ့အဖျက်လုပ်ငန်းကို အဖွဲ့ခေါင်းဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီလေးတို့တသိုက် ဘယ်လိုခေတ်မှီနည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ရအောင်တားကြမလဲ?အဖွဲ့ဝင်ပါပီလေးတစ်ကောင်ရဲ့ အတိတ်ဇာတ်ကြောင်းကနေ ..... အဖွဲ့အပေါ် ဘယ်လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ရယ်စရာ၊ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်ကားလေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကားလေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie
PAW Patrol: The Movie (2021)
2021
6.9
Stillwater (2021)
Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie
Stillwater (2021)
2021
Master Ji Gong ( 2021 )
၂၀၂၁ ရုံတင် animation ဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့ inspiration ရမယ်လို့လည်းထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရော ဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားလိမ့်မယ် Quality : HDRip 720pFormat: ...
movie
Master Ji Gong ( 2021 )
6.1
77 Heartbreaks (2017)
2017 ခုနှစ်ထွက် ဟောင်ကောင် Drama ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာလင်မယားတွေကြားမှာသာ သက်ရောက်မူမရှိပေမယ့်သမီးရည်းစားတွေအနေနဲ့ တော့ အခန့်မသင့်လျှင်ပြတ်ဆဲသွားသည်အထိ ဖြစ်သွားတတ်ပါတယ် ဒီကားလေးထဲမှာတော့ချစ်သူရည်စားတွေအနေနဲ့ ဘယ်လောက် သက်တမ်းကြာတဲ့RS ဖြစ်ပါစေ ပြသနာရှာရင်း အရစ်လွန်သွားရင်တော့စိတ်ကုန်ပြီး ပြတ်ဆဲသွားနိုင်တယ်ဆိုတာကို သင်ခန်းစာယူကြည့်ကြရမှာပါကိုယ့်အချစ်ရေးတစ်ကယ်မပြီးဆုံးခင် အသဲဘယ်နှကြိမ်ကွဲခဲ့လဲ?တစ်ခါလား နှစ်ခါလား? အီဗအတွက်တော့ ၇၇ကြိမ်ကွဲခဲ့တာပါ. သူ့ချစ်သူကောင်လေး အဒမ်ကသူ့ကိုအသဲကွဲခံစားအောင်လုပ်ခဲ့တဲ့ အကြိမ်အရေအတွက်ပါ. နောက်ဆုံးတော့ သူမဟာ လမ်းခွဲခဲ့ပါတယ် ၇၈ကြိမ်မြောက်သူထပ်ပြီးခွင့်လွတ်နိုင်မှာလား? သင်ရော သင်ချစ်တဲ့သူကို ဘယ်လောက်အကြိမ်ကြာကြာခွင့်လွတ်နိုင်မှာလဲ သင်ရောဒီဇာတ်လမ်းကိုကြည့်ပြီး အသဲဘယ်နှခါကွဲသွားမလဲ???????သင်ရော သင့် ကောင်လေး/ ကောင်မလေးအပေါ်မှာ၇၇ကြိမ် သည်းခံ နိုင်ပါ့မလား ¿¿¿ :PQty - 720p BlurayDuration - 1hr 35minGern - Drama / RomanceSubtitle - Myanmar HardsubTranslator - Inzali ThanhtikeEncoder - Kyaw Ye Aung
movie
77 Heartbreaks (2017)
2017
6.7
Netrikann (2021)
Netrikann (2021) Crime, Drama, Mystery IMDb 7.3/10ဒီကားကလည်း Remake တွေထဲမှာ အကြိမ်ကြိမ် ပြန်ရိုက်လည်း မရိုးနိုင်တဲ့ Remake ထဲက တစ်ကားပါပဲ။2011 ခုနှစ်တုန်းက ကိုရီးယားက Blind ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ 2015 ခုနှစ်မှာတော့ တရုတ်က The Witness ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။အခု ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယက Netrikann ဆိုတဲ့အမည်နဲ့ ရိုက်ကူးခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ .....မတော်တဆမှုတစ်ခုမှာ မောင်ဖြစ်သူသေဆုံးပြီး ကိုယ်တိုင်မျက်စိကွယ်ခဲ့ရတဲ့ စီဘီအိုင်အရာရှိကောင်မလေး ဒူရ်ဂါဟာ မျက်စိကွယ်ခဲ့ရတဲ့အတွက် စီဘီအိုင်(ရဲ)အလုပ်ကိုလည်း ဆက်မလုပ်နိုင်တော့ဘဲ ဘဝကို သိမ်ငယ်စွာဖြတ်သန်းနေခဲ့တယ်...တစ်ရက် ကားငှားပြီးစီးလာရင်းနဲ့ ဒါရိုက်ဘာက လူတစ်ယောက်ကို တိုက်မိသွားတယ်.. ခွေးတစ်ကောင်ကို တိုက်မိတာပါလို့ ယာဉ်မောင်းက လိမ်ပေမယ့်လည်း စီဘီအိုင်အရာရှိဟောင်းဖြစ်တဲ့ဒူရ်ဂါအဖို့ မျက်စိမမြင်ပေမယ့်လည်း အဖြစ်မှန်ကို လွယ်လွယ်ခန့်မှန်းမိနေပါတယ်...လူကိုပါ ရန်ရှာလာတော့ ရဲစခန်းမှာ အမှုလာဖွင့်တယ်.... မျက်မမြင်တစ်ယောက်ရဲ့တိုင်ချက်ဆိုတော့ အရေးမလုပ်ကြဘူး အဲ့ဒီခစန်းမှာလည်း ဘယ်သူကမှ လေးစားမှုမရှိတဲ့ အူတူတူ အက်စ်အိုင်အရာရှိတစ်ယောက်ရှိတယ်...သူကလည်း စခန်းကလူတွေလေးစားခံရဖို့ ...
movie
Netrikann (2021)
2021
5.9
The Witness (2015)
ဒီနေ့အတွက်တော့ တရုတ်အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက မှုခင်းကားလေးဆိုတော့ အက်ရှင်တင်မကပါဘူး သဲထိပ်ရင်ဖိုကြိုက်တဲ့သူတွေပါ ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ် ဗျ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ယံမီဟာလဲ မျက်မမြင်အဖြစ်သရုပ်ဆောင်တာ တော်တော်လေးပိုင်နိုင်တာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ရဲအရာရှိရှောင်ရှောင်းဟာ သူ့မောင်လေးကို ရှာဖို့အတွက်နိုက်ကလပ်တစ်ခုကိုသွားခဲ့ပြီး သူ့မောင်လေးကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ သူ့မောင်လေးက စိတ်ဆိုးပြီး ကားကို လီဗာကို နင်းရာမှ မတော်တဆ ဖြစ်ပြီး ကားမှောက်သွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အက်စီးဒင့်ကြောင့် မျက်လုံးကွယ်သွားခဲ့ပြီး ဌာနကနေ အနားယူခဲ့ရပါတယ် ဒီလိုနဲ့ ၃နှစ်ကြာပြီးတဲ့ အခါမှာတော့ သူ့ဌာနက စီနီယာက ပြန်လည်ဆက်သွယ်လာခဲ့ပြီး အရင် အမှုဟောင်းရဲ့ ဆက်စပ်ချက်တွေနဲ့ ပြန်လည်ကူညီဖို့ပြောလာခဲ့ပါတယ် ဒီလိုနဲ့ အမှုဟောင်းကြောင့်ပဲ ရှောင်ရှောင်းကို အသက်ရန်ရှာလာတဲ့ အခါမှာတော့ မျက်မမြင်ဖြစ်နေတဲ့ရှောင်ရှောင်းတယောက် ဘယ်လိုတွေများ ဆက်လက်ဖြစ်ပျက်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရမှာဖြစ်ပါတယ်ဗျ (ဘာသာပြန်သူကတော့ ကျော်လင်း ဖြစ်ပါတယ်ဗျ )
movie
The Witness (2015)
2015
I Can Only See (2021)
I can Only See (2021)၂၀၂၁ မှာအသစ်ထွက်ထားတဲ့ Horror/Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Cast တွေကတော့ 2AM member ဖြစ်သူ Jung Jin Woon မင်းသမီးကတော့ Sol Binတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ..... သရဲကားဆိုပေမယ့် ဟာသလေးတွေရောထားလို့ ကြောက်တတ်သူတွေ ကြည့်ပျော်မယ့်ကားလေးလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ဇာတ်ကားရိုက်ဖို့ နေရာရှာနေတဲ့ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့ သူတို့ရိုက်ကူးရေးအဖွဲ့အကြား ကြောက်စရာဖြစ်ရပ်တွေ ကြုံရပုံကို အဓိကထားရိုက်ကူးတာဖြစ်ပါတယ်ဂျန်းဂွန်းဆိုတဲ့ တက်သစ်စဒါရိုက်တာက ဇာတ်ညွှန်းလည်းရေးသလို ဒါရိုက်တာလည်းလုပ်နေတဲ့ လူငယ်တစ်ယောက်ပါတစ်ရက်မှာသူရေးထားတဲ့ဇာတ်လမ်းကို အတူတူရိုက်ကူးဖို့ ကျောင်းတုန်းကစီနီယာတွေကိုခေါ်ပြီး ဇာတ်ကားတစ်ကားဖန်တီးဖို့အကြောင်းဖန်လာရင်း အဲ့ဒီဇာတ်ကားရိုက်တဲ့ နေရာ ဟိုတယ်ဟောင်းတစ်ခုမှာ သဘာဝလွန်ဖြစ်ရပ်တွေစဖြစ်လာပါတော့တယ်သူတို့အဖွဲ့ကဘယ်လိုတွေ အခြောက်ခံရမယ်ဆိုတာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟာသလေးတွေပါလို့ ရီမောဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်းညွှန်းချင်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Moe Pwint ပဲ ဖြစ်ပါတယ်။File size…1.8 GB and 1.1 GB and 399 MB Quality….WEB-DL 1080p and 720p and 480pFormat…mp4 Duration…. ...
movie
I Can Only See (2021)
2021
6.1
Ghost Walk ( 2019 )
"ဝိညာဉ်တွေမှာ နက်ဖြန်ဆိုတာ မရှိဘူးတဲ့ အဲ့ဒါကြောင့် ပျောက်ကွယ်မသွားအောင်မနေ့ကအချိန်ကို တွယ်ကပ်နေတတ်ကြတယ်" ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ဟေးဂျောင်ဆိုတဲ့ ဝိညာဉ်မလေးဟာ အသတ်ခံရပြီးသတိမေ့မျောနေချိန်မှာ အသက်ရှင်ချင်လွန်းပြီး သူ့ရဲ့ နေ့ရက်တွေကိုအနောက်ကို တဖြည်းဖြည်းချင်းပြန်သွားတဲ့ ပုံစံမျိုးလေး ရိုက်ကူးတင်ဆက်ထားတာပါဇာတ်လမ်းအကြောင်းအရာလေးကတော့... ဟေးဂျောင်ဟာ မိသားစုကို စွန့်ခွာပြီးတစ်ကိုယ်တည်း ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ သူဟာ လက်ထပ်ဖို့ရောရည်းစားထားဖို့ရော စိတ်ကူးမရှိဘဲနဲ့ ဘဝကို အလုပ်လုပ်ရင်းအဓိပ္ပါယ်မရှိစွာဖြတ်သန်းနေတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့ တစ်နေ့ သူအသတ်ခံရပြီး မေ့မျောနေချိန်မှာတော့ သူရဲ့ ဘဝကိုတန်ဖိုးထားရကောင်းမှန်းသိပြီး အသက်ရှင်ချင်လာပါတော့တယ်အဲ့ဒီနောက်မှာ ဟေးဂျောင်အနေနဲ့ သူ အသတ်မခံရဖို့အတွက်အရင်ရက်တွေကို ပြန်သွားပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်းစားဖွယ်ကြည့်ရှုရမှာပါ Quality : WEB-DL 720pFormat : mp4Filesize : 970 MBDuing : 1h 30minGenres : Drama , FantasySubtitle : Myanmar Subtitle ( Hardsub )Translator ...
movie
Ghost Walk ( 2019 )
6.5
My Boss, My Hero(2001)
ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါသူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြို့ရဲ့ အချက်အချာအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကိုအရေးပါတဲ့နေရာတစ်ခုကို အုပ်ချုပ်ဖို့ တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို့ ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို့ လုပ်ရပါတော့တယ် သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါဒီကားအဆက် My Boss,My Teacher (2006) ကို https://channelmyanmar.to/?s=my+boss+my+teacher ဒီမှာကြည့်ပါ။ Translated by : Aung Tay ZaEncoded by: YKFile Size ...
movie
My Boss, My Hero(2001)
2001
Marvel Cinematic Universe Collection
The Incredible Hulk (2008)Iron Man (2008)Captain America: The First Avenger (2011)Iron Man 2 (2010)Iron Man 2 (2010) Thor (2011)The Avengers (2012)Thor: The Dark World (2013)Iron Man 3 (2013) Captain America: The Winter Soldier (2014)Guardians of the Galaxy (2014)Avengers: Age of Ultron (2015)Ant-Man (2015)Captain America: Civil War (2016)Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017)Thor: Ragnarok (2017)Spider-Man: Homecoming (2017)Ant-Man and the Wasp ...
movie
Marvel Cinematic Universe Collection
6.8
Fear Street Part Two: 1978 (2021)
Fear Street Part Two: 1978 (2021)=========================IMDb Rating - 6.8/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်းနှစ်ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီးအခုအပိုင်းနှစ်မှာတော့ ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာပါအများကြီးပြောပြနေရင် spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဲကြည့်ရှူခံစားကြည့်လိုက်ပါလို့(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။)Quality – 1080p, 720p WebRipDuration - 1h 47minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, MysterySource : 1080p.WebRipTranslator ...
movie
Fear Street Part Two: 1978 (2021)
2021
8.2
Vellai Yaanai (2021)
Vellai Yaanai (2021)DramaIMDb 8.5/10အသစ်ထွက်ရှိထားတဲ့ အိန္ဒိယတမီလ်ဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ပါတယ်ဒီဇာတ်ကားလေးကတော့ လယ်သမားတွေရဲ့ဘဝကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ချာတူရ်ဗက်ဒီမန်ဂလမ် ဆိုတဲ့ တမီလ်ရွာလေးဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးတော့ ရွာတွင်းမှာပဲကုန်စည်တွေဖလှယ်ပြီး စည်ကားကြွယ်ဝနေတဲ့နေရာလေးတစ်ခုပေါ့ဒီလိုသာယာနေတဲ့ရွာလေးကို တစ်နေ့မှာတော့ ဘဏ်လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးချေးငွေတွေယူဖို့ လာတိုက်တွန်းပါတော့တယ် မာရူတူး ဆိုတဲ့ ရွာသားကတော့ မယူဖို့တိုက်တွန်းပေမယ့် သူ့သူငယ်ချင်း ဗက်လား ကတော့ ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကံဆိုးမိုးမှောင်ကျတဲ့ရွာသားတွေအတွက်တော့ လယ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ကြပေမယ့်လည်း မိုးခေါင်ရေရှားမှုကြောင့် ဒုက္ခတွေ့ကြပါတော့တယ် သူတို့တွေဘဏ်ချေးငွေတွေကိုရောပြန်ဆပ်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ကြမလဲ မြေနိမ့်ရာလှံစိုက်ဆိုသလိုပဲ ဒီလယ်သမားတွေရော လောကဓံရဲ့ဒဏ်ကို ရင်ဆိုင်သွားနိုင်ကြမလား စတာတွေကို ကရုဏာရသမြောက်စွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Translated by : May Zin Oo & IdaReviewed by : May Zin OoEncoded by : YKQuality : 1080p WEB Dl DDP5.1File Size : 1.96GBDuration : 2h 7min
movie
Vellai Yaanai (2021)
2021
6.5
[18+]Watching Private Sex Lesson (2020)
Watching Private Sex Lesson (2020)အခုတခါ ဂေါင်းကြီးတို့ မျှော်လင့်နေကြမယ်ထင်လို့ ကိုရီးယား ဖောင်းဒိုင်း 18+လေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းထဲကမင်းသားတွေကိုတော့ တချို့လည်းသိကြမယ့်သူတွေ ရှိမယ် ထင်ပါတယ် ပါလေရာကျော်ကြီးရဲ့ တွဲဖော်တွဲဖက်ကောင်းတွေပါပဲ မင်းသားတွေကလည်း ရုတ်တရက်ကြည့်ရင် နာမည်ကြီးမင်းသားအချို့နဲ့ဆင်ပါတယ် မင်းသားအကြီးတစ်ယောက် အငယ်တစ်ယောက်ပါဝင်ထားပါတယ် မင်းသားတွေအကြောင်းထားပြီး အဓိက မင်းသမီးနှစ်ယောက်အကြောင်းပြောရရင် ဆရာမနဲ့တပည့်နေရာမှာ မီဂျွန်းဆိုတဲ့မင်းသမီးကြီးနဲ့ ချယ်ယောင်းဆိုတဲ့အငယ်လေးကအဓိကသရုပ်ဆောင်ထားပါတယ် ဆရာမက ကိုယ်လုံးကိုယ်ပေါက် ကျစ်ကျစ်နဲ့ မမအရွယ်ပါ တပည့်မလေးကတော့ ဂေါင်းကြီးတို့အကြိုက် ပေါက်စီကြီးကြီး နဲ့ ဖြူဖြူဖွေးဖွေး ရေဆေးငါးလေးပါ ဇာတ်လမ်းသဘောကတော့ တပည့်မလေးက သူမကိုကျူရှင်သင်ပေးနေတဲ့ ဆရာမတစ်ယောက်အထီးကျန်နေတာကို မကြည့်ရက်လို့ ကောင်ဆိုးလေးတွေနဲ့ မိတ်ဆက်ပေးပြီးရှယ်ဖောင်းဒိုင်းကြတဲ့ ပလန်ပဲဖြစ်ပါတယ် ဘယ်လိုတွေ ပါတနာတွေလဲလှယ် ဖောင်းဒိုင်းမယ် ဘယ်လိုတွေတောင်သင်ခန်းစာတွေပြမယ်ဆိုတာတော့ ကိုယ်တိုင်ပဲ နည်းနာယူလေ့လာစေချင်ပါတယ် Translated by FOXEnocded by SenpaiQuality : 720p HDRIPFile Size :914MBDuration ...
movie
[18+]Watching Private Sex Lesson (2020)
2020
5
Song Song(2021)
Glitch 2020 Netflix မြန်မာစာတန်းထိုးဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့အနေအထားတစ်ခုနဲ့ သူ့ကိုအိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေ၊အခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ်ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ?ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ ...
movie
Song Song(2021)
2021
6.3
Cold Case (2021)
Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie
Cold Case (2021)
2021
Despicable Me 1 +2
ဒီနေ့ ဘာဇာတ်ကားအသစ်ထွက်လဲ လျောက်မွေရင်းနဲ့ Despicable Me 2 အဆက်ဖြစ်တဲ့ Minion Short Film ၃ကား တွေ့လို့ ဆွဲကြည့်တာ တော်တော်လေးကို ကောင်းပါတယ်။ ရယ်လဲ ရယ်ရတာမို့ CMက အမျိုးတွေလဲ ကြိုက်ကြမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ၂၀၁၅တောင်မှ ဒီနေ့မှ ထွက်တာမို့ စာတန်းထိုးဖိုင်တော့ မရသေးပါ။ ကျွန်တော်အတွက်ကတော့ ဘာစာတန်းထိုးမှ မပါလဲ Minionsတွေရဲ့ ချစ်စရာကောင်းပုံနဲ့တင်ကို ကြည့်ရတာ တန်လွန်းပါတယ်။ Minions (2015) အကြည်မထွက်သေးခင်တော့ ဒါလေးနဲ့ အပန်းဖြေထားလိုက်ကြပါဦး။File Size: 90 MB Quality : Web Rip 720P Format : Mkv Running Time: 13 minute Genre : Short Animation Encoder: Joker.phs
movie
Despicable Me 1 +2
HEVC 1080p 5.1
5.1
Siberia (2019)
Siberia 2019ဒီရုပ်ရှင်ကတော့ ဝီလမ်ဒဖိုးတစ်ယောက် အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါပဲ။ အမျိုးအစားကတော့ survival နဲ့psychological ပေါင်းထားတာပါပဲ။ ကလင့်ထ်ဆိုတဲ့လူတစ်ယောက်ဟာ လူ့လောကထဲမှာနေကြည့်ပြီးခဲ့ပြီးအဆင်မပြေမှုတွေ များလွန်းလို့ ကမ္ဘာ့အစွန်း့ နှင်းတောကြီးထဲမှာ တစ်ယောက်တည်း လာနေနေတဲ့သူတစ်ယောက်ပေါ့။တစ်ယောက်တည်းလာနေနေသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ရှာဖွေနေတယ်၊ အတိတ်ကအဖြစ်တွေကို စဉ်းစားနေတယ်၊ တစ်ယောက်တည်း စိတ်ကူးယဉ်တယ်၊ အိပ်မက်မက်တယ်၊ အရှိတရားနဲ့ မရှိတရားကိုရောနှောတယ်။ လူတစ်ယောက် လူသူမနီးတဲ့နေရာမှာ ဘာတွေတွေးတတ်လဲဆိုတာ ရိုက်ပြတာပါပဲ။ ဒါရိုက်တာရဲ့အဆိုအရတော့ အိပ်မက်တွေကို ရုပ်ရှင်ရုပ်ပြလို့ဖြစ်နိုင်လားဆိုတဲ့ စကားကို အဖြေပေးလိုက်တာပေါ့။ဇာတ်ကြောင်းကို ပြောပုံကလည်း A B C D မဟုတ်ဘူး D B A C လို ဖြစ်နေတာမို့ အလကားနေရင်းhigh သွားချင်တဲ့သူတွေကြည့်ဖို့တော့ အသင့်တော်ဆုံးပါပဲ။တချို့ဇာတ်ဝင်ခန်းတွေမှာ အသက်၁၈နှစ်နဲ့အောက် မကြည့်ရှုသင့်ပါ Translated by ...
movie
Siberia (2019)
2019
7.2
Rang De (2021)
Rang De 2021အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။ ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့ အရမ်းချစ်ရတဲ့အခါ ရှိတယ်။ ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း တနေကုန်ငိုနေရတဲ့အခါ ရှိသလိုနီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း ကြုံဖူးမှာပါ။နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊ နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို မခက်ပေဘူးလား။ ---------------တေလဂူးတို့က အချစ်ကားလေးတွေမှာ တော်တော်လေး ကြည့်ကောင်းနေတာ အားလုံး အသိပါပဲ။ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့ ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့ အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။Nithiinဖြစ်တဲ့ အာဂျွန်ကတော့ ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့ အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။ မရင် အာဂျွန် အဖေ့ကို တိုင်မယ်။ အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့ အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့ သတ်မှတ်ထားတယ်။ အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့ အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့ အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့....----------------------ကဲဒီလောက်ဆို အားလုံးလည်း ...
movie
Rang De (2021)
2021
5
Awake 2021
နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
Awake 2021
First
12
13
14
15
16
Last
Previous
Next