Channel Myanmar

Uncategorized

Shepherd (2021)
Shepherd (2021) Shepherd (2021) ============ Horror/Drama / Mysteryမိဘထက် ဇနီးသည်ကို ပိုချစ်ခဲ့တဲ့ ခင်ပွန်းကောင်းလေး အဲရစ်၊ တခြားကောင်နဲ့ ဖောက်ပြန် ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို လောလော လတ်လတ်မြေမြုပ်ခဲ့တဲ့ အဲရစ်၊ ခြေရာဖျောက်ဖို့ ကြိုးစားရင်း လှေမောင်း သမားအမျိုးသမီးတစ်ယောက်နဲ့ ချိတ်ဆက်ပေးမှုကြောင့် လူသူမရှိတဲ့ စကော့တလန်ကျွန်းတစ်ခုမှာ သိုးထိန်းလာလုပ်နေတဲ့ မစ္စတာဘလက် (အဲရစ်)။ တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာ ပိုပြီးစဉ်းစားမိ ပိုပြီးတွေးမိတတ်ကြသလို သိုးထိန်းကြီးမစ္စတာအဲရစ်ဘလက်ဟာလည်း အထီးကျန်ကျွန်းမှာ ဘက်စ်တာဆိုတဲ့ ခွေးလေးနဲ့ အလုပ်တွေလုပ်နေရင်း ဇနီးသည်ရဲ့ အဖြစ်အပျက်အကြောင်းကို ပိုပြီး စဉ်းစားမိနေခဲ့တယ်။ဒါပေမယ့် ဒီလိုအတွေးတွေကနေ တွေးမိရုံကနေ အဆင့်တက်ပြီး ပုံမှန်မဟုတ်တဲ့ အမြင်အာရုံ အကြားအာရုံတွေဖြစ်ပေါ်လာရာက ထင်ယောင်မှားမှုတွေ လွှမ်းမိုး သွားတဲ့အခါ . မစ္စတာအဲရစ်ဘလက်တစ်ယောက် သူ့ရဲ့ ရူးနှမ်းသလိုဖြစ်မှုတွေကို ဘယ်လိုထိန်းချုပ်သွားမလဲ။ လက်ခံထားတဲ့အရာနဲ့ အမှန်တရားက ထပ်တူကျရဲ့လား။ ဘယ်ဟာကို အမှန်တရားလို့ လက်ခံပြီး ရွေးချယ်လိုက်မလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမှာပါ။ ဒီကားမှာ မစ္စတာအဲရစ်ဘလက်ရဲ့ အသံတိတ်အော်ဟစ်မှုတွေကြောင့် ကြည့်နေတဲ့သူပါ မွန်းကြပ်လာလောက်အောင်ထိလည်း ဇာတ်လမ်းကဆွဲဆောင်နိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်)File Size - (1.34 GB) / ...
movie

Shepherd (2021)

Changing Lanes (2002) 6.5
Changing Lanes (2002) Changing Lanes (2002) ================= IMDb Rating - 6.5/10Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်‌ကားဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ‌ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes ...
movie

Changing Lanes (2002)

Days of the Bagnold Summer (2019) 6.5
Days of the Bagnold Summer (2019) Days of the Bagnold Summer (2019)==========================IMDb Rating - 6.5/10အခုအချိန် ကျွန်တော်တို့ လူငယ်တွေနဲ့ အိမ်က လူကြီးတွေကြားမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို  ပြပေးနေတဲ့ ဇာတ်ကားတစ်ကားကို မီးမောင်းထိုးပြပါ ဆို ဒီကားကို ညွှန်ရမှာပါပဲ။Broken family က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက် နွေရာသီမှာ အဖေရှိရာ လိုက်သွားဖို့ စီစဉ်ထားပေမယ့် အစီအစဉ်တွေပျက်သွားခဲ့တယ်။ အတူနေရတဲ့ အမေကလည်း ကိုယ်သိပ်ကြိုက်တဲ့ heavy metal သီချင်းတွေကို အလကား နားဆူတဲ့ဟာတွေ ဆိုပြီး တော်ကီတွေပွားတယ်။ ဒီအချိန်မှာ ရွယ်တူသူငယ်ချင်းနှစ်ယောက် ဆီကလည်း သူတို့ရည်းစားတွေအကြောင်း လာကြွားတာခံရတယ်။ ဒါ့အပြင် အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူက ကိုယ့်ကျောင်းက ဆရာ လာဖြစ်နေတဲ့ အခါ၊ အလုပ်တွေလိုက်လျှောက်ပေမယ့် ဘယ်အလုပ်ကမှ လက်မခံတဲ့အခါ။ဒါတွေကို ဒန်နီရယ် ဘက်နိုးလ်တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ၊ သူကတကယ်ပဲ အများထင်သလို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်နေပြီလား အမေဖြစ်သူ ဆူး ကရော သားဖြစ်သူအတွက် ဘယ်ချိန်ထိ နားလည်မှုပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ကျွန်တော်တို့ရဲ့ ...
movie

Days of the Bagnold Summer (2019)

The Souvenir: Part II (2021) 7.3
The Souvenir: Part II (2021) The Souvenir: Part II (2022) =============================2019 ခုနှစ်က ထွက်ရှိထားတဲ့ Souvenir ဇာတ်ကားရဲ့အဆက် Souvenir Part II (2021) ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 92%၊ IMDb 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ရုပ်ရှင်ချစ်သူများအနေနဲ့ အချိန်ပေးကြည့်ရှု့ပါက အချိန်ကုန်ရကျိုး နပ်စေမှာပါ။ ဒီတစ်ကားကို ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါ‌ပေမဲ့ ဇာတ်ကောင်တွေကို ပိုပြီး ရင်းနှီးချင်တယ်ဆိုရင်တော့ Souvenir (2019) ကို အရင်ကြည့်ဖို့အတွက် Recommend ပေးလိုပါတယ်။Part 1 >>> Click Hereဂျူလီဟာ သူ့ချစ်သူ အန်တိုနီ ဆေးလွန်ပြီး သေဆုံးမှုအတွက် ဝမ်းနည်း ပက်လက်ဖြစ်နေတုန်းပါပဲ။ ဂျူလီမှာ သူ့မိဘဖြစ်သူ အိမ်မှာ ဆက်လက် နေနိုင်နေခဲ့ပါတယ်။ သို့သော် ဂျူလီဟာ အန်တိုနီ တစ်ယောက် မသေဆုံးခင် နောက်ဆုံးအချိန်တွေမှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ ခံစားခဲ့ရလဲဆိုတာကို အန်တိုနီရဲ့ မိဘဖြစ်သူတွေ၊ မိတ်ဆွေတွေထံ လိုက်လံပြီး စုံစမ်းနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘွဲ့ယူဖို့အတွက် ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်နေရပါသေးတယ်။ ဂျူလီဟာ ...
movie

The Souvenir: Part II (2021)

Senior Year (2022)
Senior Year (2022) 293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie

Senior Year (2022)

Along for the Ride (2022) 6.0
Along for the Ride (2022) Along for the ride (2022)==================IMDb Rating - 6.0/10Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ Family, Drama, Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ ကောင်မလေးနဲ့ ရည်မှန်းချက်တွေ ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား တာပါ.......အာဒန်ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။ ကိုဘီမြို့က သူ့မိထွေး ဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့ ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်..... အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊ အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့် ပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.56 GB) / (760 MB) / (760 MB) Quality – Web-Rip 1080p/ 720p / ...
movie

Along for the Ride (2022)

Knocked Up (2007) 6.9
Knocked Up (2007) Knocked Up (2007) IMDb 6.9 Rotten Tomatoes 89%Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ...မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ.....အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ...
movie

Knocked Up (2007)

Take Care of My Mom (2022) 5
Take Care of My Mom (2022) Take care of my Mom (2022)"မိသားစုလိုမျိုး သူစိမ်း ၊ သူစိမ်းလိုဖြစ်နေတဲ့ မိသားစု"ဆိုတာမျိုး မြင်ဖူကြားဖူးကြုံဖူးပါသလား? အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ ရွေးချယ်မှုက ဘာများဖြစ်မလဲ ။ အဘွားဂျောင်မာအင်ကတော့ ဒယ်ဂူမှာနေထိုင်တဲ့ အသက် ၈၅ နှစ်အရွယ် အဘွားတစ်ဦးပါ။ အကြာကြီးနေမှ ဒယ်ဂူကို ပြန်လာမယ်ဆိုတဲ့ သားဖြစ်သူရဲ့စကားကြောင့် ဟိုဟိုဒီဒီပြင်ဆင်နေရင်းကနေ မတော်တဆ လက်ကျိုးသွားခဲ့တဲ့အခါ ကိုယ့်ကြောင့် သားဖြစ်သူကို ဒုက္ခမဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ သားဖြစ်သူရဲ့တာဝန်ဝတ္တရားတို့အတိုင်း မိခင်ဖြစ်သူအတွက် အစစအရာအရာ အဆင်ပြေအောင် လုပ်ပေးဖို့ကြိုးစားပေမယ့်လည်း အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ စိတ်ကို သားဖြစ်သူကရော ဘယ်လိုနားလည်အောင် ကြိုးစားမလဲ? သူကြိုးစားခဲ့သမျှကရော မိခင်ဖြစ်သူအတွက် အကောင်းဆုံးတွေကိုပဲ ဖြစ်စေမှာလား ဒါမှမဟုတ် အဆင်မပြေမှုတွေပဲ ဖြစ်လာမှာလား? မိဘဘက်က ခံစားရတဲ့စိတ်ခံစားချက်တွေနဲ့ သားသမီးဘက်ကမြင်တဲ့ အမြင်တွေကို နှစ်ဖက်မျှပြီး ရိုက်ကူးပုံဖော်ထားတာမို့ မိသားစုရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် တကယ်ကို ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားတစ်ကားဖြစ်မယ့်အပြင် လက်တွေ့ဘဝက သက်ကြီးရွယ်အိုမိဘတွေရဲ့ ခံစားချက်တွေ ၊ မိဘတွေအတွက် တတ်နိုင်သလောက်လုပ်ပေးချင်မိတဲ့ သားသမီးတို့ရဲ့ ...
movie

Take Care of My Mom (2022)

2022
Hostile Territory (2022)
Hostile Territory (2022)      အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲကြီးပြီးသွားတဲ့အချိန်က မိဘမဲ့တွေဖြစ်သွားခဲ့ရတဲ့ ကလေးတွေကိုဇာတ်အိမ်တည်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာဘယ်လောက်ဆိုးရွားလဲဆိုတာနဲ့ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်လောက်ကြီးမားလဲဆိုတာကိုသေသေချာချာရိုက်ပြသွားတဲ့ကားကောင်းလေးတစ်ကားပါပဲ ဂျက်ဆိုတဲ့သူဟာ သူ့သားနဲ့အတူ ပြည်တွင်းစစ်ကြီးအတွက်စစ်တိုက်ထွက်သွားတဲ့ အချိန်မှာတောကလေး၃ယောက်နဲ့ မိန်းမကကျန်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ စစ်ပွဲမှာ ဂျက်က ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတော့သေပြီဆိုပြီး သူ့မိန်းမကလည်းဝမ်းနည်းကြေကွဲရာကနေတီဘီရောဂါနဲ့ဆုံးပြန်ပါရော အဲဒီအချိန်မှာ စစ်ပွဲကြောင့် မိဘမဲ့ဖြစ်ရတဲ့ကလေးအတွက် စီစဉ်ပေးထားတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဂျက်ရဲ့ကလေးတွေပါသွားရင်း ဇာတ်လမ်းလေက စတာပါပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ကြည့်နူးမှု ဝမ်းနည်းမှုတွေနဲ့အတူ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေကို တဝကြီးခံစားရင်း ကြည့်ရှုခံစားလိုက်ပါဦး File size…(1.6GB)/(866.22MB)/(601.62MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:33:00 Genre...Drama /History/Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield 
movie

Hostile Territory (2022)

The Devil You Know (2022)
The Devil You Know (2022)   The Devil you know Marcus ဟာသူ့ဘ၀တစ်ခုလုံးဆိုးပေတေနေခဲ့ပေမယ့် ထောင်ကထွက်ပြီးမှာတော့ အရက်ဖြတ်ဆေးဖြတ်ပြီး ဘ၀သစ်စဖို့အဆင်သင့်ဖြစ်နေပါတယ်။မိသားစုအကူအညီနဲ့အလုပ်အသစ်လည်းရပြီး နားလည်ပေးတတ်တဲ့ ချစ်သူလည်းရှိနေပါတယ်။ တစ်ချိန်တည်းမှာအမြဲလိမ္မာခဲ့တဲ့သူ့ညီက‌တော့အလုပ်ပြုတ်ပြီး လူဆိုးတွေနဲ့ပေါင်းသင်းနေလို့Marcus တို့ကစိတ်ပူနေရပါတယ်။တရက်မှာတော့ ဆိုးဝါးရက်စက်လှတဲ့ လူသတ်ဓားပြတိုက်မှုမှာ သူ့ညီပတ်သတ်နေတယ်ဆိုတာ သိလိုက်ရပြီး Marcus တစ်ယောက်မှန်ကန်တာကိုလုပ်ဖို့နဲ့သူ့ညီကိုကာကွယ်ဖို့ကြား လွန်ဆွဲနေရပါ‌ တော့တယ်။ Lionsgate ကထုတ်လုပ်ပြီး Omar Epps,Micheal Ealy, William Catlet တို့လိုလူမည်းသရုပ်ဆောင်တွေပါ၀င်ထားတဲ့ရုပ်ရှင်ပါ။တရားမျှတမှုနဲ့ မိသားစုအပေါ်သစ္စာရှိမှုတို့ရဲ့အားပြိုင်မှုကို သရုပ်ဖော်ထားတာပါ။ File size…(2GB)/(932.32MB)/(599MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

The Devil You Know (2022)

Life and Death in the Warehouse (2022) 7.4
Life and Death in the Warehouse (2022) Life and death in the warehouse (2022)============================IMDb Rating - 7.4/10BBC ကနေ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဂိုဒေါင်မှာအလုပ်လုပ်ရတဲ့ အလုပ်သမားတွေရဲ့ ဘဝ တွေကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစ ဂိုဒေါင်မှာ အလုပ်လုပ်တဲ့ အယ်လ်လေ့စ်မော်ဂန်ဆိုတဲ့ အလုပ် သမားတစ်ယောက်က လုပ်ငန်းခွင်မှာ ကိုယ်ဝန်ပျက်ကျသွားခဲ့ပါတယ်။ သူဘာကြောင့် ကိုယ်ဝန်ပျက်ကျသွားတာလဲ၊ ကိုယ်ဝန်ရှိရက်နဲ့ ဘာကြောင့် အလုပ်လုပ်နေတာလဲဆိုတာ ဇာတ်လမ်းကြည့်ရင်း မြင်တွေ့ရမှာပါ။ နောက်ပြီးတော့ လက်တွေ့ဘဝနဲ့ ထပ်တူကျတဲ့ ဒီဇာတ်ကားထဲမှာ လုပ်ငန်းခွင်ရဲ့ သဘောသဘာဝ၊ အလုပ်သမားတွေရဲ့ ဘဝ၊ အလုပ်သမားတွေအပေါ် ဖိနှိပ်ချုပ် ချယ်မှုနဲ့ အလုပ်သမား အခွင့်အရေးဆုံးရှုံးမှုတွေကို တွေ့မြင်နိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (850 MB) / (461 MB) Quality – Web-DL 1080p / 720p Duration - 59mins Subtitle – Myanmar Hardsub Format ...
movie

Life and Death in the Warehouse (2022)

2022
The Black Square (2021) 6.0
The Black Square (2021) The Black Square (2021)==================IMDb Rating - 6.0/10ဇာတ်လမ်းအစက ပြတိုက်တစ်ခုမှာ ရုရှားပန်းချီဆရာ Kasimir Malevich ရဲ့ ပန်းချီကား အခိုးခံလိုက် ရပါတယ်။ သူခိုးတွေဖြစ်တဲ့ Vicent နဲ့ Nils တို့က သန်း ၆၀တန်တဲ့ ပန်းချီကားကို သင်္ဘောပေါ်မှာ ဖောက်သည်ဆီ လက်လွှဲပေးဖို့ ချိန်းဆိုထားကြတာပေါ့။အစမှာတင် သူတို့လူ ချာလီက ချိန်းထားတဲ့အချိန်ရောက်မလာတော့ သူတို့ အစီအစဥ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သင်္ဘောပေါ်ကို ရရာနည်းလမ်းနဲ့ တက်သွားပါတော့တယ်။ အဲ့ကနေစပြီး သူတို့နှစ်ယောက် သင်္ဘောပေါ် ဘယ်လို ရောက်အောင်သွားခဲ့တာလဲ သင်္ဘောပေါ်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ နောက်ပြီး ပန်းချီကားကို ဖောက်သည်ဆီ အဆင်ပြေပြေရော လက်လွှဲပေးနိုင်ပါ့ မလားဆိုတာ စောင့်ကြည့်ပေးပါဦး။ ဒီဇာတ်ကားကဂျာမန် Comedy, crime ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး အလွဲလွဲအချော်ချော်တွေနဲ့ ရယ်နေရမှာ အသေအချာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.05 GB) / (584 MB) Quality – Web-DL ...
movie

The Black Square (2021)

2021
Dasvi(2022) 8.5
Dasvi(2022) Dasvi(2022) အညွှန်း*****************IMDb...8.5မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လာပါပြီဗျား...ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဒါ ရမ် ချောင်ထရီဟာအတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီးအကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့မှာ ဗစ်လာ ဒေဗွီ ချောင်ထရီလို့ခေါ်တဲ့နုံ့နုံ့အအဇနီးတစ်ယောက်လည်းရှိပါသေးတယ်။လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဒါ ရမ် ချောင်ထရီတစ်ယောက်တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။ ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာသူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီးသူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင်သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့.....File Size :(1.0GB) and (325 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Seiji &Jumper Neysman Encoded by Phyo Pyae   
movie

Dasvi(2022)

My Wonderful Life (2021) 5.8
My Wonderful Life (2021) My Wonderful Life (2021) ===================IMDb Rating - 5.8/10အိမ်​ထောင်​ရေးနဲ့ မိသားစုတာဝန်​တွေကြား နစ်မွန်း​နေတဲ့မိန်းမတစ်​ယောက် စိတ်ထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိ​နေတဲ့ အိမ်​ထောင်သည်အမျိုးသမီးတစ်ဦးပါ။- အယ်ဇိုင်းမား​ရောဂါခံစား​နေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလို​နေတဲ့​ယောကျ်ား - အိမ်​ထောင်သည်ဖြစ်​နေ​ပေမယ့် အစွမ်းအစမရှိတာ​ကြောင့် အရာရာ​ထောက်ပံ့​​နေရတဲ့သားကြီးနဲ့ ​- အကူအညီမရတဲ့သားငယ်တို့​ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာ​တွေနဲ့ပြည့်နှက်လို့​နေပါတယ်။ဒီလိုဘဝထဲက ​ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုး​ဖောက်မိချိန် မှာ​​တော့ ထိုအပြစ်​တွေက ဂျိုအန်နာရဲ့​နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်း​​​​ခြောက်လို့​ နေပါ​တော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်​တွေက ဘာ​တွေဖြစ်မလဲ သူ့​နောက်ကို လိုက်​နေတဲ့ ခြိမ်း​​ခြောက်စာရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိမလဲ။ သူ့ရဲ့က​မောက်ကမ ဖြစ်​နေတဲ့ဘဝက​ရော ဘယ်လို​တွေဆက်ဖြစ်မှာလဲ ဆိုတာကို​တော့ ဒီဇာတ်လမ်း​လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h ...
movie

My Wonderful Life (2021)

2021
Taste (2021) 5.6
Taste (2021) Taste (2021) ~ Rotten Tomatoes - 86%, IMDb - 5.6/10 ~ Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။ "စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ"လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ...
movie

Taste (2021)

2021
Kingmaker (2022) 7.1
Kingmaker (2022) Kingmaker (2022)IMDb -7.1/10(သမိုင်းအကျဉ်း)တောင်ကိုရီးယားရဲ့ အာဏာရှင်စနစ်အဆုံးသတ်ချိန် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးကားတစ်ကားကို တင်ဆက်ပေးပါရစေတောင်မြောက်နှစ်နိုင်ငံ ကွဲသွားပြီးတဲ့နောက် ကိုရီးယားရဲ့ ပထမဆုံးသမ္မတ Syngman Rhee ကိုရွေးကောက်ခဲ့ပါတယ် (သူ့လက်ထက်မှာပဲ တောင်မြောက်စစ်ဖြစ်ပွားခဲ့တာပါ) အဲနောက်မှာ သမ္မတရဲ့ လုံခြုံရေးဥပဒေပြင်ဆင်မှုကို လူတွေဒေါသထွက်ခဲ့ပေမဲ့ မဲမသမာမှုလုပ်ပြီး အနိုင်ရသွားပါတယ် အဲဒါကိုမကျေနပ်တဲ့ ကျောင်းသားထုဟာ "ဧပြီတော်လှန်ရေး" ဆိုပြီး စတင်ခဲ့ပါတယ်ဧပြီတော်လှန်ရေးပြီးတဲ့နောက်မှာတော့ သမ္မတ Syngman Rhee ဟာနှုတ်ထွက်လိုက်ရပြီး အထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီဟာ အစိုးရဝန်ကြီးအဖြစ်ဆောင်ရွက်ပါတယ်ဒါပေမဲ့ ပါတီအတွင်း ပဋိပက္ခတွေဖြစ်ပြီးတော့ နောက်ဆုံး ၁၉၆၁ မေလ ၁၆ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပါတယ်အဲလိုနဲ့ ၁၉၆၂ ထိစစ်အုပ်ချုပ်ရေးနဲ့နေလာရင်း၁၉၆၃ ခုနှစ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာတယ်လိုဆိုရမှာပါ၁၉၆၃-၁၉၇၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘတ်ဂျောင်ဟီ(တတိယမြောက်သမ္မတ)ပါပဲအခုထိမိတ်ဆက်ပေးတာက သမိုင်းကြောင်းပါပဲ အခုမှတကယ့် အညွှန်းရောက်လာပါပြီနော်၁၉၇၁ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ...
movie

Kingmaker (2022)

2022
The ‘Burbs (1989) 6.8
The ‘Burbs (1989) ဒါကတော့အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ရဲ့လူသိပ်မသိကြတဲ့ဟာသကားလေးပါ။ ရေးပီတာဆင်ဟာ ဆင်ခြေဖုံးရပ်ကွက်လေးမှာနေသူဖြစ်ပြီး အလုပ်ကနေတပတ်အားလပ်ရက်ရထားပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ဘေးအိမ်က အိမ်နီးနားချင်းအသစ်တွေဆီက ညဘက်ကျရင်ထူးဆန်းတဲ့အသံတွေထွက်လာတတ်ပါတယ်။ အဲဒီအိမ်ကိုလူအသစ် ပြောင်းလာတာတစ်လရှိပေမယ့် သူတို့ကိုဘယ်သူမှသေချာမမြင်ဖူးပါဘူး။ သူတို့အပြုအမူတွေကလည်း ထူးဆန်းတာကြောင့် ရေးနဲ့နောက်မိတ်ဆွေနှစ်ယောက်တို့က တဖြည်းဖြည်း မသင်္ကာဖြစ်လာပါတယ်။နောက်ဆုံးတော့ ရေးတို့တသိုက် အဲဒီအိမ်ကိုအတင်းစုံစမ်းဖို့ကြိုးစားရင်းရယ်စရာတလွဲတွေဖြစ်လာပုံကို ပြသထားပါတယ်။ Star Warsမင်းသမီး Carrie Fisher နဲ့Bruce Dern,Henry Gibson တို့လည်းပါ၀င်ထားပြီး ဒါရိုက်တာကတော့ JoeDanteဖြစ်ပါတယ်။ Tom Hanksနဲ့အတူရယ်မောရင်းအပန်းဖြေလိုက်ကြပါဦး File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The ‘Burbs (1989)

Winter on Fire: Ukraine’s Fight for Freedom 8.4
Winter on Fire: Ukraine’s Fight for Freedom Winter on Fire (2015)ယူကရိန်းနိုင်ငံဟာ အရှေ့နဲ့ အနောက် နိုင်ငံတွေကြားထဲမှာ တည်ရှိပါတယ်။ အစက ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါပေမယ့် ၁၉၉၁ မှာ ယူကရိန်းဟာ ဆူဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့တယ်။ဒါပေမယ့် ၂၃ နှစ်လုံး ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စီးပွားရေး ချွတ်ခြုံကျနေတဲ့ နိုင်ငံလို့ပဲ ပြောရမှာပါပဲ။၂၀၀၄ မှာ ရုရှားဘက်ယိမ်းတဲ့ အမတ်လောင်း ဗစ်တာ ယာနူကိုဗစ်ချ်ဟာ သမ္မတအဖြစ် မဲအနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မသမာကြောင်း ပေါ်ပေါက်ပြီး ပြည်သူတွေ ဆန္ဒပြခဲ့တာကြောင့် နောက်ဆုတ်လိုက်ရပါတယ်။၂၀၁၁ မှာတော့ ရာနူကိုဗစ်ချ်ဟာ ယူကရိန်းကို EU အဖွဲ့ဝင်မယ်ဆိုတဲ့ ကတိနဲ့အတူ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက်မှာ ကတိဖျက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။ EU သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့တာကြောင့် ကျောင်းသားတွေက စပြီး သူတို့အနာဂတ်အတွက် မိန်ဒန်လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒပြရာကစပြီး တစ်နိုင်ငံလုံးပါဝင်လာတဲ့ သပိတ်ကြီးပေါ်ပေါက်လာခဲ့ပါတယ်။ဒါကို သမ္မတက ရဲတွေ ဆန္ဒပြနှိမ်နင်းရေးအထူးရဲတွေ ကြေးစားလူမိုက်တွေနဲ့ ဖြိုခွင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဆောင်းတွင်းကာလကြီးမှာ မီးဟုန်းဟုန်းတောက်ခဲ့ရပါတော့တယ်။အစိုးရကိုဖြုတ်ချတဲ့ တော်လှန်ရေးဆိုတာ ...
movie

Winter on Fire: Ukraine’s Fight for Freedom

Mudhal Nee Mudivum Nee (2022) 8.4
Mudhal Nee Mudivum Nee (2022) Mudhal Nee Mudivum Nee (2022)90s kids တို့ရဲ့ ငယ်ဘဝကျောင်းသားဘဝလေးကို လွမ်းတသသ ပြန်လည် သတိရသွားမယ့် ဘောလိဝုဒ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးနာမည်က Mudhal Nee Mudivum Nee "မင်းနဲ့ပဲစပြီး မင်းနဲ့ပဲအဆုံးသတ်မယ်" ဆိုတဲ့ အဓိပ္ပာယ်လေးပါဒီဇာတ်လမ်းလေးဟာ 90s kids တို့ရဲ့ကျောင်းသားဘဝကို ရသစုံစုံလင် အချစ် ဟာသ တစ်ယောက်နဲ့တစ်ယောက် ဗိုလ်ကျအနိုင်ကျင့်တာတွေ ကျောင်းသားဘဝရဲ့ ပျော်စရာ ဝမ်းနည်းစရာ စိတ်လှုပ်ရှားစရာ ရသအစုံအလင်ကို ပထမပိုင်းလေးမှာ ပေါ့ပေါ့ပါးပါးတင်ဆက်ပေးထားတာဖြစ်ပါတယ်- ဂီတကို ရူးသွပ်တဲ့ ဗီနော့ - ဗီနော့ရဲ့ သူငယ်ချင်း အစားပုတ်လေး ဆု - တရုတ်ကြီး ဆိုတဲ့ ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်း - ကျောင်းရဲ့ ရာဇဝင်လူဆိုးဗိုလ် ရစ်ချက် - ဗီနော့ရဲ့ ချစ်သူလေး ရေခါ - တစ်ကျောင်းလုံးရဲ့ မာနခဲ ကက်သရင်း တို့အပြင်သူငယ်ချင်းတွေအားလုံး ကျောင်းပြီးလို့ ...
movie

Mudhal Nee Mudivum Nee (2022)

2022
The Ballad of Jack and Rose (2005) 6.6
The Ballad of Jack and Rose (2005) The Ballad of Jack and Rose (2005)=========================IMDb Rating - 6.6/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့် ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle) ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။ ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan McDonald) နဲ့ Thaddius (Paul Dano) ...
movie

The Ballad of Jack and Rose (2005)

2005