Channel Myanmar

Uncategorized

Violent Night (2022)
Violent Night (2022) Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး ...
movie

Violent Night (2022)

Naruto Shippuden the Movie: The Will of Fire(2009) 7.0
Naruto Shippuden the Movie: The Will of Fire(2009) Naruto shippuden movie 3 : Will of fire ===============================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်ကနာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece,bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းကကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up,this is my way of ninja, Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီးshippudenလူငယ်ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာတတိယကားဖြစ်ပြီးIMDb 7/10 My anime list 7.3/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့တိုင်းပြည်​ပေါင်းစုံက Kekkei Genkaiရှိတဲ့နင်ဂျာ​တွေဟာ ရုတ်တရက်​ပျောက်ဆုံးကုန်ကြပါတယ်။ဒါ​ပေမဲ့ Land of fireက နင်ဂျာ​တွေပဲဘာမှမဖြစ်တာမလို့konohaနင်ဂျာ​တွေကိုသံသယရှိလာကြတဲ့အပြင်Tsunade, orochimaru, jiraiyaတိူ့ရဲ့သူငယ်ချင်းဖြစ်သူHirukoဆိူတဲ့ရွာကထွက်သွားခဲ့တဲ့နင်ဂျာဟာခြိမ်း​ခြောက်မှုကြီးရဲ့တရားခံဆိုတာသိလာရတဲ့နောက်မှာ​တော့ တစ်ကမ္ဘာလုံးက Land of fireကိုရန်ပြုလာနိုင်တဲ့အ​ခြေအ​နေပါ​ရောက်လာပါ​တော့တယ်။ဒီအ​ခြေအ​နေကို ဘယ်လို​ကျော်ဖြတ်မလဲ။အဖြစ်မှန်ကိုအားလုံးသိ​အောင်လုပ်နိုင်ပါ့မလားဆိုတာကိုဒီရုပ်ရှင်မှာ ​သေချာ​ဖော်ညွှန်းသွားမှာပါ။ File size…1.7GB / 598MB Quality…1080p  / 720p Format…mp4 Duration….1h 35m Genre ..... Animation , Action ...
movie

Naruto Shippuden the Movie: The Will of Fire(2009)

Possessed(2000) 5.2
Possessed(2000) Possessed(2000)================ဖာသာ ဘိုဒန် ဟာဒုတိယကမ္ဘာစစ် စစ်ပြန်တယောက်တဖြစ်လဲ ခရစ်ယာန်ဘုန်းတော်ကြီး။ စစ်အတွင်းပြင်သစ်မှာသူ မကယ်တင်လိုက်နိုင်တဲ့လူငယ်လေးတယောက်ကြောင့်နေ့နေ့ညညအရက်စွဲပြီးPTSDရခဲ့တယ်။ လက်ရှိ‌ကက်သလစ်တက္ကသိုလ်ရဲ့ ဘုရားကျောင်းမှာတာ၀န်ထမ်းနေရင်ကြုံတွေ့လာရတာက ရော်ဘီဆိုတဲ့ကောင်လေးရဲ့အဖြစ်အပျက်။ဒီ 11 နှစ်သားလေးဟာ မိုးမွှန်အောင်ဆဲဆိုရိုင်းစိုင်းနေသလိုသူ့ဘေးနားမှာသဘာ၀လွန်အဖြစ်အပျက်တွေကလည်းတသီချည်းဖြစ်နေတယ်။ ဒါကဘာဖြစ်တာလဲ?သိပ္ပံနည်းနဲ့လည်းအဖြေရှာမရဘူး။ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ရောက်လာတဲ့ရော်ဘီ့မိသားစုကို ဘိုဒန်ကူညီနိင်ပါ့မလား၂၀ရာစုဒီခေတ်ကြီးမှာဒီလိုအဖြစ်အပျက်တွေကို ကက်သလစ်ကျောင်းတော်ကြီးကရောသူတို့ကိုယုံကြည်ပါ့မလား။ဘိုဒန်ရဲ့ယုံကြည်မှုဘုရားသခင်ရဲ့သူ့အ‌ပေါ်စမ်းသပ်မှုတွေကိုအောင်မြင်နိုင်ပါ့မလားဆိုတာကိုရှုစားပေးကြပါဦးခင်ဗျာ....... File size…1.68GB / 803MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 50m Genre ..... Horror , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Possessed(2000)

Days of Heaven (1978) 7.8
Days of Heaven (1978) Days of Heaven (1978) ================= IMDb Rating 7.8/10Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ ...
movie

Days of Heaven (1978)

Original Sin (2001) 6.0
Original Sin (2001) မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San ...
movie

Original Sin (2001)

Wild Is the Wind(2022) 5.5
Wild Is the Wind(2022) လူသတ်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ လူဖြူလူမည်းခွဲခြားဆက်ဆံခံရမှုတွေ မြင့်တက်နေတဲ့ တောင်အာဖရိကန်အသိုင်းအဝိုင်းမှာ လူမည်းဖြစ်တဲ့ ဗူစီနဲ့ လူဖြူ ဂျွန်တို့က ညီအစ်ကိုလို ရင်းနှီးကြတဲ့ ရဲအရာရှိတွေဖြစ်ကြပေမဲ့ သူတို့ဟာ ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး၊ရဲဝန်ထမ်းလစာနဲ့မလောက်ငှဘဲ စားဝတ်နေရေး မပြေလည်သူတွေပီပီ လာဘ်လာဘယူလေ့ရှိသလို တရားမဝင်တဲ့ကြအလုပ်‌တွေလည်း လုပ်လေ့ရှိပါတယ်။တစ်နေ့ သူတို့်မြို့ထဲမှာ ဝန်ကြီးရဲ့တူမဖြစ်သူ အသတ်ခံရမှုမှာ ဆု‌ကြေးငွေကြီးကြီးကလည်း ကပ်ပါလာတာကြောင့် လိုက်လံစုံစမ်းကြတဲ့အခါ ပိုပြီးပြင်းထန်တဲ့ ခွဲခြားမှုတွေကို ကြုံတွေ့လာရပါပြီ။ ဒီလိုနဲ့ ဒီအမှုရဲ့တရားခံကို ရှာတွေ့နိုင်မလား၊ သူတို့‌ကိုယ်ကျိုး‌တစ်ခုကောင်းစားရေးလမ်းမှားကနေ လမ်းမှန်ပေါ်ရောက်လာမလား ဆိုတာကို ကြည့်ရှုရမှာပါ။ File size…1.9GB / 874MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni
movie

Wild Is the Wind(2022)

2022
Wolf Creek 2 (2013) 6.1
Wolf Creek 2 (2013) Wolf Creek 2 =========ဒီကားဟာ ပထမကထွက်ရှိခဲ့တဲ့ Wolf Creek ရဲ့ ဒုတိယမြောက်ထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Wolf Creek ကြည့်ဖူးတဲ့သူတွေအတွက် ထွေထွေထူးထူး ပြောစရာမလိုပေမယ့်မကြည့်ဖူးသေးတဲ့သူတွေအတွက်ပြောရရင် ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသောလူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ ဩစတြေးလျနိုင်ငံ ဝုဗ်ခရိခ် ဒေသကိုအလည်လာခဲ့တဲ့ ဂျာမနီလူမျိုးစုံတွဲတစ်တွဲနဲ့ အင်္ဂလိပ်လူမျိုးယောက်ျားတစ်ယောက်က အဲဒီဒေသနားက ထူးဆန်းတဲ့လူတစ်ယောက်ဖမ်းဆီးတာကိုခံခဲ့ရတဲ့အတွက် သူတို့တွေ ဘယ်လိုမျိုးလွတ်မြောက်အောင်ကြိုးစားကြမလဲဆိုတာကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ပထမ Wolf Creek ဇာတ်ကားလိုပဲ သွေးထွက်သံယိုတွေ၊သတ်ဖြတ်တာတွေ ပါတာကြောင့် horror/thriller ကြိုက်တဲ့သူတွေအနေနဲ့ပထမကားရော အခုကားကိုပါကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size :    1.92GB  / 948MBQuality : BluRay 1080p 5.1CH , 720pRunning Time : 1hr 46minFormat : Mp4Genre : ...
movie

Wolf Creek 2 (2013)

Aisha (2022) 6.4
Aisha (2022)  အိုင်ရှာဟာ နိုင်ဂျီးရီးယားနိုင်ငံ ဘယ်နင်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ပညာရေးဆုံးခန်းမတိုင်သေးဘဲ ကောလပ်တက်နေဆဲဖြစ်သော်ငြားလည်း လူမှုရေးကိစ္စ အရှုပ်အရှင်းတွေကြား အသက်အန္တရာယ်ပါ စိုးရိမ်လာရတဲ့အတွက် အိုင်ရှာခမျာ တစ်ဖက်နိုင်ငံဖြစ်တဲ့ အိုင်ယာလန် နိုင်ငံထဲကို ခိုးဝင်ထွက်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့ အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေအရှုပ်အထွေးတွေ၊ လူဖြူတွေရဲ့ ဖိနှိပ်မှုတွေကြားက ဝမ်းစာကို ရအောင်ဖြည့်ရင်း အမေဖြစ်သူဆီ ရသလို ပြန်ထောက်ပံ့ကာ နိုင်ငံခိုလှုံခွင့်အောင်ဖို့နဲ့ အမေ့ကိုပါ ဒီဘက်နိုင်ငံထဲ ရအောင်ခေါ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်ဆက်နေရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အခြေအနေတွေကြားက လုံခြုံရေးဝန်ထမ်းလေး ကော်နာဟီလီနဲ့ တွေ့ကာ ချစ်ခြင်းမေတ္တာ ဆိုတာကို ထိတွေ့မိစ ပြုလာတဲ့နောက်မှာတော့..။ဒီဇာတ်လမ်းရဲ့ Castတွေအနေနဲ့ကတော့ Black Pantherထဲက Shuriအဖြစ်နဲ့ လူသိများတဲ့ Letitia Wrightအပါအဝင် Josh I'm Connorတို့၊ Ruth McCabeတို့လို Award winnerတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။File size…(1.31GB)  / (671MB) / (320MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Aisha (2022)

Phenomena(1985) 6.7
Phenomena(1985) Phenomena (1985)================Rotten tomatoes 75%မမ Jennifer Connelly ရဲ့ ငယ်တုံးရွယ်တုံးခေတ်ကထူးထူးဆန်းဆန်းဇာတ်ကားလေးတခုကိုမိတ်ဆက်ပေးပါရစေ..Swizerlandနိုင်ငံရဲ့‌‌ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့Swiss Translyvaniaဆိုတဲ့အရပ်လေးဒီနေရာလေးတခုမှာ မိန်းကလေးတွေကိုသတ်ဖြတ်‌နေတဲ့စိတ္တဇ လူသတ်သမားတဦး။ ဒီလိုအချိန်မှာပဲ ဒီနေရာကRichard Wargner ကျောင်းကိုရောက်လာတဲ့ Paul Cavinoရုပ်ရှင်မင်းသားကြီးရဲ့သမီးလေး "Jennifer "။ဂျနီဖာ့ကို ပစ်မှတ်ထားလိုက်တဲ့ လူသတ်သမား။ဂျနီဖာ ရဲ့မသိစိတ်စွမ်းအားဟာ အင်းဆက်သတ္တဝါလေး‌တွေကိုဘယ်လို‌သက်ရောက်နေတာလဲ ဒီအင်းဆက်လေးတွေနဲ့ပဲဂျနီဖာဟာ လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုPhenomena ဆိုတဲ့ဇာတ်ကားမှာ ထင်မှတ်မထားတဲ့ဇာတ်ကွက်‌တွေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှုစားအားပေးကြပါဦး။🚫သတိပေးချက် ဤဇာတ်လမ်းသည် အချို့သော ကြည့်ရှုသူများအတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်သည့် အင်းဆက်သတ္တဝါများ သွေးထွက်သံယိုနှင့်အော်ဂလီဆန်စရာအခန်းများပါ၀င်ပါသည်။ 🚫  File Size : ( 2.90 GB ) and ( 1.24 GB)Quality : BluRay 1080p , 720pRunning Time : 1hr 56minFormat : Mp4Genre : Crime , Horror ...
movie

Phenomena(1985)

A Monsterous Holiday (2013)
A Monsterous Holiday (2013) A Monsterous Holiday (2013) ===================== IMDb Rating - 6.5/10Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ  အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်)File Size..........(700 MB) / (300 MB) Quality............WEB-DL ...
movie

A Monsterous Holiday (2013)

The Ugly Truth (2009) 6.4
The Ugly Truth (2009) The Ugly Truth ( 2009 ) ================== IMDb Rating - 6.4/10တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.8 GB) / (721 MB) / (410 MB) Quality............BluRay 1080p ...
movie

The Ugly Truth (2009)

2009
I Spit on Your Grave 2 (2013) 5.7
I Spit on Your Grave 2 (2013) I Spit On Your Grave 2 ==================ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့I Spit On Your Grave ကို ကြည့်ဖူးမယ်ဆိုရင်ဒီကားဟာ လက်စားချေတဲ့ကားဆိုတာ သိကြမှာပါ။ကိုယ့်ကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်သွားသူတွေကိုပြန်လက်စားချေဖို့ကြိုးစားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ကေတီ ဟာ အပို၀င်ငွေလေးရဖို့ စားသောက်ဆိုင်တစ်ခုမှာအချိန်ပိုင်း အလုပ်၀င်လုပ်နေတာဖြစ်ပါတယ်။ဒါပေမယ့် မော်ဒယ်လောကမှာ သူ့နာမည်ထင်ပေါ်ချင်တာကြောင့်အခမဲ့ဓာတ်ပုံအရိုက်ခံမယ့် ကြော်ငြာတစ်ခုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ဘူဂေးရီးယန်းညီအစ်ကို ဓာတ်ပုံဆရာတွေနဲ့ တွေ့ဆုံခဲ့ပြီးသူတို့တွေဟာ ကေတီကို အလွန်အမင်း စွဲလမ်းသွားကြပါတယ်။ဒါပေမယ့် ကေတီရဲ့ အပေါ်ပိုင်းဗလာပုံရိုက်ဖို့ တောင်းဆိုလာတဲ့အခါမှာကေတီက ဓာတ်ပုံရိုက်တဲ့နေရာကနေ ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့လုပ်ရပ်တွေတစ်စတစ်စပိုပိုဆိုးရွားလာခဲ့ပြီးမုဒိမ်းကျင့်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့်ကေတီလည်း သူ့ကိုမုဒိမ်းကျင့်ပြီး လွတ်မြောက်‌နေကြတဲ့အဲဒီဓာတ်ပုံဆရာတွေကို တဖန်ပြန်ပြီး လက်စားချေဖို့ကြိုးစားပါတော့တယ်။  File Size          : 1.67GB, 803MB Quality            : Blu-Ray 1080p , 720p format  ...
movie

I Spit on Your Grave 2 (2013)

One Missed Call (2003)
One Missed Call (2003) One Missed Call (2003)IMDb rating 6.2 ရထားတဲ့ဒီ horror အမျိုးအစားသရဲကားဟာ ရာရှူကီအကီမိုတိုရဲ့ ချာကူရှင်ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီးဇာတ်လမ်းအကျဉ်းက-ငယ်ရွယ်တဲ့စိတ်ပညာကျောင်းသူ ရူမီနာကာမူရာက  သူ့သူငယ်ချင်း ရိုကို့ဖုန်းကနေ ထူးဆန်းတဲ့အသံနဲ့ voice message တခုရခဲ့တယ် ဒီမက်ဆေ့က နောက်လာမယ့်၂ရက် ရက်စွဲနဲ့ဖြစ်ပြီးတော့ မက်ဆေ့ရခဲ့တဲ့ ယိုကို ကိုယ်တိုင်ကြောက်လန့်နေခဲ့တယ်..... ယိုကိုရောဘာဖြစ်သွားမလဲ.......ဒီလိုအဖြစ်အပျက်တွေကအရင်တုန်းကရောရှိခဲ့လား.... နောက်ရောဆက်ရှိနေဦးမှာလား........... ရှိခဲ့ရင်ရောဘယ်လိုများဖြေရှင်းကြမလဲ.... ဘယ်ကပို့လာမှန်းမသိတဲ့ဒီမက်ဆေ့က  ဘယ်သူ့ဆီကလဲ... ဒီပြသနာကိုဘယ်လိုများဖြေရှင်းကြမလဲ ရင်တခုန်ခုန်နဲ့စောင့်ကြည့်ရမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်သရဲကားကြိုက်သူတွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အက်ဒမင်ကြီး ကိုသစ်ဆန်းခန့်တောင်တယောက်ထဲထိုင်မကြည့်ရဲတဲ့ ဇာတ်ကားမျိုးဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားတကားဖြစ်ပါတယ်..ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Yun Sandi ဖြစ်ပြီး အညွှန်းကိုတော့ မြန်မာကြီး မှ ရေးပေးထားပါတယ်..Genre - Horror, Mystery File size -1.42GB | 626MB | 344MB Quality - 1080P | 720P | 480P Format - MP4 Duration -  1h 52m Subtitle - Myanmar Subtitle Encoder - August
movie

One Missed Call (2003)

Winter in Tokyo (2016) 7
Winter in Tokyo (2016) Winter in Tokyo ( 2016 ) IMDb 7/10============================== ဒီတခါတော့စီအမ် ပရိတ်သတ်တွေအတွက် 2016တုန်း ထွက်ရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်Winter in Tokyoဆိုတဲ့အတိုင်း ဇာတ်အိမ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေပြုပါတယ် တိုကျိုမြို့ရဲ့ဆောင်းရာသီတစ်ခုမှာ ကဲကိုဆိုတဲ့ကောင်မလေးရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ကာဇူတိုဆိုတဲ့ ကောင်လေး ရောက်လာခဲ့ပါတယ် ကာဇူတိုက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့ ကဲကိုကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ် ကာဇူတိုဟာ သူ့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကံမကောင်းခဲ့တာကြောင့် နယူးယောခ့်ကနေ တိုကျိုကိုပြန်လာခဲ့တာပါ အဲ့ဒီမှာကဲကိုနဲ့ဆုံပြီး ချစ်မိနေခဲ့ပါတယ် ကဲကိုကလည်း ချစ်မိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး သူငယ်ချင်းလိုပဲနေရင်း တစ်ယောက်ကြောင်းတစ်ယောက်အကုန်သိနေပြီး ကြည်နူးစရာအချိန်‌‌တွေပေါ့တစ်နေ့မှာတော့ ကဲကိုက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ကောင်လေးကို အမှတ်မထင်ပြန်တွေ့ခဲ့တယ် အဲ့ဒီ့မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရတာ အရမ်းကို ကြည်နူးစရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ဒရာမာ ရိုမန့်ကားလေးလည်း ဖြစ်ပါတယ် ကြည့်လို့လည်း တော်တော် ကြည်နူးစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်လို့ ညွုန်းပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan ပဲ ဖြစ်ပါတယ်။Genre..... Romance Quality…. 1080p | ...
movie

Winter in Tokyo (2016)

2016
Lakeview Terrace(2008) 7.0
Lakeview Terrace(2008) Lakeview Terrace(2008) အညွှန်း**************************** မေနိုးဆရာကြီး Samuel L.Jackson နဲ့ သရဲနှင်ဆရာကြီးPatrick Wilson အပြိုင်ကြဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။အေဘယ်က လူမည်းရဲအရာရှိပါ။ သမီးတစ်ယောက် သားတစ်ယောက်နဲ့ single father ပေါ့။လက်ပေါက်ကပ်ပြီး စည်းကမ်းတွေများလွန်းလို့ သားနဲ့သမီးကပါ ချဉ်နေတဲ့သူပါ။သူတို့အိမ်ဘေးကခြံကို လူဖြူအမျိုးသား ခရစ်နဲ့ လူမည်းအမျိုးသမီး လီဆာဆိုတဲ့ လင်မယားနှစ်ယောက် ပြောင်းလာပြီးတည်းကအေဘယ် ပုံစံတွေပြောင်းသွားပါတယ်။ သူ့မှာ ရှိတဲ့ toxic mindset ကလူမည်းလူဖြူ စုံတွဲဆက်ဆံရေးကို ခါးခါးသီးသီး မုန်းတီးနေတာပါပဲ။အဲဒီတော့ ခရစ်နဲ့ လီဆာ ပြောင်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးရာကသူ့ racist အတွေးအခေါ်တွေက ထိန်းမနိုင် သိမ်းမရဖြစ်လာတဲ့အခါ….  File Size :(1.9GB)(792 MB) and (228 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:58:00 Genre : Crime , Drama , Thriller Subtitle : Myanmar ...
movie

Lakeview Terrace(2008)

Captain (2022) 4.7
Captain (2022) Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie

Captain (2022)

2022
Confess, Fletch (2022) 6.5
Confess, Fletch (2022) Confess, Fletch (2022) ================= IMDb Rating - 6.5/10၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဇာတ်လမ်းကောင်းပြီး ရယ်ရတဲ့ ဟာသဇာတ်ကား ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.5, Rotten Tomatoes 85% ရရှိထားပြီးတော့ ဇာတ်အိမ် ခိုင်မာသလို ဟာသများကလည်း ကလိထိုးရယ်စရာမလိုတဲ့ ဟာသတွေပါ။ ဖလက်ချ်ဟာ သတင်းထောက်အလုပ်ကနေ အနားယူရင်း ဥရောပမှာ ခရီးသွားနေတဲ့သူပါ။ အီတလီနိုင်ငံ ရောမမြို့က မြို့စား ကြီးတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ပန်းချီကားတွေကို ပြန်လည်ရှာဖွေဖို့ ဖလက်ချ်ကို အလုပ်အပ်လာပါတော့တယ်။  မြို့စားကြီးရဲ့ သမီးဖြစ်သူ အန်ဂျလာနဲ့လည်း ချစ်ကြိုက်မိသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မြို့စားကြီး ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားများက ပြန်ရွေးငွေအဖြစ် ပီကာဆိုရဲ့  ပန်းချီကား တစ်ချပ်ကို တောင်း ဆိုလာပါတယ်။ ထိုအခါမှာ ဖလက်ချ်လည်း ပန်းချီကားများကို မဖြစ်မနေ ပြန်လည်ရှာဖို့ ဖြစ်လာပါတော့တယ်။ဖလက်ချ်ဟာ ပန်းချီကားတွေကို ခြေရာခံလိုက်ရင်း ဘော်စတွန်မြို့ကို ရောက်ရှိပါတယ်။ သူ့ရည်းစား စီစဉ်ပေးတဲ့ အိမ်တစ်အိမ်မှာနေဖို့ ရောက်လာတဲ့အခါမှာ ထိုအိမ်တွင် သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ...
movie

Confess, Fletch (2022)

2022
[18+]Snakes and Earrings 6.2
[18+]Snakes and Earrings  Sankes and earringsညတစ်ညနဲ့စတင်ခဲ့တဲ့ ‌ဇာတ်လမ်းလေးပေါ့... Luiဆိုတဲ့ကောင်မလေးက ၁၉နှစ်အရွယ်Amaဆိုတဲ့ကောင်လေးကို ရူးရူးမူးမူးချစ်မိသွားခဲ့တယ် ကောင်လေးကလျှာနှစ်ခွဖြတ်ထားတာကြောင့် သူပါလိုက်လုပ်ချင်တဲ့အထိကောင်လေးကိုစွဲလမ်းသွားတယ် တ‌စ်နေ့ လျှာသွားဖောက်ရင်းနဲ့ tattoo ဆရာရဲ့ အထိအတွေ့တွေအောက်မှာသာယာသွားမိတဲ့အခါ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်နာကျင်မှုနဲ့အတူဆက်ဆံရတဲ့ လိင်ပိုင်းဆိုင်ရာအထိအတွေ့ကိုသဘောကျတဲ့ Luiနဲ့ အချစ်ကိုနူးညံ့သိမ်‌မွေ့စွာတန်ဖိုးထားတတ်တဲ့ Ama မျက်ရည်မြင်မှ လိင်စိတ်ကြွတဲ့ tattoo ဆရာShibaတို့ရဲ့ အရှုပ်ထွေးတွေကို ပဟေဠိဆန်ဆန် ခံစားစီးမျောရမှာဖြစ်ပါတယ်File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:03:00 Type__Adult, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by DS Team Encoded by Dark Devil
movie

[18+]Snakes and Earrings

Womb(2011) 7.0
Womb(2011) Womb(2011) အညွှန်း*****************ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့်တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Womb(2011)

Haraamkhor (2015) 6.3
Haraamkhor (2015) Haraamkhor (2015)ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး....ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Haraamkhor (2015)

2015