Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.1
Beauty Water (2020)
Beauty Water (2020) =============== IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော လူမှုဘဝ မှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည် တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ….. ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ……. ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ် ……ဒီလိုနဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ ...
movie
Beauty Water (2020)
2020
5.6
God’s Country (2022)
God's Country (2022) ================ပါမောက္ခဆန်ဒရာဟာ နယူးအော်လန်ကနေ ပြောင်းလာပြီး ဆီးနှင်းပြင်ထဲမှာ တစ်ယောက်တည်း နေထိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးပညာကို သင်ကြားရပြီး ကိုယ်မှန်တယ်ထင်ရင် အဆုံးထိတိုးတတ်တဲ့လူတစ်မျိုးပါ။ တစ်ရက်မှာ လူစိမ်းနှစ်ယောက်က သူပိုင်ဆိုင်တဲ့မြေနေရာပေါ် ကားရပ်ပြီး တောင်ကြားထဲမှာ အမဲလိုက်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ အဲဒီလူနှစ်ယောက်ကို ဆန်ဒရာက သူ(သူမ)ပိုင်နက်ပေါ် မကျူးလွန်ဖို့ ပြောကြရင်းနဲ့ ပြဿနာတွေ စတင်လာခဲ့ပါတယ်။လက်ရှိအခြေအနေတချို့နဲ့ တိုက်ဆိုင်နေတဲ့ စကားလုံးတွေ၊ အဖြစ်အပျက်တွေ ပါဝင်ပြီး ရှုပ်ထွေးမှုတွေနဲ့ ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်ကားအစပိုင်းမှာတော့ သာမန် flow လေးနဲ့ပဲ သွားနေပြီး ဇာတ်သိမ်းခါနီးလေ မြှုပ်ထားသမျှအရာပေါ်လေ ဆိုတာမျိုး ဖြစ်တာကြောင့် ဒီနေရာမှာတော့ အဆုံးထိကြည့်ပေးကြဖို့ပဲ ဆိုပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (260 MB) Quality............Web-DL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......May Thet Khine ...
movie
God’s Country (2022)
2022
6.8
Dog Soldiers (2022)
Dog Soldiers (2022) ================ IMDb Rating - 6.8/10 ကားဟောင်းတစ်ကားဆိုပေမယ့်တော်တော်ကိုမဆိုးလှတဲ့ထဲမှာပါပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကအိမ်တစ်အိမ်ထဲမှာ စစ်သားတစ်ဖွဲ့နဲ့မိန်းကလေး တစ်ယောက်ရဲ့ တစ်ညတာအဖြစ်အပျက်တွေကိုပဲပြသွားတာပါ ။ တစ်မျိုးတော့ မထင်ပါနဲ့။ အိမ်ရဲ့ပတ်ပတ်လည်မှာမကောင်းတဲ့အရာတွေဝိုင်းနေတဲ့ကြားကနေ အားလုံးတူတူလွတ်အောင်ကြံစည်ကြပုံတွေကိုပြောတာပါ။အဲဒီမကောင်းတဲ့အရာတွေကဘာတွေလဲဆိုတာပြောလိုက်ရင်ကြည့်ရတာ ပေါ့သွား နိုင်တာကြောင့်မပြောတော့ပါဘူး။ မဖြစ်မနေချီးကျူးရမှာကသရုပ်ဆောင်တစ်ယောက် ချင်းစီကိုပါပဲ။ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သားငါးယောက်၊ အားလုံးတစ်ယောက်ချင်းရဲ့ ကာရိုက်တာတည်ဆောက်ပုံတွေ သရုပ်ဆောင်ချက်တွေဟာ လိုလေသေးမရှိအောင် ပြည့်စုံသလို၊ ဇာတ်လမ်းကအကောင်းကြီးမဟုတ်တောင် သူတို့ကြောင့်ဆက်ကြည့်ချင်စိတ် ဖြစ်လာမယ်ဆိုတာအာမခံနိုင်ပါတယ်။ခေတ်အခြေအနေအရအထူးပြုလုပ်ချက်တွေမှာ လိုအပ်ချက်ရှိပေမယ့် ဖြည့်တွေးတတ်ရင်တော့ဒါကလည်းပြောရလောက်တဲ့အပြစ်မျိုးမဟုတ်ပါဘူး။ ကဲဒီလူတစ်စုအဲဒီညမှာဘာတွေနဲ့ဘယ်လိုရင်ဆိုင်ခဲ့ရတာလဲဆိုတာသိချင်ရင်တော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Min Khant Bo ဖြစ်ပါတယ်)File Size..........(2.4 GB) / (904 MB) / (470 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Thriller Translator.......Min Khant Bo Encoder..........SWM
movie
Dog Soldiers (2022)
4.4
Row 19 (2021)
Katerina ဟာ ခြောက်နှစ်အရွယ်သမီးလေးရှိတဲ့ ဆရာ၀န်တစ်ယောက်ပါ။သူငယ်စဉ်က သူ့အမေနဲ့လေယာဉ်စီးခဲ့ရာမှာ လေယာဉ်ပျက်ကျသွားပြီး သူကလွဲရင် သူ့အမေအပါအ၀င်ခရီးသည်အားလုံးအသက်ပျောက်ခဲ့ရပါတယ်။ဒါကြောင့် Katerina ဟာတစ်သက်လုံးလေယာဉ်စီးဖို့ကိုကြောက်နေခဲ့ပေမယ့် အခုတော့သူ့သမီးလေးနဲ့အတူလေကြောင်းခရီးသွားဖို့ဖြစ်လာရပါတယ်။ လေယာဉ်ပေါ်မှာတော့ Katerina တစ်ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံရပြီး ခရီးသည်တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားချိန်မှာတော့ Katerina ရဲ့ငယ်စဉ်ကမတော်တဆမှုကထင်သလောက် မရိုးရှင်းတာ ကိုသဘောပေါက်လာရပါတော့တယ်။ Katerina နဲ့သူ့သမီးလေးတို့ လေယာဉ်ပေါ်မှာအသက်ရှင်ဖို့ ရုန်းကန်ကြပုံကိုကြည့်ရှုရမှာပါ။File size…(1.28GB) / (674MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:17:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Row 19 (2021)
6.7
[21+]A Serbian Film(2010)
[21+]A Serbian Film(2010) အညွှန်း*******************************(သွေးထွက်သံယိုနဲ့ မိသားစုနဲ့မကြည့်သင့်တဲ့အခန်းများစွာပါလို့ သတိထားစေချင်ပါတယ်..)မီလိုဆိုသူကတော့ မိန်းမရောသားသမီးရောကို အလေးထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။တစ်ဖက်မှာလည်း မီလိုဟာ ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ဝမ်းစာအတွက် ညစ်ညမ်းရုပ်ရှင်ရိုက်ရင်းအတော်လေး အောင်မြင်တဲ့သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့ အနေအထားမှာပါ။အချိန်အတော်ကြာ အနားယူထားတဲ့ မီလိုဆီကို ငွေကြေးအမြောက်အများတန်တဲ့ကမ်းလှမ်းချက်တစ်ခု ရောက်လာခဲ့ပါတယ်။ သားဖြစ်သူရဲ့ ပညာရေးစရိတ်တွေအတွက် စိတ်ချချင်တဲ့မီလိုတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက်မှာတော့မထင်ထားတဲ့ ဖြစ်ရပ်တွေက ဆိုက်ရောက်လာပါတော့တယ်။ဇာတ်ညွှန်းမရတဲ့ ညစ်ညမ်းရုပ်ရှင်တစ်ခုရဲ့ နောက်ကွယ်မှာဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေ ရှိနေမလဲဆိုတာရင်ခုန်စရာကောင်းတာမို့ သွေးထွက်သံယိုကြိုက်တဲ့ ပိရိသတ်တွေ အကြိုက်တွေ့ကြလိမ့်မယ်လို့လည်း မျှော် File Size : (2.1GB)(623 MB) and (232MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:44:00 Genre : Horror,Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD
movie
[21+]A Serbian Film(2010)
6.2
The Chalk Line (a.k.a) Jaula (2022)
The Chalk Line (a.k.a) Jaula (2022)(1080p ရပါပြီ)Thriller/Crime Genre စပိန်ဇာတ်ကားသစ်လေးဖြစ်ပြီး မဲပြာပုဆိုးမဟုတ်ပဲ plot twist တွေနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ပေါလာနဲ့ ဆီမွန်က အသက် လေးဆယ်ကျော်ဇနီးမောင်နှံဖြစ်ပြီး ကလေးယူဖို့ အပူတပြင်းကြိုးစားနေကြသူတွေပါ။ ကံဆိုးစွာပဲ ကိုယ်ဝန်မရခဲ့ကြပါဘူး။ စိတ်ညစ်နေတဲ့ သူတို့ဘဝထဲကို ကလဲရာဆိုတဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဝင်လာခဲ့ပါတယ်။ကလဲရာကို ကားလမ်းမကြီးပေါ်မှာ ညကြီးသန်းခေါင် သူတို့ကားနဲ့ ဝင်တိုက်မိမလို ဖြစ်ပြီး စတွေ့ခဲ့ကြတာပါ။ နေမကောင်းဖြစ်နေတဲ့ ကလဲရာဟာ စကားမပြောတတ်သလို အပြုအမူတွေကလည်း ထူးခြားနေပါတယ်။ မြေဖြူနဲ့စည်းတားထားရင် အဲဒီစည်းအပြင်ကို မထွက်ရဲတာတို့၊ ဂျာမန်ဘာသာစကားကို နားလည်နေတာတို့၊ အစရှိသဖြင့်ပေါ့။ဒီလိုနဲ့ ဆေးရုံက အကူညီတောင်းတာကြောင့် သူတို့ ကလဲရာကို အိမ်ခေါ်လာပြီးနောက်မှာတော့ ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေ ကြုံတွေ့ရမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size ...
movie
The Chalk Line (a.k.a) Jaula (2022)
2022
5.0
The Inhabitant (2022)
Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Inhabitant (2022)
6.3
Don’t Worry Darling (2022)
Don't Worry Darling (2022)ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်...ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar ...
movie
Don’t Worry Darling (2022)
7.5
John Wick: Chapter 3 – Parabellum (2019)
John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ... (function(f,b,n,j,x,e){})(); File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre : Action, Crime, Thriller Subtitle : Myanmar ...
movie
John Wick: Chapter 3 – Parabellum (2019)
2019
HEVC 1080p 5.1
6.2
Ash and Bone (2022)
Ash and Bone (2022) =============== IMDb Rating - 6.2/10လတ်တလော ထွက်ရှိထားတဲ့ Slasher ဇာတ်ကားတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ ပုံမှန်တွေ့နေကြ လူသတ်ကားမျိုးပါပဲ မိသားစုတစ်စု တောမြို့လေးကို ခရီးထွက်လာတယ်၊ လူသတ်သမားတွေနဲ့ တွေ့တယ်ပေါ့ဗျာ။ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့ မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။သို့သော် ကက်ဆီကတော့ ခရီးထွက်လာရတာကိုလည်း မကြိုက်သလို အဆင်လည်း မပြေလှတာမို့ စကားများပြီး တည်းခိုအိမ်ကနေ ထွက်သွားပါတော့တယ်။ ထိုမြို့လေးရဲ့ ဘားတစ်ခုမှာထိုင်ရင်း အန်နာ၊ တက်ကာ တို့နဲ့ တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ပါတယ်။ ကက်ဆီဟာ အဆောက်အဦးအဟောင်းတွေ စက်ရုံအဟောင်းတွေကို လိုက်လံလည်ပတ် ရတာ ဝါသနာပါသူမို့ မြို့လေးမှာရှိတဲ့ အိမ်ဟောင်းကို လိုက်ပို့ဖို့ ...
movie
Ash and Bone (2022)
2022
5.1
Slapface (2021)
Slapface (2021)===========လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ။အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ်။လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ်။ Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1 GB) / (430 MB) / (240 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar ...
movie
Slapface (2021)
2021
5.1
Jane (2022)
Jane (2022)~ IMDb - 5.1/10, Rotten Tomatoes - 63% ~ပေါကားတွေများလို့စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းအစကနေအဆုံးအထိ ဇာတ်ရှိန်မကျဘဲ စိတ်ဝင်စားစရာကောင်းတဲ့ Psychological Thriller ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစကတော့ Jane ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့စထားတာပါ။ Olivia နဲ့ Izzy ကတော့ Jane ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး Jane သေဆုံးသွားပြီးနောက် သူတို့နှစ်ယောက်လည်းအရင်လိုမရင်းနှီးကြတော့ပါဘူး။ Olivia တစ်ယောက် သူမရဲ့အိပ်မက်ဖြစ်တဲ့ Stanford တက္ကသိုလ်ဝင်ခွင့်ရွှေ့ဆိုင်းခံရတာ ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်ကြောင့် Debate team ခေါင်းဆောင်နေရာကိုဆုံးရှုံးလိုက်ရတာတွေကြောင့် ဖိအားတွေအရမ်းများနေတဲ့အချိန်မှာ Izzy နဲ့ ပြန်ရင်းနှီးလာကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် Jane ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုသုံးပြီး သူတို့မကျေနပ်တဲ့သူတွေကို လူသိရှင်ကြားအရှက်ခွဲဖို့ လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဲဒီအကောင့်ကနေ သူတို့နှစ်ယောက်လုံးမတင်ဘဲ ပို့စ်တွေတင်လာတဲ့အခါမှာ...Jane ရဲ့အကောင့်ကိုသူတို့အပြင်သုံးနေတာ ဘယ်သူဖြစ်မလဲ။ အပျော်ကနေအပျက်ဖြစ်တတ်တယ်ဆိုသလိုပဲ ကိုယ့်ရဲ့ပို့စ်တစ်ခုကြောင့် တစ်ဖက်လူရဲ့ဘဝ ဘယ်လိုပျက်စီးသွားနိုင်လဲဆိုတဲ့ ...
movie
Jane (2022)
2022
6.1
In Secret (2013)
In Secret (2013)~ IMDb rating - 6.1/10 ~အဟောင်းအကောင်းတွေ မျှော်လင့်နေတဲ့ CM ပရိသတ်တွေအဖို့ 2013 ထွက် In Secret ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ဆောင်တွေကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား MCU ဇာတ်ရုပ်တွေဖြစ်ကြတဲ့ Scarlet Witch နဲ့ Moon Knight တို့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့ Oscar Isaac, ပြီးတော့ Harry Potter ထဲက Draco Malfoy ဖြစ်တဲ့ Tom Felton တို့ဖြစ်ပြီး မမ Elizabeth ရဲ့ အလှအပတွေကို ရှုမြင်ခံစားရဦးမှာဆိုတော့ ဘာဘာညာညာ တွေးမနေပဲ ကြည့်လိုက်ကြတော့ဗျာ။မွေးကတည်းက မိတဆိုးဖြစ်ခဲ့ရရှာတဲ့ Thérèse (Elizabeth Olsen) လေးဟာ ဖခင်ရဲ့ ထပ်စွန့်ပစ်ခြင်းကိုလည်း ...
movie
In Secret (2013)
2013
8.5
Kanam (2022)
Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie
Kanam (2022)
2022
7.2
The Rainmaker(1997)
The Rainmaker(1997) အညွှန်း**************************IMDb...7.2Rating တွေကောင်းသလို ဆုကြီး ၂ ဆုနဲ့အခြားဆု (၁၀) ဆုလည်းဆန်ကာတင်စာရင်း ဝင်ခဲ့လို့ ဒီကားက ကောင်းမှာတော့မပူနဲ့ဗျို့...ခြူးတပြားမရှိလို့ နာမည်ရ ဥပဒေအကျိုးဆောင်ရုံးတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ခဲ့ရတဲ့ကျောင်းပြီးခါစ လိုင်စင်တောင်မရှိသေးတဲ့ရှေ့နေပေါက်စလေး ရူဒီဘေလာနဲ့ရှေ့နေစာမေးပွဲကို ခြောက်ကြိမ်တိတိ ကျရှုံးထားတဲ့ ဒက်ရှစ်ဖလက်တို့ တွဲဖက်ပြီးအကျင့်ပုတ်ပြီး ရိုက်စားလုပ်သွားတဲ့ အာမခံကုမ္ပဏီကြီးတစ်ခုကို အပီဗျင်းဖို့ အကြောင်းဖန်လာပေမယ့်ဟိုဘက်မှာက နာမည်ကျော် အတွေ့အကြုံရှိရှေ့နေကြီးလီယိုတို့အဖွဲ့က အမှုလိုက်ပေးကြတဲ့အခါ သူတို့နှစ်ယောက်အဲဒီအဖွဲ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ အမှုက နိုင်ရောနိုင်ပါ့မလားဆိုတာ…. File Size : (2.05GB) (726MB) and (200MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
The Rainmaker(1997)
7.6
Ammu (2022)
Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Ammu (2022)
2022
8.3
Bujji… Ila Raa (2022)
Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Bujji… Ila Raa (2022)
2022
6.1
Work In Vain Song Ci ( 2021 )
လျှိုဝှက်ဆန်ဆန် ဂမ္ဘီရဆန်ဆန်မှုခင်းကားတွေကြည့်ချင်တဲ့CMကနေ တရုတ်ရှေးခေတ်မှုခင်းစစ်တဲ့ကားတစ်ကားလေးနဲ့မိတ်ဆက်လိုက်ပါတယ် ရှေ့ခေတ်ကပေါ်ခဲ့တဲ့ ပျောက်ဆုံးနေပြီဖြစ်တဲ့ ပေါ်ရွှင်ဆိုတဲ့မိစ္ဆာဘာသာဝင်တစ်ခုက စုန့်ချီနေတဲ့ချန်တင်းကိုရောက်ရှိလာပြီးကျိန်စာတိုက်ခဲ့တယ်ကျိန်စာကတကယ်ပဲ မိစ္ဆာမျိုးကလုပ်တာလား? လူသားတွေရဲ့ လောဘ ဒေါသ မနာလိုမှုနဲ့ ကာမပျော်မွေ့မှုကြောင့် ဖြစ်လာတဲ့အမှုတွေက တကယ်ပဲကျိန်စာကြောင့်ဖြစ်လာတာလား? လူတွေရဲ့နဂိုစိတ်ရင်းကြောင့်ဖြစ်လာတာလား?စုန့်ခေတ်ရဲ့ အလောင်းစစ်ဆေးတဲ့သူ စုန့်ချီက ဒီအမှုတွေနဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုတွေးခေါ်မှုတွေအမျှော်အမြင်တွေနဲ့ အမှုကိုဖြေရှင်းမလဲဆိုတာကို လှည့်ကွက်မျိုးစုံ မထင်မှတ်ထားတဲ့ဇာတ်မြှုပ်ဇာတ်ကွက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်…. [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Work In Vain Song Ci ( 2021 )
5.9
Togo (2022)
Netflix ကထုတ်တဲ့စပိန်စကားပြောကားလေးပါ Togo ဟာခြေတစ်ဖက်ဆာနေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။File size…2.38 Gb / 998Mb / 481MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Togo (2022)
7.2
Karthikeya (2014)
Karthikeya (2014) ===========တေလဂူမင်းသားချောလေး နီခေလ်ဆစ်ဒါရတရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...လတ်တလောကမှ cm မှာ နံပါတ် ၂ ထွက်ထားပြီး ခု နံပါတ် ၁ ကို တင်ဆက်ပေးခြင်းဖြစ်ပါတယ်...ခုတစ်ခါမှာလည်း ဒီမင်းသားဟာ လောကကြီးရဲ့မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေကို အဖြေမရမချင်း ကျေနပ်နိုင်တဲ့သူမဟုတ်ပါဘူး... သူ့ဆီရောက်လာတဲ့ ပဟေဠိမှန်သမျှကို ဖြေရှင်းနိုင်တဲ့သူပါ...ဒီလိုနဲ့ ရွာတစ်ရွာက နာမည်ကြီးဘုရားကျောင်းတစ်ခုဟာ ကျိန်စာသင့်ခံနေရပါတယ်... ဘုရားကျောင်းထဲကို ဝင်ထွက်သွားလာသူတွေတင်မကဘဲ ဘုရားကျောင်းနဲ့ပတ်သက်ပြီး ပြောဆိုရင်တောင် အသက်ပေးသွားကြရပါတယ်...သေဆုံးသူတွေအားလုံးဟာ ထူးထူးဆန်းဆန်းပဲ မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတာပါ... ကဲ...အဲ့ဒီရွာကို ဆေးကုသဖို့ရောက်သွားတဲ့ မင်းသားဟာ နဂိုကတည်းက စပ်စုဓာတ်ခံပါတော့ ဘုရားကျောင်းနဲ့ပတ်သက်ပြီး စုံစမ်းပါတော့တယ်.... စုံစမ်းရင်းနဲ့ ဘေးတွေ့လာတဲ့အခါမှာတော့....။ စိတ်ဝင်စားစရာ ဘယ်လိုကိစမျိုးတွေနဲ့ ကြုံလာရမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦးနော် File size…1.56GB / 822MB Quality…1080p AMZ WEBDL / 720p Format…mp4 Duration….1h 53m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Karthikeya (2014)
2014
First
96
97
98
99
100
Last
Previous
Next