Channel Myanmar

Thriller

Safe House (2012) 6.7
Safe House (2012) Safe House (2012)Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီးDenzel  ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထားတစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာအပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ...။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:54:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Safe House (2012)

The Isle (2018) 5.7
The Isle (2018) ဒီကားလေးကတော့ စိတ်ဝင်စားစရာ horror ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ၁၈၄၆ခုနှစ်က ဒဏ္ဍာရီဆန်ဆန်အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပါ။ကုန်သည်သင်္ဘောတစ်စီးမှောက်ရာက ရှင်သန်လွတ်မြောက်သူကုန်သည်သုံးယောက်ဟာ လှေတစ်စီးနဲ့ပင်လယ်ထဲမျှောနေရင်းမြူတွေဆိုင်းနေတဲ့ကျွန်းစုလေးပေါ်ရောက်သွားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ထူးခြားချက်ကတော့ ကျွန်းပေါ်မှာလူသားလေးယောက်ပဲရှိတယ်။ တံငါသည်ဟောင်းတစ်ယောက်၊လယ်သမားတစ်ယောက် သူ့ရဲ့တူမနဲ့စိတ်မမှန်သူအမျိုးသမီးတစ်ယောက်ပါ။ကျိန်စာမိထားသလိုထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့မသိခဲ့တဲ့ဒီကျွန်းရဲ့သမိုင်းကြောင်းကဘာတွေဖြစ်မလဲသူတို့ဒီကျွန်းပေါ်ကလွတ်မြောက်နိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ....အညွှန်းနဲ့ ဘာသာပြန်ကတော့ Noe ပါ File size…    1.3 GB /  597 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Fantasy/Mystery/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Noe
movie

The Isle (2018)

2019
Magic Magic (2013) 5.0
Magic Magic (2013) Magic Magic (2013) IMDb: 5.0/10 Rotten Tomatoes: 68%Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ဇာတ်ညွှန်း အလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကိုအလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့်ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။ File size…    1.4 GB /  737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Magic Magic (2013)

The Dark Sisters (2023) 5.0
The Dark Sisters (2023)  Channel Myanmar ပရိသတ်ကြီးကို ခု2023 မှာတင်ထွက်ရှိထားတဲ့ "Dark Sisters" နဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အရင်ကလိုနွေးနွေးထွေးထွေးပြန်ဖြစ်ဖို့ကြိုးစားတာကနေ ဇာတ်အိမ်တည်ထားတာပါ.....ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ကနွေးထွေးမှုတွေပဲရှိခဲ့တာမဟုတ်ပဲ ဒဏ်ရာတွေလည်းရှိနေတာပါ အခြားစိတ်လှုပ်ရှားဖွယ်ရာ ရုပ်ရှင်များနှင့်မတူဘဲ သေဆုံးမှုပတ်ဝန်းကျင်တွင်ရင်တထိတ်ထိတ်ဖြင့် ရင်ဆိုင်ကြုံတွေ့ရသော မိန်းကလေးများ၏စိတ်ခံစားမှုများကို အမှန်တကယ်ပြသတဲ့ ကားမျိုးပါ။မိန်းကလေးတစ်ဦးတစ်ယောက်စီရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကိုဖိစီးမှုကြောင့် ဆုံးရှုံးရခြင်းတွေ ရုန်းကန်ပုံတွေကို ဇာတ်ကားမှာကောင်းကောင်းမွန်မွန် ဖော်ပြထားတာကိုကြည့်ရှူခံစားရမှာပါ"Dark Sisters" ရုပ်ရှင်က သည်းထိတ်ရင်ဖိုဆန်ဆန် ခြောက်ချားစရာဆန်ဆန် ဇာတ်ကားမျိုးကြည့်ရှုလိုသူများအတွက် ရွေးချယ်မှုတစ်ခုပါလို့ပဲညွှန်းဆိုလိုက်ရပါတယ်... File size…1.39GB /681MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 20m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

The Dark Sisters (2023)

Trim Season (2023) 5.0
Trim Season (2023)  ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြားဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကိုရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါသေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကိုTrim Season လို့ပေးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်ကဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင်ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်းတန်းစီနေတာပါပဲ။အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီးအိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့စတင်ထွက်ခွာလာခဲ့ပါတော့တယ်။စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီးလူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကိုခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေးတွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီးရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလိုသဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ်လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Trim Season (2023)

The Heretics (2017) 5.0
The Heretics (2017)  ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းကဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စုပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီးစိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာတွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်းတစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကိုပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့အစီအရင်တွေက ဘာအတွက်လဲ။ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့....ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလိုမရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်) File size…1.25GB / 559MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 27m Genre ….. Fantasy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Heretics (2017)

Reservation Road (2007) 6.6
Reservation Road (2007)  Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Reservation Road (2007)

Deer Camp ‘86 (2022)
Deer Camp ‘86 (2022)  သရဲကား ကြည့်ရတာလည်း ကြိုက်တယ် ရယ်လည်းရယ်ရချင်တဲ့သူတွေအတွက် Horror , Comedy , Thriller အရသာ 3 မျိုးလုံးပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အချိန်က 1986ခု ၊ Detroit မြို့က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ငတုံး ၆ ယောက် ၊ အမေရိကန်တွေ ရဲ့ ဆောင်းဦးရာသီရိုးရာတစ်ခုဖြစ်တဲ့ သမင်တွေကို အမဲလိုက်ဖို့ Michigan ကိုထွက်လာခဲ့ကြတယ်။ အမဲလိုက်ထွက်တဲ့ မုဆိုးတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ် ။အဲဒါတွေကတော့- တောထဲကအစောင့်အရှောက်တွေကို လေးစားရမယ် - သမင်အမဲလိုက်တဲ့ရာသီမှာဆိုရင် သမင်တွေကိုဘဲ သတ်ရမယ် - သမင်အထီးတွေကိုဘဲ သတ်ရမယ် အမတွေကို မပစ်ရဘူး - ကိုယ်လိုအပ်သလောက်သာ သတ်ဖြတ်ရမယ် စသဖြင့် အမဲလိုက်တဲ့ စည်းကမ်းတွေရှိတယ်။အဲဒီနယ်မှာက အရင်ကတည်းက နယ်ခံ အင်ဒီးယန်းလူမျိုး မိန်းကလေးတွေ အသတ်ခံရတာဘဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာဘဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နောက်ရက်အနည်းငယ်ကြာတဲ့အချိန်မှာ တောထဲမှာ အမဲလိုက်တဲ့မုဆိုးတွေ တနည်းမဟုတ် တနည်းဆိုးဆိုးရွားရွား ...
movie

Deer Camp ‘86 (2022)

Population Purge (2024)
Population Purge (2024) ဒီနှစ်​မှ​ထွက်​ရှိထားတဲ့ Action/Thriller ဇာတ်ကား​ဖြစ်​ပါတယ်။ Brian Johnson ဆိုသူ​က ဒါရိုက်တာ​အဖြစ်​ ရိုက်ကူး​ထား​ပါတယ်။ Post Apocalyptic ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စတန့်သမားတစ်ဦးဖြစ်တဲ့ Lamar Wilson က အဓိက​ဇာတ်​ကောင်​အဖြစ်​ သရုပ်ဆောင်​ထား​ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူဦးရေ​ထိန်းချုပ်​ဖို့ဆိုတဲ့ အကြောင်း​ပြချက်​နဲ့ အစိုးရ​က လူသန်းပေါင်းများစွာကို အဆိပ်​ခတ်​သုတ်သင်​ခဲ့ပါတယ်။ ရှားပါး​အေဘီ ပေါ့စတစ်သွေးပိုင်ရှင်တွေပဲ အသက်​ချမ်း​သာ​ရခဲ့ပါတယ်။ အသက်​ရှင်​ကျန်​ခဲ့တဲ့ မြေး​အဘိုး​နှစ်​ဦး​ဟာ​ အေဘီ​ပေါ့စတစ် သွေးပိုင်ရှင်တွေဖြစ်ပြီး အပန်းဖြေ​ဥယျာဉ်တစ်ခုမှာ ပုန်း​အောင်း​နေပါတယ်။ သူတို့​မြေးအဘိုးနှစ်ဦးကို သွေးမှောင်ခိုသမားတွေနဲ့ အစိုး​အရာရှိတစ်ဦးက အမဲလိုက်သလို ရှာဖွေ​သုတ်​သင်​ဖို့​ကြိုးစား​ရကနေ မြေး​အဘိုး​နှစ်ဦး​လည်း​ အသက်​ရှင်​ကျန်​ရစ်​ဖို့​ ခုခံ​ကာကွယ်ရပါတော့တယ်။Low Badget ဇာတ်​ကား​ဖြစ်​တာကြောင့်​ အများကြီး​ မမျှော်လင့်ထားမှ အဆင်​ပြေပါလိမ့်မယ်။ ဒါရိုက်တာ​ရဲ့ ပထမဆုံး​ဇာတ်ကား​ဖြစ်​ပြီး အက်​ရှင်​ပြကွက်တွေကို ခပ်စိပ်စိပ်တွေ့ရတဲ့အတွက် Thriller ​ထက်​ Action​ ဖက်ကို​ အလေး​ကဲထားတယ်လို့မြင်ပါတယ်။ File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:40:00 Genre... Horror, Thriller, Action, Science ...
movie

Population Purge (2024)

What Keeps You Alive (2018)
What Keeps You Alive (2018)  မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(739 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

What Keeps You Alive (2018)

Retreat (2011) 5.8
Retreat (2011)  Peaky Blinders ထဲမှာ သောမတ်စ်ရှယ်လ်ဘီနေရာကသရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphyပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှင်ဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာတန်စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးကနည်းနည်းယိုယွင်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဇာတ်ကားနာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက်ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိုသွားခဲ့ကြပါတော့တယ်။အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာ လင်မယားနှစ်ယောက်အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာတာပဲရှိခဲ့ပါတယ်။ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်းရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလည်းပျက်နဲ့တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစ်ယောက်သားအဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီးအပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခုကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယ်လို့ ပြောခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေသုံးယောက်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာအသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.56GB / 584MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , ...
movie

Retreat (2011)

Poker Night (2014) 6.2
Poker Night (2014)  Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ GiancarloEsposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Goldဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ...
movie

Poker Night (2014)

Leha (2024) 5.0
Leha (2024)  ဒီဇာတ်ကားကတော့ မှုခင်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ပရိသတ်တွေအနေနဲ့ သဘောကျလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။Malaysian Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့Comedy လေးတွေလည်း အနည်းငယ်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်‌တော့ Khai နဲ့Sani တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြီးတော့ Khai ဟာအဲဒီကုမ္ပဏီက ဝန်ထမ်းမလေး Leha ကို ကြိတ်ကြိုက်နေတာပါ။ဒါပေမယ့် Leha က ကုမ္ပဏီကိုဟန်ပြပြီးတော့ နောက်ကွယ်မှာတရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့အကြောင်းကိုသိထားတာကြောင့် ကုမ္ပဏီရဲ့ပစ်မှတ်ထားတာကို ခံနေရပါတယ်။Leha ကို Khai နဲ့ Sani တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ရဲ့လက်ကနေဘယ်လိုတွေကာကွယ်ပေးသွားမလဲ၊ Leha ကရော ဒုစရိုက်အဖွဲ့အကြောင်းကို ဘယ်လိုရအောင်ဖော်ထုတ်မလဲဆိုတာတွေကိုရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  2.43GB / 864MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle ...
movie

Leha (2024)

Kurangu Bommai (2017) 7.9
Kurangu Bommai (2017) Kurangu Bommai (2017) "မျောက်ရုပ်" IMDb - 7.9/10လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard ...
movie

Kurangu Bommai (2017)

2017
Exit (2006) 5.8
Exit (2006)  စီးပွားရေးလောကမှာ ပိုက်ဆံရှာချင်ရင်သိထားသင့်တဲ့အရာတစ်ခုရှိတယ်။ ဘယ်အရာမှကံနဲ့မဆိုင်ဘူး ။ကိုယ့်ပြိုင်ဖက်အကြောင်းကိုယ်သိရမယ်။မဟုတ်ရင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်။ကျရှုံးမှုကို မမုန်းဘူးဆိုရင်ဘယ်တော့မှ အောင်မြင်ချမ်းသာမှာမဟုတ်ဘူး။ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ အောင်မြင်ဖို့အတွက် စည်းတွေဘောင်တွေကို ကျော်ရတတ်တယ်ဆိုတာကို စီးပွားရေးလောကထဲက လူတွေတော်တော်များများသိကြပါတယ်။ဒါပေမယ့် အဲ့လိုဘောင်တွေ စည်းတွေကျော်တာများသွားရင်တော့ တစ်ချိန်ချိန်မှာ၀ဋ်ဆိုတဲ့အရာကြီးက ကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာမှာကိုတော့ သိထားသင့်ပါတယ်။အဲ့ဒီလိုစီးပွားရေးလောကရဲ့အရှုပ်အထွေးတွေကို လူကြမ်းမျက်နှာပေါက်နဲ့ ဒိန်းမတ်ကနာမည်ကြီးမင်းသားကြီး Mads Mikkelsen ပါဝင်သရုပ်ဆောင်ထားတဲ့ Exit ဆိုတဲ့2006 ခုနှစ်တုန်းကထွက်ရှိထားတဲ့ IMDb 5.8 ရဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်။သောမတ်စ်ဆိုတဲ့ လူကနိုဗာရင်းနှီးမြှုပ်နှံမှုဆိုတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးသူတို့ရဲ့ ကုမ္ပဏီကတော့သူတို့ရဲ့အလုပ်ရှင်တွေရဲ့ပိုက်ဆံတွေကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီအသေးလေးတွေမှာ ရင်းနှီးမြှုပ်နှံပေးပြီးအကျိုးအမြတ်ပြန်ပေးရတဲ့ကုမ္ပဏီမျိုးဖြစ်ပါတယ်။တစ်နေ့မှာ မော်ဂန်ဆိုတဲ့သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကCataegis ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုကို အရမ်းဝယ်ချင်တဲ့အတွက်ပိုင်ရှင်ဖြစ်သူကို စည်းကျော်တဲ့ လုပ်ရပ်တွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အတွက်ကုမ္ပဏီကနေမောင်းထုတ်လိုက်ပါတော့တယ်။မော်ဂန်ကလည်း ကုမ္ပဏီကမောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာခင်မှာတင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတော့တယ်။ဖြစ်ချင်တော့မော်ဂန်ဝယ်ခဲ့တဲ့ Cataegis ဆိုတဲ့ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံမှုက အရမ်းအောင်မြင်ခဲ့ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးက အရမ်းတိုးတက်လာပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာသောမတ်စ်နဲ့ လက်တွဲလုပ်နေတဲ့ တွဲဖက်အသတ်ခံလိုက်ရပြီး သူ့ကိုရဲတွေကလူသတ်တရားခံဆိုပြီး စွပ်စွဲကြပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာဒါတွေအားလုံးရဲ့ နောက်ကွယ်မှာအကြွေးဟောင်းတွေဆပ်မဲ့ လူတစ်ယောက်ရှိနေတာကို သောမတ်စ်သိလိုက်ရတဲ့ အခါမှာတော့ဘယ်လိုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ...
movie

Exit (2006)

Babumoshai Bandookbaaz (2017) 7.1
Babumoshai Bandookbaaz (2017) Babumoshai Bandookbaaz (2017)IMDb Rating -7/10 Google User - 86% Genre - Crime/Thrillerဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့  2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ...
movie

Babumoshai Bandookbaaz (2017)

2017
Hush (2016) 6.6
Hush (2016) Hush (2016) IMDb rating - 6.6/10, Rotten tomatoes 93% (Award - wins ၂ ဆု nominations ၇ ဆု)အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2016 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့....မက်ဒီဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး တစ်နေ့တော့ တောစပ်တစ်ခုကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုတော့ အိမ်လေးတွေတော့ရှိပေမယ့် အလှမ်းတော့ဝေးတာပေါ့မက်ဒီကငယ်ငယ်က ရောဂါတစ်ခုကြောင့် နားမကြားနိုင်တော့ဘဲ စကားပြောဖို့လည်းခက်ခဲသွားပါတယ်။သူစာရေးလို့ရတဲ့ စာမူခတွေကိုလည်း ဆွံ့အ,နားမကြားစောင့်ရှောက်ရေးတွေမှာ ကူညီပေးနေသူလေးပါ...ဒီလိုတောစပ်ထဲကအိမ်လေးထဲမှာ သူမတစ်ယောက်ထဲဆိုပေမယ့် သူမတစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး...ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်က သူမကိုစောင့်ကြည့်နေပါတယ်...သူမလို ဆွံ့အ,နားမကြားသူတစ်ယောက်အတွက်က ရန်သူနဲ့ရင်ဆိုင်ရရင် ရန်သူ့လှုပ်ရှားမှုကိုလဲ မကြားနိုင်အကူအညီအော်တောင်းဖို့လဲအသံမထွက်နိုင်....အားနွဲ့တဲ့မိန်းမသားဆိုတော့ ပြေးဖို့ကလဲမလွယ်လှ။တောထဲမှာလူကလဲသိပ်မရှိတော့ ရက်စက်တဲ့လူသတ်သမားရဲ့သနားစရာပစ်မှတ်ဖြစ်သွားတာပေါ့...ဒီတော့ ရက်စက်တဲ့လူသတ်သမားနဲ့ဖြတ်ထိုးဉာဏ်ကောင်းတဲ့စာရေးဆရာမလေးတို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ....။ဆုတွေလည်းအများကြီးစကာတင်ဝင်ခဲ့ပြီး တကယ်လဲကြည့်လို့ကောင်းတဲ့ Horror,Thriller ကားလေးပါ...သည်းထိတ်ရင်ဖို လိုက်ပါစီးမျောခံစားကြည့်ကြပါဦး။ File size…(999 MB )/(530 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:21:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyawt ...
movie

Hush (2016)

2016