Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
5.6
Inside (2023)
Inside (2023)Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။ အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။ နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် "ဟေး မာကရီနာ" ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး "နီမို" ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 564MB | 282MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle ...
movie
Inside (2023)
2023
4.9
12 Desperate Hours (2023)
12 Desperate Hours (2023)ဒီတစ်ခါတော့ Drama/Thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဗယ်လ်ဂျိန်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ မိခင်ဝတ္တရား မယားဝတ္တရားကျေပွန်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကိုလည်း အစစအရာရာဂရုစိုက်တတ်သူပါ။ တစ်နေ့မှာ သူ့ယောက်ျားဖြစ်သူအလုပ်သွားနေတဲ့အချိန် သူ့ကလေးနှစ်ယောက်နဲ့အိမ်မှာရှိနေတဲ့အချိန်မှာ လူတစ်ယောက်က သူတို့အိမ်ထဲကို သေနတ်နဲ့ဝင်လာပြီး ပြဿနာရှာပါတော့တယ်။အမျိုးမျိုးပြဿနာရှာတဲ့အချိန်မှာ ကလေးနှစ်ယောက်ကိုအရမ်းချစ်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ သူ့ကလေးတွေဒုက္ခမရောက်အောင်လို့ သေနတ်သမားကို ပထုတ်ဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီလိုပထုတ်ဖို့ကြိုးစားရင် ဗယ်လ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ သေနတ်သမားရဲ့ဘဝကရောဘယ်လိုလဲ သူကရော ဘာလို့အဲ့ဒီလိုတွေလုပ်နေတာလဲ စသဖြင့် ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။အညွန်း နဲ့ ဘာသာပြန်ကတော့ 10x05 ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 720p | 480p File size… 691MB | 337MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10x05 Encoder ..... Aaron
movie
12 Desperate Hours (2023)
2023
5.8
Furies (2022)
Furies (2022)2019 တုန်းက ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ Fury ရဲ့ Prequel Movie လေး ထွက်ရှိလာပါပြီ။Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက် ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။ မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။ ဒီလိုနဲ့ ယုတ်မာတဲ့တဏှာရူးလက်ချက်နဲ့ အမေကိုရော အိမ်ကိုပါဆုံးရှုံးခဲ့ရတဲ့ဘီတစ်ယောက် အိမ်ခြေရာမဲ့ဘဝနဲ့ လမ်းလေးရောက်တော့ လိင်စိတ်နားထင်ရောက်နေတဲ့ကျားခံတွင်းပျက်တစ်သိုက်နဲ့တွေ့ရင်း ဘဝပျက်လုဆဲဆဲမှာ သူ့ဘဝရဲ့အလင်းရောင်သဖွယ်ရောက်လာခဲ့တဲ့ ကယ်တင်ရှင်ဂျက်ကွာလင်ဂျက်ကွာလင်နဲ့အတူလိုက်သွားရာကနေ တွေ့ဆုံခင်မင်ခဲ့တဲ့ ဟုန် နဲ့ ထန် ဆိုတဲ့ ဘဝတူမိန်းကလေး ၂ ယောက်နဲ့အတူဆုံရင်းနဲ့မှ မျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရတဲ့ ဘီ ဂျက်ကွာလင်ရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ မိန်းကလေးတွေကို အညှာအတာကင်းမဲ့စွာနဲ့ ...
movie
Furies (2022)
2022
6.7
Hidden Island(2022)
Hidden Island(2022)*******************တစ်နှစ်ပတ်လုံး မြူတွေ အုံ့ဆိုင်းနေတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လူတစ်ချို့နေထိုင်ကြတယ်..အဲဒီကျွန်းသားတွေက ကျွန်းလုံခြုံဖို့အတွက် ဘာမဆိုလုပ်ပေးတဲ့ ရွာသူကြီးကိုလည်း ကြောက်ရွံ့ကြရတယ်...အဲဒီမှာ ကျွန်းသားတစ်ယောက်ဖြစ်တဲ့ ဟယ်ဂျောင်က ဘာကိုပဲစားစား ဗိုက်ဆာနေပြီးကိုယ်ခန္ဓာကလည်း နာကျင်နေခဲ့တာမို့ နတ်ဆရာမက ကုသပေးနေတယ်.... တစ်နေ့မှာ ဟယ်ဂျောင်ရဲ့ နာကျင်မှုတွေကို ကုသနိုင်ဖို့အတွက် ကုန်းမြေပေါ်ကလူတစ်ယောက် လိုအပ်တယ်ဆိုပြီး နတ်ဆရာမက ဟယ်ဂျောင်ရဲ့ အစ်ကိုဖြစ်သူကိုသွားခေါ်လာခဲ့ခိုင်းတယ် ...တစ်ဖက်မှာလည်း လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ဂျောင်ဟျော့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် အလုပ်ရှာပြီး အဲဒီကျွန်းပေါ်မှာ အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့တယ်... ဒီကျွန်းပေါ်ရောက်တဲ့အခါမှာ ထူးဆန်းတာတွေ အများကြီးမြင်တွေလိုက်ရတဲ့အခါမှာတော့....ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Yoon Sanက ရိုက်ကူးထားတာဖြစ်ပြီး cast တွေအနေနဲ့ကတော့ Kim Ho chang, Choi Ryung, Sok Bo Bae, Kang You-ra, Taewoong မှ ပါဝင်ရိုက်ကူးထားပါတယ်...File Size :(1.3GB) and (579MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:40:00 Genre : ...
movie
Hidden Island(2022)
5.9
Ottu (2023)
Ottu (2023)မင်းသမီးချောလေး Eesha Rebba က အစွမ်းကုန်လှပေးထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ အရင်ကကားတွေနဲ့သိပ်မတူပါဘူး မစ်ရှင်တော့မစ်ရှင်ပေမဲ့ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့မစ်ရှင်ပါကီချူးနဲ့ ကလျာနီဆိုတာကစုံတွဲပါ နိုင်ငံရပ်ခြားမှာအခြေချချင်ပေမဲ့ ပိုက်ဆံကမရှိဘူးပေါ့ ဒီလိုနဲ့ပိုက်ဆံရှာဖို့အလုပ်ပေါ်လာပါတယ် ကီချူးဦးလေးရဲ့အဆက်နဲ့ ကီချူးကိုအဖွဲ့တစ်ဖွဲ့ကငှားတာပါ သူကလူတွေနဲ့ဆက်ဆံရာမှာ တကယ်တော်တဲ့လူတစ်ယောက်ဆိုတော့ သူနဲ့ဖော်ရွေမှုကိုသုံးပြီး အတိတ်ပြန်ဖော်ချင်ကြတယ်ပေါ့သူမှတ်ဉာဏ်ပြန်ဖော်ပေးရမဲ့လူကတော့ တစ်ချိန်တုန်းက ရွှေမှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ ညာလက်ရုံးတစ်ယောက်ပါ အက်ဆီးဒင့်ဖြစ်ပြီးအတိတ်မေ့သွားတော့ ရွှေတွေရှိတဲ့နေရာပါမေ့သွားပါတယ် အဲဒီရွှေတွေကလည်းကုဋေ၃၀လောက်တန်တော့ ဒီရွှေတွေကိုရချင်တဲ့လူတစ်သိုက်၊ မှတ်ဉာဏ်ပြန်ရအောင်လုပ်ပေးရမဲ့ ကီချူးတို့နဲ့ အတိတ်မေ့နေတဲ့ဒေးဗစ်တို့ရဲ့ အရှုပ်တော်ပုံတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Rating အနေနဲ့လည်း 5.9ထိရထားတဲ့ကားကောင်းဆိုတော့ လက်မလွှတ်သင့်ပါဘူးရှင် File size…1.7GB / 800MB Quality…1080p WEB DL /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~NyeinAye
movie
Ottu (2023)
2023
5.2
Born Dead (2021)
Born Dead (2021) ============= Genre - Horror, Thriller IMDb Rating - 5.3/10လူနာဆိုတဲ့ အမျိုးသမီးက တိရစ္ဆာန်တွေကို ကလီစာထုတ် ပြီးတော့ မပုပ်မသိုးပဲ အကောင်အတိုင်းလေးတွေ ပြန်လုပ် ယူရတာကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်။ တစ်ရက် သူအပြင်သွားနေတုန်း အဖြစ်အပျက်တစ်ခု ကြုံလိုက်ရ တယ်။ စိတ္တဇလူသတ်သမားတစ်ယောက်က မိန်းကလေး တစ်ယောက်ကို လိုက်သတ်နေတဲ့အချိန် မိန်းကလေးက ခုခံကာကွယ်လိုက်လို့ လူသတ်သမား ဒဏ်ရာရသွားသလို မိန်းကလေးလည်း အသတ်ခံလိုက်ရပါတယ်၊ ဒဏ်ရာကြောင့် လည်း မေ့လဲသွားပါတော့တယ်။အဲဒါကို မြင်လိုက်ရတဲ့ လူနာတစ်ယောက် နှစ်ယောက်လုံး ကို အိမ်ခေါ်လာပြီး မိန်းကလေးအလောင်းကို ဒီတိုင်းထားပြီး လူသတ်သမားကို ကြိုးတုပ်ထားကာ ဆေးပါ ပြန်ကုပေး ထားပါတယ်။ ဒီလိုနဲ့ လူနာရဲ့ လူသတ်သမားကို ဖမ်းထားရ ခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ လူသတ်သမားကရော လူနာ့လက်ကနေ လွတ်မြောက်နိုင်မလား၊ နောက်ပြီး အဲဒီလို ဖြစ်နေတဲ့အချိန် လူနာ့ဆီလာမယ့်လူတွေကရော ဘာတွေ ဖြစ်ကြမလဲ စသဖြင့် ကြည့်ရှုခံစားရမယ့် အီတလီ သည်း ထိတ်ရင်ဖိုကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.6 GB) / (641 ...
movie
Born Dead (2021)
2021
5.9
Spirit Puppets ( 2023 )
CM ကနေ ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ္တဇဆန်ဆန်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သဘင်ပညာသည်လေး ရှစ်ကျားဟာ ရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ် အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့ လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့ သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ်အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီး ရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာ ရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကို အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ်ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီး ရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ်လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား .... ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား.... ဆိုတာကိုတော့ စိတ်ဝင်စာဖို့ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ...
movie
Spirit Puppets ( 2023 )
7
Hunger (2023)
Hunger (2023)Bad Geniusထဲမှာ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားသွားတဲ့မင်းသမီး Aokbab Chutimon ရဲ့ ကားသစ်လေးဖြစ်တဲ့ Hungerဆိုတဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဂျစ်ကန်ကန်ကာရိုက်တာနဲ့ အင်မတန်လိုက်ဖက်တဲ့သူလေးကို ဒီကားထဲမှာတော့ ဇွဲနပဲကြီးတဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့ရှက်ဖ်လေးအဖြစ် မြင်ရမှာပါ။အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ...မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါစားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ...
movie
Hunger (2023)
2023
65 (2023)
မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကတော့ Scott Beck ဖြစ်ပြီး A Quiet Place ရဲ့ဇာတ်ညွှန်းဆရာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်မှာလည်း အသံမထွက်ရတဲ့အခန်းတွေ များတာလားတော့မသိပါဘူး။ဇာတ်လမ်းအကျဉ်းမေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပို့ရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။ ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို့ ငွေလိုလို့ လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။ ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ...... File size…(1.5 GB)/(855 GB)/(400 ...
movie
65 (2023)
Nanny Dearest (2023)
အသက်ငယ်ငယ်လေးနဲ့ သမီးလေးမွေးထားတဲ့ တေလာတစ်ယောက် ပိုက်ဆံရဖို့အတွက် မမျိုးဥလှူဒါန်းမှုလုပ်ခဲ့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ကောင်လေးရဲ့မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီးသေဆုံးသွားတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့တေလာလည်းစိတ်လွတ်သွားပြီး သူ့ကောင်လေးကို သ-တ်လိုက်မိတဲ့အတွက် ထောင်ဆယ်နှစ်ကျသွားပါတော့တယ်။ ဆယ်နှစ်အကြာ တေလာတစ်ယောက်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူ့သမီးလေးကိုပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ ထောင်ထဲမှာတုန်းကသိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူရဲ့မမျိုးဥကို လက်ခံခဲ့တဲ့ မိသားစုနောက်ကို ပြန်လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့မမျိူးဥကိုလက်ခံခဲ့တဲ့မိသားစုကိုရှာတွေ့ပြီး အဲဒီမိသားစုထဲကို ဝင်လို့ရအောင်လုပ်ရင်း သူ့ရဲ့သမီးနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာ သူ့သမီးအနားမှာနေသွားနိုင်မလား၊ လက်ခံခဲ့တဲ့မိသားစုက ရော သူဘယ်သူလဲဆိုတာကို သိသွားမလား၊ သူ့သမီးရဲ့ အမေဖြစ်ခွင့်ရမှာလား၊ ဘယ်လိုအရှုပ်ထုတ်တွေလုပ်မိမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။File size…(2.1 GB)/(875 GB)/(490 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT
movie
Nanny Dearest (2023)
4.6
Faraaz (2023)
Faraaz 2022 IMDb 4.6/10 Action/Thrillerဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီး ကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာ တချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့် ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကို ဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာ ကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်တဲ့အရာကို လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး။ File size…1.42GB / 614MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San ~ Cherry
movie
Faraaz (2023)
2023
5.8
Who Killed Our Father? (2023)
Who Killed Our Father? (2023)လေလာရဲ့ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ အဖေဘယ်သူဝါမှန်းမသိတဲ့အပြင် အမေဖြစ်သူကလည်းဆေးစွဲနေပြီး အိမ်ပြန်တလှည့် မပြန်တလှည့်နေရာကနေ လေလာအသက် ၁၀ နှစ်လောက်မှာဆေးလွန်ပြီးသေသွားခဲ့တယ်။ ဆုံးရှူံးမှုတွေနဲ့မစိမ်းတဲ့လေလာဟာ သူ့ရဲ့တစ်ဦးတည်းသောအခင်တွယ်ရဆုံး မွေးစားအစ်မအိုင်းရစ်ကိုလည်း ဆုံးရှူံးလိုက်ရပြန်ပါတယ်။ဒီလိုနဲ့ လေလာဟာ သူ့ရဲ့အဖေရင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်။ DNA စစ်ဆေးချက်ရလဒ်အရ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် စကော့တ်ဟာရတ်ရဲ့သမီးဖြစ်နေတာတွေ့ခဲ့ရတယ်။ တဆက်တည်းမှာပဲ သူ့အဖေရဲ့ထူးဆန်းတဲ့သေဆုံးမှုကိုပါသိလိုက်ရပါတော့တယ်။ လေလာဟာ သူ့အဖေကိုသတ်တဲ့တရားခံကိုဖော်ထုတ်ဖို့ဆန္ဒရှိနေတယ် ဒါ့အပြင် သူ့ရဲ့တစ်ဦးတည်းသောသွေးသား ဖအေတူမအေကွဲညီမ ဗွိုင်အိုလက်နဲ့လည်းစောင့်ရှောက်ပေးချင်တာကြောင့် အတ္တလန်တာကနေ ဖီလစ်ဒဲဖီးယားကိုထွက်လာခဲ့တယ်။အသက်ငယ်ငယ်မှာ မိဘနှစ်ပါးလုံးကိုဆုံးရှူံးလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူ့ကိုမှမယုံဘဲ မာကြောခက်ထန်နေတဲ့ ဗွိုင်အိုလက်က လေလာ့ကိုလက်ခံပါ့မလား။ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့နီးကပ်လာတဲ့သူတို့နှစ်ယောက်ကို ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။Mystery ကိုမှ မိသားစု Drama ပါတဲ့ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ဖို့ ရွေးချယ်ချင်စရာ ဇာတ်ကားတစ်ကားဖြစ်ပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 700MB Quality - 1080p, 720p IMDb Rating ...
movie
Who Killed Our Father? (2023)
2023
5.3
Hypnotic (2021)
Hypnotic (2021)ခင်ဗျားမြင်နေရတာက အမှန်တရားလား.... ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား... ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား....Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း ...
movie
Hypnotic (2021)
2021
7.4
Felon(2008)
အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
4.0
Assassin (2023)
Assassin (2023) ============ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။ အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင် အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော် ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူ တစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေ ပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင် ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေ လိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှု တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေ ယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကို ကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းပေါ့။"ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်" ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင် ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကို ရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူး ခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ Dominic Purcell တို့ပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie
Assassin (2023)
2023
7.0
Suite Francaise (2014)
Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo ...
movie
Suite Francaise (2014)
6
Love Is Blind, Hate Too ( 2022 )
စာရေးဆရာမ အားပေါင် ဆိုသူနဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာ သူများတွေအားကျရတဲ့အထိ အရမ်းကိုမှ ချစ်ခင်ကြင်နာကြတဲ့ လင်မယားတွေပါ ။ အားပေါင်တစ်ယောက် ကားမတော်တဆမှုနဲ့ကြုံတွေ့ပြီး မျက်စိနှစ်လုံး အမြင်ကွယ်ခဲ့ပြီးတဲ့နောက်မှာ ဆရာဝန်ယန်ဟာ သူ့ဇနီးအပေါ်ကို အရင်ကထက် ဆထက်တစ်ပိုး တိုးလို့ချစ်ခဲ့ပါတယ် ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဆရာဝန်ယန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး ဇနီးဖြစ်သူ အားပေါင်ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရပါတော့တယ် ။ ဒီလိုမျိုး ဆရာဝန်ယန် ခဏတာ အိမ်ကနေ ထွက်သွားခဲ့တဲ့အခိုက်အတန့်က သူ့ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်ဆိုရင်လဲမမှားပါဘူး ။သူခရီးထွက်နေစဥ်အတွင်းမှာ ကျန့်ဝမ်တီ လို့ခေါ်တဲ့ အမျိူးသားတစ်ဦး အိမ်ရောက်လာခဲ့ပြီး မျက်မမြင်အားပေါင်ကို စတင်အနိုင်ကျင့်ခဲ့ပါတော့တယ် ။ ယောကျာ်းဖြစ်သူသူ ခရီးထွက်သွားနေတဲ့အတွက်ကြောင့် ကူရာမဲ့ဖြစ်နေတဲ့ အမျိုးသမီး မျက်မမြင်တစ်ယောက် ကြောက်မက်ဖွယ် အကြုံဆိုးနဲ့ ယောကျာ်းတစ်ယောက်ကို ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ -❏ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ? ❏ ကျန့်ဝမ်တီလို့ခေါ်တဲ့ အမျိုးသားကရော ဘယ်လိုအညှိုးအတေးတွေ ရှိခဲ့လို့ ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်ကို ကြံစည်ရတာလဲ ?❏ ဒီလိုမျိုးလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတွေကြားမှာ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie
Love Is Blind, Hate Too ( 2022 )
6.9
Amigos (2023)
Amigos (2023)IMDb - 7/10အခုတင်ဆက်ပေးမှာကတော့ အက်ရှင်ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ကမ္ဘာကြီးမှာကိုယ်နဲ့သွေးသားမတော်စပ်ဘဲ ရုပ်တူတဲ့သူတွေကအနည်းဆုံးသုံးယောက်ကနေ အများဆုံးခုနှစ်ယောက်အထိရှိနိုင်ပြီး အဲ့လူတွေနဲ့တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်ရေးတွေရှိလာနိုင်ပါတယ်ဒီကားထဲမှာတော့ဆဒ်ဒူးဆိုတဲ့လူငယ်လေးကရိုးသားထက်မြက်ပြီး မိဘစီးပွားရေးတွေကိုခန့်ခွဲနေသူတစ်ယောက်ပါ တစ်နေ့မှာတော့ အခွင့်အရေးတချို့ကြောင့် ဝဘ်ဆိုဒ်တစ်ခုကနေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်ယောက်ကိုတွေ့ဆုံပြီး သူငယ််ချင်းတွေဖြစ်သွားကြပြီး အတူတူခရီးတွေထွက်ကာပျော်ရွှင်ခဲ့ကြပါတယ် ဒါပေမဲ့သူတို့သုံးယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူမဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လိုတွေဝင်သွားမိပြီး ပြန်ဖြေရှင်းဖို့ကြိုးစားကြမလဲ သွေးသားမတော်ပဲရုပ်တစ်ထေရာတည်းတူညီနေတဲ့ အကျိုးဆက်ကြောင့်ဘယ်လိုအမွှေဇယားတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
movie
Amigos (2023)
2023
6.3
Cyber Heist ( 2023 )
ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie
Cyber Heist ( 2023 )
7.0
The Advocate: A Missing Body(2015)
The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin & Shoon Encoded by Phyo Pyae
movie
The Advocate: A Missing Body(2015)
First
77
78
79
80
81
Last
Previous
Next