Channel Myanmar

Thriller

Every Breath She Takes (2023) 5.6
Every Breath She Takes (2023) Every Breath She Takes (2023) =======================Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billy ကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေ အားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။ Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက် ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန် မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲ ရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ် ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo ...
movie

Every Breath She Takes (2023)

2023
The Hillsdale Adoption Scam (2023)
The Hillsdale Adoption Scam (2023)  Bethany တို့ဇနီးမောင်နှံဟာ သဘောကောင်းပြီးချမ်းသာပေမယ့် ကလေးအရမ်းလိုချင်ကြပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် သားထပ်လိုချင်လို့ မွေးစားဖို့ကြိုးစားနေရင်း Bethany တို့အိမ်ရှေ့ကို ကိုယ်၀န်နဲ့မိန်းကလေးတစ်ယောက်က ရည်းစားဟောင်းဖြစ်သူရန်ကနေလွတ်ဖို့ ထွက်ပြေးလာပါတယ်။ Bethany တို့လည်း ဂရုဏာသက်မိပြီး ခိုလှုံခွင့်ပေးရာကနေ မိန်းကလေးကို သံယောဇဉ်တွယ်မိပြီး ကလေးမွေးလာရင် Bethany တို့မွေးစားမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ကိစ္စတေ‌ွကထင်သလိုမရိုးရှင်းဘဲ Bethany တို့ရဲ့စိတ်နှလုံးကောင်းတာကို အခွင့်ကောင်းယူပြီး အလွဲသုံးစားလုပ်ချင်တဲ့ မသမာသူတွေပေါ်လာတဲ့အခါ...File size…(1.4 GB)/(600MB )/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Hillsdale Adoption Scam (2023)

A Lifeguard’s Obsession (2023)
A Lifeguard’s Obsession (2023) A Lifeguard's Obsession (2023)အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ ...
movie

A Lifeguard’s Obsession (2023)

2023
Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
Sin City (2005) 8.0
Sin City (2005) Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie

Sin City (2005)

2005
1080p HEVC
The Devil’s Deception (2022) 6
The Devil’s Deception (2022) The Devil's Deception / Talbis Iblis (2022)မလေးဘာသာစကားလို "မကောင်းဆိုးဝါးရဲ့မက်လုံး" လို့ အဓိပ္ပာယ်ရတဲ့ Talbis Iblis ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။၁၉၉၀ ခုနှစ်တုန်းက ဂျူနဲဒါးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရက်သားမကျခင် ကလေးရလာပေမဲ့ လှေကားပေါ်က တွန်းချခံခဲ့တာကြောင့် ကလေးပျက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ သားရူးရူးပြီး အလ္လာဟ်ရှင်မြတ်ဟောကြားထားတာတွေနဲ့ ဆန့်ကျင်တဲ့ အပေးအယူကို ပြုခဲ့ပါတော့တယ်။၂၀၂၂ ယခုခေတ်မှာတော့ ဟာဂျာဆိုတဲ့ကောင်မလေးကလည်း အိမ်ထောင်မကျခင် ကလေးရသွားလို့ ကလေးအဖေဖြစ်သူ အာရှက်ဒ်နဲ့ အမြန်လက်ထပ်လိုက်ရသူပါ။ သူတို့လင်မယားနှစ်ယောက် ကိုယ်လေးလက်ဝန်ကြီးနဲ့ အဘူမီရာတောင်ကုန်းက ဂျူနဲဒါး (သူတို့အခေါ် အမေဂျူ) တို့အိမ်ကို ရောက်လာခဲ့ပါတော့တယ်။ လာခဲ့တဲ့အကြောင်းကလည်း ကလေးမွေးဖို့မဟုတ်ဘဲ ကိုယ်ဝန်ဖျက်ချဖို့အတွက်ပါ။ဒီလိုနဲ့ ကိုယ်လေးလက်ဝန်နဲ့ ဟာဂျာတစ်ယောက် သူ့ကိုဂရုမစိုက်ပေးတဲ့ လင်ယောက်ျားရဲ့အထားခဲ့ခံရပြီး အမေဂျူနဲ့ရှိနေရတဲ့အချိန်မှာ အရင်က အတိတ်ဆိုးတွေက အိပ်မက်တွေအနေနဲ့ ပိုပိုရောက်လာတဲ့အခါ... တစ်ဖက်မှာလည်း အမေဂျူက ဟာဂျာ့ကလေးကို မရအရယူဖို့ စိုင်းပြင်းနေတဲ့အခါ...ဟာဂျာတစ်ယောက် လူတွေပျောက်တယ်လို့ နာမည်ကြီးတဲ့ အဘူမီရာတောင်ကုန်းမှာ ...
movie

The Devil’s Deception (2022)

2022
Along Came a Spider (2001) 6.4
Along Came a Spider (2001) မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

Along Came a Spider (2001)

2001
Infidelity Can Be Fatal (2023) 5.1
Infidelity Can Be Fatal (2023) Infidelity can be fatal (2023)"ဖောက်ပြန်ခြင်းသည် သေစေနိုင်သည်တဲ့"စကားလုံး‌လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အိမ်ထောင်ရေး နဲ့ အချစ်ရေးတွေမှာ သစ္စာရှိမှုနဲ့ တည်ဆောက်မှသာလျှင် ခိုင်မြဲကြသည်မဟုတ်လား။ အိမ်ထောင်ဖက်တွေမှာ တစ်ယောက်ယောက်က သစ္စာဖောက်ပြီး ဖောက်ပြန်ပြီဆိုလျှင် စိတ်ဆင်းရဲစရာတွေ ကြုံရပါတော့တယ်။ ဖောက်ပြန်ခြင်းတိုင်းသည် သေစေသည် မဟုတ်ပေမယ့် ဖောက်ပြန်ခြင်းကြောင့် ဘဝဆုံးသွားတဲ့ လူတွေလည်း အများကြီးရှိပြန်သည်။ ဇာတ်လမ်းအကျဉ်းကတော့ လူစီသွန်မဆင်သည် ကိုယ်ပိုင်စုံစမ်းရေးကုမ္ပဏီတစ်ခုကို ထောင်ထားသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုများကို လိုက်လံစုံစမ်းပေးတဲ့ ဝန်ဆောင်မှုမျိုးကို လုပ်ပေးလေ့ရှိသည်။ ငယ်စဉ်ဘဝက ဖခင်ဖြစ်သူသည် အတွင်းရေးမှူးမနှင့် ဖောက်ပြန်ကာ သူ့မိခင်ကို ထားပစ်ကာ ထွက်ပြေးသွားသည့်အတွက် အဆိုပါအလုပ်ကို စပြီးလုပ်ဖြစ်ခြင်း ဖြစ်သည်။ ထိုသို့လုပ်ကိုင်ရင်း သစ္စာမဲ့မှုတွေ ဖောက်လွဲဖောက်ပြန်မှုများကို နေ့စဉ်မြင်တွေ့ရသည့်အတွက် လူစီဟာ ရည်းစားလည်း မထားခဲ့သလို ယုံကြည်မှုကိုလည်း အားနည်းချက်အဖြစ် ရှု့မြင်သည်။ တစ်နေ့မှာ ကလိုက်ကက်ဆယ်ဆိုတဲ့ ယောကျ်ားတစ်ယောက်ဟာ သူ့မိန်းမ ‌ဖောက်ပြန်နေသည်ဟု ထင်သဖြင့် စုံစမ်းပေးရန် လူစီ့ထံ အလုပ်အပ်လာလေသည်။ ထိုအမှုကို လိုက်ရင်း လူစီနဲ့ ကလိုက်တို့ကြား ဖောက်လွဲဖောက်ပြန်တွေ ဖြစ်လာပြီး ဘယ်လို လူသေဆုံးမှုတွေ ...
movie

Infidelity Can Be Fatal (2023)

2023
Mourning Grave (2014) 5.9
Mourning Grave (2014) Mourning Grave (2014)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ...ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်...ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. ...
movie

Mourning Grave (2014)

2014
The Tutor (2023) 8
The Tutor (2023) The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie

The Tutor (2023)

2023
Sisters on the Run (2023) 5.7
Sisters on the Run (2023) Sisters on the Run (2023) ==================ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ...
movie

Sisters on the Run (2023)

2023
Here Love Lies (2023) 5.0
Here Love Lies (2023) Here Love Lies (2023) =================“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို ...
movie

Here Love Lies (2023)

2023
Ghost Rider: Spirit of Vengeance (2011) 4.3
Ghost Rider: Spirit of Vengeance (2011) Ghost Rider :Spirit of Vengeance 2011ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒီကားမှာတော့ Jhonny ...
movie

Ghost Rider: Spirit of Vengeance (2011)

1080p HEVC
Ghost Rider (2007) 5.3
Ghost Rider (2007) Ghost Rider :Extended 2007Ghost Rider ဆိုတာနဲ့ အရိုးခေါင်းကြီးမှာ မီးတွေတောက်နေပြီး ဆိုင်ကယ်ကြီးနဲ့ အထာကျကျဖြဲတတ်တဲ့ Marvel ဇာတ်ကောင်ကြီးကို တန်းမြင်ကြမယ်ထင်ပါတယ်။Marvel မှာ Ghost Rider တွေ အများကြီးရှိပါတယ်။ဒါပေမယ့် အဲ့ဒီအထဲမှာ အထင်ရှားဆုံးကတော့Johnny Blaze ပါ။2007 မှာ မင်းသားကြီး Nicolas Cage နဲ့ LA ရိုက်လိုက်တဲ့နောက်ပိုင်း superhero fan မဟုတ်တဲ့သူတွေကြားမှာလည်း Ghost Rider Character ဟာ ပိုပြီးထင်ရှားပါတယ်။(Nicolas Cage ကို ခုနောက်ပိုင်းလူငယ်တွေ သိပ်မသိနိုင်တော့ပေမယ့်။သူ့ခေတ်သူ့အခါတုန်းကတော့ သူမှသူဆိုပြီး ဖြစ်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။Leaving Las Vegas နဲ့ အော်စကာဆုကို ရရှိခဲ့ပြီးNational Treasure, Con Air ,Face/Off စတဲ့ သူ့ရဲ့ဇာတ်ကားတွေဟာ Skynet ခေတ်မှာကျွန်တော်တို့ အရူးအမူးထိုင်စောင့်ကြည့်ခဲ့ရတဲ့ ကားတွေပေါ့ဗျာ။အခုထွက်မယ့် Renfield ...
movie

Ghost Rider (2007)

1080p HEVC
Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Michael Collins(1996)

The Devil’s Deal(2023) 6.7
The Devil’s Deal(2023) The Devil's Deal(2023)*********************ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်...ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်...ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင်ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံ‌ငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့...Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့ကအဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်....File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle ...
movie

The Devil’s Deal(2023)

Suro (2022) 6.5
Suro (2022) Suro (2022) ========= IMDb Rating - 6.5/10ဒီSpain ဇာတ်လမ်းကို ဒါရိုက်တာ Mikel Gurrea ရိုက်ကူး ထားပြီး rating 6.5 ရထားတာပါ။ Helenaနဲ့ Ivanဆိုတဲ့ ညား ခါစ လင်မယားနှစ်ယောက် ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက် က အိမ်တစ်အိမ်ကို ပြောင်းလာကြတယ်။ အဲ့အိမ်က ဆုံးသွားတဲ့ Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။Helena တို့လင်မယားနှစ်ယောက် အဲ့မြို့ကိုပြောင်းလာတော့ မြို့ခံလူတွေက နွေရာသီမိုးခေါင်တဲ့အတွက် မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ Helenaတို့ကတော့ သူတို့ ကလေးလေးမမွေးခင် ဖော့ဆို့ပင်တွေ အခေါက်ခွာပြီး ချမ်းသာဖို့ ကိုပဲ အာရုံစိုက်နေကြတယ်။ အဲ့နောက်ပိုင်း ဖော့ဆို့ပင်အကြောင်း ဘာမှမသိတဲ့ Ivanနဲ့ Helenaတို့ အလုပ်သမားတွေငှားပြီး စုပေါင်း အလုပ်လုပ်ကြတော့ ဘယ်လိုပြဿနာတွေဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ညားခါစလင်မယား အချင်းချင်း အမြင်မတူလို့ရန်ဖြစ်တာတွေ၊ ဖော့ဆို့အခေါက်ခွာတဲ့ လုပ်နည်းတွေ၊ ပိုက်ဆံရဖို့ ခေါင်းဘယ်လောက်တောင် အခြောက် ခံလိုက်ရလဲဆိုတာတွေကို Mystery ဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.11 GB) ...
movie

Suro (2022)

2022
Raquel 1:1 (2022) 6.8
Raquel 1:1 (2022) Raquel 1:1 (2022)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ ...
movie

Raquel 1:1 (2022)

2022
M3GAN(2022) 6.6
M3GAN(2022) M3GAN(2022)============ဒီရုပ်ရှင်ကတော့ ၂၀၂၂ ထွက် သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားပါပဲ။ ဒီအရုပ်ကတော့ ချက်ကီလိုပဲ ကြောက်စရာအရုပ်ပါပဲ။ မက်ဂန်ဟာ အရုပ်ကုမ္ပဏီတစ်ခုက သိပ္ပံပညာရှင်မိန်းကလေးတစ်ယောက်ကနေ ဖန်တီးထားတဲ့အရုပ်ပါပဲ။မူရင်း ပရိုဂရမ်ကတော့ ကလေးတွေကို အဖော်ပြုပေးရင်းနဲ့အမူအကျင့်တွေသင်ယူပြီး ကလေးတွေကို သင်ပေးနိုင်အောင်၊ကာကွယ်နိုင်အောင်ဖန်တီးထားတာပါ။ အရုပ်ရဲ့ ပထမဆုံးအဖော်ပြုရမယ့်ကလေးကတော့ ကေဒီဆိုတဲ့ ကလေးမလေးဖြစ်ပြီး ကေဒီဟာ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်နဲ့ ဆုံးသွားတာကြောင့်မိဘမဲ့ ဖြစ်လာတဲ့ ကလေးပါ။ ဒီတော့ သူကလည်း မက်ဂန်အရုပ်ကိုအရမ်းကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလေးကိုကာကွယ်ဖို့ အဓိကပရိုဂရမ်က အရမ်းအားကောင်းလာတဲ့အခါမက်ဂန်ဟာ ကလေးအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာရာကိုရှင်းပစ်ဖို့ ကြိုးစားလာပါတော့တယ်....(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr Anderson ပဲဖြစ်ပါတယ်) File size…  2.33 GB /  531 MB Quality… Blu-Ray 1080p 5.1CH / 720p Format… mp4 Duration…. 1h 42m Genre .....  Horror , ...
movie

M3GAN(2022)

(18+)Sister Sister(2019) 6.0
(18+)Sister Sister(2019) Sister Sisterကင်ကရေဒီယို အသံလွှင့်ရုံက သန်းခေါင်ယံရင်ဖွင့်စကားများဆိုတဲ့ အစီအစဉ်ကိုတင်ဆက်သူတစ်ယောက်ပါ ကင်ကချမ်းသာတဲ့မိသားစုက ပညာတတ်ခင်ပွန်းတစ်ယောက်လဲရှိတယ် လောလောလတ်လတ်ကိုယ်ဝန်ပျက်ကျထားပြီး မိသားစုရေးအဆင်မပြေတာလေးတွေတော့ရှိတာပေါ့ကင်ကသူတင်ဆက်ရတဲ့အစီအစဉ်မှာ ဖုန်းခေါ်ဆိုလာတဲ့သူတိုင်းကို နှစ်သိမ့်ပေးရင် အမ်ဂိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သံယောဇဉ်တွယ်လာတယ် အဲ့ကောင်မလေးကို သူ့ရည်းစားကဗိုက်တစ်လုံးနဲ့ထားခဲ့တာပါ တစ်နေ့မှာတော့ ကောင်မလေးကို သူအလုပ်လုပ်နေတဲ့ဆိုင်က ဆိုင်ရှင်ကအနိုင်ကျင့်နေလို့ ကင်က သူ့ကိုအိမ်ပေါ်ခေါ်တင်လာတယ်အဲ့အချိန်မှာ ကင်ရယ် သူ့ခင်ပွန်းရယ် သူခေါ်လာတဲ့ ကောင်မလေးရယ် သုံးယောက်ဘယ်လိုစခန်းသွားကြမလဲ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဟာ ဟာ ဟာဆိုပြီး သုံးခါလောက်ဖြစ်အောင် အလှည့်အပြောင်းတွေပါမဲ့အပြင် မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းလေးတွေတော့ ပါပေမဲ့ Suspense Drama လက်စ်ဘီယန် ဇာတ်ကားကောင်းလေးမို့ CM ပရိသတ်တို့ လက်မလွှတ်တမ်းကြာ့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.2GB/ 600MB Quality…1080p WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)Sister Sister(2019)

2019