Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
Invitation to a Murder (2023)
စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝတ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်လို့နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်တွေထဲကလိုစူးစမ်းရှာဖွေထောက်လှမ်းအခွင့်အရေးကို ...
movie
Invitation to a Murder (2023)
One Day as a Lion (2023)
ပိုက်ဆံလိုနေတဲ့ Jackie ဆိုတဲ့လူတစ်ယောက်က သူ့အသိဂန်းစတားတစ်ယောက်အတွက် လူတစ်ယောက်ကို ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်ကြံဖို့ ကြိုးစားတာ ကျရှုံးသွားခဲ့ပါတယ်။ ပြီးတော့ အဲအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ စားပွဲထိုးမလေးကို ပြန်ပေးဆွဲတော့လည်း လွတ်တော့မလိုဖြစ်သွားပြန်ပါတယ် အဲလိုအလွဲလွဲအချော်ချော်တွေကြောင့် စိတ်ဓါတ်ကျပြီး မတ်တပ်တောင် မရပ်ချင်တော့တဲ့ Jackie ကို စားပွဲထိုးမလေးက သူတို့နှစ်ယောက်စလုံး ပိုက်ဆံရှာနိုင်မဲ့နည်းလမ်းပြောပြလာတဲ့အခါ အဲနည်းလမ်းကိုရော အစစအရာရာတလွဲလုပ်တတ်တဲ့ Jackie တစ်ယောက် အောင်မြင်အောင်လုပ်နိုင်ပါ့မလား...ဆိုတာကိုတော့ crime comedyအမျိုးအစားဖြစ်တဲ့ဒီဇာတ်ကားလေးထဲမှာ ရှုစားကြည့်ကြပါဦးရှင်File size…(1.1 GB)/580 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie
One Day as a Lion (2023)
The Grudge 3 (2009)
The Grudge 3 (2009)ဒုတိယကားမှာ လွတ်မြောက်လာတဲ့ ဂျိတ်ဟာ စိတ္တဇဆေးရုံတစ်ခုကို ပို့ခံလိုက်ရပါတယ်။ အဲဒီကို ရောက်သွားတာတောင် တကယ်တမ်းတော့ သူဟာ မလွတ်မြောက်သေးပါဘူး။ကာယာကို ရောက်လာလို့ ထွက်ပြေးဖို့ကြိုးစားရင်း တံခါးပိတ်ထားခံရတဲ့ ဂျိတ်... သူရှင်းပြတာကို ဆေးပညာရှုထောင့်ကပဲ ကြည့်နေမိတဲ့ ဒေါက်တာ ဆူလီဗန်... တကယ်တမ်း ဂျိတ် ရက်ရက်စက်စက် အသတ်ခံရချိန်မှာ ဒေါက်တာဆူလီဗန်ဟာ သိပ်ကိုနောက်ကျသွားခဲ့တယ်။ ထူးထူးဆန်းဆန်း သေဆုံးသွားတဲ့ သူ့လူနာအတွက် အမှန်တရားကို နားလည်အောင် ကြိုးစားစုံစမ်းပါတော့တယ်။ဂျိတ်နေထိုင်ခဲ့တဲ့ တိုက်ခန်းမှာ ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်နေတာမို့ လူခဏခဏ သေနေတဲ့ ဒီအဆောက်အဦမှာ ငှားနေသူတွေအားလုံးဟာ ပြောင်းရွှေ့ကုန်ကြတယ်။ ဒါကြောင့် ဒုက္ခရောက်ရတာကတော့ ကြားပွဲစားလေး မက်စ်ပါပဲ။ မက်စ်ဟာ ညီမ၂ယောက်နဲ့အတူ ကျိန်စာသင့်အခန်းရဲ့ အောက်တည့်တည့်မှာ နေထိုင်တယ်။ အိမ်ငှားရမ်းခ ပေးစရာမလိုဘဲ အဆောက်အဦကို ကြည့်ရှုပေးရတဲ့သူ... မွေးရာပါ ရောဂါသည် ညီမလေး ရို့စ်ကို စောင့်ရှောက်ပေးသူ... နောက်ညီမတစ်ယောက် လီဆာကလည်း ...
movie
The Grudge 3 (2009)
2009
9.6
CSI Sanatan (2023)
C.S.I. Sanatan (2023)IMDb-9.6/10ဇာတ်လမ်းအညွှန်း ၁ ဒေါ်လာနဲ့ VCဆိုတဲ့ချေးငွေ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိမ်မက်တွေပြည့်၀မယ် လူမှုဘ၀အဆင်ပြေတယ်ဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကာလပေါ့အဲဒီချိန်မှာမှ VC ကုမ္ပဏီရဲ့ CEO ဗစ်ကရမ်အသတ်ခံလိုက်ရပါတယ် နိုင်ငံအတွင်းနာမည်ကြီးဟစ်ဖြစ်နေတဲ့လူအသတ်ခံရတာမို့ ရဲတပ်ဖွဲ့တင်မဟုတ်ဘဲ အထူးပညာရှင်တွေပါလိုအပ်လာချိန်မှာ ဆန်နသန်၀င်ပါလာရပါတော့တယ်ဆန်နသန်ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကတော့ ရဲဖြစ်ချင်တဲ့ဘ၀အိမ်မက်အတွက် စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကပစ် အစ်ကိုကသေနဲ့စိတ်ဓာတ်ကျနေရာက ပြစ်မှုဗေဒဝင်သင်ရင်း ပြစ်မှုစုံစမ်းစစ်ဆေးရေးတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်လာသူပါ နိုင်ငံအတွင်းလတ်တလောနာမည်ကြီးထိပ်ပြေးနေတဲ့သူ အသတ်ခံရတဲ့နောက်ကွယ်ကဘာများလဲ ဆန်နသန်ရဲ့ ကျွမ်းကျင်မှုပညာတွေနဲ့ ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာတွေက မှုခင်းကားတွေကြိုက်တတ်တဲ့ ပရိသတ်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး File size…1.96GB / 894MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Khin~BpL
movie
CSI Sanatan (2023)
2023
7.0
Secret(2009)
Secret(2009)***********အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်..သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး...ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး...ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်...တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်..ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်...အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်...ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့်သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(2.8GB) and (855MB) Quality :NF.WEB-DL.1080P5.1Ch,720p Format…mp4 Duration…01:45:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mya Thet Encoded by Phyo ...
movie
Secret(2009)
Locke (2013)
IMDb - 7.1 , RT - 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie
Locke (2013)
Sound of Silence (2023)
အမ်မာဟာအဆိုတော်ဖြစ်ချင်သူတစ်ယောက်ပါ။ ဒါပေမဲ့ အကဲဖြတ်ဒိုင်တွေရှေ့ကိုရောက်သွားတိုင်းမှာ အသံမထွက်နိုင်တော့ပဲကြောက်နေတာကြောင့် သူ့ရဲ့ပါရမီတွေကိုထုတ်ပြခွင့်မရပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အီတလီက သူ့အမေကဖုန်းဆက်ပြီး ပြန်လာဖို့ခေါ်တဲ့အတွက် အီတလီကိုပြန်သွားတဲ့အခါမှာတော့ သူ့ရဲ့အဖေက လှေကားပေါ်ကနေပြုတ်ကျပြီး အထူးကြပ်မတ်ကုသဆောင်မှာကုသနေရပါတယ်။ အမ်မာရဲ့ အမေဆီမှာလည်း ဒဏ်ရာတွေရှိနေတဲ့အတွက် ဆရာဝန်တွေကတော့ အိမ်တွင်းအကြမ်းဖက်မှုလို့ယူဆထားပြီး သေချာစောင့်ကြည့်ခိုင်းထားတယ်။ ဒါပေမဲ့ အမ်မာရဲ့အမေကတော့ အမ်မာရဲ့အဖေမဟုတ်တဲ့လူက သူကိုသတ်ဖို့ကြိုးစားတယ်လို့ပြောတဲ့အတွက် အမ်မာတစ်ယောက်အိမ်ကိုပြန်ပြီး ဖြစ်ခဲ့တာကိုလေ့လာကြည့်ရင်း သူ့အဖေပြင်နေတဲ့ ရေဒီယို အဟောင်းလေးတစ်လုံးမှာ ရှိနေတဲ့အရာက ဒီလိုတွေဖြစ်အောင်လုပ်လိုက်မှန်းသိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါဗျ။File size…(1.6 GB)/(500 MB)/(200 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT
movie
Sound of Silence (2023)
6.7
Death’s Roulette(2023)
Death's Roulette(2023)*********************နိုးထလာတဲ့အချိန်မှာ သိလိုက်ရတာက သူတို့အားလုံး အိမ်ကြီးတစ်လုံးထဲမှာ ရောက်နေကြတာကိုပါ။စီးပွားရေးလုပ်ငန်းရှင် မိသားစုသုံးယောက်၊ စိတ်ရောဂါဆရာဝန်တစ်ယောက်၊ ခွဲစိတ်ဆရာဝန်တစ်ယောက်၊ရဲတစ်ယောက်၊ ယာဉ်မယ်တစ်ယောက် စုစုပေါင်း ၇ ယောက်။ သူတို့ဟာ သေခြင်းတရာရဲ့ ကစားပွဲကို ကစားဖို့အတွက် ပြန်ပေးဆွဲခံကြရတာကို သိရှိသွားတဲ့နောက်.... သူတို့က ဘာလို့ ဒီအိမ်ကြီးထဲကိုရောက်လာကြတာလဲ ဒီကစားပွဲနဲ့ သူတို့ဟာဘယ်လိုပတ်သက်မှုတွေရှိနေကြသလဲ သူတို့တစ်ဦးချင်းစီရဲ့ နောက်ကြောင်းဇာတ်လမ်းတွေကရော ဒီကစားပွဲနဲ့ဘယ်လိုဆက်စပ်မှုရှိနေသလဲဆိုတာတွေကို ဇာမ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်..File Size : (1.9GB) and (713MB) Quality : AMZN.WEB-DL,1080P,720p Format…mp4 Duration…01:34:00 Genre : Mystery, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae
movie
Death’s Roulette(2023)
8.0
The Covenant(2023)
The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie
The Covenant(2023)
4K HEVC
5.1
My Sister’s Serial Killer Boyfriend (2023)
My Sister's Serial Killer Boyfriend (2023) =============================သတင်းထောက်မမမက်ဒီက ကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို ဆောင်းပါး ရေးရဖို့ကြိုးပမ်းနေတဲ့သူပေါ့။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်း တစ်ခုထားပြီး လူသတ်ကြတယ်ဆိုတာ ဘော်ဒါတို့လည်းသိကြမှာပါ။ ဖြစ်ချင်တော့ လူတစ်ယောက်က ညီမဖြစ်သူအိုလစ်ဗီယာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာပြီး အန္တရာယ်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ မမမက်ဒီက ကိုယ်ခံပညာတတ်ထားမှရမယ်ဆိုပြီး သင်တန်း သွားတက်ကြတယ်။ကဲ...ဘာပြောကောင်းမလဲ သင်တန်းနည်းပြက ခပ်တောင့်တောင့် ဘဲကြီးဆိုတော့ အိုလစ်ဗီယာတစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင် ရှာတာပေါ့။ ဒါပေမဲ့ မမက်ဒီကလည်း သင်တန်းနည်းပြကို ဟိုလိုလို ဖြစ်နေတော့ ညီအစ်မနှစ်ယောက်နဲ့သင်တန်းနည်းပြကြီးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ မမနိုင်သွားမလား ညီမလေးနိုင်သွားမ လားဆိုတဲ့ ဒီဇာတ်ကားလေးမှာ ညီအစ်မနှစ်ယောက်ရဲ့အားပြိုင်မှု အပြင် တခြားဘယ်လိုလေးတွေထပ်ပါလာဦးမလဲဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (480 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Zwe Win Tun Encoder..........SWM
movie
My Sister’s Serial Killer Boyfriend (2023)
2023
5.8
Chokehold (2023)
Chokehold (2023) ============== IMDb Rating - 5.8/10လင်မယားနှစ်ယောက်ဟာ ရွာငယ်လေးဆီကို ဘဝသစ်စဖို့ ပြောင်းလာကြတယ်။ ဒါပေမဲ့ အဲဒီရွာကလူတွေက သူတို့ကို သတ်ချင်နေကြပါသတဲ့။ဒီဇာတ်ကားထဲက မင်းသားရဲ့ဇာတ်ကောင်ဟာ လူကောင်း လုံးလုံးကြီးရယ်လို့ မဟုတ်ပါ။ သူ့ပုံစံက လုပ်ရင်းလုပ်ရင်း လက်လွန်လာသလိုမျိုး။ ကိုယ့်ကို ဒုက္ခပေးတဲ့သူကို လက်စား ချေချင်လို့သတ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့သတ် လိုက်နဲ့ လုံးချာရိုက်နေတော့တာပေါ့။တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်ကြား သံယောဇဉ် အက်ကွဲကြောင်းလေးတွေ ပေါ်လာပြန်တယ်။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ကြည့်ကောင်းပြီး Rating - 5.8 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.3 GB) / (654 MB) /(361 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Ngwe Zin Encoder..........SWM
movie
Chokehold (2023)
2023
4.6
Another Me(2013)
Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie
Another Me(2013)
2013
Pillow Party Massacre (2023)
Horrorကြိုက်တဲ့လူတွေအတွက် Netflixရဲ့ ရှပ်ရှင်အသစ်လာပါပြီ။ ပျော်စေပျက်စေ စရင်းနဲ့ အပျော်ကနေ အပျက်ဖြစ်ခဲ့ရလို့ ဝမ်းနည်းစရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပြီး ၂နှစ်အကြာမှာ သူငယ်ချင်းတစ်သိုက် ငယ်ငယ်တုန်းက နွေရာသီ အားလပ်ရက်တိုင်း လာလေ့ရှိတဲ့ အိမ်ကို ဆမန်သာ၊ မိုင်းစ်၊ အလာနာ နဲ့ မစ်ကီတို့ သူငယ်ချင်းတစ်သိုက် ပြန်ချိန်းလိုက်ကြပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်သိုက်ကို ဘယ်လိုမကောင်းတဲ့အရာတွေက စောင့်ကြိုနေမလဲ၊ အဲဲဒီ မကောင်းတဲ့အရာကနေ ဆမန်သာတို့ လွတ်မြောက်သွားနိုင်ပါ့မလား၊ ဘာလို့ အဲဒီမကောင်းတဲ့အရာကြီးက ဘာလို့လိုက်သတ်နေတာလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ခေတ်စားနေတဲ့ Screamလိုမျိုးပုံစံမျိုးဆိုတော့ တရားခံက ဘယ်သူလဲဆိုတာ ကြည့်ရင်းရှာဖွေလိုက်ကြပါအုန်း။ File size…(1 GB)/(500 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie
Pillow Party Massacre (2023)
5.2
Prime Time (2021)
Prime Time (2021)1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။(ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, ...
movie
Prime Time (2021)
2021
5
The Grudge 2 (2006)
The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie
The Grudge 2 (2006)
2006
6.7
Private Eye(2009)
Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းတွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အသေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie
Private Eye(2009)
6.4
The Raven(2012)
The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size… 1.1 GB / 489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie
The Raven(2012)
2012
6.6
The Artifice Girl (2023)
The Artifice Girl (2023)Artificial Intelligence AI ဥာဏ်ရည်တု၊ ဖန်တီးဥာဏ်ရည်၊ အသက်မဲ့ဦးနှောက် စသဖြင့်ခေါ်ကြတဲ့နည်းပညာဟာ ဟိုးအရင်ထဲနေအခုထိ စာအုပ်ပေါင်းများစွာဇာတ်လမ်းပေါင်းများစွာရဲ့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တယ်။ လူသားတွေဖန်တီးထားတဲ့ ဥာဏ်ရည်က တစ်နေ့မှာလူသားဥာဏ်ရည်ကိုကျော်လွန်သွားမလားဆိုတဲ့ ဆွေးနွေးမှုတွေလဲအများကြီးပါပဲ။ တကယ်တမ်းတော့ အဲ့အတွက်အဖြေကရှိပြီးသားပါ။ နည်းပညာတိုးတက်မှုအရ တစ်ချိန်မှာတော့ကျော်ကိုကျော်သွားမှာပါပဲ။ အဲ့ဒီတစ်ချိန်က လက်ရှိရှိနေတဲ့လူတွေသက်တမ်းမှာဟုတ်မဟုတ်တော့မပြောနိုင်ဘူးပေါ့။ တကယ့်မေးခွန်းက ဒီဥာဏ်ရည်တုတွေမှာ စိတ်ဝိဥာဥ်တွေ ခံစားနားလည်နိုင်တဲ့အသိတွေရောရှိလာမလား။ ဒီဇာတ်ကားထဲကဥပမာတစ်ခုအရပြောရရင် လူတစ်ယောက်ကို အမဲကင်နဲ့ ဆဲလ်မန်ငါးဘာစားရမလဲမေးရင် သူက သူစားဖူးတဲ့အတွေ့အကြုံအရ သူ့ခံစားချက်အရဖြေမှာပဲ။ ဥာဏ်ရည်တုကိုအဲ့ဒါမေးရင်တော့ သူ့အတွေ့အကြုံခံစားချက်ဆိုတာမရှိတော့ ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးဒေတာတွေ rating ရှာမယ် နှိုင်းယှဥ်သုံးသပ်မယ် ပြီးတော့မှအဖြေပေးမယ်။ ပြီးတော့သူ့ကိုဖန်တီးတဲ့သူကမေးရင် သူ့အတွက်အဲ့လူကိုလိုအပ်တာကြောင့် အဲ့ဒီလူအတွက်ကျန်းမာစေမယ့် ဆဲလ်မန်ကိုသူညွှန်းမယ်ပေါ့။ ဒါတွေအားလုံးကတွက်ချက်မှုပါပဲ။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် ဒီဥာဏ်ရည်တုတွေက ခံစားချက်တွေရသွားပြီး လောကကြီးကိုသိမ်းပြီးလူသားတွေကိုပါပြန်ထိန်းချုပ်မလားဆိုတဲ့အယူအဆတွေရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဥာဏ်ရည်တုတွေကိုအဲ့လိုအန္တရာယ်ရှိတဲ့ပုံအဖြစ်ပုံဖော်မထားပဲ လူသားတွေအနေနဲ့ဒီဥာဏ်ရည်တုတွေကို ဘယ်လိုဆက်ဆံသင့်တယ် သူတို့အတွက်ရောကိုယ်ပိုင်အခွင့်အရေးတွေဆုံးဖြတ်နိုင်မှုတွေရသင့်လားဆိုတဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွေကို ဆွေးနွေးမှုပုံစံ အငြင်းအခုံပုံစံနဲ့ဖော်ပြသွားလိုက်တာ ဆွဲခေါ်အားကောင်းချက်ကတော့ ပျင်းစရာဆိုတာမရှိဘဲ သူတို့ဆွေးနွေးမှုထဲကိုယ်ပါမြောပါသွားရတာပါပဲ။ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေ လူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီး သူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် ...
movie
The Artifice Girl (2023)
2023
Last Sentinel (2023)
Cm ပရိသတ်ကြီးအတွက် 2023 ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကာလမှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲကြီးတွေဖြစ်ခဲ့ပြီး ကုန်းမြေအကုန်လုံးနီးပါးဟာ ပင်လယ်ရေအောက်ကိုမြုပ်သွားကြပါတယ်။ ကုန်းမြေအကုန်လုံးနီးပါးရေထဲမြုပ်သွားပေမဲ့လည်း စစ်ဖြစ်နေတာကတော့မရပ်သေးဘဲ ကင်းစခန်းတွေကိုရေပေါ်မှာတည်ဆောက်ထားပြီး ရန်သူရဲ့ လှုပ်ရှားမှုကိုဆက်လက်စောင့်ကြည့်ခဲ့ကြပါတယ်။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျဦးဆောင်တဲ့ စစ်သားလေးယောက်ပါကင်းတပ်ဖွဲ့ကလည်း တာဝန်ကျရာ ရေပေါ်ကင်းစခန်းမှာစောင့်ကြည့်ရင်း တာဝန်ချိန်နှစ်နှစ်ပြည့်သွားတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောရောက်အလာကို မျှော်လင့်နေကြတာပါ။ သူတို့ရဲ့စခန်းကလည်းတစ်လကိုတစ်ကြိမ်တိုက်ခတ်နေတဲ့မုန်တိုင်းကြောင့်တဖြည်းဖြည်းယိုယွင်းလာနေခဲ့ပါပြီ။ သူတို့ဆီကိုလည်းတစ်နေ့နဲ့တစ်နေ့ ဌာနချုပ်ကနေပြီးအကြောင်းကြားစာအသစ်တွေကိုရောက်ရှိမလာတဲ့အတွက် လူသူကင်းမဲ့ပြီးရေအတိဝိုင်းနေတဲ့ ပင်လယ်ပေါ်မှာ နှစ်နှစ်ကျော်နေလာရတဲ့လူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ရဲ့ကယ်ဆယ်ရေး သင်္ဘောလို့ယူဆရတဲ့ သင်္ဘောတစ်စီးကမျောပါလာတာကိုတွေ့လိုက်ရပြီး သင်္ဘောပေါ်မှာ ပစ္စည်းတွေကလွဲရင် လူတစ်ယောက်မှပါခဲ့ပါဘူး။ ဌာနချုပ်ဘက်ကလည်း သင်္ဘောနဲ့ပတ်သတ်ပြီး ဘယ်လိုအကြောင်းကြားစာမှမပြန်တာမလို့ မျောပါလာတဲ့သင်္ဘောကိုပြင်ပြီးလူနှစ်ေယာက်က ဌာနချုပ်ဆီကို ကိုယ်တိုင်အစီရင်ခံစာသွားပို့မယ်လို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုသွားပို့မဲ့အစီအစဉ်ကအောင်မြင်ပါ့မလား၊ သူတို့ရဲ့ အကြောင်းကြားစာတွေကိုရော ဌာနချုပ်ကဘာလို့အကြောင်းမပြန်တာလဲ၊ သူတို့ကရော နောက်ဆုံးကင်းတပ်ဖွဲ့ဖြစ်နေတာလား၊ ကယ်ဆယ်ရေးနဲ့ ရန်သူဘယ်အရာကအရင်ရောက်ရှိလာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama, ...
movie
Last Sentinel (2023)
House Cleaning Master ( 2023 )
အိမ်ယာမြေအကျိုးဆောင်က "ကျန်းရှို့"ဆိုသူဟာ "လီလိရာ"ဆိုသူကို 'ရှောင်ယန်လုံ'လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်"လီလိရာ"ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်... သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။-ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေသွားမလဲဆိုတာကို..."အလင်းကမ္ဘာရဲ့အမှောင်ထု"ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie
House Cleaning Master ( 2023 )
First
74
75
76
77
78
Last
Previous
Next