Channel Myanmar

Thriller

One Ranger (2023)
One Ranger (2023) One Ranger(2023)တက္ကဆက်ပြည်ရဲ့ ထိတ်ထိတ်ကြဲ တက္ကဆက် ရိန်းဂျားကြီးကို ဗြိတိန်ထောက်လှမ်းရေးက လန်ဒန်ရွှေမြို့တော်ဆီ ပင့်ဖိတ်ပြီး ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်မှုကြီးကို ကာကွယ်ကြမယ့် ဇာတ်ကားပါ။တက္ကဆက်ရိန်းဂျားအဖြစ် ဝါရင့် အက်ရှင်မင်းသားကြီး Thomas Janes က သရုပ်ဆောင်ထားပြီး John Malkovich ကတော့ လန်ဒန်ထောက်လှမ်းရေးအေဂျင်စီရဲ့ ကြီးကြပ်ရေးမှူးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်မင်းသမီး Dominique Tipper လည်း အားဖြည့်ထားပါသေးတယ်။ Thomas Janes ရဲ့ ထီမထင်ဟန်ပန်နဲ့ John Malkovich ရဲ့ အေးတိအေးစက် အပြောတွေနဲ့တင် ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားပါ။ဆိုတော့… Thomas Janes တစ်ယောက် ကောင်းဘွိုင်ဦးထုပ်ကြီးဆောင်းပြီး လန်ဒန်မှာ ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 670MB | 379MB Format… ...
movie

One Ranger (2023)

2023
Rudhran(2023) 5.1
Rudhran(2023) Rudhran (2023) IMDb 5.1ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ရုံကားလည်းဖြစ် ရုံတင်ငွေကလည်း ကုဋေ၂၀လောက်ပြန်ရခဲ့တဲ့ အပျင်းပြေအနေနဲ့ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း.... ဘွန်မီဆိုတာက ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ကိုဆန့်ကျင်တဲ့လူရှိရင် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ပစ်တတ်တဲ့လူ ဒီလူ့မှာတော့ သူချစ်ရတဲ့ညီ ဆာရှီဆိုတာရှိပါတယ် တစ်နေ့ သူ့ညီဆာရှီက အသတ်ခံလိုက်ရတော့ ဘွန်မီ့တစ်ယောက် ယူကြုံးမရတွေဖြစ်ပြီး တရားခံကိုအားကုန်သုံးကာ မြေလှန်ရှာပါတော့တယ် ...ရူဒရန်ကတော့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်လေး သူ့ကိုချစ်ပေးတဲ့မိသားစု သူငယ်ချင်းနဲ့ လိုလေသေးမရှိတဲ့လူပေါ့ အချိန်တန်ရင် အလုပ်သွား လစာထုတ် သောက်စားပျော်ပါးနေတတ်တဲ့ကောင်လေးက ဘွန်မီ့ညီကိုသတ်မိတဲ့ တရားခံဖြစ်နေခဲ့ပါတယ် ဒါကဘာကြောင့်ဖြစ်နိုင်မလဲ အကုန်ကြောက်ရတဲ့ ဘွန်မီနဲ့မှ သွားပတ်သက်မိလေတော့ သူ့ဘဝရော အရင်လိုအေးချမ်းနိုင်ပါ့မလားရှေ့တစ်ခန်းနှစ်ခန်းနဲ့ ပေါကားလို့ အဆုံးဖြတ်မစောဘဲ ဇာတ်လမ်းအလှည့်အပြောင်းကို စောင့်ကြည့်ခံစားကြပါဦး File size…3.4GB / 1.6GB Quality…1080p HQ WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin~Sai~Yunni~BpL~Nyein
movie

Rudhran(2023)

I’ll Be Watching (2023)
I’ll Be Watching (2023) I'll be watching (2023)သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား??? အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။ အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။ အီလွန်မက်ကြီးပြောသလိုပေါ့ AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I'll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။ တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။ သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ ...
movie

I’ll Be Watching (2023)

2023
Sarmasik(2015) 7.9
Sarmasik(2015) Sarmasik(2015)**************၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်ကပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင်ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့်သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့...File Size :(1.5GB) and (622MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:44:00 Genre : Fantasy ,Thriller ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated APP Encoded by Phyo Pyae
movie

Sarmasik(2015)

How to Blow Up a Pipeline (2023) 7.2
How to Blow Up a Pipeline (2023) How to blow up a Pipeline (2023)ဒီကားကတော့ မြှောက်ထိုးပင့်ကော်ပဲ ပြောရမလား ရှေ့ဆောင်လမ်းပြပဲပြောရမလားပေါ့။ ဘက်ဂျက်နည်းနည်းနဲ့တကယ်ကောင်းအောင်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ဇာတ်ကားနာမည်အတိုင်း တကယ်ကို ရေနံပိုက်လိုင်းကြီးတစ်ခုကို ဖောက်ခွဲဖျက်ဆီးပုံကို အဆင့်လိုက်ကို ပြသထားတာပါ။ ဖောက်ခွဲတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဓာတုစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေကြောင့် ကင်ဆာတွေဖြစ်၊မိသားစုတွေသေ၊ အိမ်မြေတွေဆုံးရှုံးဘဝတွေပျက်ခဲ့ရတဲ့ လူတစ်စုပါပဲ။ သူတို့တွေဟာ ဒီစက်ရုံတွေကြောင့် မကြာခင် ကမ္ဘာကြီး ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေအများကြီးထပ်သေကြရတော့မှာကို သတိထားမိတဲ့ သူတွေလို့ပဲပြောရမှာပေါ့။ ကမ္ဘာအနှံ့မှာ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်နေကြပေမယ့် ကော်ပိုရိတ်ကြီးကတွေ မမှုတဲ့အကြောင်းကိုမီးမောင်းထိုးပြထားတာပါပဲ။ ဒီတော့ နောက်ဆုံးကြံရာမရတဲ့အခြေအနေမှာ မက္ကဆီကိုက ဧရာမ ရေနံပိုက်လိုင်းကြီးကို မရရအောင်ဖောက်ခွဲဖို့ ကြိုးစားပုံကိုပြသထားတာပါပဲ။ လူတစ်ယောက်ချင်းဆီရဲ့ ဝမ်းနည်းစရာဘဝတွေကိုပြလိုက် လက်ရှိအချိန် ဧရာမဗုံးကြီးကိုလုပ်ပြီး ပိုက်လိုင်းကိုဖောက်ခွဲတာကိုပြလိုက်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 2.3GB | 984MB | 455MB Format… mp4 Duration…. ...
movie

How to Blow Up a Pipeline (2023)

2023
Bestseller(2010) 7.4
Bestseller(2010) Bestseller(2010)***************သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာသူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလိုတစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်ကလွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ....လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ......တရားခံက ဘယ်သူဖြစ်မလဲ......အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား.....လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Bestseller(2010)

Man of Vendetta(2010) 7.0
Man of Vendetta(2010) Man of Vendetta(2010)**********************ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီးပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာသမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး..အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့....Man of Vendetta ဇာတ်ကားဟာ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။File Size : (2.1GB) and (723B) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Action ,Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae  
movie

Man of Vendetta(2010)

Soppana Sundari (2023) 7.6
Soppana Sundari (2023) Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီး‌‌ချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB  / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie

Soppana Sundari (2023)

2023
The East(2013) 6.8
The East(2013)  Imdb - 6.8 Rotten Tomatoes - 76%သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကိုခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကိုတန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့(The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။The Legend of Tarzan, The Northman,သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The UmbrellaAcademy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကိုမညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက်တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်းအဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေကကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်)လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ...
movie

The East(2013)

Snag (2023)
Snag (2023) Snag (2023)ဒီတစ်ခါတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Snagဟာ ဩစတေးရီးယားလူမျိုး Assassinတစ်ဦးဖြစ်ပြီး မကောင်းမှုတွေရဲ့အဝေးမှာ သိုသိုသိပ်သိပ် ခြေရာဖျောက်နေထိုင်နေခဲ့သူပါ။တစ်နေ့မှာတော့ သူခြေရာဖျောက်နေနေတဲ့နေရာကို မိတ်ဆွေဟောင်းတစ်ယောက်ရောက်လာပြီး သတင်းတစ်ခုကိုပါ ယူလာခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ တစ်ချိန်ကသူချစ်ခဲ့တဲ့မိန်းကလေးဟာ မသေဆုံးသေးဘဲအသက်ရှင်နေသေးတယ်ဆိုတဲ့သတင်းဖြစ်ပြီး အဲ့ဒီမိန်းကလေးကိုလည်း Snagနဲ့ရန်ငြိုးရှိခဲ့ဖူးသူက ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါ။သတင်းကြားတာနဲ့ Snagတစ်ယောက် သူ့ချစ်သူကောင်မလေးကို သွားကယ်ဖို့ကြိုးစားတာတွေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ 10 x 05 ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 626MB | 305MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10 x 05 Encoder ..... Aaron
movie

Snag (2023)

2023
Simulant (2023) 5.1
Simulant (2023) Simulant (2023)AI စက်ရုပ်တွေအကြောင်း ရိုက်ကူးထားတဲ့ Sci-Fi ဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ခင်ပွန်းသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ Faye က သူ့ယောက်ျား Evan နဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပြီးတော့မှ သူ့ယောက်ျားမဟုတ်တဲ့အတွက် စက်ရုပ်ကို ပြန်ပိတ်ချဖို့ စိတ်ကူးနေပါတယ်။ တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် စက်ရုပ်တွေကို လွတ်မြောက်ဖို့ လုပ်ပေးနေတဲ့ Casey ကို စက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။ AICE အဖွဲ့ က အေးဂျင့် Kessler ကလည်း စက်ရုပ်ရဲ့ပေါ့ဆမှုကြောင့် သူ့ကလေးသေဆုံးရတယ်ဆိုပြီး နာကျင်နေတဲ့သူပါ။ Casey နဲ့ Evan တို့ တွေ့သွားကြပြီး စက်ရုပ်တွေကို လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ အေးဂျင့် Kessler က သူတို့ကို ဖမ်းဆီးနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ စက်ရုပ်တွေလည်း လူသားတွေလို ခံစားတတ်တယ်၊ ချစ်တတ်တယ်၊ လူသားတွေနဲ့ အတူနေထိုင်လို့ရတယ်ဆိုတာကို စက်ရုပ်နဲ့ လူသားကြားထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့လည်း ပုံဖော်ထားပါသေးတယ်။အညွှန်း နဲ့ ...
movie

Simulant (2023)

2023
Sindhooram(2023) 7.8
Sindhooram(2023) Sindhooram(2023)IMDb-7.8/10ဇာတ်လမ်းအညွှန်းနက်ဇယ်အဖွဲ့တွေနဲ့ ဒေသအာဏာပိုင်တွေ တင်းမာမှုအခက်အခဲတွေရှိနေတဲ့အချိန် လယ်ယာလုပ်ငန်းလုပ်ကိုင်သူလယ်သမားတွေဟာ ကိုယ့်လယ်မှာကို အလုပ်သမားလိုပြန်လုပ်နေရပြီး လုပ်ခလစာရတာလည်း အရမ်းကိုနည်းပါးကြတယ်ဒီလိုအခက်အခဲဝင်ငွေနည်းမှုတွေနဲ့ လယ်သမားတွေဟာလယ်ထဲမဆင်းနိုင် ခက်ခဲပင်ပန်းပြီးအသက်ဆုံးတာတွေပါရှိလာကြတယ် ဒီချိန်မှာ MROအဖြစ် အသစ်ခန့်လိုက်တဲ့ ရှရီရာကကျေးရွာကိုရောက်လာပြီး လယ်သမားတွေအတွက် ရပ်တည်ဖြေရှင်းပါတော့တယ်ဒေသခံအာဏာပိုင်တွေနဲ့ အပြိုင်ချဲရမယ့်အသစ်ခန့်အမျိုးသမီးငယ်တစ်ယောက် ၊ ဒေသခံလယ်သမားတွေဘဝ နဲ့ နက်ဇယ်အဖွဲ့တွေရဲ့အကြောင်း ရှုထောင့်လေးမျိုးကနေ ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…2.7GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  HM~Yunni~BPL~Sai ~Nyein
movie

Sindhooram(2023)

2023
The Mother (2023) 7.4
The Mother (2023) The Mother (2023)နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | ...
movie

The Mother (2023)

2023
The Dyatlov Pass Incident(2013) 5.7
The Dyatlov Pass Incident(2013)  ၁၉၅၉ ခုနှစ်မှာ အီဂါ ီယာလို့ဗ် ခေါင်းဆောင်တဲ့ ရုရှားတောင်တက်သမား၉ယောက်အဖွဲ့ဟာ ရုရှားနိုင်ငံ မြောက်ပိုင်း ယူရယ်တောင်ရိုင်းတွေကိုစွန့်စားတောင်တက်ခဲ့ကြပါတယ်။ နှစ်ပတ်အကြာမှာ သူတို့စခန်းချထားတဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့နေရာတွေမှာ ၉ယောက်လုံးကို ထူးဆန်းစွာသေဆုံးလျက် တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ The DyatlovPass incident (ဒီယာလို့ဗ်တောင်ကြားလမ်းမတော်တဆမှု)လို့ခေါ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး ယနေ့တိုင် ကမ္ဘာပေါ်ကဘယ်သိပ္ပံပညာရှင်မှ အဖြေမထုတ်နိုင်၊မဖြေရှင်းနိုင်သေးတဲ့လျို့ဝှက်ဆန်းကြယ်ဖြစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဒီဖြစ်ရပ်ကိုအခြေခံပြီးစိတ်ကူးပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာအော်ရီဂွန်တက္ကသိုလ်က ကျောင်းသား ၅ယောက်က အဲ့ဒီမတော်တဆမှုဖြစ်ရပ်ကို အဖြေထုတ်မယ်၊မှတ်တမ်းရိုက်ကူးထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ယူရယ်တောင်တွေဆီကို ဒီယာလို့ဗ်တို့အဖွဲ့လမ်းစဉ်အတိုင်း တောင်တက်လာကြပါတယ်။ အဲ့ဒီနောက်မှာဒီ ၅ယောက်အဖွဲ့လည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့ သတင်းတွေထွက်ပေါ်လာပါတော့တယ်။ မူလ ဒီယာလို့ဗ်အဖွဲ့တုန်းကလို မဖြေရှင်းနိုင်တဲ့ ပဟေဠိဖြစ်ရပ်တစ်ခုဖြစ်ပြီး တကယ်များတည်ရှိနေကြမလားမသိနိုင်တဲ့ နှင်းလူတွေကြောင့်လား ၊ ဂြိုလ်သားတွေကြောင့်များလား၊ပရလောက နာနာဘာဝ ဝိနာဘာဝတွေ လုပ်တာလား ၊ ဒါမှမဟုတ်အစိုးရစစ်တပ်ရဲ့လုပ်ရပ်လား ။သူတို့ရိုက်ကူးထားတဲ့ footage မှတ်တမ်းပုံစံအနေနဲ့ ကြည့်ရှုရမယ့် horrorဇာတ်လမ်းတစ်ပုဒ် ...
movie

The Dyatlov Pass Incident(2013)

Don’t Sell My Baby(2023) 6.7
Don’t Sell My Baby(2023) Don't Sell My Baby(2023)***********************စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ နီကိုလက်ဟာ သူငယ်ချင်းဖြစ်သူဘရွတ်ပျောက်ဆုံးသွားတဲ့ အတွက် လူပျောက်ကြေငြာလိုက်ကပ်ရင်း ရတက်မအေးဖြစ်နေရသူပါ။ ဒီပျောက်ဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရသူဖြစ်ပြီး ငယ်ရွယ်သူတို့ထုံးစံအတိုင်းအနာဂတ်ဆိုတာလည်း မရေရာမသေချာသေးပါဘူး။ တစ်နေ့ကျတော့ ဒီသူငယ်ချင်းဖြစ်သူက နီကိုလက်ဆီကို ဖုန်းဆက်လာပြီး သူ့နောက်ကို လူတစ်ယောက်လိုက်နေကြောင်း၊ ကလေးကို ငွေပေးပြီး လိုချင်နေသူတွေရှိကြောင်းပြောပါတယ်။ နီကိုလက်ကလည်း အကူအညီအပေးနိုင်ဖို့ တစ်နေရာမှာ ချိန်းဆိုလိုက်ရင်းက သူငယ်ချင်းဖြစ်သူကားတိုက်ခံရပြီး ဆုံးပါးသွားတာမြင်လိုက်ရပါလေရော။ ဒါတွေဟာ တိုက်ဆိုင်မှုပဲလား၊ တမင်ကြံစည်မှုပဲလားဆိုတာ စုံစမ်းနေရင်းမှ နီကိုလက်ကိုယ်တိုင်မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရပါတယ်။ ဒီလိုနဲ့ နီကိုလက်တစ်ယောက် ဘဝအနာဂတ်ရေရေရာရာ မရှိသေးခင်ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးတွေကို ပစ်မှတ်ထားတဲ့လူတွေဆီက ပြေးလွတ်နိုင်မလားဆိုတာကိုတော့...File Size : (1.5GB) and (574MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Don’t Sell My Baby(2023)

Chaguo (2022)
Chaguo (2022) ဝန်ဒိုနဲ့မူဂယ်နီတို့ဟာ အာဖရိကန်နိုင်ငံတစ်နိုင်ငံကလွတ်လပ်ရေးရပြီးကတည်းက သမိုင်းစဉ်ဆက် အားပြိုင်နေတဲ့မတူညီတဲ့မိသားစုနှစ်စုက ချစ်သူတွေဖြစ်ပါတယ်။ ဝန်ဒိုဟာ ရှေးရိုးစွဲ လူမျိုးစွဲတွေကို ဆန့်ကျင်ပြီး ဇာတိမြေကောင်းစားရေးအတွက်ကြိုးပမ်းနေတဲ့ အမတ်လောင်းအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။ လူမျိူးစွဲ ပါတီစွဲများကြောင့် ဝန်ဒိုရဲ့အလုပ်ဟာသူတို့ချစ်သူနှစ်ဦးရဲ့ရှေ့ဆက်မယ့်လမ်းမှာ အဟန့်အတားဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ ချစ်သူနှစ်ဦးရဲ့ချစ်ခရီးလမ်းမှာ နှောင့်ယှက်လာတဲ့နိုင်ငံရေး လူမျိုးရေးအရှုပ်တော်ပုံကို ဖြေရှင်းကြပုံ၊ နိုင်ငံရေးသမားများ အကျင့်ပျက်ချစားမှု လူမျိုးစွဲမှုတို့ကြောင့် ပြည်သူများနစ်နာရပုံ၊ မဲအနိုင်ရဖို့အတွက် ဘာမဆိုလုပ်ကြမယ့်နိုင်ငံရေးသမားတို့ရဲ့လောဘကို ပေါ်လွင်အောင်ရိုက်ကူးပြထားပါတယ်။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Chaguo (2022)

My Landlord Wants Me Dead (2023) 4.4
My Landlord Wants Me Dead (2023) My Landlord Wants Me Dead (2023) ===========================ဒီကားလေးကတော့ ဇာတ်ကားနာမည်ကြည့်ရုံနဲ့ လူသတ်သမား ဘယ်သူဆိုတာတန်းသိတဲ့ ဇာတ်ကားမျိုးပေါ့နော်။ ဒါပေမဲ့ လူသတ် သမားဘယ်သူဆိုတာ သိနေတာတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ရမှာပါ။ နောက်ဆုံးမှာတော့ သားကောင်ဟာ လွတ်မြောက်သွားပါ့ မလား။ လူသတ်သမားလက်ထဲပဲကျရောက်သွားမလားဆိုတာကိုပေါ့။မက်ဒီက မိခင်ဖြစ်သူဆုံးပြီးတဲ့နောက် ကောလိပ်ကနေလည်း ထွက် လိုက်ပြီး ဘိုင်ကျနေတာမို့လို့ သူ့အဒေါ်ပိုင်တဲ့အိမ်မှာ ခေတ္တသွား‌နေ ပါတယ်။ သူ့အဒေါ်တို့ လင်မယားကမြို့ထဲမှာနေတာဆိုတော့ ဒီအိမ်ကို မက်ဒီ့ကိုခဏပေးနေလိုက်တာပါ။ အဒေါ်ဖြစ်သူကတော့ အာဖရိကကို ခဏတဖြုတ်သွားလည်ပါတယ်။ အဒေါ်ဖြစ်သူရဲ့ယောက်ျားက အိမ်ပိုင် ရှင်ပေါ့လေ။ကယ်ဗင် ဆိုတဲ့အိမ်နီးချင်းချောချောလေးလည်းရှိတော့ မက်ဒီတစ်ယောက် တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့ ပီတိတွေဖြာမဆုံးခင်မှာပဲ ထူးထူးဆန်းဆန်းတွေ ကြုံလာရပါတော့တယ်။ သူဒီအဖြစ်တွေကို ဘာလို့ကြုံနေရတာလဲ။ လူသတ် သမားလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားရမှာဖြစ် ပါတယ်။ မက်ဒီအဖြစ် မင်းသမီးချောEmily Roslyn Villarreal ကပါဝင်သရုပ် ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.54 GB) / (522 MB) / (339 MB) Quality............WEB-RIP 1080p / 720p / ...
movie

My Landlord Wants Me Dead (2023)

2023
The Kindred (2021) 4.7
The Kindred (2021) The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie

The Kindred (2021)

2021
One Hour Photo (2002)
One Hour Photo (2002) IMDb - 6.8/10 ~ RT - 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ...
movie

One Hour Photo (2002)