Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.4
The Good Son (1993)
The Good Son (1993)IMDb Rating (6.4)Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးက ........ -Spoiler Alert-............... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့ ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ ...
movie
The Good Son (1993)
6.3
Nick of Time (1995)
ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie
Nick of Time (1995)
5.8
A Night of Return ( 2023 )
လူငယ်လေးတယောက်က အဘိုးကြီးတစ်ဦးနဲ့ဆုံတွေ့ပြီး အဘိုးကြီးခေါ်တဲ့နောက်ကိုလိုက်သွားရင် ထူးဆန်းတာတွေတခုပြီးတခုမြင်နေရပါတော့တယ်......အဲ့ဒီ့အဘိုးကြီးက ဘယ်ကနေပေါ်လာတာလဲ... မမြင်အပ်မမြင်သင့်တဲ့ဘဝတွေကိုပါမြင်နေရတာက ဘယ်ကအစပြုခဲ့တာလဲ..... အိမ်ပြန်ချင်ပေမယ့် ပြန်လိုမရပဲပိတ်မိနေတဲ့အကြောင်းအရင်းအစရှိတဲ့ ပဟေဠိပေါင်းမြောက်မြားစွာကို ဖော်ထုတ်နိုင်ပြီး အိမ်ပြန်လိုရသွားမလားဆိုတာကိုတော့ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie
A Night of Return ( 2023 )
5.0
Ice Road Killer (2022)
ဟယ်လန်ဟာ သမီးဖြစ်သူ လော်ရာကို ကောလိပ်သွားကြိုပြီး မြောက်ပိုင်းက သူတို့ရဲ့ သစ်သားအိမ်လေးကို သွားဖို့ ကြံရွယ်ထားခဲ့ပါတယ်။မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့် ရာသီဥတုအခြေအနေ လမ်းအခြေအနေ အတော်ကလေး ဆိုးရွားလို့ နေပါတယ်... ဒီလိုနဲ့ သွားနေရင်း လမ်းခုလတ်မှာ ကားကြုံစီးလိုတဲ့ ကာလီနဲ့ ကြုံဆုံပါတော့တယ်... မိန်းမချင်းလည်းဖြစ် ကာလီကလည်း တစ်ကိုယ်တည်းဖြစ်နေတာမို့ ကားကြုံတင်စီးလေ့မရှိတဲ့ ဟယ်လန်ဟာ ကိုယ်ချင်းစာစိတ်နဲ့ ခေါ်တင်ခဲ့ပါတယ်။ ဟယ်လန်မသိတာကတော့ ကာလီဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ...ဟယ်လန်က သမီးဖြစ်သူကို ကြိုပြီး ကားကြုံစီးသူကာလီနဲ့အတူ ခေါင်ဖျားတဲ့ မြောက်ပိုင်းကို ခရီးဆက်တဲ့အခါမှာပဲ ဇာတ်လမ်းက စတင်ပါတော့တယ်...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:25:00 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing ...
movie
Ice Road Killer (2022)
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
6.1
The Disappearance of Cari Farver (2022)
ဒီဇာတ်လမ်းဟာ လူပျောက်ဆုံးမှု မှုခင်းဖြစ်ရပ်မှန်(၂၀၁၂ မှ ၂၀၁၇) ကို အခြေခံ ရိုက်ကူးထားကာ ပါ၀င်သော အဓိကဇာတ်ကောင်လေးဦးအနက်သုံးဦးမှာ ဖြစ်ရပ်မှန်မှနာမည်ရင်းများဖြစ်တယ် ဇာတ်လမ်း အကျဉ်းကတော့ ကာရီ ပျောက်ဆုံးပြီး ဒေ့နဲ့ သူ့ ရည်းစားဟောင်း လစ်ဇ်ဟာ ကာရီဆီမှ ခြိမ်းခြောက် နှောက်ယှက်သော မက်ဆေ့များ တောက်လျှောက်လက်ခံရရှိလေတယ် ရဲတွေ ကာရီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း ဘာကို ဘယ်လို တွေ့ရှိသလဲ ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့ File size…(1.4 GB)/(630 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kuaile de H
movie
The Disappearance of Cari Farver (2022)
9.5
Raaghu (2023)
Raaghu 2023 IMDb - 9.6/10ဇာတ်လမ်းအကျဉ်းကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာ တော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီး အိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပို့ဆောင်ရေးသမားဖြစ်တဲ့ ရာဂူကတော့အဲဒီအချိန်မှာ ဆေးဝါးတွေပို့ရင်းအလုပ်များနေရတယ်။လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ ပို့ဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေက ဒါကိုအခွင့်ကောင်းယူပါတော့တယ်။ တစ်နေ့မှာ ပါဆယ်တစ်ခုပို့ပေးဖို့ ရာဂူတစ်ယောက် ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့် မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို့ တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Nyein ဖြစ်ပြီး ဘာသာပြန်တွေကတော့ Nyein~Aditi~Chiclon3နဲ့ Yunni တို့ပဲဖြစ်ပါတယ် File size…1.5GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~Aditi~Chiclon3 ~ Yunni
movie
Raaghu (2023)
2023
The Black Demon (2023)
မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie
The Black Demon (2023)
6.1
Influencer (2022)
အရမ်းလည်း dark မဖြစ်ဘဲ တထိတ်ထိတ်နဲ့ရင်ခုန်ရမဲ့ mystery ဆန်ဆန် movie ကောင်းလေးတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် (၂၀၂၃) ထွက် အသစ်ဆက်ဆက် mystery ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ မက်ဒီဆင်က နာမည်သိပ်မရှိတဲ့ သာမန် social influencer တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်အနေနဲ့ရော၊ ကြော်ငြာပစ္စည်းတွေအတွက် blog တွေရိုက်ကူးဖို့အတွက်ရော ရောက်ရှိလာခဲ့ပါတယ်။မပြေလည်တဲ့ rs ပြဿနာတွေအတွက်ရော၊ မအောင်မြင်တဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြောင့်ရော စိတ်ဖိစီးမှုတွေများနေစဉ်မှာပဲ CW လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ စတွေ့ခဲ့ပါတယ်။ CW က ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့လည်း မက်ဒီဆင်ထိုင်းနိုင်ငံကပြန်ခါနီးမှာပဲ ပက်စပို့ခိုးခံလိုက်ရပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ပုံမှန်နဲ့မတူတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး IMDB rating ကလည်း 6.1 အထိရရှိထားတာမို့ mystery ဆန်ဆန်ဇာတ်ကားတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် ကြည့်ရအဆင်ပြေစေမဲ့ ...
movie
Influencer (2022)
6.8
What Remains (2022)
ဒီဇာတ်ကားလေးကတော့ ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကြီးမားပုံကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ။ မြို့ငယ်လေးတစ်မြို့က သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့ မာရှယ်ဆိုသူရဲ့ အမျိုးသမီးကို ထရွိုင်ပါကာက မတော်တဆသတ်လိုက်မိပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည့်အလျောက် သည်းခံခွင့်လွှတ်ပေးခဲ့ပြီး ရုံးတော်မှာ ထရွိုင်ပါကာကို ပြစ်ဒဏ်လျှော့ပေါ့ပေးအောင်တောင် ကာကွယ်ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူ ဆမ်မြူရယ်ကတော့ အမေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာတောင် သည်းခံခွင့်လွှတ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ ထရွိုင်တစ်ယောက် ထောင်ကလွတ်လာပြီး မာရှယ်တို့သားအဖရဲ့ မျက်စိရှေ့ကိုပြန်ရောက်လာတဲ့အခါမှာတော့ သူတို့အကြားမှာဘာဆက်ဖြစ်ကြမလဲ ထရွိုင်ပါကာကရော သူလုပ်မိခဲ့တဲ့အပြစ်တွေအတွက် ဘယ်လိုပေးဆပ်မလဲ ဆမ်မြူရယ်ကရော နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(740 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
What Remains (2022)
5.9
The Yin Yang Crossover Man ( 2023 )
CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ......ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , ...
movie
The Yin Yang Crossover Man ( 2023 )
5.2
Double Life ( 2023 )
2023 မေလ၅ရက်နေ့ကမှပူပူနွေးနွေးထွက်ရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်။ Javicia Leslie,John Cassiniနဲ့ Pascale Huttonတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ Sharon Satter ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mark Setter က ရုံးကအပြန်မှာ သေဆုံးသွားတာကိုသိရှိပြီး ပူဆွေးနေတုန်းမှာပဲ Jo Creuzot ဆိုတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းသေဆုံးမှုက ပုံမှန်မဟုတ်ကြောင်းပြောပြရင်း အစအနများကိုလိုက်ရှာကြရာကနေ တကယ်ကိုမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ CrimeThriller အမျိုးအစားပဲဖြစ်ပါတယ်။ တကယ့်ကို မထင်ထားတဲ့လှည့်ကွက်များနဲ့ အက်ရှင်များကိုကြိုက်နှစ်သက်ရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့တိုက်တွန်းပါတယ်.File size…(1.5 GB)/(720 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie
Double Life ( 2023 )
7.1
Side Effects (2013)
မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ......ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်... File size…(1.4 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama, ...
movie
Side Effects (2013)
Motion Detected (2023)
ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ ideaတွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ ...
movie
Motion Detected (2023)
6
Insadong Scandal (2009)
Insadong Scandal (2009)နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ...
movie
Insadong Scandal (2009)
2009
South Sentinel (2022)
ဒီနေ့ တင်ဆက်ပေးမှာကတော့ ၂၀၀၈ ခုနှစ် သြဂုတ်(၁၈)ရက်နေ့က အာဖကန်နစ္စတန် ရှေ့တန်းစစ်မြေပြင်မှာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုမှာ ပြင်သစ်စစ်သား (၁၀)ယောက်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်ရှန်လာဖဲယတ်ဟာ အာဖကန် ရှေ့တန်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာခဲ့ပေမဲ့ တိုက်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဖိစီးနေပါတယ်။ ရဲဘော်တွေ အများကြီး သေကြေ ဒဏ်ရာရပြီး သူပဲ အသက်ရှင်နေခဲ့လို့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေရသူပါ။ လက်ရှိ စူပါမားကတ်မှာ အလုပ်လုပ်ပြီး သာမန်အရပ်သားတစ်ဦးလို နေထိုင်ဖို့ ကြိုးစားနေပေမဲ့ အသားမကျနိုင်ဖြစ်နေပါတယ်။မွန်နီးယားကတော့ တိုက်ခိုက်မှုကြောင့် ခြေထောက်ဒဏ်ရာရထားသူပါ။ ဂျစ်ပစီတွေနဲ့ ဘိန်းမှောင်ခိုလုပ်ကြရင်း ကတိပေးထားတဲ့အတိုင်း မပေးနိုင်လို့ အကြွေးတင်နေပါတယ်။ ဘိန်းတွေကို သိမ်းထားတဲ့ ရဲဘော်တစ်ယောက်က တိုက်ပွဲက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အရင်အဖြစ်အပျက်တွေကို မမှတ်မိလို့ ဒုက္ခရောက်နေပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ရဲဘော်တွေ အသက်ဆုံးရှုံးလိုက်ရတဲ့ တိုက်ခိုက်မှုဟာ ...
movie
South Sentinel (2022)
5.9
Mountain Village Inn ( 2023 )
CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ.....ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ……ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်….. Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie
Mountain Village Inn ( 2023 )
4.9
Mumbaikar(2023)
Mumbaikar (2023)နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့ နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ် အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်လေးနဲ့ မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့ မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့ တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း ရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက် အလုပ်လျောက်နေရသူတစ်ဦး၊ သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊ မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊ လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစ သူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့ Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်) File size…2.2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~BpL~Thaik~Yunni ~ YH
movie
Mumbaikar(2023)
2023
6.4
Crossfire (2023)
အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။အမျိုးသမီးငယ်လေးတွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်ယောက် အလုပ်ထွက်ပြီး ...
movie
Crossfire (2023)
7.0
Beat (2022)
IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှတရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(600 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min khant
movie
Beat (2022)
First
70
71
72
73
74
Last
Previous
Next