Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
Coyote (2023)
အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ရုပ်ရှင်ကားဟာဆိုရင် တကယ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် dystopian era ထဲမှာရိုက်ကူးထားတဲ့ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် လူတိုင်းဟာ teleportation နည်းပညာကိုအသုံးပြုပြီးတော့ ခရီးသွားလာနေကြတဲ့အချိန်မှာ ဒုက္ခသည်တွေကလည်း ယူကေ ယူအက်စ် စတဲ့နိုင်ငံတွေကို အဲ့နည်းပညာတွေအသုံးပြုပြီး ခိုးဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယူကေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အန်ယာနဲ့ အက်ကတရီနာတို့ဟာ သူတို့ရဲ့နိုင်ငံကနေ ယူကေကိုထွက်ပြေးဖို့ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ညမှာတော့ အန်ယာရဲ့အဖေကသူတို့နေတဲ့အိမ်ကိုရောက်လာပြီး အန်ယာကိုပြန်ခေါ်ဖို့ကြိုးစားရာကနေ အသတ်ခံလိုက်ရပြီးတော့ သူတို့နှစ်ယောက်ဟာလည်းချက်ချင်းပဲ အဲ့ teleportationနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ကိုအပူသွားကပ်တာကနေ ဘယ်လိုတွေဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံး ယူကေမှာ ဘေးကင်းကင်းနဲ့နေရမလား ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ sci fi thirller ရုပ်ရှင်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်File size…(1 GB)/(470 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Coyote (2023)
5.6
You Can’t Escape Me (2023)
တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 GB)/(820 MB)/(460 Mb) Quality….Webrip 1080p / 720p / 480pFormat…mp4 Duration….01:30:00 Genre...TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
You Can’t Escape Me (2023)
7.2
Magical Girl (2014)
Magical Girl (2014)ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 1.3GB, 380MB, 228MB Quality ...
movie
Magical Girl (2014)
2014
7.7
Karungaapiyam (2023)
Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie
Karungaapiyam (2023)
6.3
Trespass (1992)
ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie
Trespass (1992)
4.1
Eradication (2022)
Eradication (2022) ==============ကမ္ဘာတစ်ခုလုံး ဗိုင်းရပ်စ်ကပ်ရာဂါကြီးဖြစ်လာတဲ့အခါ လူဦးရေလည်း လျော့နည်းသွားပြီး လူအချင်းချင်းလည်း ထိတွေ့ခွင့်မရှိတော့ပါဘူး။ ရောဂါရဲ့သဘာဝက လူချင်း ထိတွေ့တာနဲ့ ကူးစက်မှုဖြစ်ပြီး ခဏအတွင်းသေပါတယ်။ ဒီရောဂါကို immune ( ခုခံကာကွယ်နိုင်)တဲ့လူက ဒေးဗစ် ဆ်ုတဲ့ လူတစ်ယာက်ပဲရှိပါတယ် ။ဒေးဗစ်ကို အစိုးရအဖွဲ့က သီးသန့်လူသူကင်းတဲ့အိမ်ကြီး မှာထားပြီး နေ့စဉ်သွးဖောက်ထုတ်ခိုင်းပါတယ်။ ဒေးဗစ် ရဲ့မိန်းမ ဆမ်က ဒီစမ်းသပ်ချက်မှအလုပ်လုပ်နေတာကြောင့် ဒေးဗစ်ကလည်း ယုံယုံကြည်ကြည်နဲ့သွေးကိုပေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတာ့ သူထင်ထားသလို မဟုတ်ဘဲ အကုန်လွဲမှားနေကြာင်းသိလိုက်ရတဲ့အခါ ဒေးဗစ်တစ်ယာက် ဘာတွေရှေ့ဆက်ရင်ဆ်ုင်သွားရမ လဲကြည့်ရမှာဖြစ်ပါတယ် ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.2 GB) / (414 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM
movie
Eradication (2022)
2022
5.3
[21+] The Seduction Game (2011)
ထိုင်းမလေးတွေရဲ့ တင်းတင်းရင်းရင်း ကျစ်ကျစ်လစ်လစ် အလှလေးတွေကို ခံစားကြည့်ရအောင်ဗျာ ထိုင်းမလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုအားကောင်းတယ်ဆိုတာတော့ လက်မခံလို့ မရတဲ့အချက်တခုပဲဝဒ်က အရမ်းကိုကြိုးစားနေတဲ့ ဇာတ်ညွှန်းရေးဆရာတယောက် သူက သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ဇာတ်ညွှန်းရေးတယ် သူ့မှာအရမ်းချစ်ဖို့ကောင်းတဲ့ ချစ်ဇနီးလေးတစ်ယောက် ဘန်ကောက်ကအိမ်ကိုရောင်းခဲ့ပြီး ဇနီးလေးကို သူအလုပ်လုပ်နေတဲ့ မြို့လေးဆီ ခေါ်လာခဲ့တယ် တနေ့ ဝဒ်အလုပ်သွားရာလမ်းမှာ လူတယောက်ကို အရှိန်ပြင်းပြင်းနဲ့ကားဝင်တိုက်မိပါတယ် သေလားရှင်လားမသိပဲ ပြစ်မှုရင်ဆိုင်ရမှာကြောက်တဲ့အတွက် အိမ်သယ်လာခဲ့ရာမှ....မိန်းမတယောက်ရဲ့ မူယာ ပိုက်ဆံနံ့ရတာနဲ့ မျက်ကလူးဆန်ပြာဖြစ်တက်တဲ့ မိန်းမတွေရဲ့ သဘောထား၊ အသည်းယားစရာမာယာတွေကို အဖေါ်ချွတ်ခန်းတွေဖောဖောသီသီ သုံးထားတာဖြစ်လို့ DS Fans တွေလက်ထဲ ထည့်ပေးလိုက်ပါတယ် File size…778MB Quality…720p WEB DL Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
[21+] The Seduction Game (2011)
2011
5.2
Alex Cross (2012)
ဒီရုပ်ရှင်ကတော့ စာရေးဆရာ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross ဝတ္ထုများကို ပြန်လည်ရိုက်ကူးထားတဲ့ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထုရဲ့အဓိကဇာတ်လိုက်ကတော့ ဒေါက်တာ Alex Cross ဆိုတဲ့ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို Morgan Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Alex Cross က ဇနီးဖြစ်သူ ကိုယ်ဝန်သည် မာရီယာနဲ့အတူ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့ဝါရှင်တန်ဒီစီကဌာနချုပ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့် စဥ်းစားနေချိန်မှာပဲ လူချမ်းသာအမျိုးသမီးတစ်ဦးကို နှိပ်စက်သတ်ဖြတ်သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ အမျိုးသမီးတင်မက သက်တော်စောင့်တွေကိုပါ တစ်ဦးတည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်းဖြစ်ပွားရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇလူသတ်သမားဖြစ်ရုံမက နောက်ထပ်ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံကျူးလွန်ဖို့ရှိတယ်ဆိုတာကို Alex Crossသိရှိသွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြားအားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်သမားက Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျလေ့ကျင့်ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကို Action Thriller ...
movie
Alex Cross (2012)
4.9
Wicked Games (2021)
Wicked Games (2021) ================Wicked Games (2021) ဂိမ်းတစ်ခု ဆော့ကြမယ်။ အနိုင်ရသူက တစ်ယောက်တည်း။ ကျန်တဲ့သူတွေ အကုန်သေလမ်း။ ဆိုတော့ ဒီဂိမ်းက သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ သူတို့ဆော့ကြမယ့် ဂိမ်းကတော့ ဒီလို။ကီးလ် နဲ့ ဟာလီတို့က အွန်လိုင်းပေါ်ကနေ တွေ့ကြပြီး ချစ်သူတွေ ဖြစ်လာကြတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ ဟာလီတစ်ယောက် ကီးလ်ရှိတဲ့ဆီ လာတွေ့ခဲ့ပြီး မကောင်းသတင်းတွေ ပျံ့နေတဲ့ ကီးလ် ရဲ့ မိသားစုစံအိမ်တော်ဆီကို လိုက်လာခဲ့တယ်။ အဲဒီစံအိမ်တော်မှာ ကီးလ်ရဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွား ကြပြီး အဲဒီအိမ်ဝန်းအတွင်းမှာပဲ မြှုပ်နှံထားခဲ့တယ်တဲ့။စံအိမ်ကိုရောက်ပြီး နောက်တစ်နေ့မှာ ဟာလီတစ်ယောက် ဝုန်းကနဲ အသံကျယ်ကြီးတစ်ခု ကြားလိုက်ရပြီး ကီးလ်က သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ၉၁၁ ကို ဖုန်း ဆက်လိုက်တဲ့အချိန်မှာပဲ ဂိမ်းစတင်ပြီဆိုတဲ့ အသံနဲ့ မျက်နှာဖုံးစွပ် လူတွေရောက်လာပြီး သူမကို သတ်ပစ်ဖို့ အသည်းအသန်လိုက် ကြပါတော့တယ်။သူတို့တွေ ဆော့ကြတဲ့ဂိမ်းမှာ ဘယ်သူအနိုင် ရသွားမလဲဆိုတာကတော့......။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.9 GB) / ...
movie
Wicked Games (2021)
2021
7.2
Half Broken Things (2007)
Half Broken Things (2007) ==================== IMDb Rating - 7.2/10ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama/ Thriller အမျိုးအစားဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက စာ ရေးဆရာ Morag Joss ရေးခဲ့တဲ့ Half Broken Things ဆိုတဲ့ CWA Silver Dagger ဆုရ နာမည်ကြီးစာအုပ်ကိုပြန်ရိုက်ထား တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဂျင် ကအိမ်စောင့်အလုပ်လုပ်နေတဲ့ အဘွားကြီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ အိမ်စောင့်အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒီအလုပ် ကတော့ စတန်းဒစ်ကေ့ လင်မယားရဲ့ ဝေါဒန် အိမ်ကြီးကိုစောင့် ရှောက်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကအရမ်းလှပြီး ခြံ ကြီးကလည်းအကျယ်ကြီးပါ။ နောက်ပိုင်းတော့ ဂျင် ကအဲဒီအိမ် ကြီးကိုကိုယ့်အိမ်အဖြစ်သဘောထားသွားပြီး သူ့စိတ်ကြိုက်စီမံ ပါတော့တယ်။တစ်ရက်မှာတော့ မိုက်ကယ် နဲ့ စတပ်ဖ် ဆိုတဲ့အတွဲတစ်တွဲက အိမ်ကိုရောက်လာပါတယ်။ စတပ်ဖ် ကတော့ကိုယ်၀န်နဲ့ပါ။ မိုက်ကယ် နဲ့စကားပြောနေတုန်းမှာပဲ စတပ်ဖ် ကကလေးမွေး ရတော့မှာမလို့ ဂျင် ကပဲကလေးမွေးပေးခဲ့ရပါတယ်။ ဂျင် က မိုက်ကယ် တို့အတွဲနဲ့ သူမွေးပေးခဲ့တဲ့ကလေးကို သံယောဇဉ် တွယ်မိသွားပြီး အိမ်ကြီးမှာပဲနေဖို့ပြောပါတော့တယ်။ အဲဒီ နောက်မှာတော့ သူတို့လေးယောက် ဝေါဒန် အိမ်ကြီးမှာဒရမ် မာတွေစဖြစ်ပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Half Broken Things (2007)
2007
Kondraal Paavam (2023)
Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ ...
movie
Kondraal Paavam (2023)
2023
7.6
Pichaikkaran (2016)
Pichaikkaran (2016) IMDb-7.6/10မကြာသေးခင်က CMမှာ တက်ဆက်ပေးထားတဲ့ Pichaikkaran-2(2023)ရဲ့ရှေ့ကကားပါ။ Pichaikkaran1,2ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကား ချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်။ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ ဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။ဇာတ်ကားနာမည်ကိုက"သူတောင်းစား"တဲ့။အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကို ဖော်ညွှန်းထားတဲ့အပြင် သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့။အရွယ်ရောက်တဲ့ထိ အနှစ်နှစ်အလလပြုစု စောင့်ရှောက်လာခဲ့တဲ့ အမေဖြစ်သူ အက်ဆီးဒန့်တစ်ခုနဲ့ အိပ်ရာထဲလဲပါရော။အမျိုးမျိုးအဖုံဖုံကုသခဲ့ပေမယ့်လည်း နလန်မထူလာခဲ့ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး ဗီဂျေးကို မိခင်ဖြစ်သူ နေပြန်ကောင်းစေချင်ရင် သူတောင်းစားစစ်စစ်ဘ၀နဲ့ ၄၈ရက်နေခိုင်းပါတယ်။ အဲဒီလိုနေနိုင်ခဲ့ရင် သူ့အမေ နေပြန်ကောင်းမယ်လို့ဆိုပါတယ်။ ဗီဂျေးတစ်ယောက် စီးပွားရေးကိစ္စတွေ အကုန်ပစ်ပြီး သူတောင်းစားတစ်ယောက်အနေနဲ့ ၄၈ရက်နေနိုင်မှာလား။ နေနိုင်ရင်ရော သူ့အမေက တကယ်ပဲနေပြန်ကောင်းလာမှာလားဆိုတာတော့ ဆက်လက်ရှုစားတော်မူပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Saii~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.64GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Saii~BpL~Yunni
movie
Pichaikkaran (2016)
2016
5.7
Pocket Dial Murder (2023)
ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb - 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။ File size…(1.3 GB)/(670 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Tv movie, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Pocket Dial Murder (2023)
6.6
Arbitrage (2012)
Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ် File size…(1.7 GB)/(800 MB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat ...
movie
Arbitrage (2012)
5.9
Gone (2012)
IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်File size…(1.4 GB)/(710 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Gone (2012)
6.3
Master Gardener (2022)
Master Gardener (2022)~ IMDb - 6.3/10, Rotten Tomatoes - 70% ~"God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ ...
movie
Master Gardener (2022)
2022
5.7
Would You Rather (2012)
"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Would You Rather (2012)
6.5
Black Site(2022)
Black Site(2022)***************ပုဆိန်လို့ နာမည်ဝှက်နဲ့ခေါ်ကြတဲ့ လူသတ်၊ခြေရာဖျောက်ရာမှာသိပ်ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရှိတယ်။ လူသတ်ရာမှာလည်း ဓားတစ်လက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး သားကောင်တွေကိုဘယ်သူမှန်းမသိစေဖို့ မျက်နှာကိုအရေခွံခွာသွားပါသေးတယ်တဲ့။ ဇာတ်လမ်းကတော့ အဲ့ဒီပုဆိန်ဆိုတဲ့ လူသတ်သမားနဲ့ အကျဥ်းထောင်က အရာရှိတစ်အုပ် ဘတစ်ပြန် ကျားတစ်ပြန်သတ်ပုတ်ကြတဲ့action thrillerကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဟာ ရာဇဝတ်မှုတွေကို စီစစ်ရသူ၊အကျဥ်းသားတွေကို စစ်မေးရသူ စီအိုင်အေ အေးဂျင့်တစ်ယောက်ပါ။ လက်ရှိမှာလည်း အကြမ်းဖက်သမားတွေရဲ့ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို စစ်ဆေးမေးမြန်းနေရင်းလျှို့ဝှက်အကျဥ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီဗုံးခွဲမှုဟာ အရပ်သားဆေးရုံကိုဗုံးခွဲခဲ့တာဖြစ်ပြီး အက်ဘီရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူကိုလည်းပေါက်ကွဲမှုမှာသေဆုံးသွားပါတယ်။ အမှုနောက်လိုက်ရင်းလိုက်ရင်းက လက်သည်ဟာ ပုဆိန်နဲ့ ပတ်သက်နေမှန်းသိလိုက်ရတယ်။ခက်တာက ပုဆိန်ဆိုတာ ဘယ်သူမှန်းမသိသလို ဘယ်သူမှမမြင်ဖူးပါဘူး။ သို့ပေမဲ့ တစ်နေ့မှာ အထူးရဲတပ်ဖွဲ့တွေက ပုဆိန်ကိုဖမ်းမိခဲ့ပြီး အက်ဘီရှိရာ အကျဥ်းထောင်ကိုစစ်ဆေးမေးမြန်းဖို့လွှဲပေးလိုက်ပါတယ်။ ပုဆိန်လို လူသူမသိခြေရာဖျောက်နိုင်တဲ့ အကြမ်းဖက်သမားက အဖမ်းခံရရိုးလား၊ တမင်အဖမ်းခံပြီး ထောင်ထဲရအောင်ဝင်လာတာပါ။ သူ့ရဲ့ရည်မှန်းချက်အစစ်က ဘာဖြစ်မလဲ၊ စီအိုင်အေး အေးဂျင့်တွေကြား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာတော့ အက်ရှင်ကားကြိုက်သူတို့အတွက် ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ File Size :(1.3GB)& (443MB) Quality :BLU-RAY.1080P,720p Format…mp4 Duration…01:33:00 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie
Black Site(2022)
The Tank (2023)
ဘန်နဲ့ ဇနီးဖြစ်သူ ဂျူးလ်တို့ဟာ မမျှော်လင့်ထားပဲနဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ဖြစ်လာပါတယ်။နှစ်လေးဆယ်လောက် လူသူမနေတဲ့အိမ်ကြီးကို ဘန်တို့မိသားစုသွားကြည့်တဲ့အခါမှာ အိမ်အိုကြီးပတ်လည်မှာ အလွန်တရာလှပတဲ့ ကမ်းခြေနဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကို တွေရပါတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ချိတ်ဆက်ထားတဲ့ အလွန်တရာမှကြီးမားတဲ့ရေလှောင်ကန်ကြီးလဲရှိနေပါတယ်။ဘန်ရဲ့အမေက ဒီအိမ်အကြောင်းကို ဆုံးပါးသွားချိန်အထိ ဘာလို့လျှို့ဝှက်ခဲ့တာလဲ။ အိမ်ကြီးထဲမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.5 GB)/(860 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
The Tank (2023)
6.1
The Collection (2012)
IMDB 6.1/10 Rotten tomatoes 35% 2012 ကထွက်ရှိခဲ့တဲ့ The Collection ရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကထွက်ခဲ့တဲ့ The Collector ဆိုတဲ့ ရုပ်ရှင်ကားရဲ့အဆက်လို့တောင်ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ တစ်နေ့မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။ File size…(1.4 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:22:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated byPhyo Phill
movie
The Collection (2012)
First
67
68
69
70
71
Last
Previous
Next