Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.4
Farhana(2023)
Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရတဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Cherry~Zwe~V~ BpL~ Yunni
movie
Farhana(2023)
2023
7.2
Fireworks (2023)
Fireworks (2023)အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ... ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... ...
movie
Fireworks (2023)
2023
5.8
The Last Subway ( 2017 )
သဲထိတ်ရင်ဖို ဟော်ရာကြိုက်သူတွေအတွက် အဆုံးမဲ့နောက်ဆုံးရထားဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါ။တစ်နေ့မှာ ကာတွန်းရေဆရာကောင်လေးတစ်ယောက်က ညကြီးမိုးချုပ် နောက်ဆုံးရထားကိုမဖြစ်မနေစီးပြန်အိမ်ပြန်ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီရထားပေါ်ကို မတူညီတဲ့အလုပ်အကိုင်တွေနဲ့ အကျင့်စရိုက်တွေရှိတဲ့ ခရီးသည်(၆)ယောက်ပါတက်လာပါတယ်။ဒီရထားကြီးစထွက်ခွာပြီး မကြာခင်မှာပဲ ထိတ်လန့်စရာဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ဒီရထားတွဲပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ရထားပေါ်ကဆင်းလဲ နဂိုဘူတာ တခြားဘက်ကပြန်တက်ရင်လဲ ဒီရထားတွဲပဲဆိုတော့ ဘာတွေဖြစ်နေတာလဲ...... ဒီဒုက္ခကလွတ်မြောက်ချင်ရင် နည်းလမ်းတစ်မျိုးပဲရှိလိမ့်မယ်..... အဲဒါကဘာများလဲ အချိန်ကြာလာတဲ့အမျှ ခရီးသည်အချင်းချင်း သံသယတွေပိုများလာပြီး မြေအောက်ရထားရဲ့လျှို့ဝှက်ချက်တွေဟာ တစ်ခုချင်းပေါ်လာပါတော့တယ်..... သွေးလွှမ်းတဲ့ဖြစ်ရပ်တွေကလဲ တဖြည်းဖြည်းစတင်လာပါတော့တယ်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Last Subway ( 2017 )
5.8
Horror Novelist ( 2019 )
စိတ်ခြောက်ခြားဖွယ်ရာ Horror Movie တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သကြီး အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။မာခယ့်ဆိုသူဟာ သရဲ တစ္ဆေတွေနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကို ကိုယ်တိုင် ခံစား ဖန်းတီလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ မာခယ့်တစ်ယောက် (ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် ၇၀၁)ဆိုတဲ့ မေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါရိုက်တာလိုချင်တဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ရရှိဖို့ရာအတွက် သူရေးလက်စ ဝတ္ထုကို အပြီးသတ်ရန် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီဖန်းချွမ်ဟိုတယ်ဆီ တစ်ညတာသွားရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် (၇၀၁)ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း လူသေဆုံးမှု အကြိမ်ရေ(၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၊ နောက်ဆုံးအကြိမ် အသက်(၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားပြီးကတည်းက အခန်းနံပါတ်(၇၀၁)ကို မည်သူတစ်ဦးတစ်ယောက်ကိုမှတည်းခိုခွင့်မပေးဘဲ ဟိုတယ်ဘက်က ပိတ်ထားခဲ့တာပါ။ဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာလည်း ရေချိုးခန်းထဲပိတ်မိသွားပြီး ထိတ်လန့်ခြောက်ခြားစရာတွေကြုံတွေ့ခဲ့ရတဲ့နောက် ရူးသွားတဲ့ အခြေအနေအထိရောက်ခဲ့ကြောင်း ဟိုတယ်မန်နေဂျာက မာခယ့်ကို ပြောပြခဲ့ပေမယ့် မာခယ့်တစ်ယောက် မည်သူ့စကားကို နားမဝင်ဘဲ ဒီအခန်းကိုသာ မရရအောင်တောင်းဆိုခဲ့ပါတယ်။ဒီအခန်းထဲရောက်ရှိသွားတဲ့ မာခယ့်တစ်ယောက် ထူးဆန်းတဲ့ သဘာလွန်ဖြစ်ရပ်တွေကြားထဲ သူ့ရဲ့ ဝတ္ထုအတွက် အချက်အလက်တွေကို တစ်ညတာအတွင်း စုဆောင်းပြီး ပြန်ထွက်လာနိုင်မလား။ မမြင်ရတဲ့လောကရဲ့ စိတ်ခြောက်ခြားဖွယ်ရာ ထိတ်လန့်စရာတွေကြားထဲ ဘဝအဆုံးသတ်သွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality ...
movie
Horror Novelist ( 2019 )
6.8
Green Zone (2010)
ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်းမီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာဖွေထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်းကြောင့် ရှာဖွေမှုတွေနေရာအနှံ့လုပ်နေခဲ့တာပါ။ဒါပေမဲ့ သတင်းရတဲ့နေရာတွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မတွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာနေရတဲ့နောက် ထောက်လှမ်းရေးကရတဲ့ သတင်းက တစ်ခုခုလွဲနေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်းရင်းမြစ်အကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့နောက်ဆက်တွဲကိစ္စတွေကိုပါ ဖြေရှင်းဖို့အရေးကြုံလာပါတော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်နေမလဲ။ ဘယ်လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်နေမလဲ။ မတည်ငြိမ်မှုတွေဖြစ်နေတဲ့ အီရတ်မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ File size…2.31GB / 968MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Green Zone (2010)
Arbor Demon (2016)
ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလားဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရောတွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကိုကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲသူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခုအကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာသူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီးထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာတိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာတွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.73GB / 841MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ..... Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Arbor Demon (2016)
6.0
The Woman (2011)
ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်းလျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကိုယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့်သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ်အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင်ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာမဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကိုမတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလားအောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီးတစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေးချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီးများကို မလေးစားတတ်သူ ဖြစ်နေသောအခါ..ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်းရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်. File size…1.82GB / 756MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ...
movie
The Woman (2011)
5.6
The Wrong Son (2018)
The Wrong Son (2018) =================ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.9 GB) / (616 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie
The Wrong Son (2018)
2018
5.5
The Match-Stick Flame 2: Lunada Bay (2023)
ဒေါ်လ်တန်မက်ချ်စတစ်က နေဗီဆီးလ်တပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်မှာစစ်မှုထမ်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အဖေဖြစ်သူ မက်ချ်စတစ်က မူးယစ်ဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်ခဲ့ပြီးနောက် ဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စတာတန်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒေါ်လ်တန်က မစ္စတာတန်ကို လက်စားချေနှိမ်နင်းနိုင်ခဲ့ပြီးနောက် တစ်နှစ်လောက် အနားယူနေခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးမှုနဲ့ စစ်ပွဲအတွင်းကရခဲ့တဲ့ စိတ်ဒဏ်ရာ PTSD ဝေဒနာများကြောင့် တစ်ဦးတည်းဇာတ်မြှုပ်နေထိုင်ခဲ့ရာမှ တစ်နှစ်အကြာမှာတော့ ဇာတိဖြစ်တဲ့ ကယ်လီဖိုးနီးယားကို ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ သူ့အဖေ မက်ချ်စတစ်မှာ တိုက်ဂါးလို့ခေါ်တဲ့သားတစ်ယောက်ရှိသေးပြီး တိုက်ဂါးဟာ ဟောလီးဝုဒ်မြို့က လူဆိုးဂိုဏ်းတစ်ဦးကိုဦးစီးနေကြောင်း သိလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ လူနာဒါဘေးဂိုဏ်းဟာ ပြည်နယ်တစ်ခုလုံးက ကမ်းခြေတွေကိုကြီးစိုးထားပြီး ဂလက်ဆီလို့ ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကိုဖြန့်ချိနေတာကို သိလိုက်ရချိန်မှာတော့ ဒေါလ်တန်တစ်ယောက် လူနာဒါဘေးဂိုဏ်းကို ဖြိုခွဲဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားက 2023 မှာထွက်ရှိခဲ့တဲ့ Action/Drama အမျိုးအစားဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး Elite Marketing Excellence ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သမားရိုးကျ အက်ရှင်ကားဖြစ်ပြီး Match-Stick Flame 2 ကိုနားလည်ဖို့အတွက် ပထမဇာတ်ကားကိုကြည့်စရာမလိုပါဘူး။File ...
movie
The Match-Stick Flame 2: Lunada Bay (2023)
6.3
Resolution (2012)
(၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ ...
movie
Resolution (2012)
5.6
The Initiated (2023)
ဇာတ်လမ်းကတော့ Kashbah ဆိုတဲ့မြို့တစ်မြို့မှာဇာတ်အိမ်တည်ထားပြီး ပြည်သူတွေဟာမိုးဆက်တိုက်ရွာနေပေမဲ့ရေရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဘာလို့လည်းဆိုတော့ရွာနေတဲ့မိုးတွေကအဆိပ်သင့်နေတဲ့အက်စစ်မိုးတွေဖြစ်နေလို့ပါ ခေတ်ပျက်နေတဲ့အချိန်မှာမတော်လောဘသမားတွေနေရာယူလာပြီးအမှုမျိုးစုံဆက်တိုက်ပေါ်ပေါက်လာပါတော့တယ် ဖရန့်ခ်မိုလီနာဆိုတဲ့သတင်းထောက်နဲ့ဂါဘီဆိုတဲ့နပန်းမယ်တို့ဟာသူတို့သူငယ်ချင်းသေသွားရာကစလို့လူပျောက်တဲ့အမှုတွေလိုက်စုံစမ်းရာကနေတကယ့်အမှုကြီးတစ်ခုကိုအစသွားဖော်မိလျက်သားဖြစ်သွားပါတော့တယ်သူတို့နှစ်ယောက်ပေါင်းပြီးတရားခံကိုဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်သူတွေကရောဒီလိုရက်စက်တဲ့အမှုတွေကျူးလွန်နေကြတာလဲဆိုတာကိုကြည့်ရှုရမှာပါ လူတွေရဲ့လောဘတွေ အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကိုမီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ် File size…(1.2 GB)/(690 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Initiated (2023)
7.0
The Place (2017)
မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ "the place"ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့်စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိတဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကိုသူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လိုချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေးစိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်းတွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူအညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါးရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက်ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စဖျောက်ခိုင်းတာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကိုတီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေးရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာတွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီးဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်'လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖိုဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
The Place (2017)
5.3
The New Daughter (2009)
Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာသားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်းတစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာသွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန်တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ်နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror dramaကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။ File size…1.90GB / 714MB Quality…Blu-Ray 1080p 5.1 CH / ...
movie
The New Daughter (2009)
5.9
Life and Death Travel ( 2019 )
လောကမှာ သရဲဆိုတာမရှိဘူး။ သရဲဆိုတာ လူတွေရဲ့အတွင်းစိတ်မှာ ပုန်းအောင်နေတဲ့ မကောင်းဆိုးဝါးစိတ်ကပြန်ချောက်လှန့်နေတာပါ။ စိတ်တွေဖောက်ပြန်လာတဲ့အခါ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေ လုပ်လာတတ်ကြတယ်။ ဒီဇာတ်လမ်းလေးမှာ လူ့စိတ်ကြောင့်ကြောက်စရာကောင်းတာတွေ ဖြစ်လာတတ်တဲ့ပုံကိုတင်ဆက်ပြထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်လေးတစ်စုခရီးတောင်ပေါ်ကိုအပျော်ခရီးထွက်လာကြတယ်။ လူငယ်သဘာဝ ခရီးတစ်လျှောက်ရောက်တက်ရာရာ ပေါက်ကရတွေပြောကြတာပေါ့။ သူတို့တွေတည်းတဲ့တည်းခိုခန်းကို ရောက်တဲ့အခါ လမ်းမှာပြောခဲ့တဲ့ သရဲဇာတ်လမ်းထဲကအတိုင်း သရဲမနဲ့ကြုံတွေ့ကြရပါတယ်။ အဲဒါတင်မကဘူး အားလုံးဟာထင်ယောင်ထင်မှားတွေဖြစ်ပြီး ကိုယ်စီပိတ်မိနေကြပါတော့တယ်..... ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Life and Death Travel ( 2019 )
7.6
Pamfir (2022)
Pamfir (2022) ~ IMDb - 7.6/10, Rotten Tomatoes - 93% ~" ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး "Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ...
movie
Pamfir (2022)
2022
6.8
Patriot Games (1992)
Patriot Games (1992)~ IMDb - 6.8/10, Rotten Tomatoes - 72% ~ဒီဇာတ်ကားကတော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်ဆောင်ထားသလို ပါတိုင်းသေ မင်းသားကြီး Sean Bean နဲ့ အချစ်တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်လောက်တဲ့ကားပါ။အိုင်းရစ်ရီပတ်ဘလစ်တပ်မတော်လို့ ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး မြောက်အိုင်ယာလန်ကို ဗြိတိန်တွေရဲ့လက်အောက်က ခွဲထွက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကို ...
movie
Patriot Games (1992)
1992
5.4
Blind (2023)
Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie
Blind (2023)
2023
4.9
Cascade (2023)
Cascade (2023) ============Honest review ပေးရရင် Survival movies တွေကို စွဲလမ်းကြတဲ့ သူတွေတဲ့အတွက် ကြည့်သင့်တဲ့ကားမျိုးထဲမှာ ပါတယ်ဗျ။ အရမ်းကြီး သွေးပျက်စရာကောင်းလောက်တဲ့ထိ မဟုတ်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲ ခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ လျှော့တွက်လိုက်လို့တော့ မရဘူးပေါ့။ဘယ်နေရာမှာမဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ဗင့်စ်၊ ဗင့်စ် လုပ်သမျှ အကုန်လိုက်အားပေးတတ်တဲ့ချစ်သူ အမ်မလီ၊ ကြောက်တတ်ပြီး ဘဝကို ရိုးရိုးလေးပဲ နေချင်တဲ့ ဂျက်ဆီ၊ လူမိုက်ခေါင်းဆောင်ရဲ့ သမီးတစ်ဖြစ်လဲ ဂျက်ဆီရဲ့ ချစ်သူဖြစ်သူ အဲလက်စ်။ဒီဆယ်ကျော်သက်သူငယ်ချင်းလေးယောက် နာမည်ကျော်ရေတံခွန် တစ်ခုဆီ တောင်တက်ခရီးနှင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရေတံခွန်ဆီကို ရောက်တဲ့အချိန်မှာပဲ ဗင့်စ်တစ်ယောက် ရုတ်တရက် တောင်ပေါ်က နေ ခုန်ချသွားခဲ့တယ်။ ဗင့်စ်ကို ရှာဖို့အတွက် ကျန်တဲ့သုံးယောက်က အပြေးဆင်းခဲ့ကြချိန်မှာတော့ အလောင်းတစ်လောင်းနဲ့ မူးယစ်ဆေးတွေ အပြည့်တင်ထားတဲ့ ပျက်ကျနေတဲ့ လေယာဉ်တစ်စီးကိုပါ တွေ့လိုက် ရပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းတစ်ခုက ဂိုဏ်းသားတွေ ရောက် လာပြီး အားလုံးကို လိုက်သတ်ဖို့ ကြံစည်ကြချိန်မှာတော့ Survival movie တစ်ပုဒ် စတင်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ...
movie
Cascade (2023)
2023
6.5
The World of Kanako (2014)
The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie
The World of Kanako (2014)
2014
7.5
The Hunt for Red October (1990)
The Hunt for Red October (1990)~ IMDb - 7.5/10, Rotten Tomatoes - 88% ~ဒီရုပ်ရှင်က စာရေးဆရာ Tom Clancy ရဲ့ ဇာတ်ကောင် Jack Ryan တစ်ယောက် စာမျက်နှာထက်ကနေ ပိတ်ကားပေါ်ကို စတင်ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်ပေးမှာကတော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို ...
movie
The Hunt for Red October (1990)
1990
First
65
66
67
68
69
Last
Previous
Next