Channel Myanmar

Thriller

Regina (2023) 6.6
Regina (2023) Regina (2023)IMDb-6.6/10မင်းသမီးချောလေး Sunaina ပါဝင်ထားတဲ့ အမျိုးသမီးတစ်ယောက်တည်း တစ်ကိုယ်တော်နွှဲပြမဲ့ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ်ရေဂျီနာငယ်ငယ်တုန်းက သူ့မျက်စိရှေ့မှာပဲ သူ့အဖေကို ရက်ရက်စက်စက်သတ်တာမြင်လိုက်ရသူပါ ဒီလိုနဲ့ အဖေတစ်ခုသမီးတစ်ခုဘဝကနေ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ အပြုံးအရယ်မရှိ ဘဝကိုဖြတ်သန်းနေရင်း ဂျိုးဆိုတဲ့အချစ်ကိုရှာတွေ့သွားချိန်မှာ‌တော့ ဘဝကပြန်စိုပြေပျော်ရွှင်လာတာပေါ့ဂျိုးနဲ့ပျော်လို့မှမဝသေးခင် ဂျိုးအလုပ်လုပ်တဲ့ဘဏ်ကိုဝင်စီးပြီး မျက်နှာဖုံးနဲ့လူတွေသတ်တာခံလိုက်ရပါတော့တယ် ရဲတွေကလည်းတာဝန်ယူအမိဖမ်းမပေးပါဘူး ဂျိုးနဲ့ရတဲ့ကိုယ်ဝန်ကလည်းပျက်နဲ့ ဘဝဟာသေမထူးနေမထူးဖြစ်နေချိန်မှာ.......... ရေဂျီနာတစ်ယောက် အိမ်ကထွက်ပြီးပင်လယ်ကမ်းခြေမြို့လေးမှာ အလုပ်သွားလုပ်နေပါတော့တယ်ဒါဟာသူ့ဘဝကို အေးဆေးပဲဖြတ်သန်းတော့မဲ့အဓိပ္ပာယ်လား နာကျင်ခဲ့ရတာတွေကို အလွယ်တကူမေ့ပစ်မှာတဲ့လား နောက်ကွယ်ကဘာအကြောင်းအရာတွေရှိနေမလဲဆိုတာရှုစားကြည့်ပါဦး File size…1.7GB / 815MB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni
movie

Regina (2023)

2023
Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie

Get the Gringo (2012)

Fear the Night (2023)
Fear the Night (2023) ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်း‌ပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller Subtitle….Myanmar Subtitle ...
movie

Fear the Night (2023)

The Resurrection of Charles Manson (2023)
The Resurrection of Charles Manson (2023) The Resurrection of Charles Manson (2023)~ Rotten Tomatoes - 78% ~ဒီကားလေးကို တကယ့်အဖြစ်အပျက်အပေါ်မှာ အခြေခံပြီးရိုက်ထားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့‌ဆို ချားလ်မေဆန်ဆိုတဲ့သူက ၁၉၆၀ခုနှစ်၀န်းကျင်က အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားထဲကအကြောင်းအရာတချို့ကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေ ပါ၀င်တာကြောင့်မလို့ပါ။ဒီချားလ်မေဆန်ဆိုတဲ့ပုဂ္ဂိုလ်က နှယ်နှယ်ရရတော့မဟုတ်ပါဘူး ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်လိုက်တွေက ဂျီးဆပ်ပြန်၀င်စားတယ်လို့တောင်ယုံကြည်ကြတဲ့သူပါ။ သွေးပျက်စရာကတော့ သူ့နောက်လိုက်တချို့က အဲဒီခေတ်က နာမည်ကြီးမင်းသမီး Sharon Tate နဲ့ မိတ်ဆွေတချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဓါးနဲ့ဆယ့်ခြောက်ချက်လောက်အထိုးခံခဲ့ရတဲ့အပြင် ကြိုးနဲ့ပါ ကြိုးဆွဲချပြီးအသတ်ခံခဲ့ရတဲ့မင်းသမီးဟာ သေဆုံးချိန်မှာ အသက်(၂၆)နှစ်ပဲ ရှိပါသေးတယ်။ဒီကားထဲမှာတော့ ချားလ်မေဆန်ကို အသက်ပြန်သွင်းဖို့ သူ့‌ရဲ့နောက်လိုက်အပေါင်းအပါတွေ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အားလုံးသိကြတဲ့ မင်းသားကြီး Frank Grillo ပါဝင်ထားပြီး လတ်တလောမှထွက်ရှိထားတဲ့ ဒီ Thriller ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

The Resurrection of Charles Manson (2023)

2023
After (2012) 5.4
After (2012)  IMDb 5.4/10 ဘတ်စ်ကားစီးရင်း စကားစမြည်ပြောနေကြတဲ့ ခရီးသည်နှစ်ယောက်ဟာ ရုတ်တရတ်ကြီး သူတို့အသီးသီးရဲ့အိမ်ကို ပြန်ရောက်သွားကြပါတယ်။ ခရီးသည်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်နာဟာ ပုံမှန်နေ့တွေလိုပဲ အလုပ်ကိုသွားတက်တဲ့အခါ အလုပ်မှာ လူတစ်ယောက်မှမရှိတော့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မှာမှ မဟုတ်ဘူး တစ်မြို့လုံးကလူတွေအကုန်ပျောက်ဆုံးနေတာပါ။ လူတွေအားလုံးဘယ်ကို ထွက်သွားကြတာလဲ… အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာကို Thriller/Mystery အမျိုးအစားလေးဖြစ်တဲ့ ဒီ After အမည်ရှိဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင်။ File size…(1 GB)/(455 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

After (2012)

The Goat and Her Three Kids (2022) 7.4
The Goat and Her Three Kids (2022) The Goat and Her Three Kids (2022)~ IMDb rating - 7.4/10 ~၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, ...
movie

The Goat and Her Three Kids (2022)

2022
Trapped in the Farmhouse (2023) 5.1
Trapped in the Farmhouse (2023) ဒီဇာတ်ကားက 2023 ခုနှစ်​မှာ​ အသစ်​ထွက်ရှိလာတဲ့ သည်း​ထိတ်​ရင်​ဖို​ Horror/Thriller အမျိုးအစားဇာတ်​ကားပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ရည်းစား​ဖြစ်သူ​ရဲ့​ အနိုင်​ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေး​လာတဲ့​ အမ်မာဆိုတဲ့အမျိုး​သမီးတစ်ဦး​ဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်း​နဲ့တိုးပြီး​ အိမ်​တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်​ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့​ အမ်မာ​တစ်ယောက်​ တဖြည်း​ဖြည်း​နဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်​ချက်​တွေရှိနေတာကိုပါပဲ။မုန်တိုင်း​ကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ​ ပိုမို​ဆိုးရွား​တဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်​ကြို​နေပါတော့တယ်။ ဇာတ်လမ်း​က​ Thriller အမျိုးအစား​ဖြစ်တဲ့​အတွက်​ ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်​နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာ​နေရာမှာ​ The​ Perfect​Wedding​ Match​ ထဲက​ Jenna​ Michno​ က​ သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​တစ်လျှောက်လုံးမှာ​ မိုးတွေရွာပြီး မိုးကြိုး​မုန်​တိုင်း​တွေ၊ လေဆင်​နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက်​ ဒီလို​မိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(745 MB) Quality….Webrip  720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Trapped in the Farmhouse (2023)

Jagged Mind (2023)
Jagged Mind (2023) Jagged Mind (2023)အချစ်နဲ့စစ်မှာမတရားတာမရှိပေမဲ့ ပိုင်ဆိုင်လိုစိတ်တွေက အစွန်းရောက်လာပြီဆိုခဲ့ရင် တစ်ဖက်လူရဲ့ဆန္ဒမပါဘဲ ပြန်လည်ပြင်ဆင်နေရုံနဲ့ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အချစ်တစ်ခုကို ပြန်တည်ဆောက်နိုင်မှာလား။ လုပ်ယူထားတဲ့ ဖန်တီးထားတဲ့အချစ်တစ်ခုကရော အချစ်စစ်လို့ ခေါ်နိုင်မှာလား။အခုတစ်ခါတင်ဆက်ပေးမှာကတော့ psychological thriller ချစ်သူတို့ အကြိုက်တွေ့စေမယ့် Jagged Mindဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 18 ယောက်စုကြည့်ရတဲ့ကားလေးဆိုတော့ 18 ယောက်မပြည့်ရင်တောင် အဖော်များများနဲ့ကြည့်ဖို့တော့ Recommended ပါတယ်။ဘစ်လီဆိုတဲ့ကောင်မလေးမှာ ခရစ်စတင်းဆိုတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ toxicဆန်နေတဲ့rsတစ်ခုမှန်း သိသိကြီးနဲ့ red flag မှ ခိုက်တာဆိုတဲ့ အချောလေးတို့ထုံးစံအတိုင်း ဘစ်လီတစ်ယောက် ခရစ်စတင်းကခေါ်တိုင်း ပါပါသွားတတ်သူပေါ့။ ဒါပေမဲ့ ဘစ်လီတစ်ယောက် သတိမေ့တဲ့ရောဂါလိုလို Deja vuလိုလိုနဲ့ သူ့ဘဝရဲ့ တချို့အချိန်တွေက သူမသိလိုက် မမှတ်မိလိုက်ဘဲ ပျောက်ဆုံးနေပါတယ်။ တစ်ခါတစ်ရံမှာ Blackoutဖြစ်ပြီး ပေါ်ပေါ်လာတဲ့ တစ်စစီဖြစ်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကြောင့် ရိုးရှင်းမလိုဘဝကြီးက ရှုပ်ထွေးနေတာပေါ့။ဒီလိုနဲ့ ထုံးစံအတိုင်း ခရစ်စတင်းက ပလစ်သွားလေပြန်တဲ့တစ်ညမှာ ရုတ်ချည်းဝင်ရောက်လာခဲ့တဲ့ Miss Perfect အဲလက်စ်၊ အဲလက်စ်ကိုခုမှမြင်ဖူးတာပေမယ့် ရုတ်တရက်ပေါ်လာတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲက ...
movie

Jagged Mind (2023)

2023
Jericho Ridge (2022) 5.7
Jericho Ridge (2022) Jericho Rudge (2022)ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ "Origin" ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို ...
movie

Jericho Ridge (2022)

2022
WarHunt (2022)
WarHunt (2022)  Genre – Action, Horror, Thriller ၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်းတစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးကဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်းရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီးအတင်းလာပို့သွားတယ်။ ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက်လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန်ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာသည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲဖြစ်ပါတယ်ဗျ။ File size…1.35GB / ...
movie

WarHunt (2022)

Quicksand (2023)
Quicksand (2023)  လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို ...
movie

Quicksand (2023)

The Puppet ( 2023 ) 5.9
The Puppet ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာ သူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက် တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။ တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့ အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့ အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက် ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ...... ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး ...
movie

The Puppet ( 2023 )

Stand Up Guys (2012)
Stand Up Guys (2012) ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့ Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော်ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ်Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် ...
movie

Stand Up Guys (2012)

Alabama Rose (2022)
Alabama Rose (2022) IMDb – 4.5/10 ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.3 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Alabama Rose (2022)

Run Rabbit Run (2023)
Run Rabbit Run (2023) Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော ...
movie

Run Rabbit Run (2023)

Asvins (2023) 6.5
Asvins (2023) Asvins ( 2023 ) ==============IMDb 6.9/10အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni
movie

Asvins (2023)

2023
The Reading (2023) 5.4
The Reading (2023) စကိုင်းဆိုတဲ့ ကောင်မလေးဟာ သေသူတွေနဲ့ ဆက်သွယ်လို့ရတဲ့သူ တစ်ယောက်ပါ။ သူနဲ့ သူ့သူငယ်ချင်းတွေက သေသူတွေနဲ့ ချိတ်ဆက်ဟောပြောတဲ့ အလုပ်ကို စီးပွားရေး တစ်ခုလို လုပ်နေကြရာကနေ စကိုင်းက ဒီအလုပ်ကို လုပ်ရမှာ ကြောက်လာပါတယ်။ အဲ့ဒီအချိန်မှာ ပိုက်ဆံအချီကြီးရမဲ့ အခွင့်အရေး တစ်ခုက ပေါ်လာပါတယ်။ အဲ့ဒါကတော့ အေမာ လီဒင်န်ဆိုတဲ့ အမျိုးသမီးကို ဟောကြားပေးဖို့ပါပဲ။ အေမာလီဒင်န်ဟာ သူ့အိမ်ကိုကျူးကျော်ခံရမှုမှာ သူကလွဲပြီး တစ်မိသားစုလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ ဒါကို စကိုင်းက ဟောကြားပေးရင်းနဲ့ သူတို့ တစ်ဖွဲ့လုံးပါ ဘာတွေ ကြုံတွေ့လာရမလဲ၊ ကျူးကျော်ခံရမှုဆိုတာကရော ဘယ်လိုဖြစ်ခဲ့တာလဲ ဆိုတာကို ထိတ်လန့်ခြောက်ခြားစွာ ကြည့်ရှုရမဲ့ horror thriller ဇာတ်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ IMDb rating 5.3ရှိပြီးတော့ မထင်မှတ်ထားတဲ့ plot twistတွေက ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားအောင် ဆွဲခေါ်သွားမှာပဲ ...
movie

The Reading (2023)

(21+) The Love Machine (2016)
(21+) The Love Machine (2016) မိန်းမတယောက်ရဲ့အငြိုး လုံးကြီးပေါက်လှ အမေရိကန်ပျိုဖြူတွေရဲ့အလှကို အတိုင်းသား အားပါးတရခံစားကြည့်ရအောင်မိန်းမတွေအငြိုးကြီးလာရင် အရမ်းကြောက်စရာကောင်းပြီး သွေးအေးအေးနဲ့ ဘယ်လို‌တွေကြံစည်တက်လဲဆိုတာ ဒီ ဇာတ်ကားလေးကို နမူနာအနေနဲ့ ကြည့်ပြီးသိနိုင်ပါတယ်အိမ်ထောင်သည်ဘဝကြာလာရင် မိန်းမတွေက လိင်စိတ်ကုန်လာ တာဟာ သဘာဝပဲလို့ဆိုပါတယ် ဒါပေမဲ့ ယောင်္ကျားတယောက်အတွက်တော့ ဒါဟာ အင်မတန်မှဖြေရှင်းရခက်တဲ့ ကိစ္စပဲလေ ဒါပေမဲ့ကံကောင်းထောက်မစွာပဲ သူတို့မြို့လေးမှာ ဒေါက်တာဘရက်ရှောနဲ့ သူရဲ့ အချစ်စက်လို့ခေါ်တဲ့ ကိရိယာတခု နာမည်ကြီးနေပါတယ် သူက လိင်စိတ်ကုန်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို အထူးကုသပေးနေတာဖြစ်ပါတယ်သူ့ရဲ့လူနာ‌တွေက သူနဲ့တွေ့ပြီးနောက်ပိုင်း ဖလန်းဖလန်းထလာပြီး ဘယ်လိုတွေပွဲကြမ်းလဲဆိုတာ အရမ်းကြည့်ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 776MB Quality…1080p / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(21+) The Love Machine (2016)

2016
Summoning Sylvia (2023) 6.3
Summoning Sylvia (2023) Summoning Sylvia (2023)လယ်ရီတစ်ယောက် စပရိုက်စ်တိုက်ခံလိုက်ရပါတယ်။ သူကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူဂျေမီနဲ့မကြာခင်လက်ထပ်တော့မှာပါ။ ဒါနဲ့သူ့သူငယ်ချင်းဂေးတစ်ဖွဲ့က သူ့ကိုစပရိုက်စ်လူပျိုပါတီအတွက်ခေါ်သွားပါတယ်။ သူတို့က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာ နှစ်ညအိပ်သုံးရက်ဌားနေကြပါတယ်။ သရဲကတော့ ဆယ်ဗီရာဆိုတဲ့မိန်းမတစ်ယောက်က သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့တာပါတဲ့။ သူကိုယ်တိုင်လဲ အဲ့ဒီအိမ်ထဲမှာပဲသူများသတ်တာ ခံလိုက်ရပါတယ်။ အဲ့အိမ်မှာ သူတို့သားအမိပုံကိုတွေ့တော့ လယ်ရီတို့တစ်ဖွဲ့လုံးကလဲ ကောင်လေးကအဆင်လေးဟဲ့ဆိုပြီး သူတို့သရဲသားအမိကိုခေါ်ပြီး သူတို့တကယ်ဘာဖြစ်ခဲ့တာလဲမေးမယ်ပေါ့ဆိုပြီး ဝိဥာဥ်ခေါ်ပါတော့တယ်။ အဲ့မှာသရဲထက်ပိုဆိုးတဲ့အရာက ရောက်ချလာပါလေရော။ လယ်ရီ့ရဲ့ယောက်ဖလောင်းလေး ဟယ်ရစ်ဆန်ပါ။ ဟယ်ရစ်ဆန်က စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဂေးလဲမဟုတ်ပဲဖြောင့်လွန်းသူဖြစ်နေပါတယ်။ အဲ့တော့ဂေးသူငယ်ချင်းလေးယောက်ရဲ့လူပျိုပါတီကို ရောက်လာတဲ့အဖြောင့်ရယ် သရဲသားအမိရယ် ဂေးတွေရယ်ကြားကအလွဲလွဲအချော်ချော်လေးတွေကို ပါးစပ်မပိတ်တမ်းရယ်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ ဟာသဇာတ်မြူးအပြင်ကို ဂေးတွေရဲ့ကြားကခင်မင်မှုတွေ လူတွေရဲ့အထင်အမြင်လွဲမှုတွေ ပုံသေကားချပ်အယူအဆတွေကိုပါ ဟဲဗီးကြီးဒရာမာမခင်းဘဲ ဇာတ်လမ်းသွားထဲမှာ ဒိုင်ယာလော့ခ်ထဲမှာပဲ ပေါ့ပေါ့ပါးပါးထိထိမိမိနဲ့ဖော်ပြထားသေးတာမို့ လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။ လူအားလုံးမှာလဲ ဂေးမိတ်ဆွေသူငယ်ချင်းအနည်းဆုံးတစ်ယောက်တော့ ရှိကြတာပဲမဟုတ်လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror , Thriller Quality…. 1080p | 720p File size… 1.1GB } 550MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

Summoning Sylvia (2023)

2023