Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
The Unseen (2023)
The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie
The Unseen (2023)
2023
8.3
Spy (2023)
Spy 2023 IMDb 8.3/10 Action/Thrillerဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…7GB / 2.4GB / 1GB Quality…4k HEVC True WEB DL / 1080p True WEB DL / 720p Format…mp4 Duration….2h ...
movie
Spy (2023)
2023
4K HEVC
7.6
Kolla (2023)
Kolla (2023) IMDb 8/10မြို့နယ်လေးတစ်ခုဆီ အလှပြင်ဆိုင်ဖွင့်မယ်ဆိုပြီး ပြောင်းရွှေ့လာကြတဲ့ မိန်းမငယ်လေး ၂ယောက်... ဖော်ရွေတတ်ကြတော့ ဆိုင်နားဝန်းကျင်ကလူတွေနဲ့ ခဏလေးအတွင်းရင်းနှီးပြီး အချင်းချင်း ကူညီကြ ဖေးမကြနဲ့ပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားကြလို့ လူကြီးတွေကအစ ချီးကျူးကြ ချီးမွမ်းကြနဲ့..ဒါပေမဲ့ သူတို့မထင်ထားတာက ဒီ၂ယောက်ဟာ အလှပြင်ဆိုင်ကိုအကြောင်းပြပြီး နောက်ကွယ်မှာ ကိစ္စကြီးတစ်ခု လုပ်နေကြတာပါပဲ အလှပြင်ဆိုင်ရဲ့ အပေါ်မျက်နှာကြက်မှာ အာရုံခံကိရိယာပါတဲ့ လျှို့ဝှက်ခန်းတစ်ခုကို ဘယ်သူမှမသိအောင်ဆောက်ထားပြီး သူတို့ဘာတွေဆက်လုပ်ကြမလဲ ဒီမြို့ကိုရောက်လာကြတဲ့ အကြောင်းကရော ဘာကြောင့်လဲ တကယ့်သရုပ်မှန်က ဘာတွေလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe Yan ~BpL~ Cherry တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 816MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe Yan ~BpL~ Cherry
movie
Kolla (2023)
2023
6.3
Grabbers (2012)
IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie
Grabbers (2012)
7.7
Mission: Impossible – Fallout (2018)
Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie
Mission: Impossible – Fallout (2018)
2018
4K HEVC IMAX
7.4
Mission: Impossible – Ghost Protocol (2011)
Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့ သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie
Mission: Impossible – Ghost Protocol (2011)
2000
4K HEVC
6.9
Mission: Impossible III (2006)
2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie
Mission: Impossible III (2006)
2006
4K HEVC
7.4
Mission: Impossible – Rogue Nation (2015)
Mission: Impossible V - Rogue Nation (2015)=================================IMDb Rating 7.4/10ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher ...
movie
Mission: Impossible – Rogue Nation (2015)
2015
4K HEVC
6.1
Mission: Impossible II (2000)
Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie
Mission: Impossible II (2000)
2000
4K HEVC
7.1
Mission: Impossible (1996)
Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie
Mission: Impossible (1996)
1996
4K HEVC
7.1
Maamannan (2023)
Maamannan(2023)IMDb-7.1/10 Political Thriller75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည် ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့ အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊ အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့သားမို့ လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကို အမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲ သူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီး အသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့ စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ်မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေး ဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…3GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Maamannan (2023)
2023
6
In Dream (2023)
In Dream (2023)လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ်ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ်ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ်နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 889MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar ...
movie
In Dream (2023)
2023
6.5
The Murderer (2023)
The Murderer (2023)နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ဇာတ်လမ်းအကျဉ်းထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Mystery, Thriller Quality…. 1080p | 720p File ...
movie
The Murderer (2023)
2023
6.8
Joe (2013)
IMDb - 6.8/10ဇာတ်လမ်းအညွှန်းသူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာအလုပ်လာလုပ်ပါတယ်။ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကိုဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်းနေနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီးသူ့အလုပ်သမားတွေအပေါ်မှာတော့တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီးဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပါတယ်။ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။ File size… 1.9 GB / 790 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h ...
movie
Joe (2013)
2013
6.0
Among the Beasts (2023)
Among the Beasts (2023) ================== IMDb Rating - 6.0/10Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie
Among the Beasts (2023)
2023
5.4
The Channel (2023)
The Channel (2023) " Subtitles error FIXED!!! " ~ Rotten Tomatoes - 67% ~Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို ...
movie
The Channel (2023)
2023
5.8
Brooklyn 45 (2023)
ဝိညာဥ်/သရဲတွေ တကယ်ရှိတယ်ဆိုတာကို သိပ်မယုံချင်ကြတဲ့ စစ်ပြန်သူငယ်ချင်းတစ်သိုက်မှ ပရလောကဟာ တကယ်ရှိ,မရှိ စမ်းသပ်ကြတဲ့အနေနဲ့ ဝိညာဉ်ခေါ်ပွဲပြုလုပ်ကြတဲ့အခါ............ ဒီဇာတ်ကားလေးဟာတော့ ပထမကမ္ဘာစစ်ကြီးပြီးသွားချိန် ၁၉၄၅ခုနှစ် vibeကိုအပြည့်အဝရရှိစေမယ့် ၁နာရီ၃၄မိနစ်ကြာ Drama\Horror movie လေးပဲဖြစ်ပါတယ်။File size…(1 GB)/(590 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dave
movie
Brooklyn 45 (2023)
5.4
[18+] Bugaw (2023)
Bugaw (2023)ဒလောရက်စ်ဟာ သူတို့ရွာမှာ ပြည့်တန်ဆာအဖြစ် အသက်မွေးပြီး သူ့အလုပ်တွေအတွက် ရက်ချိန်းတွေ၊ ဈေးနှုန်းတွေ၊ ဖောက်သည်တွေနဲ့ချိတ်ဆက်တာကနေ အလုပ်လုပ်မယ့်နေရာတွေကိုလိုက်ပို့တာအထိ သူ့ဖခင်ကတာဝန်ယူပါတယ်။ သူရော ဖခင်ဖြစ်သူရော နှစ်ဦးလုံးရဲ့ ရည်မှန်းချက်က အငယ်နှစ်ယောက်ဖြစ်တဲ့ အိုင်းဆက်စ်နဲ့ဂလိုရီယာတို့ကိုပညာတတ်ကြီးဖြစ်ပြီး ဒီဘဝကနေရုန်းထွက်နိုင်ဖို့ပါပဲ။တစ်နေ့တော့ သူ မလိုက်လျောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဖောက်သည်တစ်ဦးနဲ့ အချင်းများရာကနေ သူတို့ဖခင်သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့ဖခင်နေရာကို မောင်ငယ် အိုင်းဆက်စ်က တာဝန်ယူလာခဲ့ပြီး တစ်ဖြည်းဖြည်းသိလာရတာတွေကတော့ သူ့ဖခင်ဟာ သူတို့ဝင်ငွေတွေထဲက မနည်းလှတဲ့ ပမာဏတစ်ခုကို နယ်မြေရဲတစ်ယောက်ကိုအချိန်မှန်မှန်ဆက်ကြေးပေးနေခဲ့ရတယ်ဆိုတာပါ။ ငွေအင်အားလူအင်အား ဘာကိုမှမယှဉ်နိုင်တဲ့ မိဘမဲ့ မောင်နှမသုံးယောက်ဟာ ရဲတောင်းဆိုတဲ့အတိုင်း ဆက်လက်ငုံ့ခံ လိုက်နာနေခဲ့ပေမယ့် အဲ့ဒီရဲက တစ်ဖြည်းဖြည်းအတင့်ရဲလာတဲ့အခါမှာတော့...ဒီဘဝကနေ ဘယ်လိုနည်းနဲ့ အလွတ်ရုန်းကြမလဲဆိုတာကိုယ်တိုင်အဖြေရှာလိုက်ကြပါ။ကြည့်လည်းကြည့်ကောင်းလှသလို မြင်နေတွေ့နေကျမဟုတ်တဲ့ မင်းသမီးအသစ်လေးတွေကိုလည်း ပွဲထုတ်ပေးထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 690MB Quality - 1080p, 720p IMDb Rating - ...
movie
[18+] Bugaw (2023)
2023
Disquiet (2023)
ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။ File size…(930 MB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Disquiet (2023)
7.5
Devils(2023)
Devils(2023)************ Oh Dae Hwan နဲ့ Jang Dong Yoon တို့လို နာမည်ကြီး သရုပ်ဆောင်(၂) ယောက်အဓိကပါဝင်တယ်... The Childe တို့လို vibe မျိုးတော့မဟုတ်ပေမဲ့ Crime ကိုမှ Plotက နည်းနည်းဆန်းကျယ်တယ်လို့ဆိုရမယ်... စုံထောက်ချွဲဂျယ်ဟွမ်ဆိုတာ ရဲလောကမှာတော့ လူမုန်းများလှပေမဲ့ တော်တဲ့အရည်အချင်းကိုတော့ အသိအမှတ်ပြုခံရတယ်...သူဟာ တွဲဖက်တစ်ယောက်နဲ့ ကွင်းဆက်လူသတ်မှုကိုစုံစမ်းနေတုန်း တရားခံလူသတ်သမားဖြစ်သူ ချာဂျင်းဟျော့ဟာသူ့ရဲ့ တွဲဖက်ကိုသတ်လိုက်တယ်...လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးလိုက်ရတဲ့ စုံထောက်ချွဲဂျယ်ဟွမ်ဟာချာဂျင်းဟျော့ဆိုတဲ့ လူသတ်ကောင်နောက်ကို အငြိုးကြီးကြီးလိုက်ရာကနေတစ်နေ့မှာတော့ အကြီးစားထိခိုက်မှုဖြစ်ပြီး လူသတ်ကောင်နဲ့ ဝိညာဉ်ချင်းလဲသွားပါတော့တယ်...ဆိုတော့စုံထောက်မျက်နှာနဲ့လူသတ်ကောင် ၊လူသတ်ကောင်မျက်နှာနဲ့စုံထောက် တူမလိုလိုနဲ့လုံးဝကွဲပြားသွားတဲ့ ၂ယောက်ဖြစ်သွားတယ်..ဝိညာဉ်ချင်းလဲသွားတဲ့အနေအထားမှာ စုံထောက်နဲ့လူသတ်ကောင်တို့ဘယ်လို တစ်ယောက်နဲ့တစ်ယောက်အနိုင်တိုက်ကြမလဲဆိုတာကိုတော့...File size…1.6GB/ 641MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46min Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri,Treasure Htet & Stary
movie
Devils(2023)
First
63
64
65
66
67
Last
Previous
Next