Channel Myanmar

Thriller

Caviar (2023)
Caviar (2023) လူသိများတဲ့ ဆိုရှယ် influencer တစ်ဦးဖြစ်သူ Antigone ဟာ သိပ်မကြာသေးခင်က ဆုံးသွားတဲ့ သူ့အစ်ကို နာမည်ကြီးသတင်းထောက်အတွက် ပူဆွေးဝမ်းနည်းနေတဲ့အချိန်မှာ ဇာတ်လမ်းစထားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ ကမ္ဘာ့ကြီးကို မြင်တဲ့အမြင်၊ လောကကြီးရဲ့ကံကြမ္မာနဲ့ပတ်သတ်ပြီး ယုံကြည်ချက်တွေနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်သွားစေမဲ့ ဗွီဒီယိုတစ်ခုရောက်လာပါတယ်။ အဲဗွီဒီယိုကတော့ သေသွားပြီလို့ သိထားတဲ့သူ့အစ်ကိုဆီကပဲဖြစ်ပါတယ်။ တကယ်ပဲ သူ့အစ်ကိုဆီကလား… ဗွီဒီယိုထဲမှာရော ဘာတွေပြောထားသလဲ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(940 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror, Mistery, Thriller, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Myat Noe Cho
movie

Caviar (2023)

The Story of the Night Watcher ( 2023 ) 6
The Story of the Night Watcher ( 2023 ) ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာ ထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီး အစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့ မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ် ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေ အဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့ တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့ သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေက မကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီး ကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ် ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှ ာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ်အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီး သူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှ ာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာ အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာ ကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : ...
movie

The Story of the Night Watcher ( 2023 )

Call Her King (2023) 4.0
Call Her King (2023) Call Her King (2023) ================အတိတ်က အမှားတစ်ခုကြောင့် ‌တရားစီရင်ရမှာ‌လက်တွန့်နေတဲ့ တရားသူကြီးဂျေဒါကင်း၊ သူ(မ) စီရင်ရမဲ့အမှုဟာလည်း ပထမအဆင့် ရာဇဝတ်ပြစ်မှုကြီးဖြစ်နေတဲ့အတွက် ရှိသမျှခွန်အားတွေ စုစည်းပြီး စီရင်ချက်ချတော့မယ်လုပ်ခါမှ တရားခံရဲ့အစ်ကိုဖြစ်သူက သူ့ညီကို ကယ်ထုတ်ဖို့အတွက် တရားရုံးကို အုပ်စုလိုက်အပိုင်စီးလိုက်တဲ့အခါ မှာတော့ ဘယ်လိုတွေဆက်မဖြစ်လဲ တရားခံကရော လွတ်သွားမှာလား ဆိုတာတွေကို ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကား‌ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing မှဖြစ်ပါတယ်)File Size..........(1.36 GB) / (452 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Call Her King (2023)

2023
Homewrecker (2023) 4.0
Homewrecker (2023) Homewrecker (2023) ===============ထမရာ အိုလီဖန့်က ဥပဒေလုပ်ငန်းမှာ လုပ်ကိုင်နေပြီး ချစ်သူ ခလင်တွန်နဲ့ အတူနေတယ်။ ​လုပ်ငန်းမှာ ပါတနာဖြစ်ဖို့ ကြိုးစား နေရင်း အလုပ်ပြောင်းလာတဲ့ ဝန်ထမ်းသစ် ခင်ဇီ မီယန်နီဆိုတဲ့ တက္ကသိုလ်တုန်းက သိတဲ့မိန်းကလေးနဲ့ ပြန်ဆုံခဲ့တယ်။ သဘော ကောင်းတဲ့ ထမရာက ခင်ဇီကို သူငယ်ချင်းအရင်းလို ဆက်ဆံပြီး နေပေမဲ့ ခင်ဇီက ထမရာနဲ့အတူ ပြိုင်ပြီး အလုပ်မှာ ပါတနာရဖို့ ကြိုးစားတော့တယ်။အဲဒီအထိ ထမရာက ခင်ဇီ့ရဲ့မနာလိုကောက်ကျစ်မှုတွေကို မမြင်ခဲ့ သေးပေမဲ့ နောက်တော့ ခင်ဇီက သူ့ချစ်သူကိုပါ ပြိုင်လုလာပြီး သူ့ ဘဝကို ဖျက်ဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ထမရာတစ်ယောက် ဘယ်လိုတွေ သူငယ်ချင်းအတုဆီက နောက်ကျောဓားနဲ့အထိုးခံရ မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin မှဖြစ်ပါတယ်)File Size..........(1.11 GB) / (467 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 19Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Homewrecker (2023)

2023
[18+] Sitio Diablo (2022) 5.4
[18+] Sitio Diablo (2022) Sitio Diablo (2022)မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်တွေဟာ မကောင်းမှုဒုစရိုက်တွေ လူဆိုးဂိုဏ်းတွေ ကြီးစိုးပြီး ကျင်လည်ကျက်စားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီမှာမှ ဆီတိုဒယာဘလိုစ် ဆိုတဲ့ပင်မဂိုဏ်းကြီးကနေခွဲထွက်ပြီး အလူစထရာဒိုဆိုတဲ့ ဂိုဏ်းသစ်ကို ထူထောင်နေကြတဲ့ လူငယ်တစ်စုရှိပါတယ်။ အဲဒီဂိုဏ်းကို ဦးစီးနေတဲ့သူတွေကတော့ ဘူးလက်နဲ့အိုင်နာတို့စုံတွဲဖြစ်ပြီး အိုင်နာကတော့ မူလ ဆီတိုဒယာဘလိုစ်အုပ်စုရဲ့မျိုးဆက်သမီးငယ်ပါ။ခေတ်ကာလအားဖြင့်တော့ သူတို့မြို့တော်ရဲ့အာဏာအကူးအပြောင်း စပ်ကူးမတ်ကူးကာလဖြစ်ပြီး ရွေးကောက်ပွဲဝင်အမတ်လောင်းအသစ်က သူတို့ဂန်းစတားနယ်မြေတွေကို မက်လုံးပေးမဲဆွယ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဆီတိုဒယာဘလိုစ်ရဲ့ဆက်ခံသူ၊ အိုင်နာရဲ့အစ်ကို တိုးနစ်စ်ဟာ ရဲတစ်ယောက်ရဲ့ညှိနှိုင်းမှုနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နဂိုကတည်းက မငြိမ်းချမ်းတဲ့ နယ်မြေခွဲဝေမှုတွေ၊ အချင်းချင်းခွက်စောင်းခုတ်မှုတွေ ကွက်ကျော်ရိုက်မှုတွေနဲ့ သူတို့လောကထဲ တိုးနစ်စ်ပြန်ရောက်လာမှုဟာ နိမိတ်ဆိုးတစ်ခုဖြစ်ပြီး ပိုမိုမုန်တိုင်းထန်လာတော့မယ့် သဘောပါပဲ။မြင်နေကျကားတွေကနေ ခွဲထွက်ပြီး တစ်မူထူးခြားနေတဲ့ 18 အပေါင်း ဂန်းစတားနောက်ခံဇာတ်ကားသစ်ဖြစ်ပါတယ်။ ဖန်သားပြင်ထက်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ AJ Raval, အဲဒီတုန်းက တက်သစ်စလေးတွေဖြစ်တဲ့ Kiko Estrada, Benz Sangalang တို့နဲ့အတူ အခုချိန်မှာထိပ်တန်းဖြစ်နေပြီဖြစ်တဲ့ ...
movie

[18+] Sitio Diablo (2022)

2022
Sympathy for the Devil (2023) 5.7
Sympathy for the Devil (2023) Sympathy for The Devil (2023)~ IMDb - 5.7/10, Rotten Tomatoes - 62% ~မင်းသားကြီး နီကိုလက်ကေ့ရဲ့ ရုပ်ရှင်အသစ်ပါ။ Suicide Squad ထဲက Rick Flag မင်းသား Joel Kinnaman နဲ့အတူ ပါဝင်ထားပါတယ်။ Action Thriller အမျိုးအစားဖြစ်ပြီး သို့လော သို့လောနဲ့ ကြည့်ရတဲ့ ကားမျိုးပါပဲ။ဒေးဗစ်ချိန်ဘာလိန်ဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမဆေးရုံမှာ ကလေးမွေးနေတာကို အမီသွားဖို့ ကားနဲ့ထွက်လာပါတယ်။ ဆေးရုံကိုအရောက်မှာပဲ ကားနောက်ခန်းထဲကို လူတစ်ယောက်ဝင်လာပြီး သေနတ်နဲ့ချိန်ထားပါတော့တယ်။ အဲဒီလူကပဲ သူ့ကို ဆေးရုံထဲကိုမဝင်ခိုင်းဘဲ ဘော့စတွန်အထိ မောင်းခိုင်းပါတော့တယ်။ လမ်းတလျှောက်မှာ ဒေးဗစ် လွတ်မြောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် သေလာပါတော့တယ်။ သူတို့နှစ်ယောက် ကြောင်နဲ့ကြွက်လို လိုက်တမ်းပြေးတမ်း အသက်လုပြီးကစားရတဲ့ ရည်ရွယ်ချက်ကဘာလဲ... ရည်ရွယ်ချက်ရောရှိရဲ့လား... သူတို့အချင်းချင်းကရော ထင်ထားသလို ...
movie

Sympathy for the Devil (2023)

2023
4K HEVC
Wolves of War (2022)
Wolves of War (2022) Wolves of War (2022)မနှစ်က ထွက်ရှိထားတဲ့ Low Budget စစ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကိုအခြေတည်ထားတာပါ။ ဟစ်တလာဟာ သူစစ်ရှုံးတော့မယ်လို့မြင်တဲ့အခါ တိုင်းပြည်ထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တစ်နိုင်တပိုင်တိုက်ထုတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းတကြယ်မဟုတ်ပါဘူး။ဟစ်တလာဟာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အနေနဲ့ နျူကလိယားဗုံးတီထွင်ဖို့ သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်က သူ့ကို အသေခံမစ်ရှင်အနေနဲ့ သွားကယ်တင်ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။စစ်သူရဲကောင်းကြီးက အိမ်လွမ်းဝေဒနာကိုခံစားနေရပြီး လူသေတွေအားလုံးကို သူ့သမီးလို့ပဲမြင်ယောင်နေတာပါ။ ဒီအချက်နဲ့တင်တည်ပြီး ဒီထက်ပိုကောင်းအောင် Psychology ဆန်ဆန်ရိုက်ကူးလို့ရပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်လမ်းကို ပေါ့ပစ်လိုက်ရဟန်တူပါတယ်။ အသံပိုင်းဆိုင်ရာကလည်း သိပ်အားရစရာမရှိပါဘူး။ သေချာ အချိန်သီးသန့်ယူပြီး ကြည့်ရလောက်အောင်ကောင်းတဲ့ စစ်ကားမျိုးမဟုတ်ဘဲ အပျင်းပြေကြည့်ပျော်တဲ့ စစ်ကားမျိုးဘက်ကိုသွားပါတယ်။စစ်ကားတွေကိုအသည်းစွဲကြိုက်ပြီး စစ်ကားမှကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့်အနေအထားရှိပေမဲ့ Low Budget ရုပ်ရှင်ဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားဖို့တော့ ကြိုပြောချင်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ...
movie

Wolves of War (2022)

2022
Soulcatcher (2023) 6.8
Soulcatcher (2023) Soulcatcher (2023)****************** ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာကစစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေလက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်ကအဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ....File size…  1.50GB / 800MB Quality… WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson
movie

Soulcatcher (2023)

Rudrangi (2023) 7.4
Rudrangi (2023) Rudrangi (2023) IMDb-7.4/10လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon
movie

Rudrangi (2023)

2023
Blossom (2023)
Blossom (2023) Thriller and Crime ဇာတ်လမ်းဇာတ်အိမ်မျိုးကိုလွွမ်းနေတယ်ဆိုရင် BET+ orginal က ထုတ်လွင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 2023 မှာ ထွက်ရှိထားတဲ့ Blossom ဆိုတဲ့ဇာတ်ကားဟာ အမျိုးသမီးအိမ်တွင်းအကြမ်းဖက်မှု နဲ့ ပတ်သတ်ပြီး စိတ်ဒဏ်ရာဆိုတဲ့အကြောင်းကိုရိုက်ကူးပြသထားတာပါ။ ကလဲရိစ် စပန်ဆာ ဟာ လွန်ခဲ့တဲ့ ၆နှစ်အကြာကချစ်ရတဲ့သားလေး ဂျေဒန် ပြန်ပေးဆွဲခံရတာနဲ့ပတ်သတ်ပြီး trauma ရနေသူတစ်ဦးပါ။ သားလေးကို ကယ်တင်နိုင်ခဲ့ပေမဲ့ အိပ်မက်ဆိုးတွေကြားကနေ ရုန်းထွက်မရတော့ဘဲ Therapy နဲ့ ြပနေရတဲ့သူြဖစ်ပါတယ်။ကလဲရိစ် ကိုယ်တိုင်ကလည်း therapist တစ်ယောက်ဖြစ်ပြီး အမျိုးသမီးနားခိုရာ ဂေဟာတစ်ခုမှာ တာဝန်ယူအလုပ်လုပ်ပါတယ်။ နေ့စဥ္နဲ့အမျှ ယောက်ျားဖြစ်သူ၏ အကြမ်းဖက်မှုကြောင့်စိတ်ဒဏ်ရာရနေတဲ့ အမျိုးသမီးတွေကို ဖေးမကူညီပေးတဲ့ဂေဟာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ချယ်ရီဆိုတဲ့ကောင်းမလေး ဂေဟာကိုရုတ်တရက်ရောက်လာပြီးနောက်ပို်င်း ကလဲရိစ်မိသားစုထဲကို ဝင်လာဖို့အကြောင်းဖန်လာပါတော့တယ်။ ချယ်ရီ နဲ့ ကလဲရိစ်တို့ပတ်သတ်မှုက ဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ။ ချယ်ရီက ဘယ်လိုြဖစ်ပြီး ဂေဟာရောက်လာတာလဲ ဆိုတာတွေကို အဖြေထုတ်ရင်း ကြည့်ရှုဖို့ ...
movie

Blossom (2023)

Insidious: The Red Door(2023) 6.7
Insidious: The Red Door(2023) Insidious: The Red Door(2023)***************************** နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲကနောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ...
movie

Insidious: The Red Door(2023)

4K HEVC
My Professor’s Guide to Murder (2023) 5.0
My Professor’s Guide to Murder (2023)  အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။File size…(1.5 GB)/(693 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni
movie

My Professor’s Guide to Murder (2023)

In the House (2012) 7.4
In the House (2012) ပြင်သစ်စာပေသင်တဲ့ဆရာတစ်ယောက်ဟာ ကလော့ဂါဆီရာ‌ဆိုတဲ့ကျောင်းသားတစ်ယောက်ရဲ့ထူးဆန်းတဲ့စာစီစာကုံးကိုဖတ်မိရာကနေ ကလော့ရဲ့သူ့သူငယ်ချင်းမိသားစုအပေါ်အမြင်တွေ၊အတွေးတွေကိုပိုသိချင်လာပါတော့တယ် သူကကလော့ကိုစာအရေးအသားသင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကိုအရင်းပြုရင်း ဆရာတပည့်နှစ်ယောက်ဇာတ်လမ်းနဲ့အပြင်လောကရဲ့ဆက်စပ်မှုတွေကိုရှာဖွေပြီး ဘယ်လိုအလှည့်အပြောင်းမျိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှုရမှာပါ Drama & mystery အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာသိပ်မပါပေမဲ့အေးအေးလေးနဲ့ဇာတ်လမ်းအဆုံးထိဆွဲသွားနိုင်တာမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ File size…(2.1 GB)/(1 GB)/(530 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

In the House (2012)

The Exit Row (2023)
The Exit Row (2023) သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။File size…(960 MB)/(460 MB)/(270 Mb)Quality….Webrip 1080p / ...
movie

The Exit Row (2023)

Erased (2012) 6.0
Erased (2012)  မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie

Erased (2012)

Hunt Club (2022)
Hunt Club (2022) Hunt Club (2022) =============ကက်ဆန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ ရည်းစားနဲ့ ရန်ဖြစ်ပြီး ချန်ထားခံရလို့ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ဂျက်ဆန်နဲ့ ကာတာဆိုတဲ့ သားအဖ နှစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ ကက်ဆန်ဒရာလည်း ကာတာတို့နဲ့ ရင်းနှီးသွားပြီး မဲလိုက်ခရီးကို လိုက်ဖို့ခေါ်တာနဲ့ ဒေါ်လာ ၁ သိန်း ရမယ်လို့ ပြောတာမို့ ကက်ဆန်ဒရာလည်း အမဲလိုက်ခရီးကို လိုက်ခဲ့ပါတယ်။ တကယ်တမ်း ကာတာတို့ သားအဖ အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေကို မဟုတ်ဘဲ မိန်းမတွေကို အမဲလိုက်တာ ဖြစ်နေတဲ့အချိန်မှာတော့ ကက်ဆန် ဒရာတစ်ယောက် လူသူမရှိတဲ့ ကျွန်းကြီးမှာ မုဆိုးတွေလက်ထဲက ဘယ်လို လွတ်အောင် ရုန်းကန်ရမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားကတော့ သာမန်မြင်တွေ့နေကြ ပုံစံမျိုးဖြစ်တဲ့ သူငယ်ချင်းတစ်သိုက် ခရီးထွက်လာ၊ လူသတ်သမားနဲ့တွေ့ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရ၊ ထွက်ပြေးကြ နောက်ဆုံးမှာ မင်းသမီးတစ်ယောက်ပဲ လွတ်သွားဆိုတဲ့ မဲပြားပုဆိုး ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် Low Budget အမျိုးအစားဖြစ်တာမို့ ဇာတ်လမ်းကောင်းသလောက် ပေါ့သွားတဲ့နေရာမျိုးတွေ ရှိပါတယ်။ အများကြီး လုပ်ပြနိုင်ရဲ့သားနဲ့ ဒီအတိုင်း သာမန်လောက်ပဲဆိုတာမျိုးနဲ့ ဇာတ်သိမ်းသွားတာ ကိုတော့သိပ်မကြိုက်ချင်ပါဘူး။ သာမန်အပျင်းပြေပဲ ကြည့်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ပါ ...
movie

Hunt Club (2022)

2022
One Friday Night (2023) 6.1
One Friday Night (2023) One Friday Night 2023လောင်ချင်သပါ့ဆိုတဲ့လူတွေ အကြိုက်စားဖြစ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ် ကိုယ့်လူက အကြောင်းပြချက်တွေ ပေးနေပြီလား စိတ်ထဲသံသယဝင်နေပြီဆိုရင် ပြေးကြည့်တာထက်မှန်တတ်ကြောင်း ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ်မိန်းမကို အလုပ်ကိစ္စနိုင်ငံခြားခရီးသွားရမယ်‌ဆိုပြီး မယားငယ်နဲ့ လာနှပ်နေတဲ့ ရမ်.. မယားကြီးကိုလည်းချစ် မယားငယ်ကိုလည်း လက်မလွှတ်နိုင်နဲ့ ချစ်ခြင်းမေတ္တာကြီးမားတဲ့ရမ်တစ်ယောက် .. မယားငယ်ထားရတဲ့အကြောင်းကတော့ မယားကြီးကကိုယ်ဝန်မဆောင်နိုင်လို့ပါဒီလိုမဆောင်နိုင်ဖြစ်စေချိန် မယားငယ်ကကိုယ်ဝန်ရှိလာပြီး တစ်ကမ္ဘာလုံးရှေ့ သူ့ကလေးပါလို့ ပြောခိုင်းပြီး လက်ထပ်ယူခိုင်းလေတော့ အဖေအရမ်းဖြစ်ချင်တဲ့ရမ်တစ်ယောက် တစ်ဖက်မှာလည်း ချစ်ရတဲ့မယားကြီးနဲ့ မျောက်သစ်ကိုင်းပဲလွတ်မလား ကြားထဲမှာလည်း Plot Twist တွေတစ်ဝကြီးပါတာမို့ ကြည့်ရှုရင်း လောင်လိုက်ကြရအောင်လား (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~V~BpL တို့ပဲ ဖြစ်ပါတယ်) File size…1.53GB / 574MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by Yunni~V~BpL 
movie

One Friday Night (2023)

2023
Home for Rent (2023) 6.9
Home for Rent (2023) Home for Rent (2023)~ IMDb - 6.9/10, MyDramaList - 7.8/10 ~ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ...
movie

Home for Rent (2023)

2023