Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
7.0
Kolai (2023)
Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Kolai (2023)
2023
4K HEVC
6.4
The Sum of All Fears (2002)
The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါသေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်အေးခေတ် လက်နက် အားပြိုင်မှုကို ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အမေရိကန် ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်ရောက်အားပေးတဲ့ ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုကြီးကြောင့် လူပေါင်းများစွာ သေကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားကနေ ခွဲထွက်ထားတဲ့ ချေချင်းညာဒေသအရေးကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှားတွေရဲ့လက်ချက်လို့ယူဆပြီး ...
movie
The Sum of All Fears (2002)
2002
5.0
Heart of Stone (2023)
Heart of Stone (2023) =================နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadot ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား Jamie Dornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမီး Alia Bhatt တို့လည်း ပါဝင်ထားပါ တယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက် ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ် က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီး ကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင် ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခု ကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံ လာပြီး ချာတာတစ်ဖွဲ့လုံးကို ...
movie
Heart of Stone (2023)
2023
4K HEVC
6.2
Medusa Deluxe (2023)
IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့..... ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Medusa Deluxe (2023)
Sanctified (2022)
အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie
Sanctified (2022)
Yahoo+ (2022)
ဒီတစ်ခါမှာတော့ Thriller movie လေးတစ်ခုဖြစ်တဲ့ Yahoo+ ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆင်းရဲတဲ့နိုင်ငံကနေ ရုန်းထွက်နိုင်အောင်ကြိုးစားကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Yahoo ဆိုတာ internet scam လုပ်တာဖြစ်ပြီးတော့ Yahoo+ ဆိုတာကတော့ ပိုဆိုးတဲ့ ပုံစံပေါ့ ဒီဇာတ်ကားလေးမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဖြစ်နေတဲ့ အဘာချာနဲ့ အိုစီဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဟောင်ကောင်က အသိနဲ့ Yahoo+ ဆိုတာကြီးကို ဘာမှ မသိဘဲ စလုပ်ကြပါတော့တယ် သူတို့တာဝန်ကတော့ ပြည့်တန်ဆာနှစ်ယောက်ခေါ်ပြီး အိပ်ဆေးခတ်ဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့ သူတို့ခေါ်လိုက်တဲ့ ပြည့်တန်ဆာနှစ်ယောက်ထဲမှာ တစ်ယောက်က အဘာချာရဲ့ ကောင်မလေးဖြစ်နေပါတော့တယ် ဒီလိုနဲ့ အဘာချာ တစ်ယောက် နောက်ပြန်လှည့်လို့မရတဲ့အခြေအနေမှာ ဆက်လည်းမလုပ်ချင်ဖြစ်နေပါတော့တယ် သူတို့လုပ်မယ့် Yahoo+ ဆိုတာကရော တကယ်က ဘာများဖြစ်မလဲ အဘာချာ တစ်ယောက်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ File size…(897 Mb)/(405 Mb) Quality….Webrip 1080p ...
movie
Yahoo+ (2022)
Darkeplica (2023)
ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက်darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။ ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။ ဘယ်လိုရှာရှာပြန်မတွေ့တောပါဘူး။ အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။ ညဘက်တွေဆို မကြာခဏအမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြောနေတတ်ပါတယ်။ သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကုဆေးရုံကိုပိုလိုက်ပါတယ်။ ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေသူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးကပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လိုပိုယုံကြည်လာပါတော့တယ်။ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား။Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီးစကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။ File size…1.38GB / 432MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 33m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie
Darkeplica (2023)
5.5
Her Affair to Die For (2023)
ဒီလောကထဲမှာ ယောက်ျားတွေအများကြီးရှိနေတာတောင်သူများယောက်ျား သူများရည်းစားကိုမှလိုချင်နေတဲ့ မိန်းကလေးတွေအများကြီးရှိပါတယ်။အဲ့ဒီလိုနဲ့ ပျက်စီးသွားခဲ့ရတဲ့အိမ်ထောင်ရေးတွေသမီးရည်းစားဆက်ဆံရေးတွေမှမနည်းပါဘူး။ဒီကားမှာလဲအဲ့လိုအဖြစ်အပျက်တွေကိုပေါ်လွင်အောင်ရိုက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ခရစ္စတီးနားဆိုတဲ့ကောလိပ်ကျောင်းသူလေးကလစ်ဇ်နဲ့ နိုအာတို့ရဲ့ သမီးဖြစ်သူဖြစ်ပြီးတော့ အခုအချိန်မှာ ကောလိပ်တက်ဖို့တိုက်ခန်းအတူငှားဖို့အတွက်အခန်းဖော်လိုက်ရှာနေတာဖြစ်ပါတယ်။အဖေဖြစ်သူနဲ့အမေဖြစ်သူကလဲသူ့အလုပ်နဲ့သူများနေကြတဲ့ လူတွေဖြစ်ပြီးသိပ်နွေးနွေးထွေးထွေးမရှိလှပေမဲ့ မိသားစုလေးကပျော်စရာတော့ကောင်းပါတယ်။ဒီလိုနဲ့ခရစ္စတီးနား တစ်ယောက်အခန်းဖော်လိုက်ရှာရင်းနဲ့ အလစ်ဆာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့အဆင်ပြေသွားပြီး တိုက်ခန်းအတူတူငှားနေဖြစ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီအလစ်ဆာက သူတို့မိသားစုကိုဖြိုခွဲမဲ့ သူတစ်ယောက်ဖြစ်နေတာကိုခရစ္စတီးနားမသိလိုက်ပါဘူး။ဒီလိုနဲ့ အလစ်ဆာကသူ့အဖေဖြစ်သူနိုအာကို တဖြည်းဖြည်းနဲ့ပစ်မှတ်ထားပြီးသူနဲ့ အတူတူအိပ်အောင်ဆွဲဆောင်ပြီးသွားတဲ့နောက်မှာ သူတို့မိသားစုမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 589MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Her Affair to Die For (2023)
6.5
Paradise(2023)
Paradise(2023)*************** ကိုယ့်ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းထဲကအချိန်တချို့ကိုပေးလိုက်ရုံနဲ့ပိုက်ဆံတွေရနိုင်တယ်ဆိုရင်သင်ရောယူမှာလား။ဒီလိုမျိုးအလဲအလှယ်ကိုရောသင်ဘယ်လိုထင်ပါသလဲ။အီယွန်ဆိုတဲ့ကုမ္ပဏီတစ်ခုကအဲ့ဒီလို တခြားသူတစ်ယောက်ရဲ့သက်တမ်းတွေကိုပိုက်ဆံအများကြီးနဲ့လဲလှယ်ပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။မက်စ်ဆိုတဲ့လူတစ်ယောက်ကအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အချိန်လှူဒါန်းခြင်းမန်နေဂျာတစ်ယောက်ပဲဖြစ်ပါတယ်။လှူဒါန်းခြင်းလို့ခေါ်တယ်ဆိုပေမဲ့တကယ်တမ်းကတော့ကိုယ့်ရဲ့အချိန်တွေကိုရောင်းစားနေတာပါပဲ။သူကဆင်းရဲတဲ့လူတွေကိုအချိန်တွေလှူဒါန်းအောင်လို့လိုက်ပြီးနားချရတဲ့လူတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားလွန်းတဲ့အတွက်တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းတွေပါဖြစ်ခဲ့ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့သူတို့အကြွေးနဲ့ဝယ်ယူထားတဲ့တိုက်ခန်းမီးလောင်သွားတဲ့အခါသူ့မိန်းမကိုယ်တိုင်ရဲ့ သက်တမ်း နှစ်ပေါင်း ၄၀ နဲ့ပြန်ဆပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့အခါကျမှသူများတွေကိုအချိန်လှူဒါန်းဖို့လိုက်ပြောနေတဲ့အီယွန်တစ်ယောက်လဲကိုယ့်အလှည့်ကျမှဒီလိုကြုံလာတဲ့အခါဆပ်ပြာသည်လင်ပျောက်သလိုတွေဖြစ်နေပါတော့တယ်ဒီလိုနဲ့ကြံရာမရတဲ့အဆုံး သူ့ဘဝမှာ မိုက်ရူးရဲအဆန်ဆုံးလုပ်ရပ်ကိုလုပ်ဖို့ ကြိုးစားပါတော့တယ်.... File Size :(1.4GB) &(527MB) Quality : NF.Web-Dl 1080P, 720p Format…mp4 Duration…01:57:00 Genre :Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Phyo Pyae
movie
Paradise(2023)
The Mistress (2022)
The Mistress (2022)ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ...
movie
The Mistress (2022)
2022
6.0
Dream House (2011)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie
Dream House (2011)
6.7
So Close (2002)
So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့ So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie
So Close (2002)
2002
Your Boyfriend Is Mine (2022)
ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီကစနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင်လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကိုအတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျသွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.67GB / 664MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Your Boyfriend Is Mine (2022)
5.4
River Wild (2023)
IMDb RATING - 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
River Wild (2023)
6.7
Killer Joe (2011)
Killer Joe ဇာတ်ကားဟာ 2013 ခုနှစ် COFCA Award မှာ Best Overlooked Film အပါအဝင် တခြားသော ဆုပေးပွဲတွေမှာပါ 9 wins တိတိရရှိခဲ့တဲ့ Crime Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် 2014 ခုနှစ် Best Performance by an Actor in a Leading Role နဲ့ အော်စကာဆုရရှိခဲ့သူ မင်းသားကြီး Matthew McConaughey ကို Killer Joe အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Drug Dealer တစ်ယောက်ဖြစ်တဲ့ ခရစ်က အကြွေးပိပြီး အမေဖြစ်သူထားထားတဲ့ အသက်အာမခံကြေးကို မျက်စေ့ကျရာက အမေ့ကို သတ်ပြီး အသက်အာမခံကြေးတွေကို သိမ်းဖို့ အဖေဖြစ်သူနဲ့အတူ ပေါင်းကြံရာက ဇာတ်လမ်းစပါတယ်။ ခရစ်နဲ့ သူ့အဖေက ...
movie
Killer Joe (2011)
5.3
The Hit List (2011)
အယ်လန် ကမ့်ဘဲလ်ဆိုတာက အရှုံးသမား အကြွေးကဝိုင်းမိန်းမကလည်း အချစ်ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်အလုပ်မှာ ရာထူးတိုးကလည်းမရ။ဒီလိုနဲ့ပဲ ညဘက်အရက်ဆိုင်မှာမှောက်ဖို့ကြံနေတဲ့သူ့ဆီကိုမိတ်ဆက်လာတာကတော့ ဂျိုးနားစ် အာဘာ။အထူးအေးဂျင့်အနေကနေ ပြေးလာပြီးတော့ ဒီမြို့လေးမှာအချိန်လာဖြုန်းလုပ်ချင်ရာလုပ်နေတဲ့လူ။ အယ်လန်ရင်ဖွင့်သမျှကြားပြီး ဂျိုးနားစ်က သူ့ကိုကမ်းလှမ်းခဲ့တာကအယ်လန်အမုန်းဆုံးလူ နာမည်ငါးခုချရေး ဂျိုးနားစ်ကရှင်းပေးမယ်။ဂျိုးနားစ်ကတော့မယုံမကြည် မူးမူးနဲ့ရေးပေးလိုက်ပြီးနောက်နေ့မနက် ပထမတယောက်ကို တကယ်ဖြစ်လာတဲ့အခါမှာတော့အယ်လန်တယောက် ကျန်တဲ့လူတွေကိုပါ ဂျိုးနားစ်ရဲ့ရန်ကနေကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ဂျိုးနားစ်ရဲ့ကစားပွဲအောက်မှာ အယ်လန်တယောက်စာရင်းထဲပါသူတွေကို ကယ်တင်နိုင်ပါ့မလား။ဂျိုးနားစ်ကရော ဘာဖြစ်လို့ ဒီလိုမျိုးလုပ်နေတာလဲ။ဒီကစားပွဲရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက်ထဲကဘယ်သူကအောင်မြင်သွားမလဲဆိုတာကိုCMပရိတ်သတ်ကြီးကဒီဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။ File size… 1.5 GB / 590 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Action, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by... Brackman
movie
The Hit List (2011)
8.4
Por Thozhil (2023)
Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB / 789MB Quality…4k SONY WEB DL ...
movie
Por Thozhil (2023)
2023
4K HEVC
6.2
The Coldest City ( 2023 )
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ...တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : ...
movie
The Coldest City ( 2023 )
Bora (2023)
Bora (2023)ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်ကနေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ... ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား...ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 730MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri ...
movie
Bora (2023)
2023
7.6
The Wave (2008)
2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ...
movie
The Wave (2008)
First
59
60
61
62
63
Last
Previous
Next