Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
7.6
Saw (2004) Saw 1
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw (2004) Saw 1
4K HEVC
Blood Creek (2009)
သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ...... File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Blood Creek (2009)
Mimamsa (2022)
Mimamsa 2023 "တယ်ဆာရာမိုနိုစ် ခေါ် လေးလောင်းပြိုင်လူသတ်မှုMurder suspenseကိုနှစ်သက်တဲ့ပရိသတ်ကြီးတို့ ဇာတ်လမ်းနောက်ကလိုက်ပြီး ပဟေဠိအဖြေညှိဖို့အတွက် Mimamsaဆိုတဲ့ မှုခင်းစုံထောက်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Murder suspense ပီပီ ဟိုလူဒီလူတရားခံထင်ရင်းနဲ့ နောက်ဆုံးမှာဘယ်လိုပလေးခံရမလဲဆိုတာ စီအမ်နဲ့တူတူ အဖြေရှာလိုက်ရအောင်ပါ။မြို့ငယ်လေးတစ်ခုမှာ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့ ကွင်းဆက်လူသတ်မှုတစ်ခု၊ ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာအလား သေသပ်လွန်း ပိရိလွန်းလို့ ရဲတွေရဲ့ခေါင်းကိုက်စရာဖြစ်နေတဲ့အမှုဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ဒုတိယလူသတ်မှုဖြစ်လာချိန်မှာတော့ ပြည်သူနဲ့မီဒီယာကပါ ရဲဘက်ကိုဖိအားပေးလာချိန်မှာတော့ အဒီရာတစ်ယောက် အမှုကိုထဲထဲဝင်ဝင် စုံစမ်းဖို့ဖြစ်လာတဲ့အခါ...သဲလွန်စပျောက်ပြီး ဘဲဥအစရှာမရဖြစ်နေတဲ့အမှုကို အစဆွဲထုတ်ဖို့အတွက် လူသတ်သမားရဲ့စိတ်ကိုနားလည်ဖို့ အဒီရာတစ်ယောက် ကြိုးစားရင်းနဲ့ လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ထဲထဲဝင်ဝင်ကူညီချင်တဲ့ ပါရမီရှင်ဒေါက်တာကာရန်နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အမှုကိုနားလည်ဖို့ကြိုးစားလေ မဆုံးနိုင်လေဖြစ်နေတဲ့အပြင် လူသတ်မှုတွေကပါ ဆက်တိုက်ဖြစ်လာချိန်မှာ အဒီရာတစ်ယောက် ဘယ်လိုဆက်ဖြေရှင်းမလဲ။ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုလက်မည်းကြီးတွေရှိနေမလဲဆိုတာ အားလုံးအတူ အဖြေရှာလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေက CM Bollywood Teamပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…1.37GB / 700MB Quality…1080p WEB ...
movie
Mimamsa (2022)
2022
In the Fire (2023)
In the Fire (2023)ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့... ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ...
movie
In the Fire (2023)
2023
5.6
The Nun (2018)
ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie
The Nun (2018)
2018
4K HEVC
6.9
Annabelle: Creation (2017)
၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie
Annabelle: Creation (2017)
2017
4K HEVC
6.0
The Nun II (2023) The Nun 2
Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ....ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ ...
movie
The Nun II (2023) The Nun 2
4K HEVC
5.4
Annabelle (2014)
2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ2014 မှာဒီဇာတ်ကားထွက်လာပါတယ်..သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်..မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီးသရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေအတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ..နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ..တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing
movie
Annabelle (2014)
2014
4K HEVC
7.5
The Conjuring (2013)
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များလည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လိုကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို ...
movie
The Conjuring (2013)
2013
4K HEVC
6.3
Annabelle Comes Home (2019)
ပရလောက ကိုစပ်စုတက်တဲ့ ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးက ၀ါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီး အရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီး ဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ၀ါရန်း အိမ်ကြီးသို့ မရရအောင် ဝင်လာခဲ့ပါတယ်..... ၀ါရန်းလင်မယားက လျို့ဝှတ်အခန်းကို ဘယ်လောက်ပဲ သော့တွေ အထပ်ထပ်ပိတ်ပြီး တားဆီးထားပါစေ အန်နာဘယ် အရုပ်ထဲ ဝင်နေတဲ့ မကောင်းဆိုးဝါး က ဒန်နီရယ်ကို လမ်းပြပြီး သူ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်ခဲ့သော အခါမှာတော့..... File size… 4.84 GB / 1.17 GB / 530 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 46m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie
Annabelle Comes Home (2019)
2019
4K HEVC
7.4
The Conjuring 2 (2016)
ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက်ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာအဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကိုဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 3.74 GB / 1.54 GB / 744 ...
movie
The Conjuring 2 (2016)
2016
4K HEVC
7
The Conjuring: The Devil Made Me Do It (2021)
အက်ဒ် နဲ့ လော်ရိန်း ဝါရန်လင်မယားရဲ့ သဘာဝလွန်အမှုတွေထဲကအဆိုးဆုံးအမှုတစ်ခုကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ကွန်ဂျူးရင်း ၃ ကားမြောက် လာပါပြီ။ နိုင်ငံကျော် အာနီ ဂျွန်ဆန်ရဲ့လူသတ်မှုပဲ ဖြစ်ပါတယ်။ ဓားနဲ့ ၂၂ ချက်တိတိထိုးသတ်ခဲ့တဲ့ အာနီဟာ နတ်ဆိုးပူးကပ်ပြီးလုပ်ခဲ့မိတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုလာပါတယ်။ ဒီလို လူသတ်မှုမျိုးဟာ ထောင်ဒဏ် အနှစ် ၂၀ လောက်ကနေသေဒဏ်အထိ ချနိုင်လောက်အောင် ပြင်းထန်တဲ့အပြင်နတ်ဆိုးပူးကပ်မှုဆိုတာ တရားရုံးမှာ သက်သေပြဖို့လည်း မလွယ်ခဲ့ပါဘူ။ ဒီရုပ်ရှင်မှာတော့ ဝါရန်လင်မယားဟာ ဘယ်လို နတ်ဆိုးတွေနဲ့ဘယ်လို သဘာဝလွန်အဖြစ်အပျက်တွေကို ထပ်ပြီးစုံစမ်းရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင် File size… 3.68 GB / 1.26 GB / 610 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
The Conjuring: The Devil Made Me Do It (2021)
2021
4K HEVC
Wake Wood (2009)
IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Wake Wood (2009)
6.7
Kasargold (2023)
Kasargold (သို့) လောဘသားတို့သွားရာလမ်း (2023)IMDb 7.0 ရရှိထားတဲ့ Malayalam စကားပြော action/thriller ရုံတင်ကားလေးပါ သရုပ်ဆောင်တွေအနေနဲ့ malayalam မျက်နှာသိသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Asif Ali, Sunny Wayne နဲ့ Vinayakan တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အယ်လ်ဘီဆိုတဲ့ ရွှေမှောင်ခိုတင်သွင်းသူတစ်ယောက်နဲ့ သူ့ရဲ့ ကောင်မလေး နန်စီတို့ဟာ မှောင်ခိုသွင်းလာတဲ့ "ရွှေ"တွေ ပျောက်သွားတဲ့ကိစ္စမှာ ပါဝင်ပက်သတ်မိပါတော့တယ်အယ်လ်ဘီရဲ့ အလုပ်ရှင်က ဒီခိုးမှုမှာ ဖိုင်ဇယ်ဆိုတဲ့လူကို အယ်လ်ဘီကို ရအောင် ရှာခိုင်းပါတော့တယ် တကယ်တမ်း ဖိုင်ဇယ်ကို တွေ့သွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မှာလဲ...ဒီကားက ဇာတ်ကောင်ကာရိုက်တာတွေကို Side character တွေအနေနဲ့တင်မဟုတ်ပဲ အသေအချာလေး နောက်ကြောင်းရာဇဝင်တွေ မိတ်ဆက်ပေးထားပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့အပြင် နောက်ခံဂီတကောင်းကောင်းနဲ့ ကြွကြွရွရွ ကြည့်ရှုရမှာပါ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ နောက်ကွယ်က လက်မည်းကြီးတွေအကြောင်းလည်း သေချာပြထားတာမို့ အတည်အတံ့ မှုခင်းရုပ်ရှင်ကို ရှာနေတဲ့သူတွေအတွက် "ရွှေ" ပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Kasargold (2023)
2023
6.5
Fair Play (2023)
Fair Play (2023) ============ IMDb Rating - 6.5/10၂၀၂၃ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ Dram/Erotic Thriller ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.5 နဲ့ Rotten Tomatoes 88% ရရှိထားပါတယ်။ Erotic အမျိုးအစားလည်း ဖြစ်တာမို့ မိသားစုနဲ့ အတူမကြည့်ရှု့သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ရယ်ပါ သလို ၊ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေလည်း ပါဝင်တယ်ဆိုတာ ကြိုပြီးသတိပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမ်မလီနဲ့ လုခ်ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ယောက်လုံးဟာ ငွေရေးကြေး ရေးကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြပါတယ်။ အလုပ်မှာ တော့ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ လူမသိအောင် လျှို့ဝှက်ထား ကြပါတယ်။လုခ်ရမယ်လို့ ထင်ထားတဲ့ ရာထူးမှာ အမ်မလီ ရသွားပြီး အမ်မလီက လုခ်ရဲ့ အထက်လူကြီး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားမှာ အဖုအ ထစ်လေးတွေ ဖြစ်သွားကြပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းထဲမှာ ခံစားလိုက်ပါ။ (စီးပွားရေးဆိုင်ရာအသုံးအနှုန်းတွေ၊ ဘာသာပြန်လိုအပ်ချက်တွေ ပါရှိသွားရင် ကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ကြောင်းပြောချင်ပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie
Fair Play (2023)
2023
5.5
A Deadly Invitation (2023)
Glass Onion တို့ Murder Mystery တို့လိုမျိုး ဖိတ်ကြားမှုတစ်ခုကိုခံရပြီးအဲ့ဒီကိုသွားတဲ့အခါမှာ လူသတ်မှုတွေနဲ့ကြုံတွေ့ရပြီး အမှုအခင်းတွေဖြေရှင်းရတဲ့မှုခင်းစုံထောက်ဇာတ်ကားတွေကို အနည်းနဲ့အများတော့ကြည့်ဖူးကြမှာပါ။အခုလည်း အဲ့လိုဇာတ်ကားမျိုးနောက်တစ်ကားဖြစ်တဲ့ A Deadly Invitation ဆိုတဲ့စပိန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘဲ မဖြေရှင်းရသေးတဲ့ပြစ်မှုတွေကို အသံလွှင့်တင်ဆက်နေတဲ့ အဂါသာဆိုတဲ့ကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ထားတာနဲ့ စတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့ဆီကို ဖိတ်စာတစ်ခုရောက်လာခဲ့ပြီး သူ့ကိုဖိတ်ကြားတဲ့လူကတော့ တခြားသူမဟုတ်ဘဲသူနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူအိုလီဗီယာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူ့အစ်မဆီရောက်သွားပြီး သိပ်မကြာခင်မှာပဲ အိုလီဗီယာကထူးထူးဆန်းဆန်းတွေပြောပါတော့တယ်။အဲ့ဒီညမှာ အိုလီဗီယာသေဆုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖိတ်ကြားခံခဲ့ရတဲ့လူတွေလည်း ဒီအမှုကိုဖြေရှင်းလို့မပြီးမချင် းဘယ်မှမသွားရဘဲ ပိတ်မိနေပါတော့တယ်။ဒီလိုနဲ့ ကျန်ရစ်ခဲ့တဲ့ညီမဖြစ်သူ အဂါသာကသူ့အစ်မပြောပြခဲ့တဲ့ သဲလွန်စတွေကိုအသုံးချပြီး သူ့အစ်မဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာကို လိုက်လံစုံစမ်းတာကိုကြည့်ရမဲ့စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.46GB / 767MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
A Deadly Invitation (2023)
Triage (2009)
"It is only the dead who have seen the end of the war." ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama, Thriller, Mystery ...
movie
Triage (2009)
5.4
It Lives Inside (2023)
Horror ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် ထွက်ရှိထားတဲ့Horrorဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ အမေရိကားမှာ ပြောင်းရွေ့နေထိုင်နေတဲ့ဟိန္ဒူမိသားစုကိုဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင် ဆမီဒါဟာအထက်တန်းကျောင်းသူလေးဖြစ်ပြီး အထက်တန်းကျောင်းမှာ သူ့လိုပဲတာမီရာဆိုတဲ့ဟိန္ဒူမလေး တစ်ယောက်ရှိပါတယ်။ အဲ့ဒီ တာမီရာဟာအရင်ကနဲ့မတူပဲ တစ်ယောက်တည်းသီးသန့်နေပြီး ထူးထူးဆန်းဆန်းတွေပြုမူလို့နေပါတယ်။ တစ်နေ့မှာတော့ တာမီရာဟာ ထိတ်လန့်သွေးပျက်နေဟန်နဲ့အတူဖန်ပုလင်းတစ်လုံးကိုကိုင်ကာ ဆမီဒါဆီ အကူအညီလာတောင်းပါတော့တယ်။သူကိုင်ထားတဲ့ဖန်ပုလင်းထဲမှာ ဘယ်လိုအရာရှိနေတာလဲ၊ ဆမီဒါကရောသူ့ကိုကူညီပေးလိုက်ပါ့မလား၊ ဘယ်လိုအရာတွေဆက်ဖြစ်လာမှာလဲ စတာတွေကိုဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.01GB / 434MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
It Lives Inside (2023)
Ballerina (2023)
Ballerina (2023)ကလဲ့စားချေတာတွေ တရားမဝင်လောကတွေနဲ့ သက်ဆိုင်တဲ့ Netflixကနေ အသစ်ထွက်ရှိလာတဲ့ Actionကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဘဝပေး အခြေအနေအရ ကိုယ်ခံပညာပါကျွမ်းကျင်တဲ့အပြင် အကြောက်အလန့်မရှိတဲ့ Jang Ok Ju က ဘော်ဒီကတ်အဖြစ် အလုပ်လုပ်ရင်း ဘဝကို အသက်မဲ့စွာဖြတ်သန်းနေတဲ့ မိန်းကလေးပါ။အသက်ရှင်ရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတဲ့ သူ့အတွက် သူငယ်ချင်း Choi MinHee နဲ့တွေ့ပြီး ပြောင်းလဲလာခဲ့ပါတယ်။ ကံဆိုးမှုတွေကြောင့် ပျော်ရွှင်မှုတွေက ကြာရှည်မခံပါဘူး။သူ့သူငယ်ချင်းဖြစ်တဲ့ ဘဲလေးအကမယ် Min Heeဆီမှာ မူမမှန်တဲ့ကိစ္စတွေဖြစ်လာခဲ့ပြီး သူကိုယ်တိုင် ဝင်ကလဲ့စားချေဖို့ဖြစ်လာပါတော့တယ်။Min Heeက ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နေခဲ့ရသလဲဆိုတာအပြင် Ok Juရဲ့ strong female lead character နဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလးပါ။ဆယ်ကျော်သက် မိန်ကလေးတွေအတွက် ပညာပေးလည်းဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်တယ်ဆိုတာကို ညွှန်းပေးလိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီတော့ ဘာသာြပန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie
Ballerina (2023)
2023
4K HEVC
5.2
Expend4bles (2023)
နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Expend4bles (2023)
2023
4K HEVC
First
50
51
52
53
54
Last
Previous
Next