Channel Myanmar

Thriller

Underworld: Evolution(2006) 6.7
Underworld: Evolution(2006) Underworld: Evolution(2006)***************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 2.8GB& 1.2GB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 46min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Evolution(2006)

Underworld(2003) 7.0
Underworld(2003) Underworld(2003)*****************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)File size… 4.07GB& 1.07GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 01min Genre ….. Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae
movie

Underworld(2003)

Broil (2020)
Broil (2020) ၂၀၂၀ ခုနှစ်ထဲ ထွက်ထားတဲ့ Fantasy, Horror, Thriller အမျိုးအစားထဲ ပါတဲ့ဒီဇာတ်ကားလေးက လူတကာက လက်ခံထားတဲ့ ထူးဆန်းလွန်းတဲ့စင်ကလဲမိသားစုရဲ့ အကြောင်းအရာဆိုတာထက် မိသားစုတွင်း ပြဿနာတွေကြား ကြားညှပ်မိသလိုလိုဖြစ်သွားတဲ့ ဇာတ်ကောင်တချို့ ၊ ပြီးတော့ မမျှော်လင့်ထားတဲ့လှည့်ကွက်လိုမျိုးတွေနဲ့ မထင်မှတ်နိုင်လောက်တဲ့ ရာဇဝင်တွေ၊မှော်ဆန်ဆန် အဖြစ်အပျက်တွေကိုအချိတ်အဆက်မိအောင်လည်း ပြထားတယ်။အော်ဂလီဆန်စရာ အဖြစ်လေးတချို့ပါပေမယ့် သွေးထွက်သံယိုအခန်းတွေပါတာမျိုးလည်း မဟုတ်ပြန်ဘူး။အဲ့ဒါကိုက ထူးဆန်းနေတာမျိုးဆိုတော့ ထူးဆန်းတာတွေသဘောကျတတ်တဲ့သူတွေအနေနဲ့ အမြန်သာဒေါင်းပြီး ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…  994 MB /  489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Vowel
movie

Broil (2020)

2020
Bedevilled (2010) 7.3
Bedevilled (2010) ကားဟောင်းလေးဆိုပေမယ့် ရင်ထဲကို ထိစေမယ့် ရုပ်ရှင်လေးတစ်ပုဒ်ပါ။ဟယ်ဝန်းတစ်ယောက် ငယ်ငယ်ကအဖိုးနဲ့ကြီးပျင်းလာခဲ့တဲ့မွန်းဒုံကျွန်းကို အလည်သွားပါတယ်။ထူးဆန်းတာက ကျွန်းပေါ်မှာ ဖိုဝါဒကြီးစိုးနေတယ်လို့ ပြောနိုင်တဲ့ယောက်ျားလေးတွေကို အထူးနေရာပေးထားတာပါ။ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီးသမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လိုတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလိုကိုးကွယ်တဲ့ရွာမှာဘို့နမ်အတွက်တော့နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။ဒီလိုမျိုး နေရတဲ့ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကိုသမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်းဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကို လိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေ၊အယူသီးပြီး ယောက်ျားတွေကိုမှမြတ်တယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုးလ်ကိုသမီးလေးနဲ့ထွက်ပြေးဖို့လုပ်တုန်း ယောက်ျားက မိသွားတဲ့အခါ သူတို့ သားအမိရဲ့ ဘ၀လေး စတင်ပြီး ကံဆိုးမိုးမှောင်ကျတော့တာပါပဲ  File size…  2.66 GB /  1.26 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55 m Genre .....  Thriller Subtitle…. Myanmar Subtitle ...
movie

Bedevilled (2010)

2010
Jemputan Ke Neraka (2023) 7.7
Jemputan Ke Neraka (2023) Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။) File size…1.2GB / 514MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ Cherry~ Alex~ ToMo
movie

Jemputan Ke Neraka (2023)

2023
The Whisperer in Darkness (2011) 6.5
The Whisperer in Darkness (2011) ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာH.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့်Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီးဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့်ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ဂြိုလ်သားတွေတကယ်ရှိသလား။ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကိုအဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာတကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size…  1.06 GB /  638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre .....  Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Whisperer in Darkness (2011)

2011
Sharktopus ( 2023 ) 5.8
Sharktopus ( 2023 ) တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Horror Runtime : 1h 20 ...
movie

Sharktopus ( 2023 )

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

Awareness (2023)
Awareness (2023)   လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Mystery, Sci-fi. Thriller Subtitle….Myanmar ...
movie

Awareness (2023)

The Thaw (2009)
The Thaw (2009) Horror/Sci-fi အမျိုးအစားကားလေးပါ.......ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ... အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်‌ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie

The Thaw (2009)

In the Electric Mist (2009) 6.1
In the Electric Mist (2009)  Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

In the Electric Mist (2009)

The Kill Room (2023)
The Kill Room (2023) The Kill Room (2023) ============ Comedy , ThrillerSamuel L.Jackson နဲ့ Ethan Hawke သမီး Maya တို့ ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်ဂေါ်ဒန်လို့ခေါ်တဲ့ ဆင်မြူရယ်ဂျက်ဆင်က နယူးဂျာစီမှာ စားသောက်ဆိုင်ဗန်းပြပြီး မူးယစ်မှောင်ခိုတွေလုပ်နေတဲ့ လူမိုက်ကြီးပေါ့... ဒါပေမယ့် တစ်နေ့သူ့ရဲ့ မသမာတဲ့ ငွေတွေကို ငွေကြေးခဝါချပြီး...တရားဝင်သုံးလို့ရတဲ့ ငွေဖြူအဖြစ်ပြောင်းလဲဖို့ လိုအပ်လာပါတယ် အဲ့ဒီမှာ သူသွားတွေ့လိုက်တာက ပန်းချီပြခန်းတစ်ခုပါပဲ..... ကားရောင်းအဝယ်လုပ်ပြီး ဗန်းပြရင်တောင်..ကားတစ်စီးရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို IRS ခေါ် အခွန်ဌာနက လူတွေက သိပြီး အမှုပတ်သွားနိုင်ပါတယ်... ဒါပေမယ့် အနုပညာပစ္စည်းဖြစ်တဲ့ ပန်းချီကားတွေဆိုတာက ...တစ်ချပ်ကို သိန်းချီ သန်းချီဆိုလည်း တန်ကြေးရှိနိုင်ပြီး ဗန်းပြလို့ကောင်းပြီး ငွေဖြူပြောင်းပေးနိုင်တဲ့ အကောင်းဆုံး လမ်းကြောင်းတစ်ခုပဲ ဒါကို မြင်သွားတဲ့ ဂေါ်ဒန်ကသူ့တပည့် ရက်ဂျီကို ပန်းချီကားတစ်ချပ် ဆွဲချင်သလို ဆွဲခိုင်းပါတယ်... ရက်ဂျီကလည်း လက်တည့်စမ်းလိုက်တာ..သူဆွဲလိုက်တဲ့ ပန်းချီကားက ကမ္ဘာ့အနှံ့က ပန်းချီကားစုဆောင်းသူတွေ ထိပ်ထိပ်ကြဲသူဌေး‌ မီလီယံနာကြီးတွေအထိ နာမည်ကြီးပြီး...သတင်းစာ မီဒီယာတွေကတောင် ဆောင်းပါးတွေ ရေးကုန်ပါတယ်... ဒီအတွက် ...
movie

The Kill Room (2023)

2023
Escape (2023) 7.5
Escape (2023) Escape [2023]( IMDb 7.5/10 )စစ်ကြောရေးအခန်းတစ်ခန်းထဲမှာ အက်ဒမ်တစ်ယောက် မူးဝေပြာရီစွာနဲ့ပဲ လက်ထိတ်ခတ်လျက်သား သတိပြန်လည်လာပါတယ်... သူ့ရှေ့မှာ ကြိုးဖုန်းအနီတစ်လုံး ရှိနေပြီးတော့ မျက်နှာကျက်နားက နံရံပေါ်မှာ တီဗီတစ်ခု ရှိနေပါတယ်... တီဗီထဲက သတင်းမှာတော့ သူသေဆုံးသွားပြီဆိုတဲ့ သတင်းက ထုတ်လွှင့်လာပါတယ်...အက်ဒမ် မယုံကြည်နိုင်ဖြစ်နေချိန်မှာပဲ ဖုန်းမြည်လာပါတယ်... လာတဲ့ ဖုန်းက အရေးပေါ်ဖုန်းလိုင်းကပါ... တစ်ဖက် အသံကိုသာ ကြားရပြီး အက်ဒမ့်အသံကို သူတို့မကြားရပါဘူး...ဒီလိုနဲ့ နောက်ဖုန်းတစ်ကောလ်... အက်ဒမ်သူ့အဖြစ်ကို ပြန်ပြောပြန်တယ်... ဒီတစ်ခါတော့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကတဲ့လေ... အက်ဒမ်ဟာ ဝန်ကြီးကို လုပ်ကြံဗုံးခွဲခဲ့တဲ့ တရားခံပါတဲ့... သူ့ကို ဖမ်းဖို့ လိုက်နေကြတာပါတဲ့...အက်ဒမ်ရဲ့ ဇဝေဇဝါဖြစ်မှုဟာ အမြင့်ဆုံးကို ရောက်နေရှိနေပါပြီ... အဲ့နောက်မှာပဲ အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ EMP-47 ချပ်စ်ပြား ကိစ္စကလည်း ပေါ်လာပါတော့တယ်... အဲ့နောက်မှာတော့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်စ်ကာ တီမောရဲ့ အမဲလိုက်တာကိုလည်း ခံနေရမှန်း သိလာရပါတယ်... တစ်ပူပေါ် တစ်ပူဆင့်နေရင်းကမှ အခန်းထဲမှာ ပေးထားတဲ့အချိန်အတွင်း ချပ်စ်ပြားတည်နေရာကို မပေးနိုင်ရင် အချိန်ကုန်တာနဲ့ တစ်ခန်းလုံး ပေါက်ကွဲထွက်သွားမယ့် အချိန်ကိုက် ဗုံးကလည်း အသင့်တပ်ဆင်ထားပြီးသား ...
movie

Escape (2023)

2023
Havana (2023) 5
Havana (2023) Havana (2023)မှုခင်းဇာတ်လမ်းကို ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးပါဦးမယ်အစိုးရရှေ့နေ အီဂျောင်မင်းဟာ အထက်ကနေ အမှုတစ်ခုကိုတာဝန်ပေးလို့ အဲအမှုလိုက်ရှေ့နေဖြစ်လာပါတယ်.. အမှုက ခင်ပွန်းဖြစ်တဲ့သူကို အိပ်နေတဲ့အချိန်မှာ ဇနီးသည်ကသတ်လိုက်တယ်လို့ စွပ်စွဲထားပါတယ်ရှုပ်ထွေးတဲ့အမှုကို ရဲတွေဘက်ကလည်း လုပ်ဆောင်တာပေါ့လျော့တာရယ်၊ အမှုစစ်က တရားခံပါလို့ တစ်ထစ်ချယုံထားတဲ့အတွက် အမှုလိုက်တဲ့ရှေ့နေကတော့ မလွယ်ကြောပါပဲဒီအမှုမှာ ဇနီးဖြစ်တဲ့သူက တကယ်ပဲ တရားခံလား တခြားအလှည့်အပြောင်းတွေရှိဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါHavana ဆိုတဲ့ နာမည်နဲ့ ဘာဆိုင်သွားသလဲဆိုတော့ ဇာတ်လမ်းအစမှာပဲ ဟာဗာနားဆိုတဲ့ နာမည်ဝှက်နဲ့ ရှေ့နေဆီကို သက်သေတွေ ပို့ပေးနေရာကနေ အစပြုလာတဲ့ နာမည်ဖြစ်ပါတယ်Thriller Crime ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ကြည့်ဖို့ညွှန်းပေးပါရစေနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 900MB | 300MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle ...
movie

Havana (2023)

2023
Red Sandal Wood (2023) 9
Red Sandal Wood (2023) Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie

Red Sandal Wood (2023)

2023
Saw X (2023) 7.1
Saw X (2023) Saw X (2023)ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း... ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို ...
movie

Saw X (2023)

4K HEVC
Cellular (2004) 6.5
Cellular (2004) ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ်ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး...ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီးFast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham ကဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း ကတော့ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာတစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ်ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ်ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်းဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်....ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီးဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါသူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲဂျက်ဆီကာ ...
movie

Cellular (2004)

2004
Nightmare (2022)
Nightmare (2022)   နော်ဝေနိုင်ငံထုတ် Nightmare ဆိုတဲ့ ဒီဇာတ်ကားလေးမှာ အိပ်မရခြင်း၊အိပ်မက်ဆိုးတွေမက်တာများလာတဲ့အခါစတဲ့ အိပ်မက်ကနေ လက်တွေ့ထိ ဘယ်လိုတွေသက်ရောက်လာလဲဆိုတာတွေကို Horror ကားပြီပြီသဲထိတ်ရင်ဖိုရိုက်ပြထားပါတယ်၊မင်းသမီး မိုနာကအလုပ်အချိန်ပိုဆင်းခဲ့ရတာများတော့ ညအိပ်တဲ့အခါ အိပ်မက်ဆိုးတွေမက်၊ယောင်ပြီးလမ်းလျှောက်တာတွေ၊ နောက်ပိုဆိုးလာတာတော့ ကိုယ့်ကိုယ်ကိုနဲ့ ဘေးကလူတွေကိုပါ ထိခိုက်အောင်လုပ်လာတဲ့ထိဖြစ်လာပါတယ်။ အဲဒါတွေကတော့ လက္ခဏာတွေပေါ့......မိုနာ့ဆီမှာကျ ဘယ်လိုတွေဖြစ်နေလဲဆို ညတိုင်းအိပ်မက်ထဲမှာ သူ့ကောင်လေး ရော့ဘီ နဲ့တစ်ပုံတည်းတူတဲ့ကျောချမ်းစရာယောကျာ်းတစ်ယောက်ရောက်ရောက်လာတာပါ၊ အစပိုင်းတော့ဘာမှမဟုတ်ပေမယ့်မက်ပါများလာတော့ လက်တွေ့နဲ့ အိပ်မက်ရောလာပြီး အိပ်မက်ထဲက လုပ်ရပ်တွေပါအပြင်ထိသယ်လာမိတော့ မိုနာ နဲ့ ရော့ဘီ တို့နှစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ၊ ကုထုံးတွေကရော အလုပ်ဖြစ်ပါ့မလား ပိုထိခိုက်လာမလား ။ ညဖက်မအိပ်ဘဲ အပျင်းပြေ horror vibe လေးရချင်တဲ့အခါ ကြည့်ပျော်မယ့် ဇာတ်ကားလေးပါပဲ.... File size…(1.5GB)/(640 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Nightmare (2022)

Roadkill (2022)
Roadkill (2022)   ဒါရိုက်တာ Alexander Whitrow ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်နဲ့သည်းထိုက်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... ကော်နာရှယ်ဘီဟာ လူပြတ်တဲ့လမ်းမပေါ်မှာဓားပြတိုက်နေကျ ဓားပြငယ်လေးဖြစ်ပြီး သူ့မှာတခြားမကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိခဲ့ပါဘူး။ သူ့မှာချစ်ရတဲ့ကောင်မလေးလည်းရှိတဲ့အပြင် သာယာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ကော်နာက တခြားဘာဒုက္ခမှမပေးဘဲ ရိုးရိုးသားသားဓားပြပဲတိုက်ပေမဲ့ လတ်တလောဖြစ်နေတဲ့ကွင်းဆက်လူသတ်မှုတွေကြောင့် ရဲတွေကသူ့ကိုပါသံသယဝင်လာပါတော့တယ်။ ရဲတွေကသူ့ကိုလူသတ်သမားအမှတ်နဲ့လိုက်ဖမ်းနေတဲ့အချိန်မှာ တကယ့်လူသတ်သမားအစစ်ကဘယ်သူဖြစ်မလဲ ဘာလို့သူ့ကိုလူသတ်သမားလို့စွပ်စွဲရတာလဲ ကော်နာတစ်ယောက် ရဲတွေလက်ကပြေးလွတ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...... File size…(2.4 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn 
movie

Roadkill (2022)

The Y (2023) 7.4
The Y (2023) The Y (2023) ပဟေဠိစံအိမ် IMDb-7.2/10 Horror/Mystery/Thrillerမကြာသေးခင်ကထွက်ရှိထားတဲ့ ထိတ်လှန့်သည်းဖိုအမျိုးအစားဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒစ်ရှာဟာ ၈ နှစ်ကြာပြီးမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ကံခေသူလေးပါ။ သူ့မှာ ငယ်စဉ်ကလေးဘဝထဲက အချစ်ကြီးချစ်ခဲ့ရတဲ့ ယူဗန်ဆိုတဲ့ မိဘမဲ့ဂေဟာ‌ကကောင်လေးလည်းရှိပါတယ်။ဒါပေမဲ့ ၈ နှစ်အကြာမှာ မိဘရင်းတွေကလာပြန်ခေါ်တာခံလိုက်ရတဲ့ ဒစ်ရှာဟာ ယူဗန်ကိုမေ့သွားခဲ့ပါတယ်။ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့ယူဗန်အတွက် သူပထမဆုံးပြန်ကြားရတဲ့ ဒစ်ရှာရဲ့သတင်းဟာ မင်္ဂလာဆောင်တော့မယ့်သတင်းပါ။ဒါပေမဲ့ ယူဗန်ကိုလာတွေ့တဲ့လမ်းမှာ ဒစ်ရှာတို့ တစ်မိသားစုလုံးကားမှောက်ပြီး မိဘတွေလည်း ပွဲချင်းပြီးဆုံးပါး ကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရတဲ့ဒစ်ရှာတစ်ယောက် စကားမပြောနိုင်ဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ယူဗန်နဲ့ပဲ အကြောင်းပါခဲ့ပြီး အဖွားဖြစ်သူအမွေပေးခဲ့တဲ့ အိမ်ကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။အိမ်ကြီးဆီကပဲလား အတိတ်ကအရိပ်တွေကပဲလိုက်လာလေသလားမသိ အမျိုးသမီးလေးဆီမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့။ ဖြစ်ပျက်တဲ့အရာတွေကရော ခင်ပွန်းဖြစ်သူနဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာ ရင်ဖိုဖိုနဲ့ ကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~Dee~Alex~BpL~Vတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…1.6GB / 623MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Y (2023)

2023