Channel Myanmar

Thriller

A Killer in the House (2024)
A Killer in the House (2024)  လီယိုက ဆိုက်ကိုဖြစ်နေတဲ့ stalker တစ်ယောက်ပါ။ လူသတ်ဖို့လည်း လက်မရွံ့သလို စိတ်ရူးပေါက်တိုင်း လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့သူဆိုလည်း မမှားပါဘူး။ အဲဒီလို သူ့မျက်လုံးထဲ တခြားသူတွေနဲ့မတူအောင် အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် ဝင်လာသူကတော့ အေဗာပဲ ဖြစ်ပါတယ်။အေဗာက မင်းသမီးဖြစ်ချင်လို့ လူရွေးပွဲတွေလိုက်ဖြေပြီး သရုပ်ဆောင်ဖြစ်ရဖို့ ကြိုးစားနေသူပါ။ သူက ရုပ်ရည်လေးကလည်းရှိသူမို့ အခန်းဖော်သူငယ်ချင်း အမြောက်ကောင်းမှုကြောင့် သူ့အနားကပ်လာတဲ့ ယောက်ျားလေးတွေနဲ့လည်း မကြာခဏ တွဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ သူ့ဘဝထဲ ဆိုက်ကို stalker လီယိုက သူ့လမ်းမှာ ရှုပ်နေတဲ့လူတွေကို ရှင်းထုတ်ဖို့အကြံနဲ့ ဝင်ရောက်လာခဲ့ချိန်မှာတော့.. File size…(1.3 GB)/(620 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
movie

A Killer in the House (2024)

The Visit (2015) 6.3
The Visit (2015)  The Visit ဟာ Horror/Documentary အမျိုးအစားရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီး M. Night Shyamalan ဇာတ်ညွှန်းရေးရိုက်ကူးကာ Olivia DeJonge, Ed Oxenbould, DeannaDunagan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။Budget $5M နဲ့ရိုက်ကူးပြီး ရုံတင်ငွေ $100M နီးပါးပြန်လည်ရရှိခဲ့တဲ့ ဝေဖန်ချက်ကောင်းတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးဒါရိုက်တာ Shamalan အတွက် တစ်ကျော့ပြန်လည် ‌အောင်မြင်မှုရစေခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။Becca နဲ့ Tyler တို့မောင်နှမနှစ်ယောက်ဟာ သူတို့တစ်ခါမှမတွေ့ဘူးတဲ့ အဘိုးအဘွားတွေဆီ ငါးရက်သွားနေဖို့ Masonvilleဆိုတဲ့မြို့လေးဆီ အလည်သွားကြပါတယ်။ သူတို့ရဲ့ ငါးရက်တာခရီးစဥ်မှာ သူတို့အဘိုးအဘွားတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် တစ်စစထိတ်လန့်လာရရင်း နောက်ဆုံးမှာတော့ ဒီခရီးစဥ်ဟာသူတို့ဘဝအတွက် ကြောက်ရွံ့တုန်လှုပ်စရာအကောင်းဆုံးအဖြစ်အပျက် ဖြစ်သွားပါတော့တယ်..... File size…2.01GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Mystery , Thriller Subtitle….Myanmar ...
movie

The Visit (2015)

The Abandon (2022)
The Abandon (2022)  အီရတ်နဲ့ စစ်ပွဲမှာ စစ်တိုက်ရင်း ဒဏ်ရာရသွားတဲ့ စစ်သား Miles Willis တစ်ယောက် အဖြူရောင်အလင်းတန်းကို မြင်ပြီး ထူးဆန်းတဲ့ ကုဗတုံးပုံအခန်းထဲမှာ နိုးလာတယ်။ ကုဗတုံးပုံအခန်းဟာ မြေဆွဲအားအလိုက် ရုတ်တရက် ဦးတည်ချက်တွေပြောင်းလဲတာတွေ၊ အပူချိန်ပြောင်းလဲတာတွေ၊ အခန်းကျဉ်းလာတာတွေကြောင့် Miles တစ်ယောက် သူ့ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးလာခဲ့တယ်။ဒါ့အပြင် အခန်းနံရံပေါ်မှာလဲ စာလုံးတွေ သင်္ကေတတွေဟာ တစ်ခုပြီးတစ်ခုပေါ်လာပြီး Miles ကို အဖြေရှာလို့မရအောင်ဦးနှောက်ခြောက်စေခဲ့တယ်။အဲ့သင်္ကေတတွေကရောဘာလဲ။ Miles တစ်ယောက် အခန်းထဲကရော အသက်ရှင်လျက်ထွက်လာနိုင်မှာလားဆိုတာတော့ Thriller/Sci-Fi ကြိုက်တဲ့သူတွေအတွက် The Abandon ဆိုတဲ့ကားလေး အကြိုက်တွေ့စေမှာပါ။ File size…(1.1 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

The Abandon (2022)

The Loneliest Planet (2011) 5.6
The Loneliest Planet (2011) The Loneliest Planet (2023) Genre – Drama, Thrillerစေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn ...
movie

The Loneliest Planet (2011)

Detained (2024) 5.0
Detained (2024)  Plot twistသဘောကျတဲ့ ပရိသတ်ကြီးတို့အတွက် mysteryဆန်ဆန်crime thriller ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားဆိုတာထက် mind game တွေပိုများတဲ့ရုပ်ရှင်လေးဆိုတော့ ဒီလိုgenre မျိုး နှစ်သက်သူများရှိရင်တော့အကြိုက်တွေ့မှာပါ။ရေဗက်ကာတစ်ယောက် နိုးထလာချိန်မှာ အရက်မူးပြီး ကားမောင်းပြီးတော့စက်ဘီးသမားကိုတိုက်မိလို့ အချုပ်ထဲရောက်နေလေရဲ့။ကံကဆိုးချင်တော့ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်ကသူ့မှာခေါင်းထဲမှာဗလာဖြစ်နေတော့ ရဲတွေပြောသမျှပဲမှန်နေသလိုလိုပေါ့။ဒါပေမဲ့ ရဲတွေဘက်က သူ့ကိုမရမကအမှုဆင်နေသလိုဖြစ်နေပြီးရှေ့နေခေါ်တော့လည်း အမှုကရှေ့မရောက်တဲ့အပြင် သူ့ကိုဖမ်းခေါ်လာတဲ့ရဲအရာရှိကပါ မသင်္ကာစရာဖြစ်လာတဲ့အခါ.....မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ရေဗက်ကာကရော တကယ်ပဲDUIနဲ့လူသေမှုဖြစ်ခဲ့တာလား။သံသယဝင်စရာ ရဲအရာရှိရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာဆက်လက်ရှုစားကြပါဦး။ File size…1.51GB / 754MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Detained (2024)

The Retreat (2021)
The Retreat (2021)  Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ...
movie

The Retreat (2021)

The Platform (2019) El hoyo 7.0
The Platform (2019) El hoyo The Platform (2019) El hoyoIMDb Rating (7.0) / Rotten Tomatoes (81%)ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ဇာတ်လမ်းကတော့...Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး...... သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ...စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။ File size…(1.4 GB )/(680 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lucille
movie

The Platform (2019) El hoyo

Knock Knock (2015)
Knock Knock (2015) Knock Knock (2015)ဒီရုပ်ရှင်ကားကတော့ John Wick ကြီးကို အမှောက်သိပ်တဲ့ဇာတ်ကားဆိုပြီး နာမည်ကြီးပါတယ်။သိပ်မယ့် မင်းသမီးက အလှပဂေးလေး Ana de Armas ဆိုတော့ ဂျွန်ဝစ်မှမဟုတ်ပါဘူး သကောင့်သားအားလုံးမှောက်မှာပါပဲ။ဇာတ်လမ်းကတော့....ကျောချမ်းစရာပါ...မိသားစုကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျ်ားသားတွေကိုမှ တမင်အကွက်ဆင်ပြီး ဘဝဖျက်ဖို့အမဲလိုက်မယ့် နတ်နိမယ် ၂ ပါးရှိပါတယ်...သူတို့ရဲ့ အလှအပ ညှို့ငင်ဆွဲဆောင်အားတွေနဲ့ တည်ငြိမ်ပါတယ်ဆိုတဲ့ ယောကျ်ားသားကို ပညာပေးမှာပါ။ကျူးဘားမင်းသမီး Ana de Armas နဲ့ ချီလီ မင်းသမီး Lorenza Izzo တို့ မင်းသားကြီး Keanu Reeves ကိုဘယ်လိုပညာတွေပေးသွားမလဲဆိုတာ........။" Some doors should never be opened "တချို့တံခါးတွေက လုံးဝကိုဖွင့်မကြည့်သင့်ပါဘူးတဲ့။ File size…(2.5 GB )/(1.1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Knock Knock (2015)

The Eye 2 (2004)
The Eye 2 (2004) ဒီဇာတ်ကားကတော့ Shu Qi (ရှုကြည်)အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb 5.6/10ရရှိထားတဲ့ horrorဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ရှုကြည်ဟာ သူ့ရည်းစားကသူနဲ့လမ်းခွဲသွားတဲ့အတွက် စိတ်ဓာတ်ကျပြီးတော့ အိပ်ဆေးတွေသောက်ပြီးသတ်သေဖို့လုပ်ရာကနေစပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ကိုတွေ့တဲ့သူကတွေ့သွားပြီး ဆေးရုံကိုအမြန်ပို့ကာ အချိန်မှီကယ်လိုက်နိုင်ပေမယ့် အဲဒီနေ့ကစပြီး သူ့ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားပါတယ်။အဲဒါကဘာလဲဆိုတော့ သေခါနီးဖြစ်ရာကနေပြန်ရှင်လာပြီးနောက် သူ့မျက်လုံးကပုံမှန်မဟုတ်တော့ပဲ တစ္ဆေသရဲတွေကိုမြင်လာရတာပါ။ အဲဒီထဲကမှ သူသွားလေရာကိုလိုက်ပြီးခြောက်လှန့်တတ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ္ဆေတစ်ကောင်လဲရှိပါသေးတယ်။ ဒီလိုမျိုး နေ့တိုင်းခြောက်ခြားစွာကုန်ဆုံးနေရင်းကနေ သူ့မှာအရင်ရည်းစားနဲ့ကိုယ်ဝန်ရှိနေကြောင်းပါသိလိုက်ရတဲ့အခါ ခံနိုင်ရည်‌ရှိပါတော့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

The Eye 2 (2004)

Paparazzi (2004)
Paparazzi (2004) Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Paparazzi (2004)

No Escape (2015) 6.8
No Escape (2015) No Escape (2015) IMDb Rating (6.7) / Rotten Tomatoes (48%) မင်းသားကြီး Pierce Brosnan , Owen Wilson , မင်းသမီး Lake Bell တို့အဓိကပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို Action/Thriller ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Budget $5 million ပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $54.4 million ပြန်လည်ရရှိခဲ့တာကြောင့် လူကြိုက်များ အမြတ်များခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ဇာတ်လမ်းကိုတော့ အရှေ့တောင်အာရှတစ်နိုင်ငံလို့ အမည်ခံထားပေမယ့် ထိုင်းလိုလို ကမ္ဘောဒီးယားလိုလိုဖြစ်နေပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကတော့ ဒီရုပ်ရှင်ကားကို ဘန်းထားခဲ့ပါတယ်။ ဇာတ်လမ်းကတော့... အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ ဂျက် ဟာ သူ့မိသားစုနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံကို ရေသိုလှောင်ရေး စီမံကိန်း အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပါတယ်... သူတို့အဲ့နိုင်ငံရောက်ရောက်ချင်းပဲ ဘာလို့မှန်းမသိဘဲ အဲ့နိုင်ငံကသောင်းကျန်းသူတစ်စုဟာ အမေရိကန်နိုင်ငံသားတိုင်းကို လိုက်သတ်နေတာကြုံရပါတော့တယ်... ဒီတော့ သူတို့မိသားစုဟာ ရောက်ရောက်ချင်းဘာမှအခြေမကျခင်မှာပဲ အသက်လုပြေးရတဲ့ ဘဝကိုရောက်သွားပါတော့တယ်... ဒါပေမယ့် ...
movie

No Escape (2015)

2015
Boiling Point (2023) 7.6
Boiling Point (2023) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao 
movie

Boiling Point (2023)

Nahir (2024)
Nahir (2024) Imdb - 4.7/10အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား ...
movie

Nahir (2024)

The Scarehouse (2014)
The Scarehouse (2014) ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ကားလေးကတော့ သည်းထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့သူတွေ လက််မလွတ်သင့်တဲ့ကားလေးပါဇာတ်ကားနာမည်လေးက The Scarehouseလို့ ခေါ်ပြီး ၂၀၁၄ကထွက်ထားတာမို့ ထွက်တာကြာပြီးဖြစ်တဲ့ကားဟောင်းလေးပါ နာမည်ကြီးဒါရိုက်တာနဲ့ ထုတ်လုပ်သူ Gavin Michael Boothက ရိုက်ကူးထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်ဇာတ်ကားအကျဉ်းလေးကတော့ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကောလိပ်ကျောင်းသူတစ်စု ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ် နှစ်နှစ်အကြာ ကောလိပ်ကျောင်းသူ၆ယောက်ဟာ သရဲအိမ်ပါတီပွဲကို ဖိတ်ကြားခြင်းခံရပါတယ် ဒါပေမဲ့ သရဲအိမ်ထဲရောက်သွားချိန်မှာတော့ သူတို့ထင်သလို ပါတီပွဲက ပျော်စရာမကောင်းနေတဲ့အခါ သူတို့ကို ဘယ်သူဖိတ်တာလဲ ဘာကြောင့်ဖိတ်ခံရတာလဲ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို The Scarehouse ကားမှာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာမို့ သွေးထွက်သံယိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်ဇာတ်လမ်းအညွှန်းရေးသားသူ April Snow File size…(1.1 GB)/(583 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow 
movie

The Scarehouse (2014)

Twisters (2024) 7.1
Twisters (2024) နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။  "ဇာတ်လမ်းအကျဉ်း"ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။  File size…    6.80GB / 2.85GB /  1.39GB   Quality… WEB-DL 4K HEVC  1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard ...
movie

Twisters (2024)

4K HEVC
GirlHouse (2014)
GirlHouse (2014) "Girl House" ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။"Girl House" ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက်Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ "Loverboy" (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။"Girl House" ...
movie

GirlHouse (2014)

Jade (2024)
Jade (2024) ဂျိတ်နဲ့သူ့အကိုဘရန်တို့ဟာ ငယ်ငယ်ကတည်းမိဘတွေသေဆုံးခဲ့ပြီး အဖွဲ့စည်းတစ်ခုတည်းဝင်ခဲ့တယ် မစ်ရှငိတွေလုပ်ရင် ဂျိတ်ဟာသူ့အကို ဘရန်ကိုမတော်တဆပစ်သတ်မိခဲ့တယ် အဲ့ကတည်းကဂျိတ်ကအဖွဲ့ထဲထွက်ခဲ့ပြီး သေနတ်ဘယ်တော့မှမကိုင်တော့ပါဘူးဒါမဲ့တစ်နေ့မှာတော့သူ့သူငယ်ချင်းလိုဂန်ကသူ့ဆီ စတစ်ပြားပါတဲ့ အမဲရောင်ဘူးလေးတစ်ဘူးပေးခဲ့ပါတယ် အဲ့အချိန်ကစပြီး သူ့နောက်ကိုဂိုဏ်းတွေကလိုက်ခဲ့ကြပြီး သူထွက်ပြေးနေခဲ့ပါတယ် သူလွတ်မြောက်မလားဖမ်းရမလားဆိုတော့ ကြည်ှရှူခံစားကြည့်လိုက်ကြပါရှင် File size…(1.4 GB)/(749 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe 
movie

Jade (2024)

Nadanna Sambhavam (2024) 6.4
Nadanna Sambhavam (2024) Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nadanna Sambhavam (2024)

2024
Indian 2: Zero Tolerance (2024) 5.7
Indian 2: Zero Tolerance (2024) Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

Indian 2: Zero Tolerance (2024)

2024