Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
5.5
Deep Fear (2023)
Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင်Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ Englishသရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးကငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံးဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာသင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲသူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကိုရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီးရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကိုသဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ်ကြည့်သင့်တဲ့ ...
movie
Deep Fear (2023)
5.7
96 Minutes (2011)
96 Minutes (2011) ==============ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ ဂန်းစတားတစ်ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ ကယ်ဗင်နဲ့ပေါင်းပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်း မျိုးပဲဖြစ်ပါတယ်။ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါ တွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing, June တို့ ဖြစ်ပါတယ်)File Size..........(740 MB) Quality............BLU-RAY 1080p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Khant Sett Naing, June Encoder..........SWM
movie
96 Minutes (2011)
2011
6.0
Sushi Girl (2012)
Sushi Girl (2012) ==============ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.46 GB) / (538 MB) Quality............WEB-DL 1080p / ...
movie
Sushi Girl (2012)
2012
3.0
Mojave Diamonds (2023)
Mojave Diamonds (2023) ===================ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကား ဖြစ်တဲ့ Mojave Diamonds ပဲဖြစ်ပါတယ်။ ရွမ်မေဆန်ဆိုတဲ့ MMA ဖိုက်တာဟာ ဒေါ်လာငါးဆယ်တန်တဲ့စိန်တွေပို့ဆောင် ပေးရင်း လမ်းမှာအလုခံလိုက်ရတာကြောင့် မိသားစုဝင်တွေ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ရွမ်နဲ့သူ့အစ်ကိုတွေဟာ မိသားစု ဝင်တွေကိုပြန်ကယ်တင်ဖို့ဘာတွေဖြတ်ကျော်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.79 GB) / (697 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Nang Aye Myat Phoo Encoder..........SWM
movie
Mojave Diamonds (2023)
2023
5.9
Mount Chiak (2023)
Mount Chaik (2023)ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊ လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။ အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won, Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။အညွှန်း နဲ့ ...
movie
Mount Chiak (2023)
2023
5.8
Room No.7 (2017)
Room No. 7 (2017) (အညွှန်း) ==================== လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DVD ရုံဖွင့်ရင်း စီးပွါးဖြစ်ပြီးချမ်းသာသွားတဲ့အသိတစ်ယောက်အကြောင်းကို ကြားဖူးထားတဲ့ “ဒူရှစ်” ဟာ အရင်လုပ်နေတဲ့ဟင်းသီးဟင်းရွက်ဆိုင်ပြုတ်ပြီး မိန်းမဖြစ်သူရဲ့အစွန့်ပစ်ခံလိုက်ရပြီးနောက် DVD ရုံဖွင့်မယ်ဆိုပြီး ဆိုးလ်ကိုတက်လာပါတော့တယ်။ ရှိစုမဲ့စုပိုက်ဆံလေးရယ် ချေးငွေယူထားတဲ့ပိုက်ဆံရယ်နဲ့ အပ်ဂူဂျောင်မှာ “ဟောလိဝုဒ်” DVD ရုံကိုဖွင့်လိုက်ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလောက် ခေတ်မစားတော့တဲ့ DVD ရုံလုပ်ငန်းက စီးပွါးလုံးဝမဖြစ်ပြန်ပါဘူး။ ဒီလိုနဲ့ပေးစရာရှိတဲ့အကြွေးတွေမပေးနိုင်တဲ့အပြင် တစ်ဦးတည်းသောအချိန်ပိုင်းအလုပ်သမား “ထယ်ဂျောင်း” ကိုလည်း လစာမပေးနိုင်တော့ဘဲ DVD ရုံကိုရောင်းနိုင်ဖို့ အသေအလဲကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း လူမိုက်တွေအပေါ်အကြွေးတင်နေတဲ့ “ထယ်ဂျောင်း” မှာလည်း သူတို့ရဲ့မူးယစ်တွေကိုသိမ်းပေးရင် “ထယ်ဂျောင်း” ရဲ့အကြွေးတွေကိုချေပေးမယ်ဆိုတဲ့ကတိကြောင့် DVD ရုံရဲ့ အခန်းနံပါတ် ၇ မှာ မူးယစ်ဆေးတွေကိုဖွက်ထားဖို့ဖြစ်လာပါတော့တယ်။ စီးပွါးမဖြစ်လို့ ရောင်းရခက်နေတဲ့ဆိုင်ရယ် .. အဲဒီဆိုင်ရောင်းရမှာပဲအသက်ရှူချောင်မှာမို့ ဆိုင်ရောင်းထွက်ဖို့အရေး ဘာမဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့ “ဒူရှစ်” ရယ် .. ဖွက်ထားတဲ့မူးယစ်ဆေးတွေကြောင့် ရတက်မအေးနိုင်ဖြစ်နေရှာတဲ့ “ထယ်ဂျောင်း” ရယ် .. ထယ်ဂျောင်းဖွက်ထားတဲ့မူးယစ်ဆေးတွေအပြင် တခြားမထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တွေရှိနေပြန်တဲ့ အခန်းနံပါတ် ၇ ရယ် .. ...
movie
Room No.7 (2017)
2017
6.2
Vacancy (2007)
Vacancy (2007)ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie
Vacancy (2007)
2007
5.8
High Life (2018)
High Life (2018)၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။)ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ...
movie
High Life (2018)
2018
6
Billion Dollar Brain (1967)
Billion Dollar Brain (1967)~ IMDb - 6/10, Rotten Tomatoes - 50% ~ဟယ်ရီပါလ်မာ Trilogy ရဲ့ တတိယကားပါ။ တစ်ကားပြီးတစ်ကား ကြည့်ရင်း သိသာတဲ့ Character Development တစ်ခုကတော့ ဟယ်ရီပါလ်မာ စော်ပိုပိုကြည်လာတာပါပဲ။ ဒီ တတိယကားကိုတော့ The Devils, Women in Love နဲ့ Tommy တို့ရဲ့ ဒါရိုက်တာ Ken Russell က ရိုက်ကူးခဲ့တယ်။ သူရိုက်သမျှထဲ ဂယက်တော်တော်ထတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းအနေနဲ့ ဟယ်ရီပါလ်မာ တစ်ယောက် ဘာလင်ကိစ္စအပြီးမှာ အလုပ်ထွက်ပြီး လန်ဒန်မှာ အလွတ်တမ်းစုံထောက်အနေနဲ့ အလုပ်လုပ်နေတာက စတယ်။ ဒါပေမဲ့ မင်းသားဆိုတော့ ပြဿနာတွေက လာလာရှာတာပေါ့လေ။ ကွန်ပျူတာအသံနဲ့ ဖုန်းတစ်လုံးက သူ့ကိုဆက်သွယ်လာပြီး ပစ္စည်းတစ်ခုကို လာပို့ပေးဖို့ပြောတယ်။ ဆရာသမားက ဘဏ္ဍာရေးထိခိုက်နေတယ်ဆိုတော့ ...
movie
Billion Dollar Brain (1967)
1967
7.0
Red Rock West (1993)
Red Rock West (1993) ================ IMDb Rating - 7.0/10ဒီဇာတ်လမ်းမှာတော့ မိုက်ကယ်ဆိုတဲ့အမျိုးသားတစ်ဦးက ပိုက်ဆံ မရှိလို့ အလုပ်ရှာရင်း တက်ဆာကနေကားတစ်စီးနဲ့လာခဲ့တယ်။ သူ ကျောက်ခဲနီမြို့(Red Rock)ကိုရောက်တော့ အလုပ်အရမ်းလိုနေ တာနဲ့ ဘားပိုင်ရှင်ဝိန်းဆီမှာ လိမ်ပြီး ဘာအလုပ်မှန်းမသိခင် လက်ခံ လိုက်တယ်။ နောက်မှ သိလိုက်ရတာ သူလက်ခံလိုက်တဲ့အလုပ်က ဘားပိုင်ရှင်ဝိန်းရဲ့မိန်းမ ဆူဇန်ကို သတ်ဖို့ဖြစ်နေလေရဲ့။မိုက်ကယ်လည်း ကြေးစားလူသတ်သမားဟန်ဆောင်ပြီး လက်ခံခဲ့ တာမို့ အလိမ်မပေါ်အောင် ပြန်ငြင်းလို့လည်းမရ ရထားတဲ့ပိုက်ဆံ ကလည်း အများကြီးဆိုတော့ ဘာတွေဆက်လုပ်ပြီး ထွက်ပြေးရမ လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ဒီဇာတ်လမ်းမှာ မိုက်ကယ်အဖြစ် မင်းသားကြီး Nicolas Cage က သရုပ်ဆောင်ထားပြီး IMDb Rating 7.0 နဲ့ Rotten tomatoes 97% ရရှိထားတဲ့ Nicolas ရဲ့ ကားကောင်းကားဟောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (791 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie
Red Rock West (1993)
1993
5.2
Across the Line: The Exodus of Charlie Wright (2010)
Across the Line: The Exodus of Charlie Wright (2010) ======================================ချာလီရိုက်စ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သူပါ။ အက်ဖ်အိုင်က လိုက်ဖမ်းပေမယ့် မမိခဲ့ပါဘူး။ ဒီလိုနဲ့ ချာလီ လည်း ခြေရာဖျောက်ပြီး မက္ကဆီကို နိုင်ငံထဲက တီဟွာနာဆိုတဲ့ မြို့မှာ ပုန်းနေ ခဲ့ပါတယ်။ တကယ်တမ်းမှာ ချာလီက လူတစ်ယောက်ကို လိုက်ရှာနေခဲ့တာပါ။ဒါပေမယ့် မက္ကဆီကိုက ဂိုဏ်းတစ်ဂိုဏ်းက သူ့ဆီကနေ ပိုက်ဆံကိုလိုချင်လို့ လိုက်ဖမ်းပါတော့တယ်။ ချာလီလိမ်သွားခဲ့တဲ့သူတွေထဲက ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင်ဟာလည်း ကြေးစားတွေ လွှတ်ပြီး ချာလီ့ကို ဖမ်းခေါ်ခိုင်း ပါတယ်။ ဒီလိုနဲ့ ချာလီတစ်ယောက် ဒေသခံဂိုဏ်း၊ အက်ဖ်ဘီအိုင်နဲ့ ကြေးစား တွေ လက်ထဲကနေ လွတ်အောင် ပြေးဖို့ ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.87 GB) / (777 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, ...
movie
Across the Line: The Exodus of Charlie Wright (2010)
2010
The Aviary (2022)
The Aviary [2022]ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်... ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့... တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်... ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ... ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်... အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်... ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ... ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ... ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ.... နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်.... ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား... ရှုစားကြရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie
The Aviary (2022)
2022
5.0
Boogeyman 2 (2007)
Boogeyman 2 (2007) ================11နှစ်သား ဟင်နရီနဲ့ 8နှစ်သမီး လော်ရာတို့ မောင်နှမနှစ်ယောက် တစ်ညမှာ သူတို့မိဘတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကိုမျက်မြင်ကြုံတွေ့ ခဲ့ရတယ်။ ရဲတွေက တရားခံကို တစ်ခါမှမဖမ်းမိခဲ့ဘူး။ ဟင်နရီနဲ့လော်ရာက သူတို့မိဘတွေကိုသတ်တဲ့တရားခံက ဘိုဂီမန်းလို့ခေါ်တဲ့ သရဲတစ္ဆေလို့ ယုံကြည် စွဲလမ်းပြီး စိတ်ရောဂါရသွားကြတယ်။ ငယ်ငယ်ကတည်းက ဘိုဂီမန်းကို ကြောက်တဲ့ ဟင်နရီကတော့ သူ့ကြောက်ရွံ့မှုကပိုဆိုးလို့ စိတ်ကျန်းမာရေး ဆေးခန်းမှာ နေပြီးကုသလိုက်ရတယ်။လော်ရာ 18နှစ်ပြည့်တော့ ရောဂါပျောက်ကင်းပြီး အများကြီးသက်သာသွား ပုံရတဲ့ အစ်ကိုဖြစ်သူ ဟင်နရီက အလုပ်အင်တာဗျူးအတွက် ဆန်ဖရန်စ္စကိုကို သွားမယ်ဖြစ်ကြောင်းပြောပြီး သူ့ညီမကို သူနေတဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ ဒေါက်တာရိုင်နဲ့ ကျန်တဲ့phobiaစိတ်ရောဂါသည်သူငယ်ချင်းတွေနဲ့ နှစ်ရက်အပ် ထားခဲ့ပါတယ်။ ပထမနေ့ညမှာပဲ လော်ရာတို့အဖွဲ့ထဲကတစ်ယောက် ကိုယ်တစ် ပိုင်းပြတ် သေသွားတယ်။ နောက်နေ့ညမှာ ကျန်တဲ့လူနာသူငယ်ချင်းတစ်ယောက် ထပ်သေပြီး ဆေးခန်းကကျန်တဲ့လူတွေအကုန် အဆောက်အအုံမှာ ပိတ်မိသွား ကြတယ်။ တစ်ညတာပိတ်မိသွားပေမဲ့ အဲဒီဆေးရုံထဲပိတ်မိသွားတဲ့ညအတွင်း ဘယ်လောက်စိတ်ခြောက်ခြားစရာကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတော့ ဒီဇာတ်လမ်း မှာ စိတ်လှုပ်ရှားခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.72 GB) / (632 MB) Quality............WEB-RIP 1080p ...
movie
Boogeyman 2 (2007)
2007
6.1
The Corruptor (1999)
ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။ File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Corruptor (1999)
6.4
Dear Mr. Gacy (2010)
Dear Mr. Gacy (2010) ================= IMDb Rating - 6.4/10စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို...မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့.... မော့စ် ...
movie
Dear Mr. Gacy (2010)
2010
7.8
The Day of the Jackal (1973)
The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie
The Day of the Jackal (1973)
1973
5.1
Asih (2018)
Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie
Asih (2018)
2008
8.6
Ratham (2023)
Raththam (2023) "ဂျာနယ်ကျော် ဦးကူးမား" IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်းထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.16GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Ratham (2023)
2023
5.5
Locked In (2023)
X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ....။ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်...။လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံးအကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ....။ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့.....ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကိုလက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့....ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲသားဖြစ်သူအတွက်သာ အမွေတွေအကုန်ပေးအပ်ခဲ့ပါတယ်...။ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့....။အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ....။အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကိုပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်....။ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါထပ်ရလာတဲ့အခါမှာတော့....အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ....။မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်ကအမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Locked In (2023)
5.8
Mysterious Things in the Deep Forest ( 2023 )
တော်လှန်ရေးခေတ်ကိုအခြေခံပြီးရိုက်ထားတဲ့ စွန့်စားခန်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၃)နှစ်တုန်းက ပိုင်ရှန်တောနက်ထဲမှာပျောက်သွားတဲ့ မီးရထားပေါ်မှာဇနီးပါသွားတာကြောင့် တောနက်ထဲဝင်ရှာမယ့် .......မာဟိန်ယွမ် အစ်မဖြစ်သူကိုရှာဖို့အတွက် ခဲအိုနဲ့အတူစွန့်စားမယ့်...... ဖုကွေ့ အဲဒီမီးရထားပေါ်မှာပဲပါသွားတဲ့ ညီလေးကိုရှာမယ့် ..... ခါဝါဂူချီဂျပန်လူမျိုးခါဝါဂူချီခိုင်းသမျှကို အခကြေးငွေနဲ့လုပ်ပေးပြီး လောဘကြီးတဲ့ ဓားပြဗိုလ်.... ပေပါ့ထျန်း ရည်ရွယ်ချက်မတူတဲ့ဒီလူတွေဟာအုပ်စုဖွဲ့ပြီး ပိုင်ရှန်းတောင်ကတောနက်ကြီးထဲကိုဝင်ကြတဲ့အခါ ဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်ကြိုနေမလဲ...... မီးရထားကြီးဆန်းကြယ်စွာပျောက်သွားတဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Adventure , Horror Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie
Mysterious Things in the Deep Forest ( 2023 )
First
46
47
48
49
50
Last
Previous
Next