Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.0
68 Kill (2017)
68 Kill (2017) IMDb-6/10Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့ သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီး ချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီး သွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီး လိုက်သတ်တဲ့အခါမှာတော့...။အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…1.2GB / 580MB Quality…1080p BluRay / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie
68 Kill (2017)
2017
ReBroken (2023)
ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။ File size…(1 GB)/(431 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zayar ...
movie
ReBroken (2023)
You’re Not Supposed to Be Here (2023)
ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် ...
movie
You’re Not Supposed to Be Here (2023)
6.8
It Follows (2014)
It Follows (2014) Horror, Mystery . --- Storyline --- It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကားတွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ ...
movie
It Follows (2014)
2014
4K HEVC
5.6
The Last Mage ( 2023 )
" အန့်ယန့်ရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာ ချိန်ရှစ်တစ်ယောက် သေရွာကနေပြန်လာကတည်းကပဲတဲ့ "The last Mage ဇာတ်ကားကတော့ ဇာတ်ကြောင်းလှည့်ကွက်မျိုးစုံနဲ့ ရင်တဖိုဖိုကြည့်ရမဲ့ ရှေးခေတ်မှော်ပညာနဲ့ထူးဆန်းတဲ့ လူသေမှုတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။တစ်ခါက အန့်ယန်ရွာမှာ ချိန်ရှစ်ဆိုတဲ့လူတစ်ယောက်ရှိပြီး အပြင်းဖျားနာခဲ့ပါတယ် ။ ချိန်ရှစ်မှာ ကံဆိုးစွာနဲ့ သမားေတာ်နဲ့ေတာင် မပြရသေးခင် သေဆုံးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူ့ကိုသဂြိုလ်ဖို့လုပ်နေချိန်မှာပဲ အကောင်းကြီးရှိတဲ့မျက်လူံးနှစ်လုံးက ကန်းသွားပြီး အခေါင်းထဲကနေတစ်ဖန်ပြန်ထလာခဲ့ပါတော့တယ် ။ သူသေရွာကပြန်လာပြီးနောက်မှာ ရွာထဲမှာလည်းထူးဆန်းတဲ့လူသေမှုတွေဆက်တိုက်ဖြစ်လိုက်ပါတော့တယ်။ချိန်ရှစ်တစ်ယောက်ဘယ်လိုဖြစ်လို့ သေရွာကပြန်လာခဲ့တာလဲ ? ရွာထဲကလူသေမှုတွေကသူနဲ့ဆက်စပ်နေမလား ? သူတို့ရွာကိုကယ်တင်ဖို့ဘယ်သူရောက်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာရင်တဖိုဖို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
The Last Mage ( 2023 )
7.7
Apurva (2023)
Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါအဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Apurva (2023)
2023
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
6.1
The Sacrament (2013)
ဒီဇာတ်လမ်းကတော့ ဂိုဏ်းဂဏတွေ၊cultအယူမှားတွေနဲ့ အယူကြီးအယူသည်းတဲ့သူတွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်းကျောရိုးချင်းအတော်လေးဆင်တူသလို တချို့ပြကွက်တွေက စိတ်မခိုင်သူတွေကြည့်ဖို့မသင့်တဲ့ ပြကွက်တွေလည်း ပါဝင်ပါတယ်။နယူးယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့တည်ထောင်သူ၂ယောက်က သူတို့မိတ်ဆွေ ကင်မရာဆရာရဲ့ ညီမဆီက ရောက်လာတဲ့ စာတစ်စောင်ကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့ နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာဆေးဖြတ်စခန်းကို ရောက်နေသူဖြစ်ပေမယ့် ဖာသာတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူတောတွင်းတစ်နေရာမှာ ကျောင်းတော်တစ်ခု ထောင်ထားတယ်လို့စာထဲမှာ ရေးထားတာပါ။ဒီလိုနဲ့ပဲ သူငယ်ချင်း၃ယောက် အဲဒီနေရာကို ရောက်သွားတဲ့အခါမှစာထဲမှာရေးထားတဲ့ အေးချမ်းဆိတ်ငြိမ်ပြီး မောဟကင်းတဲ့ရပ်ဝန်းတစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို ရောက်စေမယ့်ကျင့်စဉ်ဆိုတဲ့ ရေးထားတာတွေ တစ်ခုမှမရှိနေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတဲ့၊တစ်ခုခုမှားယွင်းနေတဲ့ နေရာတစ်ခုကို ရောက်သွားရာ အဲဒီနေရာကပြန်ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။ File size…2.15GB / 1.11GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar ...
movie
The Sacrament (2013)
Secrets of a Celebrity Nanny (2023)
ဇာတ်လမ်းကတော့ နန်နီဆိုတဲ့ စာရေးဆရာမဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ဆီကို သူအမေနဲ့ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့ အဆိုတော်တစ်ယောက်က သူ့သမီးကိုကလေးထိန်းဖို့လာခေါ်တာကနေစတာပါကလေးထိန်းဖို့သွားလိုက်တာကနေ အရင်ကလေးထိန်းအသတ်ခံခဲ့ရတဲ့အကြောင်းကိုသိသွားပြီး အဲဒီ အရင်ကလေးထိန်းကို ဘယ်သူသတ်တယ် ဘာကြောင့်သတ်ခဲ့တယ်ဆိုတာကို ရင်တလှပ်လှပ်နဲ့ စောင့်ကြည့်သွားရမဲ့ကားလေးပါပဲ............ File size…(1.65 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Freddy
movie
Secrets of a Celebrity Nanny (2023)
6.7
Rumble Through the Dark (2023)
Rumble Through the Dark (2023)~ IMDb - 6.7/10, Rotten Tomatoes - 50% ~"You either die a hero or live long enough to see yourself become the villain." ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့... နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် ...
movie
Rumble Through the Dark (2023)
2023
5.6
Angel Whispers ( 2015 )
ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။ Quality : BluRay 1080p , 720p Format : mp4 Genres : Horror , Thriller Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Angel Whispers ( 2015 )
6.7
Fuzzy Head (2023)
ဇာတ်ကားတစ်ကားလုံး ပရိသတ်ကိုခေါင်းစားမဲ့ ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က Fuzzy Head ဖြစ်ပြီးနာမည်နဲ့လိုက်အောင်ကို ခေါင်းကိုက်စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာ တွေ့ဖူးမြင်ဖူးနေတဲ့ဇာတ်ကားတွေလို ဇာတ်ကွက်မျိုးတွေနဲ့မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။မာလာလို့ခေါ်တဲ့ ကောင်မလေးကငယ်စဉ်က စိတ်ဒဏ်ရာတွေရခဲ့တဲ့အတွက်စိတ်ဝေဒနာ တစ်မျိုးကို ခံစားနေရပြီး တကယ်ဖြစ်နေတဲ့အရာတွေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့အရာတွေနဲ့ အမြဲတမ်းရောထွေးနေတတ်ပါတယ်။အဲ့ဒီရောဂါကြောင့် အိပ်တောင်မအိပ်ရဲလောက်တဲ့အထိ ဖြစ်နေပြီးအတူတူနေထိုင်တဲ့ သူငယ်ချင်းဆီကနေထပ်ခါထပ်ခါထွက်ပြေးနေပြီး ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက် လျှောက်သွားနေတတ်သူတစ်ယောက်ပါ။သူ့စိတ်ဝေဒနာရဲ့ ဇာတ်မြစ်ကတော့ သူ့အမေကြောင့်ဖြစ်ပြီးသူ့ရဲ့ငယ်ဘ၀က သူ့အမေကြောင့်ပဲကြမ်းတမ်းခဲ့ပါတယ်။တစ်နေ့မှာသူ့အမေကသေသွားခဲ့ပြီးတော့ သေသွားတဲ့သူ့အမေရဲ့ ဘေးနားမှာသူရှိနေခဲ့ပါတယ်။သူကတော့ သူ့အမေကိုသူကိုယ်တိုင် သတ်ခဲ့တယ်လို့ပြောပေမဲ့ တကယ်တမ်းဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူး။ဒီလိုနဲ့ သူ့အမေတကယ်တမ်းဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် သူ့မှတ်ဉာဏ်တွေထဲကနေပြန်လည်ရှာဖွေရင်း ဒီအိပ်မက်ဆိုးကြီးကနေရုန်းထွက်နိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.42GB / 636MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Fuzzy Head (2023)
8.7
The Road (2023)
The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
The Road (2023)
2023
5.7
Tomb Making Notes ( 2023 )
ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာ စွန့်စားခန်းတွေကြိုက်တဲ့သူတွေအတွက် သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တရုတ်ပြည်အနှံ့ ရှင်ဘုရင်တွေ တော်ဝင်မျိုးနွယ်တွေရဲ့ သင်္ချိုင်းတွေအများကြီးရှိတဲ့အတွက် အဲဒီသင်္ချိုင်းဆောက်ပုံဆောက်နည်းတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ဟာ သင်္ချိုင်းဖောက်ထွင်းသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်။သင်္ချိုင်းဖောက်ထွင်သမားတွေဟာ ဒီမှတ်စုစာအုပ်ကိုရဖို့ အလုအယက်ဖြစ်နေကြချိန်မှာ သင်္ချိုင်းဆောက်တဲ့နေရာကိုတာဝန်ယူတဲ့ ဖုန်းရွှေဆရာလေးကတော့ ဝင်မပါချင်ခဲ့ပါဘူး။ကံမကောင်းခြင်းတော့ သင်္ချိုင်းဖောက်ထွင်းသမားတွေက အကြပ်ကိုင်ပြီးခေါ်သွားတာကိုခံရပါတယ်။ ဒီလိုနဲ့ တတ်သိပညာမနေသာပဲ မှတ်စုစာအုပ်ရှိရာ သင်္ချိုင်းထဲကိုဆင်းသွားကြပါတယ်။ မြေအောက်သင်္ချိုင်းထဲမှာ ရှေးခေတ်သင်္ချိုင်းတွေရဲ့ ထုံးစံအတိုင်း ဘယ်လိုထူးဆန်းတဲ့အရာတွေကိုထည့်သွင်းသဂြိုလ်ထားမလဲ...... ဘယ်လိုအန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Thriller , Adventure Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Tomb Making Notes ( 2023 )
6.1
Coming Soon (2008)
ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ဝန်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ် ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက်ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်... သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်းဝန်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါမမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များစတင်ကြုံတွေ့ရပါတယ်သူ့အတွက် ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကိုသူကိုယ်တိုင် မသိခဲ့သော အခါ.... (ဆက်လက်ကြည့်ရှုပါရန်) File size… 990 MB / 440 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... ...
movie
Coming Soon (2008)
2008
8.2
In the Name of Love (2012)
အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂)(ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ)တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။ အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။ အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie
In the Name of Love (2012)
2012
5.8
Foe (2023)
Foe (2023)Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက ...
movie
Foe (2023)
2023
4K HEVC
5.7
Fight Through The Yin-Yang House ( 2023 )
ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie
Fight Through The Yin-Yang House ( 2023 )
7.6
Parundhaaguthu Oor kuruvi (2023)
Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie
Parundhaaguthu Oor kuruvi (2023)
2023
6.7
Wanted (2008)
Wanted (2008)IMDb Rating (6.7) / Rotten Tomatoes (71%)တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ဇာတ်လမ်းကတော့....Spoiler Alert....ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ ... ဖော့(စ်) ...
movie
Wanted (2008)
4K HEVC
First
45
46
47
48
49
Last
Previous
Next