Channel Myanmar

Thriller

The Bodyguard (2023)
The Bodyguard (2023)  အသစ်ထွက် Action/Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကန်ဒေ့စ်က နာမည်ကြီး influencer တစ်ယောက်ဖြစ်ပြီး မကြာခဏ သူမအသက်ကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရသူပါ။ အပြင်ပန်းကကြည့်ရင်တော့ တောက်ပပြီး လှပလှတဲ့သူ ဖြစ်ပေမယ့် သူမရဲ့အတွင်းစိတ်ထဲမှာတော့ ကြောက်လန့်မှုတွေ၊ စိုးရွံမှုတွေနဲ့ပဲနေ နေရသူတစ်ယောက်ပါ။အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ လုပ်ကြံမှုကို ခံခဲ့ရတာကြောင့် သူမရဲ့ခင်ပွန်းလောင်းက သူမကို သက်တော်စောင့်တစ်ယောက် ငှားရမ်းပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဲဒီသက်တော်စောင့်က သူမကို နားလည်ပေးပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့တာမို့ သူမက အဲဒီသက်တော်စောင့်အပေါ် ပုံမှန်ထက်ပိုပြီး တွယ်တာလာခဲ့မိတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ အဲဒီသက်တော်စောင့်ရဲ့ အကြောင်းကို သူမရဲ့ခင်ပွန်းလောင်းက သူမကို အသိပေးလာခဲ့ပြီး သက်တော်စောင့်ရဲ့သရုပ်မှန်က သူမ ထင်ထားသလိုမဟုတ်တဲ့အခါမှာတော့.. အဲဒီသက်တော်စောင့်က ဘယ်သူလဲ.. ဘာအကြောင်းနဲ့များ သူမကို ချဉ်းကပ်ခဲ့တာလဲ.. နောက်ဆုံးမှာရော သူမ အသက်ဘေးကနေ ကင်းလွတ်နိုင်ပါ့မလား.. ဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) File size…(1.4 ...
movie

The Bodyguard (2023)

The Cost (2023)
The Cost (2023) ရာဇဝတ်သားတစ်ယောက်ကိုဥပဒေက ထိုက်သင့်တဲ့ပြစ်ဒဏ်မပေးနိုင်လို့ အပြင်လူတွေက သူတို့နည်းနဲ့အပြစ်ပေးတဲ့ကားမျိုးကြိုက်သူတွေအတွက် The Cost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်စတက်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက် မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် တရားခံထရိုင်းဟာလည်း ထောင်ဒဏ်နှစ်၃၀ကျော်ချမှတ်ခံရပေမဲ့ ၁၀ နှစ်တည်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ သူ့ကို ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်က အတင်းအဓမ္မဖမ်းဆီးပြီး လူသူမရှိ ဝေးလံခေါင်ဖျားလှတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပြီး နှိပ်စက်ပါတော့တယ်စတက်ဖနီဆိုတဲ့ကောင်မလေးရဲ့သေဆုံးမှုအပြီးမှာ ကောင်မလေးရဲ့အဖေနဲ့အမေဟာလည်း သမီးစိတ်နဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပါတယ် ထရိုင်းလုပ်ရက်ကြောင့် မိသားစုတွေ ပြိုကွဲခဲ့ရတယ်အဲ့တော့ ထရိုင်းကို ဖမ်းဆီးသွားတဲ့ ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်ကဘယ်သူတွေလဲ စတက်ဖနီနဲ့​ရော ဘယ်လိုပက်သက်တာလဲ ထရိုင်းကိုရော ဘယ်လိုတွေပြစ်ဒဏ်ပေးမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

The Cost (2023)

You’re Not Alone (2023)
You’re Not Alone (2023)  2023 ခုနှစ်ထွက် mystery,thriller အမျိုးအစား အမေရိကန်ရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးသမားကိမစ်ချယ်ဟာ အလုပ်ကိစ္စနဲ့ခရီးသွားဖို့လေယာဉ်ပေါ်ရောက်နေပါတယ်။ သူ့မိန်းမဟာလွန်ခဲ့တဲ့နှစ်အနဲငယ်က စိတ္တဇလူသတ်သမားတစ်ဦးသတ်လိုက်လို့သေဆုံးခဲ့ရတာပါ။ ဒါကြောင့်သူ့ရဲ့တစ်ဦးတည်းသောသမီးကိုလည်း တယောက်ထဲရှိနေချိန်ပြန်လည်ခုခံနိုင်ဖို့ကိုယ်ခံပညာသင်ပေးခဲ့ပါတယ်။ထို့အပြင် သူခရီးသွားတဲ့အချိန်မှာ သူ့သမီးကိုအိမ်ထဲမှာပဲနေစေပြီးဖုန်းကနေတဆင့်သူ့အိမ်ကိုစောင့်ကြည့်နေပါတယ်။စိတ္တဇလူသတ်သမားအကြောင်းပြောရရင်တော့ သူကအိမ်မှာတယောက်ထဲရှိနေတဲ့မိန်းမတွေကိုလိုက်သတ်တာပါ။အွန်လိုင်း chat room တွေကနေတဆင့်သူ့ရဲ့ပစ်မှတ်ကိုရှာဖွေပါတယ်။ ဒီလိုနဲ့ ကိမစ်ချယ်ခရီးသွားနေတဲ့အချိန် အိမ်မှာတယောက်ထဲကျန်နေခဲ့တဲ့သမီးကိုသတ်ဖို့ စိတ္တဇလူသတ်သမားရောက်လာပါတော့တယ်။ ဘာဆက်ဖြစ်သွားမလဲ..စိတ္တဇလူသတ်သမားကိုဘယ်လိုရှာဖွေဖမ်းစီးကြမလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(526 MB) Quality….Webrip 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

You’re Not Alone (2023)

Bhagavanth Kesari (2023) 7.2
Bhagavanth Kesari (2023) Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie

Bhagavanth Kesari (2023)

2023
Squealer (2023)
Squealer (2023) Squealer (2023)ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ က​နေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအညွှန်း ~မြို့မှာ အမျိုးသမီး​​​ပျောက်ဆုံးမှု​တွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံ​ရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်​မွေးမြူ​ရေးခြံကို စုံစမ်းဖို့​​ရောက်သွားတဲ့အခါ ဘယ်လို​တွေ ကြုံ​တွေ့ရမလဲ ဆိုတာ​တွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Squealer (2023)

2023
Marlina the Murderer in Four Acts (2017) 6.9
Marlina the Murderer in Four Acts (2017)  ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Marlina the Murderer in Four Acts (2017)

The Fury of a Patient Man (2016) 6.7
The Fury of a Patient Man (2016)  နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက်၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိကတွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲကထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Fury of a Patient Man (2016)

Samara (2023) 7.9
Samara (2023) Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie

Samara (2023)

2023
Burning Days (2022) 7.6
Burning Days (2022) ဒီဇာတ်လမ်းလေးကတော့ နိုင်ငံရေးတိုင်းမှာတွေ့နေကျ အခြေအနေမျိုးကိုမြို့ငယ်လေးတစ်မြို့မှာဇာတ်အိမ်တည်ထားပြပြီးရာဇဝတ်မှု၊အကျင့်ပျက်ခြစားမှု၊နိုင်ငံရေး၊ အာဏာတို့နဲ့ သရုပ်ဖော်ရိုက်ကူးထားတဲ့ တူရကီဇာတ်ကားလေးပဲဖြစ်ပါတယ်....။ဇာတ်လမ်းအကျဥ်းကတော့...အမ်မီယာဟာ အမှုစစ်ချုပ်အဖြစ်နဲ့ ရန်နီကလာဆိုတဲ့မြို့လေးတစ်မြို့ကို တာဝန်ကျခဲ့ပါတယ်....။ဒီမြို့လေးဟာ တောကျကျ ဝေးလံခေါင်ပါးတဲ့အရပ်မှာရှိပြီး မြို့ငယ်လေးဆိုပေမယ့်ပြဿနာပေါင်းသောင်းခြောက်ထောင်တက်တဲ့မြို့ပါပဲ...မြို့သူမြို့သားတွေ ရေလုံလုံလောက်လောက်မသုံးရတဲ့ပြဿနာ၊ မြို့ရဲ့ခေါင်းကြီးပိုင်းတွေရဲ့ရွေးကောက်ပွဲနိုင်ဖို့ အာဏာလုတဲ့ပြဿနာ...၊အတိုက်အခံအချင်းချင်း မလိုမုန်းတီးမှုတွေ စတဲ့စတဲ့ ပြဿနာကိုယ်စီနဲ့ပါ...။မြို့ရဲ့အာဏာပိုင်တွေဟာ ရွေးကောက်ပွဲနိုင်ဖို့၊ လူထုထောက်ခံချက်ရဖို့အတွက်နဲ့ရေကိုလက်နက်လိုအသုံးချပြီး မဲဆွယ်ပါတယ်...မြို့ခံတွေကလည်း အသိပညာနည်းပါးသူမို့ ဥပဒေတွေဘာတွေမသိကိုယ့်လိုအင်ဖြည့်ပေးသူသာ လူကောင်းလို့မြင်ပြီး ပြေရာပြေကြောင်းနေနေကြသူတွေပါ....။ဒီလိုအခြေအနေတွေကြားမှာ ဥပဒေဘက်တော်သားတစ်ယောက်ဖြစ်တဲ့အမ်မီယာတစ်ယောက် သူ့ရဲ့တာဝန်တွေကိုထမ်း‌ဆောင်ရင်း ပဋိပက္ခမျိုးစုံကြား မည်သို့မည်ပုံရှင်သန်နေနိုင်အောင် ကြိုးစားသွားမယ်ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ...  File size…1.67GB / 767MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Burning Days (2022)

Manodrome (2023)
Manodrome (2023) Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie

Manodrome (2023)

2023
Your Lucky Day (2023) 5.9
Your Lucky Day (2023) Your Lucky Day (2023)~ IMDb - 5.8/10, Rotten Tomatoes - 88% ~ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့။ ငွေအတွက်ဆိုရင် ဘာမဆိုစတေးမယ့်သူတွေ မနည်းမနောပါပဲ။ မက်လောက်စရာ မီလီယံချီတဲ့ငွေတွေဆိုရင်တော့ ဘာပြောစရာတောင်လိုမလဲပေါ့။မီဂါဘောထီလက်မှတ်အကြီးဆုံးဆုက 156 မီလီယံဒေါ်လာပါ။ အဖိုးကြီးတစ်ယောက် စတိုးဆိုင်တစ်ဆိုင်မှာ ထီလက်မှတ်လာတိုက်ရင်း ဆုကြီးပေါက်တော့ ဆေးလုခံရလို့ဘူနေတဲ့ ဆေးသမားက သေနတ်တစ်လက်နဲ့၀င်လုပါတယ်။ အဲဒါကို ကိုလှရွှေတစ်ယောက်က ၀င်တားရင်း ဆေးသမားရော ကိုလှရွှေရောလျှောပါလေရော။ ဆေးသမားက ဆိုင်ထဲမှာရှိတဲ့ ဆိုင်ပိုင်ရှင်ရယ် ကိုယ်၀န်သည်ချစ်သူစုံတွဲတစ်တွဲရယ်ကို ဓါးစားခံအဖြစ်ထားထားပေမဲ့ ဝေစုခွဲပေးမယ်လို့ မက်လုံးပေးတာကြောင့် ကြံရာပါဖြစ်ကုန်ရင်းနဲ့ ‌လောဘအမှောင်ထဲတိုး၀င်မိကြပြီး လျှောပြီထင်တဲ့ရဲက‌လည်းပြန်နိုးလာတဲ့အခါမှာ ဇာတ်တွေရှုပ်ကုန်ကြပါတော့တယ်။သရုပ်ဆောင်အနေနဲ့ကလည်း ဇူလိုင်ကမှ ကွယ်လွန်သွားခဲ့တဲ့ Euphoria သရုပ်ဆောင် Angus Cloud က အဓိကပါ၀င်ထားလို့ သူ့ရဲ့မျက်လုံးလှလှလေးနဲ့ ခပ်လေးလေးရှရှအသံကို အလွမ်းပြေကြည့်ရှုနိုင်မယ့်ကားလေးပါပဲ။ စိတ်အပန်းပြေစေမယ့်အပြင် ပညာယူစရာတွေလည်းရလို့ လက်လွတ်မခံသင့်တဲ့ကားလေးပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Your Lucky Day (2023)

2023
Blood Diamond (2006) 8.0
Blood Diamond (2006) Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ ...
movie

Blood Diamond (2006)

2006
4K HEVC
Dead Silence (2007) 6.1
Dead Silence (2007) Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်....ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ....🤐၁မိနစ်အတွင်းလေးနော်...😳 အစက အဲ့လောက်ထိကို....မတွေးထား မထင်ထားတာပါ... ...
movie

Dead Silence (2007)

Mardaani (2014) 7.3
Mardaani (2014) Mardaani (2014) "ဇော" IMDb - 7.3Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်‌ပါသေးတယ်။ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ...
movie

Mardaani (2014)

2014
Kannur Squad (2023) 8.1
Kannur Squad (2023) Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie

Kannur Squad (2023)

2023
Ghost (2023) 8.5
Ghost (2023) Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie

Ghost (2023)

2023
Red Rooms (2023) 7.4
Red Rooms (2023) Red Rooms (2023)~ IMDb - 7.4/10, Rotten Tomatoes - 100% ~Award - 4 wins, 7 nominationsအင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်၀က်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ်မုဒိမ်းထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ‌ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ...
movie

Red Rooms (2023)

2023
Vendetta Road (2023)
Vendetta Road (2023)  ဒီဇာတ်ကားက မာဖီးယားတွေလက်ကနေ ထွက်ပြေးလာတဲ့ရာဇဝတ်သားIvanဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်ကို ဇာတ်အိမ်တည်ထားပြီးဒါရိုက်တာNathanLightက ရိုက်ကူးခြယ်မှုန်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားChristianWatkins နဲ့မင်းသမီးMaic Engleတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာDakota Brooks ဆိုတဲ့သမင်တွေကို အမဲလိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ကCampgroundမှာ အမဲလိုက်ဖို့ အချိန်ပိုင်းအလုပ်ဝင်လုပ်တဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းနံပါတ် ၅ က Mr.LoganMcleanဆိုတဲ့ သူတစ်ယောက်ကအသတ်ခံထားရပါတယ် အဲ့အချိန်မှာပဲမာဖီးယားဂိုဏ်းကအဖွဲ့သားတွေကCampgroundမှာ လာရောက်ပုန်းအောင်းနေတဲ့ Ivanလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကိုဖမ်းဆီးဖို့ရောက်ရှိလာပါတော့တယ် အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲCampgroundမှာတည်းနေကြတဲ့ သူတွေအားလုံးကို ခရစ်ဒစ်ကတ်အချက်အလက်တွေကို လိုက်တောင်းတဲ့ ဖုန်းတစ်လုံးဝင်လာပါတယ် Dakotaဆိုတဲ့ ကောင်မလေးတစ်ယောက်ဒီပြဿနာကိုလိုက်ဖြေရှင်းရင်းIvan ဆိုတဲ့ မာဖီးယားဂိုဏ်းကအလိုရှိနေတဲ့ကောင်လေးနဲ့ဆုံမိပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ Campgroundကဧည့်သည်တွေကိုဖုန်းဆက်ပြီး ခရစ်ဒစ်ကတ်အချက်အလက်တွေကိုလိုက်တောင်းနေတာကရော ဘယ်သူ ဖြစ်မလဲ Mr.LoganMclean ဆိုတဲ့သူကရော ဘယ်သူလဲ သူကဘာကြောင့်အသတ်ခံလိုက်ရတာလဲ Ivanဆိုတဲ့ကောင်လေးကရောဘယ်သူလဲ ဘာကြောင့်သူ့ကို မာဖီးယားဂိုဏ်းကအလိုရှိနေတာလဲသူကရော မာဖီးယားတွေလက်က လွတ်အောင်ပြေးနိုင်ပါ့ မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့မြှပ်ကွက် လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့စိတ်ကို ကြည့်နေရင်းထမသွားချင်လောက်အောင် စွဲဆောင်ထားနိုင်ပြီး Thriller အမျိုးအစားကြိုက်နှစ်သက်တဲ့သူတွေအတွက် မလွတ် စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.45GB ...
movie

Vendetta Road (2023)