Channel Myanmar

Thriller

Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
REC 2. (2009 ) 7.0

REC 2. (2009 )

REC . 2007 7.4
REC . 2007  အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

REC . 2007

In the Land of Saints and Sinners (2023) 6.4
In the Land of Saints and Sinners (2023) အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။သမိုင်းအကျဉ်းအိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ ...
movie

In the Land of Saints and Sinners (2023)

No Rest for the Wicked (2011) 6.4
No Rest for the Wicked (2011)  ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ...။ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိရရှိခဲ့တဲ့ကားလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီးသုံးလောင်းပြိုင်လူသတ်မိသွားပါတယ်...။စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ...အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက်သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကိုဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်...။ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့....။ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ... File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

No Rest for the Wicked (2011)

Tales Of The Seven Orders ( 2023 ) 5.7
Tales Of The Seven Orders ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကို လူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက် ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီး အသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇ ခုထဲက တစ်ခုကို ရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။ ရွှေတံဆိပ် ၇ ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီး အဲ့အခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲ့အချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား...... လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား...... ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , ...
movie

Tales Of The Seven Orders ( 2023 )

Chithha (2023) 8.6
Chithha (2023) Chithha (2023) "ဖခင်သောက"IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီ စ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါတစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ် ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ် တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား...အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါ ဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ...
movie

Chithha (2023)

2023
Bad Sister (2015)
Bad Sister (2015) Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie

Bad Sister (2015)

2015
Detective Karthik (2023) 6.8
Detective Karthik (2023) Detective Karthik 2023 (စုံထောက်ကြီးကာသစ်)Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb - 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ...တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Detective Karthik (2023)

2023
Mercy Road (2023) 4.1
Mercy Road (2023) Mercy Road (2023) ==============ညအမှောင်ထဲမှာ တွမ်တစ်ယောက် အလောတကြီးကားမောင်းနေတယ်။ တွမ့်အရင်မိန်းမရဲ့အိမ်မှာ တွမ့်သမီးရဲ့ပထွေး(မိန်းမရဲ့နောက်ယောက်ျား) အလောင်းကို ရဲတွေတွေ့တော့ တွမ့်ကိုလိုက်ရှာကြတယ်။ သူ့သမီးလေး ရူဘီလည်း ပျောက်ချင်းမလှပျောက်နေပြီး ‌ရဲတွေက ရူဘီ့ကို တွမ်ခေါ်သွား တယ်လို့ထင်နေကြတယ်။တွမ် ကားမောင်းရင်း ဖုန်းပြောနေတဲ့ လူ(၅)ယောက်ရှိတယ်။ အလုပ်ကဖုန်း ရယ်၊ သူ့အရင်မိန်းမရယ်၊ ရဲစခန်းရယ်၊ သူ့သမီးကို ကူရှာပေးနေတဲ့ သူ့သမီးရဲ့ ကောင်လေးရယ်၊ ပြီးတော့ ဘယ်ကမှန်းမသိတဲ့ Unknown ဖုန်းတစ်လုံးရယ်။ Unknown ဖုန်းနံပါတ်ရဲ့တစ်ဖက် ပဟေဠိဆန်တဲ့ယောက်ျားက "ခင်ဗျားသမီး အသက်ရှင်စေချင်ရင်..."ဆိုတဲ့ စကားနဲ့ တွမ့်ကို ကြိုးကိုင်ပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.3 GB) / (420 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Ngwe Zin Encoder..........SWM
movie

Mercy Road (2023)

2023
Bound to Vengeance (2015) 5.6
Bound to Vengeance (2015)  ဘယ်နေရာမှန်း မသိတဲ့အိမ်ကြီးတစ်လုံးရဲ့အခန်းထဲမှာ အဖမ်းခံထားရတဲ့ကောင်မလေးတစ်ယောက်။သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိဘူး..သူဒီကို ရောက်နေတာဘယ်လောက်ကြာပြီဆိုတာကိုလည်း မသိဘူး.သူသိတာဆိုလို့ သူ့ကိုဖမ်းထားတဲ့လူတွေက သူ့ကိုမဖွယ်မရာတွေပြုလုပ်တယ်အစာကျွေးတယ် ရေတိုက်တယ်ဆိုတာပဲသိတယ်။ဒါပေမယ့် တစ်နေ့မှာတော့ အဲ့လိုမတော်မတရားအလုပ်ခံနေရာကို စိတ်ကုန်နေတဲ့ကောင်မလေးက သူ့ကိုဖမ်းထားတဲ့ လူကိုတိုက်ခိုက်ပြီးထွက်ပြေးလာပါတော့တယ်။ဒါပေမယ့် သူ့လိုမျိုးတခြားအဖမ်းခံထားရတဲ့ ကောင်မလေးတွေရှိသေးတယ်ဆိုတာကိုသိရတဲ့အခါမှာ သူ့ကိုဖမ်းထားတဲ့ လူကိုသတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အတွက်အဲ့ဒီလူကို ပြန်ဖမ်းထားပြီးတော့ တခြားကောင်မလေးတွေကို လိုက်ကယ်ပါတော့တယ်။ဒါပေမယ့် အဲ့လိုသူရဲကောင်းလုပ်ရတာက ထင်သလောက်မလွယ်ကူဘဲတခြားခက်ခဲတဲ့ အရာတွေလဲ အများကြီးရှိနေတဲ့အခါမှာတော့ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့Bound To Vengeance ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.03GB / 492MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Bound to Vengeance (2015)

Secrets at the Museum (2023)
Secrets at the Museum (2023)  Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။အမှန်တရားကို ...
movie

Secrets at the Museum (2023)

Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )

M.F.A.(2017) 5.9
M.F.A.(2017)  M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။   File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

M.F.A.(2017)

Pulimada(2023) 5.8
Pulimada(2023) Pulimada (2023) "နွားသိုးကြိုးပြတ်" IMDb - 7.2/10ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှ သံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကို ကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက် သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူ သူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့ သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။ လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက ...
movie

Pulimada(2023)

2023
The Vaccine War (2023) 7.6
The Vaccine War (2023) The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The Vaccine War (2023)

2023
Apocalypse Evil (2023)
Apocalypse Evil (2023)  Apocalypse Evil ဆိုတဲ့ Horror,Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အယ်လီနာတို့ မိသားစုလေးကအဖေ အမေ သမီးတစ်ယောက်နဲ့ အရမ်းပျော်ရွှင်ရတဲ့ မိသားစုလေးဖြစ်ပြီးအပန်းဖြေခရီးတွေလည်း မကြာခဏအတူတူထွက်ဖြစ်ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူတို့မိသားစုကို ကံကြမ္မာဆိုးကြီးတစ်ခုကဝင်ရောက်လာပြီး အဖေဖြစ်သူသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အမေဖြစ်သူအယ်လီနာနဲ့ သမီးဖြစ်သူစီလီယာတို့ နှစ်ယောက်တည်း အကြွေးတွေဗလပွနဲ့ကျန်ခဲ့ပါတော့တယ်။ဒါပေမယ့်လည်း အယ်လီနာက အလုပ်ကြိုးစားပြီးသမီးလေးမျက်နှာမငယ်အောင် ကြိုးစားပေးခဲ့ပါတယ်။တစ်နေ့မှာတော့သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပြီးပျော်ပါးဖို့သမီးဆီမှာ ခွင့်တောင်းပြီးအယ်လီနာ အိမ်ကထွက်လာခဲ့ပါတယ်။စီလီယာ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ အချိန်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုး သမီးဖြစ်သူကပါမတော်တဆဖြစ်ပြီး ဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်‌လို့ စီလီယာသေဆုံးနေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ယောက်ျားရဲ့ အလုပ်ကလူသေတွေကို အသက်ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုသိသွားပြီး စီလီယာ့ကို အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလိုအသက်ပြန်ရှင်အောင် လုပ်ပေးတဲ့နည်းမှာဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့အခါမှာတော့ ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေနဲ့ကြုံတွေ့လာရမလဲ ဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့ဗျ။ File size…761MB / 359MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 9m Genre ….. Horror,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Apocalypse Evil (2023)

Syriana (2005) 6.9
Syriana (2005) ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
movie

Syriana (2005)

Chaaver (2023) 7.9
Chaaver (2023) Chaaver 2023 (ပတ်ပြေးကြသူများ) Crime/Thriller IMDb 8.2/10ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာ ကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲ ရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.8GB / 855MB Quality…1080p WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Bpl ~ Yunni ...
movie

Chaaver (2023)

2023