Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.7
New Normal (2023)
New Normal (2023)ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horro, Thriller Quality…. 1080p | 720p File ...
movie
New Normal (2023)
Hard Days (2023)
ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို "မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်"ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ...
movie
Hard Days (2023)
5.7
Finestkind (2023)
Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie
Finestkind (2023)
2023
5.5
The Legacy of Dr. Death: Black File (2020)
The Legacy of Dr. Death: Black File (2020)~ IMDb – 5.5/10, MyDramaList – 7.4/10 ~“လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်”မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ ...
movie
The Legacy of Dr. Death: Black File (2020)
2020
The Boondock Saints II: All Saints Day (2009)
ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Boondock Saints II: All Saints Day (2009)
Operation Black Ops (2023)
အခု ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လက်နက်ကို ပြောပါဆိုရင် အဏုမြူလက်နက်လို့ ဖြေကြပါလိမ့်မယ်။ အကယ်၍ ကမ္ဘာပေါ်မှာ အဏုမြူလက်နက်ထက် ပိုပြီးဆိုးရွားတဲ့လက်နက်တစ်မျိုး ရှိနေမယ်ဆိုရင်ရော ..... ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ တပ်မတော်က ရေဗန်စ်ဘရက်လို့ခေါ်တဲ့ ချွေးတပ်စခန်း တစ်ခုမှာ သုတေသနတွေကို လျှို့ဝှက်ပြီး စမ်းသပ် ရှာဖွေနေခဲ့ပါတယ်။ဒါပေမယ့် နာဇီတို့ စစ်ကြီးရှုံးနိမ့်သွားတဲ့အခါမှာတော့ သုတေသနတွေကို ရပ်နားခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဂျာမနီရဲ့ ရွှေရောင်နေ့တွေဆီကို ပြန်လည်ခေါ်ဆောင်ပေးမယ့်ဆိုပြီး The Childre of Hitler's resistance လို့ခေါ်တဲ့ နာဇီလက်သစ်အဖွဲ့ကနေ ထိုသုတေသနကို ဆက်လက် လုပ်ဆောင်ပါတော့တယ်။ အဲဒါကို ကြားသိသွားတဲ့ CIAကနေပြီး နိုအာဆိုတဲ့လူကို ဦးဆောင်ဦးစီးပြုပြီး ဘလက်အော့စ် အဖွဲ့ကို ဖွဲ့စည်းကာ ဂျာမနီနိုင်ငံကို စေလွှတ်လိုက်ပါတော့တယ်။ အဏုမြူလက်နက်ထက် ပိုဆိုးတဲ့ လက်နက်က ဘာလဲ .... ဘယ်လိုစမ်းသပ်မှု ...
movie
Operation Black Ops (2023)
9.5
Kida (2022)
Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများ IMDb - 9.3/10နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက် ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့ အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီး ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie
Kida (2022)
2022
5.9
Divinity (2023)
Divinity (2023)~ IMDb - 5.9/10, RT - 57%, Meta - 61% ~ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်ဖြည်ပြသွားတာပါပဲ။ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ...
movie
Divinity (2023)
2023
It’s a Wonderful Knife (2023)
ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုညပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ''ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ်ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
It’s a Wonderful Knife (2023)
All Souls (2023)
Billboard ရဲ့ Top 10 စာရင်းထဲထိပါအောင် အကြိမ်ကြိမ်နာမည်ကြီးခဲ့တဲ့ The Fate Of The Furious ဇာတ်ကားရဲ့ Sound Track ဖြစ်တဲ့ "Good Life" ဆိုတဲ့သီချင်းကို သီဆိုခဲ့တဲ့ The Bay Boyz အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ American Rapper တစ်ယောက်ဖြစ်တဲ့ တေးရေး၊ တေးဆို၊ သရုပ်ဆောင် G-Eazy က မူးယစ်ရာဇာနေရာကနေ သရုပ်ဆောင်ထားပြီး မင်းသားကြီး Leonardo DiCaprio ရဲ့ Once Upon a Time in Hollywood ဇာတ်ကားထဲမှာ ဆေဒီ နေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးငယ်လေး Mikey Madison တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်ကားလေး တစ်ကားပါသမီးလေးတစ်ယောက်နဲ့ ဘဝကို မူးယစ်ဆေးဝါးရောင်းပြီး ခက်ခက်ခဲခဲရုန်ကန်နေတဲ့ ရေးဗား ဆိုတဲ့ကောင်မလေးတစ်ယောက် တနေ့မှာ ...
movie
All Souls (2023)
9.4
Spark: L.I.F.E. (2023)
Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie
Spark: L.I.F.E. (2023)
2023
Blood Vessel (2023)
Netflix ကနေ ဒီဇင်ဘာလ ၈ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အာဘီတို့နေထိုင်တဲ့ မြို့ကလေးမှာ Axis ရေနံကုမ္ပဏီရဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့ သဘာ၀ပတ်၀န်းကျင်ပျက်စီးညစ်ညမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့ အာဘီရဲ့ဇာတ်လမ်းကတော့ လူငယ်တွေရဲ့ ထကြွပုန်ကန်မှုနဲ့ မဆက်စပ်နေပါဘူး။ အာဘီရဲ့ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းပါ။ အာဘီမှာ အိုရင်လို့ခေါ်တဲ့ ချစ်ရတဲ့အမျိုးသမီးတဦးရှိပါတယ်။ ဒါပေမဲ့ သမီးထိ ဓားကြည့် ဆိုတဲ့ အိုရင်ရဲ့အဖေဟာ အာဘီရဲ့ အိုရင်ကို လုံး၀သဘောမတူဘဲ သမီးဖြစ်သူကို တရပ်တကျေးကိုပို့ဆောင်ဖို့ စီစဉ်ပါတော့တယ်။ဒီလိုနဲ့ လမ်းတွေပေါ်မှာ ဆူပူအုံကြွမှုတွေဖြစ်နေစဉ်ကာလကြီးမှာ အာဘီတယောက်ဟာ အိမ်ထဲမှာပိတ်လှောင်ခံထားရတဲ့ အိုရင်ကို ကယ်ထုတ်ရင်း ခိုးပြေးရပါတော့တယ်။ ဒီလိုနဲ့ အာဘီနဲ့အိုရင်တို့ဟာ အကြောင်းတိုက်ဆိုင်ပြီး တခြား လူလေးဦးနဲ့အတူ တခြားနိုင်ငံကိုသွားမယ့် သင်္ဘောရဲ့၀မ်းဗိုက်ခန်းထဲမှာ မှောင်ခိုလိုက်သွားဖို့ အကြောင်းဖန်သွားပါတော့တယ်။ ဒီလိုနဲ့ ဆယ်ပေပတ်လည်လောက်ပဲကျယ်တဲ့ ပြည်ပနိုင်ငံကိုရောက်ရှိဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့ အာဘီနဲ့ အိုရင် ...
movie
Blood Vessel (2023)
7.0
The Cabin in the Woods (2011)
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size… 5.5 GB / 1.4 GB ...
movie
The Cabin in the Woods (2011)
2011
4K HEVCHDR
6.2
Cat Person (2023)
ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ....။အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်းခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာအချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့...။ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်းရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်....။ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်...။အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ...ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Cat Person (2023)
The Boondock Saints (1999)
ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Boondock Saints (1999)
5.1
Heir of the Witch (2023)
လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေး အန်နာဟာ အပေါင်းအသင်းဝင်ဆံ့အောင်ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့်အထီးကျန်နေရသူလေးဖြစ်ပါတယ်။ ရည်းစားသနာလည်းမရှိသလို ပညာရေးကအစနောက်ကျပြီး လူတကာရဲ့ခိုင်းဖတ်လို ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အဒေါ်နဲ့အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာ အဖွားဆီက အပ်ချုပ်တော်တဲ့အမွေရခဲ့ပေမယ့် အပ်ချုပ်ပညာနဲ့ လောက်လောက်လားလား အသက်မွေးခွင့်မရရှာပါဘူး။ အန်နာတို့မျိုးရိုးဟာ မကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ ကျိန်စာသင့်နေရတာကြောင့် အန်နာ့လက်ထက်မှာ ကျိန်စာစူးသလိုလိုဖြစ်နေပေမယ့်ကံစီမံရာအတိုင်းလက်မခံဘဲ ညင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်းသူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာ ကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့်အဖြစ်မျိုးကြုံရသလို အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့ သူမဘဝလည်းစုပ်လည်းစူးစားလည်းရူးအဖြစ်မျိုး ရောက်ရှိလာပါတော့တယ်။မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို အန်နာတစ်ယောက်ဘယ်လိုချိုးဖျက်မလဲ..အပေါင်းအသင်းဝင်ဆံ့အောင် ဘယ်လိုဆက်ကြိုးစားမလဲ..အန်နာရဲ့အစွမ်းနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မလား ကျိန်စာကပဲ အန်နာကိုဝါးမျိုသွားမလားအန်နာရဲ့အတိတ်ကအရိပ်ဆိုးတွေဆိုတာ ဘာတွေဖြစ်မလဲ ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့ရလို့အန်နာရဲ့ဘဝဟာ လူတောမတိုးနိုင်ဖြစ်နေရသလဲဆိုတာ Heir of the Witch ရုပ်ရှင်မှာဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ File size…1.30GB / 567MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Heir of the Witch (2023)
Japan (2023)
Japan (2023) "(ဂျပန်) အိန္ဒိယတွင်လုပ်သည်" လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့.... တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။ အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊ ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။ အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။ ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။ ဂျပန်က ဘာလဲဆိုတော့ သူခိုး။ ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။ ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။ သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ .....အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲ ဂျပန်ကလဲ ...
movie
Japan (2023)
2023
7.8
Pendulum (2023)
Pendulum (2023) "အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း"IMDb 7.7CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်...တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါအမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်... အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး...သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့... ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ်အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ .....ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ ...
movie
Pendulum (2023)
2023
6.9
The Possession (2012)
ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့ကကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေဝင်ဝယ်ကြပါတော့တယ် ။အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့မင်းသားကြီး Jeffrey Dean ...
movie
The Possession (2012)
Murder in the Lens (2018)
Murder in the Lens (2018)ကေ က အင်မတန်တော်တဲ့ စုံထောက်တစ်ဦးပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးတာကြောင့် သူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေရတဲ့အပြင် သူ့ရဲ့သေဆုံးမျုက သူ့ကို ခြောက်လှန့်နေတာပါ။ဒီအချိန်ပဲ ပြဇာတ်မင်းသမီးတစ်ယောက် နဲ့ သူ့အမျိုးသား သေဆုံးမှုကို သူ ကိုင်ရပါတယ်။ တရားခံကို လွယ်လွယ်ကူကူနဲ့ ဖမ်းမိတယ် ဆိုပေမဲ့ အမှုကိစ္စက ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး။တရားခံရဲ့အမျိုးသမီးဖြစ်သူက သူ့အမျိုးသား အပြစ်မရှိတဲ့အကြောင်း စုံထောက်ကြီးကို လာတိုင်ပင်တဲ့အခါမှာတော့ ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ခဲ့ပါတော့တယ်။အခင်းဖြစ်ရာ မြို့ကလေးမှာ အရင်က ကလေးပျောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ အခုအမှုကိုလည်း စုံစမ်းရင်းနဲ့ ဒီကလေးျောက်မှုတွေနဲ့ ဆက်စပ်မိလာတဲ့အခါမှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 857MB | 410MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Murder in the Lens (2018)
2018
First
40
41
42
43
44
Last
Previous
Next