Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
7.3
Theri (2016)
Theri (2016) "အတိတ်က မီးခိုးငွေ့အမျှင်တန်း" IMDb 7.3မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်... ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်...လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်... နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်...ရဲစခန်းမှာ ဆရာမက ...
movie
Theri (2016)
2016
NAGA (2023)
ဒီတစ်ခါတော့ ပိရိတ်သတ်ကြီးကို ဆော်ဒီ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Drama/Thriller အမျိုးအစား ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာရပ်တွေရဲ့ ဘာသာရေးအယူအဆတွေနဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲမှာ ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက် မိဘတွေစည်းကမ်းကြီးကြီးနဲ့ တင်းကြပ်တဲ့ကြားထဲက ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ပြီးတော့ သဲကန္တာရထဲက ပါတီပွဲတစ်ပွဲကို ခိုးပြီး သွားရာကနေ မမျှော်လင့်ဘဲနဲ့ ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခတွေရောက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာပါအာရပ်တွေရဲ့တင်းကြပ်တဲ့ ဘာသာရေးအယူအဆတွေကြားမှာ လူငယ်တွေ တိတ်တိတ်လေးခိုးပြီး ပျော်ပါးကြပုံနဲ့ ဘဝရှင်သန်ပုံတွေကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.2 GB)/(993 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
NAGA (2023)
Minacious (2022)
ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle ...
movie
Minacious (2022)
7.0
Nowhere(2023)
Nowhere(2023)*************** ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ဇာတ်လမ်းအကျဉ်းအငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။ File Size :(4.02GB) (1.8GB) (666MB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…01:49:00 Genre : Horror , ...
movie
Nowhere(2023)
4K HEVC
Whiteout (2009)
တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ...
movie
Whiteout (2009)
The Sacrifice Game (2023)
ခရစ္စမတ်မှာ Horror ကားကြည့်ချင်တဲ့ လူတွေအတွက် Rotten Tomatoes မှာ 93% ရရှိထားတဲ့ ခရစ္စမတ် Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဆမန်သာဆိုတဲ့ ကောင်မလေးဟာ ခရစ္စမတ်ပိတ်ရက်မှာ အိမ်မပြန်ရဘဲ ထူးဆန်းတဲ့ ကလယ်ရာဆိုတဲ့ကောင်မလေးနဲ့အတူ ကျောင်းမှာနေခဲ့ရပါတယ် အဲ့ဒီအချိန် သူတို့ပြည်နယ်မှာ နာမည်ကြီး သတင်းတစ်ပုဒ်ကတော့ ခရစ္စမတ် လူသတ်သမား သတင်းပါ ဆမန်သာ ကလယ်ရာနဲ့ သူတို့ဆရာမ သုံးယောက် ခရစ္စမတ်အကြို ညစာစားပွဲပြင်နေတုန်း သူတို့ဆီကို ခရစ္စမတ် လူသတ်သမားတွေ ရောက်လာပါတော့တယ် ခရစ္စမတ် လူသတ်သမားတွေကရော ဘာဖြစ်လို့ ကျောင်းကိုရောက်လာတာလဲ သူတို့ဟာ ကြုံရာကျပန်း လူသတ်နေတဲ့ psychopath တွေလား ကလေးတွေနဲ့ ဆရာမကရော လူသတ်သမားတွေလက်က လွတ်သွားမှာလား ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ..... File size…(1.4 GB)/(735 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Horror, Thriller Subtitle….Myanmar Subtitle ...
movie
The Sacrifice Game (2023)
The Portrait (2023)
The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie
The Portrait (2023)
6.7
The Good Shepherd (2006)
Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
The Good Shepherd (2006)
Assailant (2022)
Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie
Assailant (2022)
8
Toby (2023)
Toby (2023) "တုနှိုင်းမဲ့မေတ္တာ" IMDb - 8.1/10ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား...လူမိုက်တယောက်ရဲ့သွားရာလမ်းလား...ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 866MB Quality…WEB DL 1080p ...
movie
Toby (2023)
2023
5.8
The Strange Case of Embroidered Shoes ( 2023 )
မင်ကော်ခေတ်နှောင်းပိုင်းမှာ ခေတ်အပြောင်းအလဲကြောင့် ဒုစရိုက်ဂိုဏ်းတွေ အတင့်ရဲရောင့်တက်နေချိန်ဖြစ်ပါတယ်။ မြို့ထဲမှ ကျောင်းသူအများအပြား ပျောက်ဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ခေါင်းကိုက်နေရပါတယ်။မြို့ပြင်မှာရှိတဲ့ ရှန့်မိသားစုအိမ်မှာ တစ်မိသားစုလုံး အသတ်ခံရပြီးနောက်မှာတော့ သရဲအိမ်ဆိုပြီး သမုတ်ခံခဲ့ရပါတယ်။ မိုးညတစ်ညမှာ ရှန့်အိမ်ထဲမှာ ကျောင်းသူတစ်ယောက်နဲ့ လူကုန်ကူးသူတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ ဒီအမှုက ထူးဆန်းလွန်းတဲ့အတွက် ဘယ်သူမှ မကိုင်ချင်ဖြစ်နေပါတယ်။ရဲမေလေး ကျန်းရှောင်ဟော်ကတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲ အဖေဖြစ်သူ ရဲမှူးကျန်းမိဟူ ဆန့်ကျင်နေတဲ့ကြားက ဒီအမှုကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ရှောင်ဟော်ဟာ သူဌေးသမီး ကျောက်ရီချွဲ့နဲ့ ခင်မင်သွားခဲ့ပြီး သူတို့ ၂ ယောက်ပူးပေါင်းကာ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို လိုက်လံစုံစမ်းပါတော့တယ်။နောက်ဆုံးမှာ သဲလွန်စတွေအရ လိုင်ဖုန့်လုံကို ရှာဖွေတွေ့ရှိခဲ့ပြီး ချန်စန်းရဲက ဦးဆောင်တဲ့ ဟွမ်ထုံချန်အဖွဲ့ကို စုံစမ်းရရှိခဲ့ပါတယ်။ ကျန်းရှောင်ဟော်နဲ့ ကျောက်ရီချွဲ့တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ကြီးကို အမြစ်ပြတ်ဖြေရှင်းနိုင်ပါ့မလား...... လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုနဲ့ရော ဘယ်လို ပတ်သတ်နေကြမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery ...
movie
The Strange Case of Embroidered Shoes ( 2023 )
6.5
Blindness (2008)
IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့.... File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Blindness (2008)
6.9
The Grifters (1990)
The Grifters (1990)~ IMDb - 6.9/10, Rotten Tomatoes - 91% ~National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ဒီရုပ်ရှင်ကို Crime ဝတ္ထုနယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို ...
movie
The Grifters (1990)
1990
6.0
Inexistent (2023)
Inexistent (2023) ============ငယ်ငယ်က စိတ်ကူးယဥ်သူငယ်ချင်းတွေနဲ့ ကစားတတ်တဲ့ စိတ်ထင်ယောင်ထင်မှားရောဂါရှိတဲ့ ဆယ်ကျော်သက်ကောင် မလေး Shivana က အိမ်ထောင်ရှိအမျိုးသား Patrick နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေခဲ့တယ်။ ငယ်ငယ်ကတည်းက အချစ်စစ်ကိုမရခဲ့လို့ တွယ်ကပ်တတ်တဲ့ Shivana က Patrick နဲ့အတူနေနိုင်ဖို့ သူ့ဇနီးသည်ကို သတ်ဖို့ကြိုးစားပါ တော့တယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့် ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.06 GB) / (372 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie
Inexistent (2023)
2023
7.1
First Reformed (2017)
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / ...
movie
First Reformed (2017)
6.1
Parastree (2023)
Parastree (2023) IMDb 6.1/10(Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ)သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူးဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ်ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့ အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား.. (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.4GB / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ ...
movie
Parastree (2023)
2023
5.8
[18+] Silent Night (2023)
Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie
[18+] Silent Night (2023)
2023
4K HEVC
The Jester (2023)
The Jester (2023)မိမိနားမှာ ရောဂါတစ်ခုလို စွဲကပ်နေရင်း တခြားသူတွေကို လိုက်ဒုက္ခပေးတတ်တဲ့ မကောင်းဆိုးဝါး Jester အကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားလေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အပေါ် မုန်းတဲ့စိတ် ဒေါသတွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်ယောက် တစ်နေ့ ဖခင်က ဆက်သွယ်လာရာကနေ စကားပြောဖို့ ငြင်းဆိုလိုက်ရာကနေ ဟော်လိုးဝင်းတစ်ညလုံး မြို့သေးလေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့သွားရတာတွေကို ရိုက်ကူးတင်ဆက်ပေးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie
The Jester (2023)
2023
Uniki (2022)
Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Uniki (2022)
2022
7.0
Jack Strong (2014)
ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ..... Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie
Jack Strong (2014)
2014
First
39
40
41
42
43
Last
Previous
Next