Channel Myanmar

Thriller

Dylan Dog: Dead of Night (2010) 5.6
Dylan Dog: Dead of Night (2010) Dylan Dog (2010)ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie

Dylan Dog: Dead of Night (2010)

Den of Thieves (2018) 7.0
Den of Thieves (2018) Den of Thieves (2018)IMDb Rating (7.0) / Rotten Tomatoes (41%)ဒီရုပ်ရှင်ကားက သရုပ်ဆောင်တွေရဲ့ Badass Acting တွေက လုံးဝအထာကျပါတယ်...ကြိုးဝိုင်းထဲက လက်ဝှေ့ဘဲတွေလို ပေါ်တင်ဖိုက်ကြတာပါဒါပေမယ့် ဒီလို လက်ရဲဇက်ရဲလူကြမ်းတွေကြားမှာ ဉာဏ်ကိုလွှာသုံးမယ့် ဘဲတစ်ပွေပါလာတဲ့အခါ....အတော်ကိုမှ မိုက်တဲ့ လှည့်ကွက်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်သွားပါတော့တယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ငွေရဖို့အတွက် ခက်ခဲတဲ့မစ်ရှင်တွေကိုမှ အကွက်ကျကျစီစဉ်တတ်တဲ့ တကယ့်ထိပ်တန်းလက်ရွေးစင်ဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ Federal Reserve Bank ကို လက်ရွေးစင်ဟောင်းအဖွဲ့တွေ ဘယ်လိုခိုးဝင်ပြီး ဓားပြတိုက်ကြမလဲ.... နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ.....။Unrated Version နဲ့ပြန်လည်တင်ဆက်ထားတာမလို့ ယခင် Version ထက်ပိုမိုပြည့်စုံစွာ ကြည့်ရှုခံစားရမှာပါ။ File size…(2.9 GB )/(1.4 GB) Quality….BluRay Unrated 1080p HEVC / 720p Format…mkv/mp4 Duration….02:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura & ...
movie

Den of Thieves (2018)

2018
In Time (2011) 6.7
In Time (2011)  အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ်မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ်အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့...တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ...တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action ...
movie

In Time (2011)

Mayavanam (2024)
Mayavanam (2024) Mayavanam (2024)ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့.......အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size… 2.2GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie

Mayavanam (2024)

2024
Oddity (2024) 7.4
Oddity (2024)  သဘာဝလွန်ဟော်ရာအမျိုးအစား ရုပ်ရှင်သစ်တစ်ခု ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဟော်ရာတွေထဲမှာ rating 7.4ရထားတာမို့ အတော်လေးကောင်းတယ်ပြောရမှာပါပဲ။ဇာတ်လမ်းကတော့အရမ်းကြီးမရှုပ်ထွေးပါဘူး။ ဒါပေမဲ့ကြောက်ရပါတယ်။ ဒါရိုက်တာ Damian Mc Carthy ကတော့အရင်က ရုပ်ရှင်တိုတွေလောက်ပြ အဓိကရိုက်ဖူးတာမို့သူ့လက်ရာအသစ်အနေနဲ့ အတော်လေး အလားအလာရှိတယ်လို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း*****************ဒေါက်တာ တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွားပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာနေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင်အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာမဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်းအမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရောကြည့်သင့်တဲ့ကားပါပဲ။ File size…4.29GB / 1.14GB / 531MB Quality…WEB-DL 4K HEVC 1080p  / 720p Format…mkv / ...
movie

Oddity (2024)

4K HEVC
Seven Days (2010) 7 Days (Aka) Les 7 jours du talion 6.5
Seven Days (2010) 7 Days (Aka) Les 7 jours du talion 7 Days (2010) Les 7 jours du talionIMDb Rating (6.5) / Rotten Tomatoes (86%)ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ...ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့......ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ......တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး......အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်.......အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း ...
movie

Seven Days (2010) 7 Days (Aka) Les 7 jours du talion

Don't Watch
Kotee (2024) 6.5
Kotee (2024) Kotee (2024) "ကိုတီ"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ 'ကိုတီ' ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ ...သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ "လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်" ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ် File size… 3.14GB / 1.70 GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard ...
movie

Kotee (2024)

2024
The Moon Thieves ( 2024 ) 6.5
The Moon Thieves ( 2024 ) နာရီအတုကို အစစ်အတိုင်းမထင်ထားလောက်အောင် ဖန်တီးယူနိုင်တဲ့ နာရီမှောင်ခိုလောကမှာနာမည်ကြီး မာဝိန်ရွှင့်နဲ့ နာရီမှောင်ခိုလောကမှာရှာမရတဲ့နာရီအမျိုးအစား မရှိသလောက်အောင် နာရီမျိုးစုံကိုခိုးယူနိုင်တဲ့ သူခိုးကြီးလို့ နာမည်တွင်တဲ့ ဦးလေးလိုင်တို့ရှိကြပါတယ်တနေ့မှာဦးလေးလိုင်က မာဝိန်ရွှင့်ကို ဂျပန်မှာ Picasso ရဲ့နာရီသုံးလက်လေးလံရောင်းပွဲမှာ အတုအစစ်အစားထိုးဖို့ဂျပန်ကိုအတူတူသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ မာဝိန်ရွှင့်ကဒါအန္တရာယ်များလွန်းတဲ့ အလုပ်ဖြစ်တာကြောင့် ခေါင်းရှောင်နေခဲ့ပေမဲ့ တစ်နေ့မှာတော့ သူအတုလုပ်ထားတဲ့ လကမ္ဘာနာရီကို လိမ်ရောင်းပေးလိုက်တဲ့ သူ့ဧည့်သည်တစ်ယောက်ကနာရီအတုအစစ်လာစစ်ဆေးဖို့ ဦးလေးလိုင်ဆီသွားရောက်ခဲ့တဲ့အချိန်ဦးလေးလိုင်က မာဝိန်ရွှင့် ရဲ့အလိမ်မပေါ်အောင်လို့ ကူညီလိမ်ပေးခဲ့တာကြောင့် ကျေးဇူးကြွေးရှိသွားပြီး မလွှဲသာတဲ့အဆုံးသဘောတူခဲ့တယ်။ဒီ့အပြင်တခြားကျွမ်းကျင်သူချွီဝမ်နဲ့အစ်မဟုန်တို့ကိုပါ ခေါ်ခိုင်းလိုက်တယ်။ချွီဝမ်က သဘောတူလိုက်ပေမဲ့အစ်မဟုန်ကတော့ သူ့သားသေဆုံးမှုကြောင့် နာကျည်းလျက်ကမ်းလှမ်းချက်ကိုငြင်းဆန်းခဲ့တယ်။ ဒါပေမဲ့လဲ မောင် ဖြစ်သူက အမေ့မျက်စိခွဲစိတ်စရိတ်အတွက် ပိုက်ဆံလိုနေတာကြောင့် ဒီကမ်းလှမ်းမှုကိုသဘောတူခဲ့တယ်။ဒီလိုနဲ့လေးယောက်သားဂျပန်ကိုရောက်သွားပြီး နာရီပြတိုက်မှာထိန်းသိမ်းထားတဲ့ Picasso နာရီသုံးလက်ကိုအတုအစစ်လဲဖို့ သွားရောက်ခဲ့တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီနာရီသုံးလက်ကိုကော အစားထိုးလဲနိုင်မှာလား။ ဘယ်လိုတွေ အတုအစစ်မခွဲခြားနိုင်အောင် လုပ်နိုင်မလဲဆိုတဲ့ ကျွမ်းကျင်သူလေးယောက်ရဲ့ အရည်အချင်းကိုဒီဇာတ်ကားလေးထဲမှာ ပြသထားတာမို့လို့ ဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင် Filesize : 1.10 GB / 608 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Crime , Thriller Runtime : 1h 48 min  Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Moon Thieves ( 2024 )

Mom, If I Were a Vampire ( 2022 ) 5.7
Mom, If I Were a Vampire ( 2022 ) ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။ Filesize : 355 MB Quality : WEB-DL 1080p  Format : mp4 Genres : Horror , Thriller Runtime : 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie

Mom, If I Were a Vampire ( 2022 )

Fentasy (2024)
Fentasy (2024)  စုတ်ပြတ်သတ်နေတဲ့ဘ၀ လက်ရှိပတ်ဝန်းကျင်ကလူတွေနဲ့ဝေးရာဆီ ပျောက်ကွယ်ပြီး အေးချမ်းတဲ့နေရာလေးတစ်ခုမှာ နေချင်တဲ့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်။မဖြစ်နိုင်သေးတဲ့အိပ်မက်လေးနဲ့ ယှဉ်သန်နေရင်း ဖူးစာဖက်လို့ထင်ရသူနဲ့တွေ့ပြီး ချစ်ခင်စုံမက်ခဲ့။နှစ်ယောက်သား စိတ်ကူးတွေထပ်တူကျရင်း စိတ်ကူးယဉ်ထားတဲ့အိမ်လေးတစ်လုံးဝယ်ဖို့ ကြိုးစားရင်းက သူတို့ဖန်တီးရောင်းချမိကြတာ ဖန်တနိုင်းဆိုတဲ့ မူးယစ်ဆေး။ဘိန်းဖြူတဲ့ အဆငါးဆယ်လောက်ပြင်းတဲ့ ဖန်တနိုင်းကို ဘိန်းဖြူလို့ထင်ရအောင်ဖန်တီးပြီး ရောင်းချရင်းက သူတို့တွေကို ရုရှားလူဆိုးဂိုဏ်းတစ်ခုက သတိထားမိလာချိန်။အိပ်မက်တွေကိုပစ်ချ ဘ၀မှာရှင်သန်ဖို့အရေးကြိုးစားရင်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြရတာကို ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.2 GB)/(660 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Fentasy (2024)

Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Para Betina Pengikut Iblis (2023)

2023
Home Sweet Home ( 2021 ) 6
Home Sweet Home ( 2021 ) Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး ...
movie

Home Sweet Home ( 2021 )

4K HEVC
Mountain Guardians (2024) 5.8
Mountain Guardians (2024) မင်ကော်ခေတ် အစပိုင်းမှာ နေရာတကာ စစ်ဖြစ်နေပြီး မိစ္ဆာမကောင်းဆိုးဝါးတွေအများအပြား ရှိနေပါတယ်။ ဂျပန်က တရုတ်နယ်မြေကို ကျူးကျော်မှုအရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ဂျပန်ယင်းယန်ဆရာက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး ယဉ်ကျေးမှုမျှဝေမယ်လို့ ဆင်ခြေပေးပြီး တရုတ်ပြည်တွင်းကို ကြိုတင်ဝင်လာခဲ့ပါတယ်။ သူတို့အကြံအစည်ကတော့ တရုတ်ပြည်က နဂါးကြောကို ရှာပြီး တရုတ်နိုင်ငံရဲ့ ဖုန်းရွှေကို ဖျက်ဆီးပြီးနောက် နောက်ပိုင်း ကျူးကျော်ရေးအတွက် လမ်းခင်းထားဖို့ ဖြစ်ပါတယ်။ဦးလေးချီးက ဂျပန်ယင်းယန်ဆရာရဲ့ အကြံအစည်ကို သိပြီး နဂါးကြောကို အသက်ပေးကာကွယ်ဖို့ လုပ်ပါတော့တယ်။ ဂျပန်တွေရဲ့ ယုတ်မာမှုက လူများစွာကို အန္တရာယ်ဖြစ်စေတဲ့အခါ...... ဦးလေးချီးကရော ဘယ်လို တန်ပြန်တိုက်ခိုက်မလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.19 GB / 657 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Thriller , Mystery Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Mountain Guardians (2024)

Blink (2024) 7.7
Blink (2024) Blink 2024 အချိန်ခရီးသွား Imdb 7.7လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါလောက်တော့ ပြန်အသွားချင်ဆုံးခုနှစ်တစ်ခုရှိပါတယ် မှားခဲ့တာတွေပြင်ကောင်းပြင်မယ် ပျော်ခဲ့တာတွေထပ်ပျော်ကောင်းပျော်မယ်အကြိုက်ဆုံးခုနှစ်ဆိုတာ လူတိုင်းနီးပါးမှာရှိတတ်ကြမှာပါ တကယ်လို့သာ အဲဒီနှစ်တွေဆီ ပြန်သွားခွင့်ရမယ်ဆိုရင် လက်ရှိမှာဘာတွေများပြောင်းလဲသွားမလဲ စာမေးပွဲမအောင်သေးလို့ အလုပ်မရှိသေးတဲ့အာပူ ..သူတို့မှာပြဇာတ်ရုံလေးတစ်ခုတော့ရှိပါတယ် သရုပ်ဆောင်ကောင်းကြလို့ သူ့ပရိသတ်နဲ့သူကတော့ရှိတယ်ပေါ့ အစိုးရအလုပ်အတွက် တစ်ဖက်မှာလည်းစာလုပ်ရင်း တစ်ဖက်မှာလည်းကျောင်းစရိတ်ရှာရင်း ဘဝကိုချစ်ရသူနဲ့ဖြတ်သန်းနေသူတစ်ဦးပါ ဒီလိုနဲ့တစ်နေ့ သူတိုကပွဲရုံဆီ အဘိုးအိုတစ်ဦးရောက်လာခဲ့တယ်ဒီနေရာမှာအာပူ့အကြောင်းပြောရရင် ဖခင်မရှိတော့ဘဲ မိခင်နဲ့သာနေထိုင်နေရသူပါ ဒီအဘိုးကြီးရောက်လာပြီးတော့ မင်းအဖေမသေသေးကြောင်း မင်းအမေကိုပြောလိုက်ပါလို့ စကားစလာခဲ့တယ် အဖေသေပြီလို့ပဲသိထားတဲ့အာပူတစ်ယောက် မယုံမကြည်နဲ့ ဘယ်သူ့မှလည်းမေးလို့မရ အဘိုးကလည်းပြောပြီးပျောက်သွားလေတော့ ဖခင်ရှာပုံတော်ဖွင့်ဖို့ အတိတ်ကိုအချိန်ခရီးသွားဖို့ သူ့ဘဝဘယ်လိုတွေပြောင်းလဲသွားမယ်ဆိုတာကိုတော့ ။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.9GB / 897MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Blink (2024)

2024
Impulse (2023)
Impulse (2023)  ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ ...
movie

Impulse (2023)

Triple Frontier (2019) 6.5
Triple Frontier (2019) Triple Frontier (2019)IMDb Rating (6.5) / Rotten Tomatoes (70%)Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။ မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့်  အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။ File size…(6.1 GB)/ (2 GB ) / (1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:05:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Triple Frontier (2019)

2019
4K HEVC
Lost in Perfection ( 2023 ) 6
Lost in Perfection ( 2023 ) အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 909 MB / 498 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : Crime , Drama , Thriller , Mystery Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi  Encoded ...
movie

Lost in Perfection ( 2023 )

The Union (2024) 6.7
The Union (2024)  မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ်လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကိုရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့်တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန်ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကိုရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်းရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင်အချက်အလက်တွေကို ပြန်လုရတဲ့အခါ.... File size…1.77GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

The Union (2024)

Marriage (aka) Zevcat (2023) 5.3
Marriage (aka) Zevcat (2023)  တူရကီ psychological drama ကားလေးတစ်ကားပါဇာတ်လမ်းအကျဉ်းကတော့ ဘဟာ ဆိုတဲ့ကောင်မလေး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်သိပ်ဖြစ်ချင်နေခဲ့တာပါ.....အဲဒီလိုနဲ့ တနေ့မှာ ခက်ဒစ်ဆိုတဲ့ သူဌေးနဲ့တွေ့ပြီး သူ့ရဲ့ အိမ်က အခက်အခဲတွေကိုပြောပြလိုက်တော့ အဲဒီသူဌေးက ဖြေရှင်းကယ်တင်ပေးရာကနေ သူလည်း သူဌေးနဲ့လက်ထပ်လိုက်ပါတယ်.......ဖြစ်ချင်နေတဲ့ ဆန္ဒလည်းပြည့် အခက်အခဲတွေလည်းရှင်းသွားတော့ ပျော်နေရမှဲ့ ဘဟာ ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာပဲ မထင်မှတ်တာတွေဆက်တိုက်ကြုံလာချိန်မှာတော့ သူ့ရဲ့ အခက်အခဲတွေ ဆန္ဒတွေအတွက် ရင်းနှီးပေးလိုက်ရတာ တန်ရဲ့လား ဘယ်လိုရောပြန်ရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားပါပဲ..... File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:02:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Marriage (aka) Zevcat (2023)

Lost in the Stars ( 2023 ) 6.5
Lost in the Stars ( 2023 ) မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူး ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့ တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့ အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။ (၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့ သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာ ရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား...... ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား...... ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား..... မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။ Filesize : 3.79 GB / 1.52 GB / 850 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Mystery , Crime , Drama , Thriller Runtime : 2h 2 min Subtitle ...
movie

Lost in the Stars ( 2023 )

4K HEVC