Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
8.2
Sila Nodigalil (2023)
Sila Nodigalil (2023)IMDb - 8.2/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် သည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပလတ်စတစ်ဆာဂျရီဆရာဝန်ရာ့ဂျ်တစ်ယောက်ကတော့ မိန်းမရှိရက်သားနဲ့ ကောင်မလေးတွေနဲ့ရှုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ တစ်နေ့မှာတော့ မာယာဆိုတဲ့ ကောင်မလေးနဲ့ စားသောက်ဆိုင်တစ်ခုမှာ ဒိတ်ရင်းကနေ စတန့်ထွင် ဆေးတွေပါသုံးရင်းနဲ့ အရှိန်တွေလွန်ပြီး ရာ့ဂျ်အိမ်အထိပါ ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ အချစ်နယ်ကျွံနေကြတဲ့အချိန်မှာပဲ ရာ့ဂျ်မိန်းမ မယ်ဒါက ပြန်လာမယ်ဖုန်းဆက်တဲ့အခါမှာ ခိုးစားကြတဲ့သူတွေရဲ့ ထုံးစံအတိုင်း မာယာ့ကို ပြန်ခိုင်းရင်း ရာ့ဂျ်တစ်ယောက် သူတို့ရှုပ်ထားတာတွေ ရှင်းပါတော့တယ်။ဒီလိုနဲ့ ရှင်းပြီးသွားတဲ့နောက်မှာ မာယာဟာ မပြန်သေးဘဲ မီးဖိုချောင်ထောင့်လေးမှာ ငုတ်တုတ်လေးအိပ်နေတာကို တွေ့သွားတဲ့ ရာ့ဂျ်ဟာ ဇွတ်ပြန်ခိုင်းဖို့ လုပ်ရင်းနဲ့ပဲ မာယာဟာ အိပ်နေတာမဟုတ်ဘဲ ဆေးလွန်ပြီး သေဆုံးသွားကြောင်းကို ရာ့ဂျ်တစ်ယောက်သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ အိမ်ကို အချိန်မရွေး ပြန်လာတော့မဲ့ မိန်းမမသိအောင် မာယာရဲ့အလောင်းကို ဘယ်လိုဖုံးဖိထားမလဲ …… မယ်ဒါကရော ဒီကိစ္စကို ရှာတွေ့သွားမှာလား …… ရာ့ဂျ်တစ်ယောက် အလောင်းတစ်ခုနဲ့ ဘာတွေဆက်ဖြစ်သွားဦးမလဲ ……ဆိုတာတွေကို သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ...
movie
Sila Nodigalil (2023)
2023
5.8
One Shot (2021)
ဖိုက်တာမင်းသားကြီး Scott Adkins ရဲ့ အသစ်ထွက် Action/Thriller ဇာတ်ကြမ်းကားလေး တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...နိုင်ငံတကာကအကြမ်းဖက်တွေကို ပုံစံသွင်းပေး၊ အကြောက်တရားထည့်ပေး၊ ပုံမှန်လူလိုပြန်ဖြစ်ရေး ကျင့်ပေးနေတဲ့လျှို့ဝှက်ဌာနချုပ်တစ်ခုဆီကနေ အထိန်းသိမ်းခံထောင်သားတစ်ယောက်ကိုလွှဲပြောင်းယူဖို့ မစ်ရှင်တစ်ခုကျရောက်လာပါတယ်။နိုင်ငံတော်အဆင့်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး လျှို့ဝှက်ချက်တွေအပြည့်နဲ့ပါ..မမြင်နိုင်တဲ့ အန္တရာယ်တွေကလဲ စောင့်လိုကြိုနေပါတယ်။ဒီခရီးစဉ်အတွက် လိုက်ပါစောင့်ကြပ်ပေးရတဲ့ Navy Seal အဖွဲ့အနေနဲ့ အရှုပ်အထွေးအန္တရာယ်တွေကြားကနေအထိန်းသိမ်းခံထောင်သားကို မြို့တော်ဝါရှင်တန်ဆီ ပြန်ခေါ်သွားနိုင်မလားဆိုတာ....။အပစ်အခတ် အကြမ်းပတမ်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.5 GB) / (850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie
One Shot (2021)
5.5
One More Shot (2024)
အသတ်အပုတ်ကောင်းတဲ့ ဖိုက်တာမင်းသားကြီး Scott Adkinsအဓိကသရုပ်ဆောင်ထားတဲ့ကားမို့ အက်ရှင်ခန်းတွေကတော့ အများကြီးကြည့်ရတော့မှာပါ...။ ဒီရုပ်ရှင်ဟာ 2021ထွက် one shotရဲ့ sequelပါ...။ဇာတ်လမ်းအကျဥ်းကတော့ ဝါရှင်တန်ဒီစီတစ်မြို့လုံးကို ရေဒီယိုဓာတ်သတ္တိကြွဗုံးဖောက်ခွဲဖို့ အကြမ်းဖက်သမားက ဗုံးပို့ထားပါတယ်...။ဒီအကြမ်းဖက်သမားကိုလည်း ရှေ့ဇာတ်ကားမှာ ဖမ်းဆီးရမိ၊ခေါ်ဆောင်လာပြီးသားပါ...။ဗုံးကဘယ်နားမှာလဲဆိုတာကို စစ်မေးဖို့ပဲကြံပါတယ်...။ဒါပေမဲ့ ပြဿနာက လုံခြုံရေးတွေအထပ်ထပ်ရှိနေတဲ့ကြားကဒီအကြမ်းဖက်သမားကို ပြန်လာဖမ်းတဲ့ကြေးစားလက်နက်ကိုင်အဖွဲ့တစ်ခုထပ်ပေါ်လာပြန်ပါတယ်...။ပစ်ခတ်မှုတွေကြား နိုင်ငံ့မြို့တော်ကြီးတစ်ခုလုံး မီးမြိုက်ခံရမယ့်အရေးကိုဘယ်လိုကာကွယ်မလဲ...အကြမ်းဖက်သမားတွေရဲ့ရည်ရွယ်ချက်အစစ်ကရောဘာဖြစ်မလဲဆိုတာကိုတစ်ဝကြီးခံစားရမယ့်ဇာတ်ကားပါပဲ....။ File size…2.14 GB/ 1.01 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
One More Shot (2024)
5.8
Lila & Eve (2015)
ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ...
movie
Lila & Eve (2015)
6.9
Hellraiser (1987)
Hellraiser (1987)~ IMDb - 6.9/10, RT - 70%, Meta - 56% ~Hellraiser Franchise ကြီးရဲ့ မူလဘူထ ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ အကျော်ကြားဆုံး Horror Icon တွေထဲက တစ်ယောက်ဖြစ်တဲ့ Pinhead ဆိုတဲ့ ခေါင်းမှာ အပ်တွေစိုက်ထားတဲ့လူကြီးကို ပိတ်ကားပေါ်မှာ စတွေ့ရတဲ့ဇာတ်ကားဖြစ်ပြီး ဘတ်ဂျက် တစ်သန်းလောက်ပဲရင်းထားပေမဲ့ အမြတ်ငွေ အဆ ၂၀ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။The Hellbound Heart ဆိုတဲ့ Horror ဝတ္ထုတိုကို ရုပ်ရှင်အနေနဲ့ စာရေးသူ Clive Baker က ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။ ဒီပထမဆုံး ဇာတ်ကားကတော့ နောက်လာမယ့် ဇာတ်လမ်းတွေရဲ့ မိတ်ဆက်လို့ပြောရမလားပဲ ပဟေဠိသေတ္တာနဲ့ အဲဒီသေတ္တာက ဘာတွေလုပ်လို့ရတယ်ဆိုတာကို အနည်းအကျဉ်းမိတ်ဆက်တယ်။ဆီနိုဘိုက် (Cenobites) တွေနဲ့မိတ်ဆက်ပေးတယ်။ ဘာကောင်တွေ ...
movie
Hellraiser (1987)
1987
Ajay Gadu (2024)
Ajay Gadu (2024) "ချစ်တတ်သော ခရီးသည်"နှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့ Romance ဇာတ်ကားအသစ်လေး တင်ပေးလိုက်ပါတယ်ရုပ်ရှင်က အခုမှ ထွက်တာမို့ rating တွေတောင် မထွက်လာသေးတဲ့အချိန် ရရချင်း အမြန်တင်ပေးလိုက်တာပါဇာတ်လမ်းကတော့ အာဂျေးဆိုတဲ့ ဒါရိုက်တာ/စာရေးဆရာဖြစ်ချင်သူ ရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက် မြို့တက်ပြီး အဖေ့အသိတစ်ယောက်အဆက်နဲ့ ရုံးတစ်ရုံးမှာ content writer ဝင်လုပ်နေပါတယ်အိပ်မက်တွေနောက် ကြိုးစားလိုက်နေပေမယ့်လည်း အခက်အခဲတွေနဲ့တွေ့တိုင်း လဲကျလိုက် ပြန်ထလိုက်နဲ့ တစ်နေ့တော့ ရုံးကနေ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်ညဘက် လမ်းမှာလည်း လူဆိုးတွေ ဝိုင်းထိုးတာခံရလို့ မေ့မျောနေတဲ့အချိန် ကယ်တင်ရှင်တစ်ယောက် ပေါ်လာပါတော့တယ်သူကတော့ ချောမောလှပတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာ ဆွယ်သာပဲဖြစ်ပါတယ်ဆရာဝန်မလေးက သူ့ကို အိမ်ခေါ်သွားပြီး ဆေးထည့်ပေးရင်းနဲ့ စတင်ခင်မင်ရင်းနှီးခဲ့ရာကနေ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အာဂျေးတစ်ယောက် သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရော ရှိပါ့မလားအချစ် အလွမ်းနဲ့ လောကဓံတို့ကြားမှာ အာဂျေးတစ်ယောက် ဟန်ချက်ညီညီ မတ်မတ်ရပ်နိုင်ပါ့မလားဆိုတာဒီ ရိုမန့်ကားလေးမှာပဲ ပရိသတ်ကြီး ဆက်လက်ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Ajay Gadu (2024)
2024
6.2
Tejas (2023)
Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB Quality…WEB DL 1080p / ...
movie
Tejas (2023)
2023
Poor Boy (2021)
မိသားစုဆိုလို့ သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှမရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို အသားပေးပြီးရိုက်ကူးထားတဲ့ Western, Dramaအမျိုးအစားကားတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မိဘတွေမရှိတဲ့နောက်မှာ လှေအစုတ်ကြီးတစ်စီးကိုငှားပြီး အိမ်သဖွယ်နေထိုင်ကာ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်ပြီး ပေပေတေတေပဲနေခဲ့ကြပါတယ် သူတို့ဟာ ပေပေတေတေနေကြပေမဲ့ သူတို့မှာ အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတော့ရှိပါတယ်။ ထိုအိပ်မက်က လှေအစုတ်ကြီးကို ပြန်ပြုပြင်ပြီး ကယ်လီဖိုးနီးယားကို ရွက်လွှင့်သွားချင်တာပါ။ဖြစ်ချင်တော့ သူတို့လှေကို ပြန်မပြင်နိုင်ခင်မှာပဲ ပိုက်ဆံမရှိရင် လှေကိုလက်လွှတ်ရမဲ့အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါနဲ့ သူတို့လဲ လှေကိုလက်မလွတ်ရဖို့ ပိုက်ဆံအများကြီးကိုဘယ်လိုရှာမလဲ နောက်ဆုံးမှာ ကယ်လီဖိုးနီးယားကို ရောက်သွားမှာလားဆိုတာကို ညီအစ်ကိုသံယောဇဉ်နဲ့ရောနှောပြီး ရိုက်ပြထားပါတယ်။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie
Poor Boy (2021)
8
Monster (2023)
Monster (2023)Original Name - KaibutsuIMDb - 8/10 Rotten Tomatoes - 96%နာမည်ကျော် ဂျပန် ဒါရိုက်တာ Hirokazu Koreeda ရဲ့ လက်ရာမွန် ဇာတ်ကားသစ် ရပါပြီ။IMDb - 8/10, Rotten Tomatoes - 96% ထိ ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေးဆရာတွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဆာအိုရီမုဂိနိုဟာ Single mother တစ်ဦးဖြစ်ပြီး မီနတိုမုဂိနို ဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းလာတဲ့ မီနတိုရဲ့အပြုအမူတွေကြောင့် ကျောင်းက မိခင်ဖြစ်သူ ဆာအိုရီ့ကို ခေါ်တွေ့ပါတော့တယ်။မီနတို ထူးဆန်းလာရတဲ့အကြောင်းအရင်းကတော့ ဟိုရှိခါဝယိုရီ ဆိုတဲ့ သူငယ်ချင်းကောင်လေးကြောင့်ပါ။သူများနဲ့မတူဘဲ ထူးခြားနေပြီး အများက “မကောင်းဆိုးဝါး” လို့ ခေါ်ကြတဲ့ ယိုရီကြောင့် မီနတိုတစ်ယောက် ဘယ်လိုတွေ ထူးဆန်းလာခဲ့သလဲ။ ဘာကြောင့်များ ယိုရီက သူများနဲ့မတူဘဲ ထူးခြားနေရတာလဲ။ ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။အညွှန်းကိုတော့ ...
movie
Monster (2023)
2023
6.1
Friday the 13th Part 2 (1981)
Friday the 13th Part 2 (1981)ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား... သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား... မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ...
movie
Friday the 13th Part 2 (1981)
1981
7.5
Kotabommali PS (2024)
Kota Bommali PS (2023)"သိက္ခာလုပွဲ" ==============================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ Kota Bommali PS ဆိုတဲ့ တေလဂူးစကားပြော မှုခင်းရုပ်ရှင်သစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရဲအရာရှိဟောင်းတစ်ယောက်ရဲ့သားဖြစ်သူ ရာဗီဟာ သူ့အဖေတာဝန်ကျခဲ့တဲ့ ရဲစခန်းမှာ ရဲအဖြစ်ပြန်ဝင်လုပ်ရင်း သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ရဲအရာရှိ ရာမာခရစ်ရှနာနဲ့ ရင်းနီးသွားခဲ့ပါတယ်။ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့နှစ်ယောက်ဟာ တာဝန်အတူကျရင်း လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းမလေးကို စော်ကားမော်ကားလုပ်ဖို့ကြိုးစားတဲ့ မူနာဆိုတဲ့ အာဏာရှိပါတီထဲကလူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ မူနာအကွက်ဆင်ချောက်ချတာကိုခံရပြီး မကြုံသင့်တာတွေ ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် ၂၀၂၁ က ထွက်ရှိခဲ့တဲ့ Nayattu ဆိုတဲ့ မလျာလမ်စကားပြောရုပ်ရှင်ကို remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ကိုမကြည့်ဖူးသေးရင်တော့ ကြည့်ရတာ တော်တော်အရသာရှိမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.6GB ...
movie
Kotabommali PS (2024)
2024
5.7
Secrets at the Inn (2022)
Natalie က New York က နာမည်ကြီးစာဖိုမှူး တစ်ယောက်ပါ။ တရက်မှာ ဖုန်းတစ်ခုဝင်လာပြီး သတင်းဆိုးကြားခဲ့ရပါတယ်။ သူ့အမွှာအစ်မဖြစ်သူက မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီး သူ့အစ်မမှာ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ကျန်နေခဲ့ပါတယ်။ ဒီတော့ Natalie တစ်ယောက် အလုပ်ကခွင့်ယူပြီး အစ်မဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ တူမဖြစ်သူကို စောင့်ရှောက်ဖို့ အစ်မနေတဲ့ မြို့ကို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ တူမဖြစ်သူSabrinaနဲ့ ဘယ်လိုမှ အဆီအငေါ်မတည့်ခဲ့ပါဘူး။ Sabrinaမှာ Elijah ဆိုတဲ့ကောင်လေးလည်းရှိပါတယ်။ အစ်မဖြစ်သူ ဝယ်ယူပြီး ပြင်ဆင်ထားတဲ့ Hannaway ဆိုတဲ့ အိမ်ကြီးရှိပါတယ်။ ဒီလိုနဲ့ အင်းဖွင့်ဖို့ ပြင်ထားတဲ့ အိမ်ကြီးမှာနေထိုင်ရင်းနဲ့ ထူးဆန်းတဲ့ ကိစ္စရပ်တွေနဲ့ ကြုံလာရပြီး သူ့အစ်မ သေဆုံးမှုကရော သွေးရိုးသွေးတမ်းဖြစ်ခဲ့ရဲ့လားဆိုတာ သံသယဝင်လာပါတော့တယ်။ File size…(1.4 GB)/(560 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Secrets at the Inn (2022)
5.5
Cassadaga (2011)
လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre ….. Horror , ...
movie
Cassadaga (2011)
7.3
Cape Fear (1991)
သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. ...
movie
Cape Fear (1991)
Karen (2021)
Karen (2021) Genre – Crime, Drama, Thrillerမာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ်အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။ File size… 1.7 GB / 732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Karen (2021)
2021
Secret Love Triangle (2023)
IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Secret Love Triangle (2023)
Jenni (2023)
Jenni (2023) အရုပ်သရဲမလေးဂျန်နီဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက် ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကို သားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကို ကောက်ရလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်း လုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲ လွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေ လုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ .......... ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ ........ အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ ........ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Jenni (2023)
2023
8.4
The Trial (2023)
The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရားဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့ Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့ ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။ရူပါနဲ့အာဂျေးဟာ မိဘချင်းပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။ ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့ သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက် နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။ ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။ အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်သေအနေနဲ့ တရားရုံးကို တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။ ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကို ရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
The Trial (2023)
2023
5.7
Snake 4: The Lost World ( 2023 )
ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Fantasy , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Snake 4: The Lost World ( 2023 )
5.4
Guilty (2020)
Guilty 2023 - မပျော်ရတဲ့ဗယ်လင်တိုင်းညIMDb-5.4/10မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခုမှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး... အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့...ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Guilty (2020)
First
35
36
37
38
39
Last
Previous
Next