Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.1
Universal Soldier (1992)
90 ခုနှစ်တွေက ထွက်ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier ဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Universal Soldier ရုပ်ရှင်တွေရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး Action/Sci-fi အမျိုးအစားဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့နာမည်ကျော်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေးအရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှားအာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဗီယက်နမ်စစ်ပွဲအတွင်းမှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အချင်းများပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်လုံးသေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်အစိုးရက ပြန်အသက်သွင်းပြီး မှတ်ဉာဏ်တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီးခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်ဟောင်းတွေကို သတိရလာပြီး သတင်းထောက်မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင် Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်တွေပြန်ရရှိပြီး အထိန်းအကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့ ...
movie
Universal Soldier (1992)
5.0
The Kitchen (2023)
2024 ရဲ့နှစ်ဦးပိုင်းမှာ Netflix ကနေ Streaming လုပ်ထားတဲ့ Sci-fi/ Drama/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Sci-fi နဲ့ Animation Director တစ်ယောက်ဖြစ်တဲ့ Kibwe Tavares နဲ့ Co-Director အဖြစ် Black Panther တို့ Spider Man:Across the Spider-Verse တို့တွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Oscar ဆုရသရုပ်ဆောင် Daniel Kaluuya တို့ပူးပေါင်းဖန်တီးထားပြီး England Film Actor/Producer/ Director တစ်ယောက်ဖြစ်တဲ့ Kano(IV) နဲ့ ကလေးသရုပ်ဆောင် Jedaiah Bannerman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့မိမိတို့ရဲ့လက်ရှိနေရာကနေဘယ်လိုမှမခွာနိုင်တဲ့ Kitchen လို့အမည်ပေးထားတဲ့ လူနေရပ်ကွက်တစ်ခုမှာ ကျွန်တော်တို့လူသားသမိုင်းရဲ့ မလွှဲမရှောင်သာဖြစ်လာတော့မယ့် လူတန်းစားခွဲခြားတာ၊ ရက်စက်ကြမ်းကြုတ်တာ၊ နိုင်ထက်စီးနင်းလုပ်တာ နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး လူသားချင်းသာတူညီမျှမှုမရှိတော့ဘဲ လူတန်းစားကွာခြားမှုပိုပိုများလာပြီး အဖိနှိပ်ခံနဲ့ အသာစံ လူတန်းစားနှစ်ရပ်ကြားက ကျောတစ်ခင်းစာနဲ့ ...
movie
The Kitchen (2023)
4.0
The Outwaters (2022)
Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ...
movie
The Outwaters (2022)
5.1
Laced (2023)
ဒီရုပ်ရှင်က တစ်ကားလုံးကို လူလေးယောက်နဲ့ အိမ်တစ်အိမ်ထဲမှာပဲ ရိုက်ထားပါတယ်။Charlie နဲ့ Molly နဲ့က မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို အသက်ဆက်နေကြတာပါ။ Mollyကတော့ Charlieကို ပိုပြီး မုန်းတီးလို့နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ယောကျ်ားစားမယ့် ညစာထဲကို အဆိပ်ခတ်သတ်ဖို့ စီစဉ်ခဲ့တာပါ။ သူ့အကြံက သူတစ်ယောက်ထဲ စီစဉ်ထားတာလား? သူ့ကို ကူညီပေးနေတဲ့ ဖုန်းထဲက အမျိုးသမီးရှိပါတယ်။ဇာတ်လမ်းအစမှာ Mollyက အဆိတ်ခတ်ထားတဲ့ ညစာကို ပြင်ဆင်လို့နေပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Charlieကတော့ ဘောလုံးပွဲကို အားကြိုးမာန်တက် ကြည့်နေတာပါ။ ကြည့်ရင်းနဲ့ ယောက်ဖဖြစ်သူကိုပါ ဖုန်းလှမ်းခေါ်လိုက်ပါသေးတယ်။ နှင်းမုန်တိုင်းထန်နေတဲ့အချိန်မှာ Mollyရဲ့ မောင်အရင်း Austinကလည်း သူတို့ အိမ်ကို ဦးတည်လာနေပါတယ်။ Mollyက သူ့ယောကျ်ားအတွက် အဆိပ်ထည့်ထားတဲ့ပန်းကန်ရယ် သူ့အတွက် ပန်းကန်ရယ်ကို ထားပြီး ဖုန်းသွားဖြေနေတုန်းမှာ ယောကျ်ားဖြစ်သူ Charlieက စားပွဲပြင်ပြီး စောင့်လို့နေတာပါ။ ဒီလိုနဲ့ ဘယ်ပွဲက ...
movie
Laced (2023)
Last Night of Amore (2023)
ရဲအရာရှိ ဖရန်ကို အမိုရီ တစ်ယောက် သူ့ရဲ့ အငြိမ်းစားယူမိန့်ခွန်းကို အသေအချာပြင်ဆင်နေခဲ့ပါတယ်။ ဒီနေ့ညမှာ သူရဲအရာရှိတာဝန်ထမ်းဆောင်တာ ၃၅ နှစ်ပြည့်ပြီဖြစ်တဲ့အပြင် သူ့ရဲ့ရဲအရာရှိဘဝရဲ့နောက်ဆုံးညပါ။ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၅ နှစ်လုံး လူတစ်ယောက်ကိုမှ သေနတ်နဲ့ မပ(စ်) ခဲ့ဖူးသလို အရိုးသားဆုံးနေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ သူမသိခဲ့တာကတော့ အဲဒီနေ့ညဟာ သူ့ရဲ့ဘဝခံယူချက်တွေ၊ သူချစ်ရတဲ့ ဇနီးချော ဗီဗီယန်နာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုတို့ရဲ့ဘဝကို ပြောင်းလဲပေးသွားမဲ့ ညတာအရှည်ကြီးတစ်ညဖြစ်နေမယ်ဆိုတာပါပဲ။2023 ထွက် အီတလီစကားပြော အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မီလန်မြို့ရဲ့ အလှအပတွေကိုကြည့်ရှုပြီး မြေအောက်ရာဇဝတ်ဂိုဏ်း တွေရဲ့ အရှုပ်အထွေးတွေကို အရာရှိ ဖရန်ကိုနဲ့အတူဖြေရှင်းရင်း လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.7 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Thriler, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Last Night of Amore (2023)
Wanted Man (2024)
2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Wanted Man (2024)
Night Swim (2024)
Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား "ရေးဝေါ်လာ" နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။ ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆိုတော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး ...
movie
Night Swim (2024)
2024
4K HEVC
5.2
From the Ashes (2024)
From the Ashes (2024)ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးကရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 745MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 32Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y
movie
From the Ashes (2024)
2024
Hellraiser: Hellseeker (2002)
Hellraiser: Hellseeker (2002)Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့... တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
Hellraiser: Hellseeker (2002)
2002
6.1
Self Reliance (2023)
(function(f,b,n,j,x,e){})(); သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.32 GB)/(618 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... ...
movie
Self Reliance (2023)
Vehicle 19 (2013)
Action/Thriller ကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်အတွက်Vehicle 19 ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်. ။မင်းသား Paul Walker က အကျဉ်းထောင်မှ လျှော့ရက်ရချိန်ဇနီးဟောင်းဖြစ်သူရှိရာ တောင်အာဖရိကဂျိုဟန်းနက်စ်ဘက်ဂ်မြို့က သံရုံးကို လာပြီးဘဝအသစ်တစ်ခု စဖို့ မျှော်လင့်နေတဲ့ မိုက်ကယ်ဝုဒ်စ် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။အရာအားလုံး အဆင်ပြေတော့မယ့်ဆဲဆဲမှာပဲဘယ်လိုမှ မမျှော်လင့်ထားတဲ့ ပြဿနာမျိုးကလည်းဖြစ်လာ တတ်ပါတယ်။ ဇနီးဖြစ်သူရှိရာကို သွားဖို့ ကားငှားပြီး ကိုယ်တိုင်မောင်းဖို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ သူလေယာဉ်ပေါ်က ဆင်းလာကတည်းကစိုးရိမ်နေခဲ့တဲ့ ပြဿနာဆိုတာနဲ့ ကြုံတွေ့ရပါတော့တယ်။ကားငှားတဲ့ကုမ္ပဏီရဲ့ အမှားကြောင့် မီနီဗန်တစ်စီးကိုစီးလိုက်ရချိန်မှာတော့ ကားဒက်ရှ်ဘုတ်အောက်ကအံဝှက်ထဲက သေနတ်တစ်လက်တင်မကဘဲနောက်ခန်းမှာ ကြိုးတုပ်လျက်သားအမျိုးသမီးတစ်ယောက်ပါ အပိုဆု ပါလာခဲ့ပါတယ်။ထိုအမျိုးသမီးဟာ သူထင်မှတ်ထားသလို ရဲတွေဆီပို့လိုက်ရင် အေးသွားမယ့်ကိစ္စမျိုးမဟုတ်ဘဲအာဏာရှိ အဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေတဲ့အမှုအခင်းတစ်ခုရဲ့ အဓိကသက်သေမှန်းသိသွားချိန်မှာတော့နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ အခက်အခဲပေါင်းစုံကြားကသူ့ရဲ့ဇနီးရှိရာကို ပြန်နိုင်မှာလား.တစ်စထက်တစ်စ ပိုပြီးနက်နဲလာတဲ့ ပြဿနာဝန်ထုပ်ဝန်ပိုးကိုဖြေရှင်းနိုင်မလား... ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့လက်တံတွေကြားထဲကနေလွတ်အောင် ရှောင်တိမ်းသွားနိုင်မလား ဆိုတာတွေကို တင်ဆက်ထားတဲ့Non-stop Action ဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size… ...
movie
Vehicle 19 (2013)
2013
6.7
The Hand that Rocks the Cradle (1992)
ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကိုကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး။ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်းဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံလေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OGအသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ်သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီးဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကိုတက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီးဗစ်တာမော့တ်တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေးရော မိခင်ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန်တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ...
movie
The Hand that Rocks the Cradle (1992)
8.4
Thinker (Vivesini) (2023)
Vivesini 2023 (စူးစမ်းသံသရာ)IMDb-8.4/10သစ်ပင်တွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တယ်ဆိုတာ ယုံပါသလား ခုတ်ဖြတ်ခံရမဲ့သူတို့ဘဝကို ကယ်တင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာသိရရင် ကြည့်ရှုသူတို့ယုံနိုင်မယ်မထင် ဟိုးလွန်ခဲ့တဲ့ နှစ်၂၀၀လောက်တုန်းက တောအုပ်ထဲနေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ် ငြိမ်းချမ်းစွာနေထိုင်ခဲ့ပေမဲ့ ရဲတွေရဲ့ နယ်မြေသိမ်းပိုက်လိုမှုကြောင့် ယောကျာ်းတွေဆိုဖမ်းဆီး မိန်းမနဲ့ကလေးတွေဆိုနှင်ထုတ်ပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့နှစ်တွေရှိခဲ့ဖူးပါတယ်ဒီဖြစ်ရပ်ကိုကယ်တင်ခဲ့တဲ့လူတွေကတော့ အသက်၆၀နီးပါးရှိတဲ့ အဘွားကြီး၄ယောက်ပါ မြင်းကိုယ်စီနဲ့ ကောင်းကင်ဘုံက နတ်ဘုရားမတွေလို လှံကိုကိုင်စွဲတွန်းလှန်ခဲ့ပြီး အသက်၁၁၀ထိတိုင် ရှင်သန်သွားခဲ့ကြတယ် ဒီ၄ယောက်အဖြစ် သမုတ်ထားတဲ့ သစ်ပင်ကြီးလေးပင်က ဒီတောအုပ်ကိုဆက်လက်စောင့်ရှောက်တယ်လို့လည်းဆိုစမှတ်ပြုကြပြန်တယ်။။။(လက်ရှိကာလ) ခေတ်နဲ့အညီပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ယုံကြည်မှုတွေ...သရဲခြောက်တယ် မိန်းမတွေဝင်ခွင့်မရှိဘူးလို့ နာမည်ကြီးနေတဲ့တောထဲကို ဝင်ဖို့ပြင်ပြီးခါမှ ဒဏ်ရာရသွားတဲ့ ဖခင်ဖြစ်သူကိုယ်စားတောထဲလိုက်စုံစမ်းရှာဖွေဖို့ တာဝန်ယူလိုက်ရတဲ့ ရှက်ခ်သီ ဒီအရာတွေကိုအယုံအကြည်မရှိပေမဲ့ ဒဏ်ရာနဲ့ဖခင်ကြီးကိုမလွှတ်ရက်လို့ ကိုယ်တိုင်ဝင်လာခဲ့တဲ့ရှက်ခ်သီ တောထဲရောက်ပြီး သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သူခံယူထားတဲ့အရာတွေ ၊ ဆန့်ကျင်ထားတဲ့အမြင်တွေနဲ့ အလွဲကြီးလွဲနေတော့တယ်ဟိုးအရင်တည်းကတည်ရှိနေခဲ့တဲ့ ထူးဆန်းအံ့ဩဖွယ်တွေနဲ့ တောနက်ကြီးထဲ လူငယ်တွေရဲ့ ရဲတင်းမှုတွေနဲ့ ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာ သည်းထိတ်ရင်ဖိုရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ KKKZ ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Thinker (Vivesini) (2023)
2023
5.1
He Went That Way (2023)
ချစ်သူကမုန်း၊ ဖဲကရှုံး… ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ… ဒါတွေကတော့ တစ်ခါတစ်လေ စာရေးသူတို့လူ့လောကကြီးမှာ မဖြစ်ချင်ဘဲဖြစ်ရတဲ့၊ အတောမသတ်နိုင်လွဲချော်နေရတဲ့အခြေအနေတစ်ခုကို ထင်ဟပ်ဖော်ပြတဲ့ စကားပုံတွေပဲဖြစ်ပါတယ်။ကံမကောင်းလို့ ကိစ္စတစ်ခုခုမှာလွဲချော်ပြီးတာတောင် အားမရသေးဘဲ ကံတရားက ထပ်နှိပ်စက်တဲ့အခြေအနေ၊ လောကဓံသရုပ်ကို ပြောချင်တာပါ။ ဒါပေမဲ့လည်း တခါတလေမှာ အဲ့လိုကံဆိုးမိုးမှောင်ကျမှုတွေ၊ အဆင်မပြေလွဲချော်မှုတွေကြားထဲကနေပဲ စာရေးသူတို့တွေဟာ အကောင်းဆုံးရုန်းကန်ကြိုးစားထွက်မြောက်ပြီး အောင်မြင်သွားတတ်ကြသလို အဲ့လိုအဆိုးဆုံးအခြေအနေတွေကြားထဲမှာပင်လျှင် စာရေးသူတို့ဘဝအတွက် သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်သုံးသပ်စရာတွေ၊ ဘဝအတွက်ဒဿနတွေ ရှိနေတတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။တခါတလေမှာ အခြေအနေတစ်ရပ်၊ လူတစ်ယောက်ရဲ့ သရုပ်မှန်ကို အကျပ်အတည်းကြားမှာမှတွေ့ရတတ်သလို အဆိုးဆုံးဆိုတဲ့ အခြေအနေ၊ လူတစ်ယောက်မှာလည်းပဲ သူ့ရဲ့အကောင်းမြင်စရာအနေအထားတစ်ခုတော့ ရှိတတ်စမြဲဆိုတာကို တွေ့ရတတ်ပါတယ်။ ဒါတွေကတော့ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုကြည့်ရင်း စာရေးသူစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးစုတွေဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပေးချင်တဲ့ message က တခြားဟာဖြစ်ကောင်းဖြစ်ပေမယ့် ဒါတွေကတော့ စာရေးသူဆက်စပ်တွေးဖြစ်တဲ့ဟာလေးတွေပါ။အခုဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Jacob Elordi နဲ့ ...
movie
He Went That Way (2023)
5.2
Friday the 13th: The New Blood (1988)
Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie
Friday the 13th: The New Blood (1988)
1988
8.6
Starfish (2023)
Starfish (2023) "ပင်လယ်အောက်က လမ်းပျောက်ကြယ်" ===========================================IMDb 8.7/10 Dhokha: Round D Corner ဆိုတဲ့ ၂၀၂၂ ထွက် ရုပ်ရှင်ထဲမှာ တမီလ်မင်းသားကြီး အာရ်မာဒေဗန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အနီရောင်ဆာရီတစ်ထည်တည်းနဲ့ ပရိသတ်တွေကို ပြုစားခဲ့တဲ့ မင်းသမီးချော ခူရှားလီကူးမားရ်ရဲ့ Starfish ဆိုတဲ့ ရုပ်ရှင်လေးထွက်ရှိလာပါပြီ။ဒီရုပ်ရှင်ဟာဆိုရင် မင်းသမီးခူရှားလီကူးမားရ်ရဲ့အလှတွေနဲ့အတူ ပင်လယ်ရေအောက်ကမ္ဘာကြီးရဲ့ ပဟေဠိဆန်တဲ့အလှအပတွေကိုပါ သေချာပုံဖော်ပြထားလို့ ပရိသတ်တွေအတွက် မျက်စိပဒါသဖြစ်စေမှာ အမှန်ပါပဲ။ပင်လယ်ဆိုတာ အပေါ်ယံမှာ လှပေမဲ့ ဘယ်သူမှမမြင်နိုင်တဲ့အတွင်းပိုင်းမှာတော့ လျှို့ဝှက်ချက်တွေပြည့်နေပါတယ်။ တာရာ့ဘဝဟာလည်း အဲဒီလိုပါပဲ။ အပြင်ပိုင်းမှာ စင်းလုံးချောလှတဲ့ ရေငုပ်သမလေးဆိုပေမဲ့ လူတွေမသိတဲ့အတွင်းပိုင်းမှာတော့ မှောင်မိုက်ရှုပ်ထွေးမှုတွေ မတည်ငြိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ပင်လယ်ကြီးလိုမျိုး နားလည်ရခက်တဲ့တာရာဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ သူ့ကိုချစ်တဲ့ ယောက်ျားတစ်ယောက်ကြားမှာ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတူ စိတ်ဒဏ်ရာတွေကို ဖွင့်လှစ်ပြပုံကို တာရာ့ရဲ့ အလှအပတွေနဲ့အတူ ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie
Starfish (2023)
2023
Healed (2023)
2023 ခုနှစ်ထွက် psychological thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Todd Lowe၊ Guinevere Turner၊ Emily Goss၊ Annie Funke၊ Benjamin Barrett နဲ့ the influencer (2021) မှာပါဝင်ထားတဲ့ Shantell Yasmine Abeydeera တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Meghan Weinstein ပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဆယ်လီ LGBT စုံတွဲတစ်တွဲဟာ အနီးကပ်တရားထိုင်လေ့ကျင့်ခန်းနဲ့ စိတ်ကုထုံး ခံယူဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ စုံတွဲထဲမှတစ်ယောက်ဖြစ်သူ အိုလီဗီယာရဲ့ဖခင်ဟာ နည်းပညာကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပြီး သူ့သမီး လိင်တူချင်းတွဲနေတာကို လုံးဝသဘောမကျနိုင်ဘူးဖြစ်နေပါတယ်။ အိုလီဗီယာဟာ ကိုယ်ဝန်လည်းရှိနေတာဖြစ်တဲ့အတွက် သူတို့နဲ့ပဲလာနေစေချင်ပါတယ်။ အဲ့လိုအကြောင်းတရားတွေကြောင့်ပဲ အိုလီဗီယာဟာ ချစ်သူနဲ့မိဘကြားမှာဗျာများပြီး စိတ်ဖိအားတွေများနေတဲ့အတွက် အခုခရီးစဥ်ကို စာရင်းသွင်းပြီးထွက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။တခြားတစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်ကတော့ ပေါ့ပ်အဆိုတော်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူပေါ်မှာ တကယ်ပဲအလေးထားသူပါ။ အဲ့ဒါကြောင့်ပဲ သူကိုယ်တိုင်စိတ်မဝင်စားတဲ့ ယခုခရီးစဥ်ကို ...
movie
Healed (2023)
7.2
Picket 43 (2015)
Picket 43 (2015) - ခြံစည်းရိုးအမှတ် ၄၃(function(f,b,n,j,x,e){})();IMDb-7.2/10ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့ Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက် ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့ တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ် အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ် သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီ စာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ် စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Picket 43 (2015)
2015
6
Friday the 13th Part VI: Jason Lives (1986)
Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie
Friday the 13th Part VI: Jason Lives (1986)
1986
4.9
The Boat (2022)
The Boat (2022) ============ဇိမ်ခံရွက်လှေစီးပြီး အပန်းဖြေခရီးထွက်တဲ့ စုံတွဲသုံးတွဲ မထင်မှတ်ထားတဲ့အရာနဲ့ကြုံတွေ့လိုက်ရတဲ့အခါ။ ကျောင်း တုန်းက ငယ်သူငယ်ချင်းတွေ အတူပြန်ဆုံပြီး အပန်းဖြေခရီး ထွက်ဖို့အတွက် အတွဲကိုယ်စီနဲ့ ရွက်လှေပေါ်ကို ရောက်လာ ကြတယ်။ရောက်ရောက်ချင်းနေ့ရဲ့ ညနေခင်းမှာ မွေးနေ့ပွဲကျင်းပရင်း သောက်စားမူးယစ်ပြီး အကုန်အိပ်ပျော်သွားကြတယ်။ ဒါပေမဲ့ မနက်မိုးလင်းတဲ့အခါမှာတော့ လှေပေါ်မှာ ရိက္ခာတွေရော ဆီတွေပါမရှိတော့တဲ့အပြင် ကျောက်ဆူးပါ မချထားတဲ့အတွက် ပင်လယ်ပြင်ကြီးထဲ မျောပါသွားကြတယ်။ အားလုံးအထိတ် တလန့်ဖြစ်နေတဲ့အချိန်မှာပဲ ဝေါကီတောကီကနေ လူတစ်ယောက် ဆက်သွယ်လာပြီး တောင်းဆိုမှုတွေလုပ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.79 GB) / (814 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Khant Sett Naing Encoder..........SWM
movie
The Boat (2022)
2022
First
33
34
35
36
37
Last
Previous
Next