Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.1
Calvaire (2004)
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကိုဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီးမင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.ဒီဇာတ်ကားဟာ Special Juary Prize, Premier AwardInternational Critics Award နဲ့ Best Film Awardစတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက်ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေးဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော်မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်းတစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ်ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ်အဖိုးကြီးကလည်း ...
movie
Calvaire (2004)
Amazing Elisa (Asombrosa Elisa) (2022)
Thriller drama အမျိုးစားဖြစ်တဲ့ စပိန်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Sadrac González-Perellónကနေ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ကြည့်ရှု့ရမှာဖြစ်ပြီး မထင်ထားလောက်မယ့် plot twistနဲ့ ချပြထားဟန်က စွဲဆောင်မှု ရှိလှပါတယ်။အယ်လီနေရာမှာ သရုပ်ဆောင်ထားတဲ့ Jana San Antonioရဲ့သရုပ်ဆောင်မှုတွေကလည်း ပြောင်မြောက်လှပြီး talented castတွေဖြစ်တဲ့ Silvia Abascal, Asier Etxeandia, and Iván Massaguéတို့တွေကပါ chemistry မိမိနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ဇာတ်လမ်းလေးကို မိသားစု ၂ခုအကြောင်းနဲ့ အစပြုထားပါတယ်။ ဇာတ်လမ်း တစ်လျှောက်လုံးမှာလည်း ထိုမိသားစု၂ခုအကြောင်းကို အလွှာတစ်ခုချင်းကို တဖြည်းဖြည်းနဲ့ ဇာတ်ကိုဆွဲခေါ်ထားတဲ့ပုံစံနဲ့ ရိုက်ပြထားပါတယ်။အီစတီဘန်နဲ့ အယ်လီဆာက သားအဖပါ။ အယ်လီတို့ ရဲ့အမေကတော့ ကားမတော်တဆမှုမှာ ဆုံးပါးသွားပါတယ်။ ဟက်တာနဲ့ အူဆူလာတို့ကတော့ လင်မယားပါ။ ဟက်တာက ပန်းချီဆရာ၊ အူဆူလာကတော့ အောက်ပိုင်းသေနေတဲ့ အိမ်သူဖြစ်ပါတယ်။ ...
movie
Amazing Elisa (Asombrosa Elisa) (2022)
Black Rose (2023)
Black Rose (2023) နှင်းဆီနက်Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ဗီယက်နမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တို့ကရုပ်ရှင်ကြည့်ရင် လောင်လိုက်ရမှဆိုသူတွေ၊ မင်းသားမင်းသမီး အလန်းစားလေးကိုမှ ငမ်းချင်ပါတယ်ဆိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်လမ်းလေးပေါ့။သောင်မေဆိုတဲ့ ငယ်ရွယ်လှပတဲ့ အမျိုးသမီးလေးက ဟားတို့မိသားစုဆီမှာ ကလေးထိန်းအဖြစ်နဲ့ လုပ်ကိုင်နေပါတယ်။ရောက်ကတည်းက တစ်မိသားစုလုံးကို အရူးလုပ်ပြီး ပြဿနာတွေအမျိုးမျိုးတက်အောင် ကြံဆောင်နေပါတော့တယ်။ ကံမကောင်းစွာနဲ့ ဟားတို့ရဲ့ မိသားစုလေး ပြိုကွဲခဲ့ရပါတော့တယ်။ ဒီမှာပဲ ဟားတစ်ယောက် သောင်မေရဲ့ သရုပ်မှန်ကို တစ်စထက်တစ်စ သိရှိလိုက်ရတဲ့နောက်မှာတော့ .......(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ ToMo ပဲဖြစ်ပါတယ်) File size…1.6GB / 780MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL ~ ToMo
movie
Black Rose (2023)
2023
6.1
The Mental State (2022)
2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်.....လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ...Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး....Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie
The Mental State (2022)
Box: Metaphor (2023)
ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(468 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw
movie
Box: Metaphor (2023)
5.6
Altered (2006)
Altered 2006ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူးဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror, Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Altered (2006)
2006
5.5
Obsessed to Death (2022)
ကတ်စီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူနဲ့တွဲနေတဲ့ရည်းစားအသစ်လေး အော်စတင်က သူ့ကို အပျောက်ရိုက်သွားလို့လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဆမ်းမားဆိုတဲ့ အားကစားနည်းပြကောင်မလေးနဲ့ အော်စတင်က ရည်းစားဖြစ်နေကြတာကိုသိလိုက်ရတယ်။မနာလိုဖြစ်မိတဲ့ ကတ်စီဟာ ဆမ်းမားကို လူမှုကွန်ရက်မှာနောက်ယောင်ခံရင်း ပရိသတ်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ဆမ်းမားကို တဖြည်းဖြည်းနဲ့ စွဲလမ်းအားကျလာခဲ့မိတယ်။ကတ်စီက ဘယ်လို ဇာတ်လမ်းတွေ ခင်းပြီး ဆမ်းမားရဲ့ဘဝထဲကို ဝင်လာမလဲ... စွဲလမ်းမှုကို ဘယ်အတိုင်းအတာထိတောင်ရူးသွပ်စွာနဲ့ ကြိုးစားမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ် File size…1.4GB / 521MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
Obsessed to Death (2022)
Bermuda Island (2023)
ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie
Bermuda Island (2023)
Ruthless (2023)
ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ ...
movie
Ruthless (2023)
Saapala (2024)
Sapala (2024) အမဲလိုက်ပွဲဇာတ်လမ်းအစမှာကို နတ်ပူးသလို သရဲကပ်သလို အကြားအမြင်ရသလိုလိုနဲ့ "လူသတ်မှုဖြစ်လာတော့မယ်" ဆိုပြီးတော့ အိမ်ဖော်မလေးတစ်ယောက် ကယောင်ကတမ်းတွေပြောနေလေရဲ့ တစ်ချက်တစ်ချက်သူမကြိုမြင်လိုက်တဲ့အနာဂတ်ကပုံရိပ်ထဲမှာလည်း လူတစ်ယောက်က တူနဲ့ထုသတ်နေတာတွေ မြေမြှုပ်နေတာတွေအစုံပဲပေါ့ ယောကျာ်းဖြစ်သူကထားခဲ့လို့ ဒီအိမ်ဖော်မလေးကို အိမ်ရှင်လင်မယားဖြစ်သူကသနားလို့ခေါ်တင်ထားကြတာပါဟင်းချက်လည်းတော် အကျင့်လေးကလည်းကောင်းတော့ သူဒီအိမ်မှာသောင်တင်နေတယ်ပေါ့ သူမြင်လိုက်တဲ့မြင်ကွင်းက အိမ်ရှင်လင်မယားထဲက ယောကျာ်းဖြစ်သူ အူဒေးပါ အူဒေးလူသတ်နေပုံကို အာရုံထဲကြိုမြင်ပြီးနောက်မှာ အပြင်လောကကအူဒေးဟာလည်း ပုံမှန်လိုမဟုတ်တော့ဘူး ပုံမှန်ထက်ကို ၁၀ဆလောက်ဒေါသတွေကြီးလာပြီး စိတ်လွတ်လွတ်သွားတဲ့ပုံစံဖြစ်လာခဲ့တယ်ဒီလိုနဲ့တစ်နေ့ အူဒေးရဲ့ကျောင်းသားလိုဖြစ်နေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က ဒီအိမ်ကိုလာတည်းရင်းဇာတ်လမ်းရေးဖို့ဖြစ်လာချိန်မှာတော့ ။။ ဘယ်လိုသည်းထိပ်ရင်ဖိုတွေဖြစ်လာမလဲ အိမ်ဖော်မလေးတွေ့ခဲ့တဲ့အနာဂတ်အာရုံတွေက တကယ်ပဲလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.75GB / 737MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Saapala (2024)
2024
5.9
Tales of Babylon (2023)
Tales of Babylon (2023)2023 မှာထွက်ရှိထားပြီး ဆုတွေအများကြီးရရှိထားတဲ့ Action, Thriller ကားလေးဖြစ်တဲ့ Tales of Babylon နဲ့မိတ်ဆက်ပေးပါရစေ။~ ဇာတ်လမ်းအညွှန်း ~ကြေးစားလူသတ်သမားလေးယောက် သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ဆက်နွှယ်နေမှန်းမသိဘဲ မူးယစ်ဆေးငွေကြေးကိစ္စတွေနဲ့ ရှုပ်ထွေးနေတဲ့ လန်ဒန်မှာ မစ်ရှင်ဆောင်ရွက်နေတာကို ရိုက်ကူးပြသထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။လန်ဒန်ရဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် ဆေးဗားဒရာဂွန်ရဲ့ မြေးဖြစ်သူနှစ်ယောက်ကို လိုက်ရှာနေတဲ့ အေးဂျင့် အိတ်စ်နဲ့ဝိုင် အဖွဲ့...တစ်ဖက်မှာလည်း အဘိုးဖြစ်သူရဲ့ ခိုင်းစေမှုနဲ့ မြေးနှစ်ယောက်ကို လိုက်ရှာနေတဲ့ ကြေးစားတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်က သေသွားပြီလို့သိထားတဲ့ ဝိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း စဗက်လားနားတို့ မစ်ရှင်တစ်ခုတည်းကို လိုက်နေမှန်းမသိ လုပ်ဆောင်နေရာကနေမှ သူတို့အချင်းချင်း တာဝန်တစ်ခုတည်းမှာ ပါဝင်နေတာကို တစ်ဦးချင်းစီဘက်ကနေ ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 925MB Quality - 1080p, 720p IMDb Rating ...
movie
Tales of Babylon (2023)
2023
Splinter (2008)
လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p ...
movie
Splinter (2008)
The Cry of the Owl (2009)
ရောဘတ်ဖော်ရက်စတာက သူအချစ်ကြီးချစ်ခဲ့ရတဲ့ဇနီးသည်နဲ့ကွာရှင်းပြတ်စဲဖို့လုပ်ဆောင်နေရတဲ့အတွက် စိတ်ထိခိုက်ဖိစီးရင်းအထီးကျန်ဝေဒနာကိုခံစားနေရတဲ့သူဖြစ်ပါတယ်။စိတ်ဓာတ်ကျမူမမှန်သူတို့ထင်ရာစိုင်းလေ့ရှိတဲ့အတိုင်း သူ့မှာဝါသနာတစ်ခုငြိတွယ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လူသူမနီးတဲ့အရပ်မှာတကိုယ်တည်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုချောင်းကြည့်ပြီးစိတ်ဖြေရာကိုရှာတာပါပဲ။သူ့ဟာသူ အိမ်အလုပ်တွေနဲ့ရှုပ်နေလေ့ရှိတဲ့ မိန်းကလေးငယ်ကိုအဝေးကနေကြည့်ရတာ သူ့အတွက်စိတ်ငြိမ်းချမ်းရာ တစ်မျိုးရစေတယ်လို့ သူက အထင်ရှိပါတယ်။တစ်နေ့မှာတော့ ချောင်းကြည့်နေတဲ့သူ့ကို ကောင်မလေးကမြင်သွားပြီး စကားပြောဖြစ်ရာကနေ သူတို့နှစ်ယောက်ပတ်သက်မှုအစပျိုးလာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးငယ်ဖြစ်တဲ့ ဂျန်နီက အစွဲအလန်းကြီးအယူသီးလေ့ရှိသူ တစ်ဦးဖြစ်ပြီး ရောဘတ်ဟာ သူ့ဘ၀အတွက်နိမိတ်ပုံတစ်မျိုးကို ဆောင်နေတယ်လို့ယူဆထားပါတယ်။ ပြဿနာက ဂျန်နီမှာလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူ ဂရက် ရှိနေပြီး ရောဘတ်နဲ့တွေ့ချိန်မှာ သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ညမှာရောဘတ်ကို လုပ်ကြံဖို့ကြိုးစားရင်းအပြန်အလှန်သတ်ပုတ်ကြရာကနေ ဂရက်ကမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ ရောဘတ် သူ့ကို ထိုးချလိုက်တာ တစ်ချက်တည်းဖြစ်သလို မြစ်ထဲကျကျချင်းမသေတာသိတဲ့အတွက် ဆယ်တင်ပြီး ကမ်းနဘေးမှာထားခဲ့ပါတယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဂရက်ပျောက်ဆုံးနေမှုနဲ့အတူ စုံထောက်တွေက သူ့ကိုလာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လာချိန်မှာတော့ ရောဘတ်တစ်ယောက် သပွတ်အူနဲ့တောက်လျှောက်တိုးပါတော့တယ်။The Talented Mr. Ripley တို့ Strangers on a Train တို့လိုနာမည်ကျော်ဂန္ဓဝင်တွေ လတ်တလောနာမည်ကြီးသွားခဲ့တဲ့ Ben Affleck. ...
movie
The Cry of the Owl (2009)
Miller’s Girl (2024)
မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ် (ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ)ဇာတ်လမ်းအကျဥ်းကတော့....... မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး "ကိုင်ရို"ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ"ဂျွန်နသန်မီလာ"ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့"ကိုင်ရို"တစ်ယောက် "ဂျွန်နသန်"ရဲ့အတန်းကိုလာတက်တဲ့အခါ........"ဂျွန်နသန်"ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး "ကိုင်ရို"ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ "ကိုင်ရို"က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ......"ကိုင်ရို"ရဲ့သူငယ်ချင်း "ဝင်နီ"ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် "ကိုင်ရို"တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား..... File size…(1.2 GB)/(682 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Miller’s Girl (2024)
6.7
War On Terror: KL Anarchy (2023)
War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie
War On Terror: KL Anarchy (2023)
2023
No Way Up (2024)
No Way Up (2024)လတ်တလောထွက်ရှိထားတဲ့ Thriller/Actionဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မတူညီတဲ့ နောက်ကြောင်းကိုယ်စီနဲ့ ခရီးသည်တွေပါတဲ့ ကာဘိုကိုသွားမဲ့ မနက်အစောကြီးလေယာဉ်တစ်စင်း။ မနက်အစောလေယာဉ်ဖြစ်တာမို့ ခရီးသည် များများစားစားမပါပေမဲ့ ကံဆိုးချင်တော့ သမုဒ္ဒရာထဲကို ပျက်ကျပါတယ်။ ဒီမှာပဲ တဖြည်းဖြည်း သမုဒ္ဒရာကြမ်းပြင်ဆီ မြုပ်နေတဲ့လေယာဉ်ထဲက ခရီးသည်တွေ အောက်စီဂျင်မရှိတော့မယ့် ဒုက္ခနဲ့ ငါးမန်းတွေဝိုင်းနေတဲ့ အန္တရာယ်ကိုရင်ဆိုင်ရပါတော့တယ်။ သူတို့တွေ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်ဖို့ကြိုးစားကြတာကို အသဲတလှပ်လှပ်နဲ့ ခံစားကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Action, Horror, Thriller Quality…. 1080p | 720p File size… 1.3GB | 631MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
No Way Up (2024)
2024
5.8
Scammy Boys (2024)
Scammy Boys (2024) (အပေအတေလေးများ)ဒီတစ်ခေါက်ကတော့ လူညစ်လေးတွေဇာတ်လမ်းပေါ့။ ပိုက်ဆံရဖို့အတွက် ဘာမဆိုအသင့်ဖြစ်နေတဲ့ အနေအထားလေးနဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ရဲ့ဇာတ်လမ်းပေါ့ဗျာ။ ငွေကိုရေလိုသုံးဖူးသွားတော့ ငွေရဖို့အတွက် အလုပ်အားလုံးလုပ်ကြမယ့်ကောင်လေးတွေပေါ့။ပီယွရှ်နဲ့ ပန်ကချ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးနှစ်ယောက်ရှိတယ်။ သူတို့တွေဟာ တိုင်းတစ်ပါးက အကြမ်းဖက်သမားတွေနဲ့ အလုပ်အတူတူလုပ်ရင်း သက်စွန့်ဆံဖျား ငွေရှာကြတယ်။ ဟိုကလည်း သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတဲ့ သဘောပေါ့။ဒီလူတွေဟာလည်း ရဲတွေနဲ့ပေါင်းစားရိုက်စားလုပ်နေကြတာပေါ့။ဒီလိုလုပ်ရင်းနဲ့ တစ်ရက်မှာ သူတို့ကိုလွှတ်ပေးမယ် ဒါပေမဲ့ နောက်ဆုံးအလုပ်တစ်ခုလုပ်ပေးရမယ်လို့ အကြမ်းဖက်သမားတွေက အကြပ်ကိုင်လာတဲ့အခါမှာတော့...။ဒီကောင်လေးတွေအတွက် အသက်အန္တရာယ်များလွန်းတဲ့ အလုပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီကောင်လေးတွေလွတ်မြောက်သွားမလား...။ ကံဆိုးသွားကြမလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြနော်...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.2GB / 587MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Scammy Boys (2024)
2024
6.7
Sleep Call (2023)
ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစားအင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲအလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ်နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်းညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာရှိပါတယ်...။ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်းအမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ...သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ...စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Sleep Call (2023)
5.2
Infiltration (2022)
စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltrationလို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာမရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့ကအခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်ကပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာအဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကိုကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက်လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်... File size…1.95GB / 1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , History , Thriller Subtitle….Myanmar ...
movie
Infiltration (2022)
6.5
Land of Bad (2024)
ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ......ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်.....ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ.....ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှား ကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ.....အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား.....ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး......ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်..... File size…(4.6 GB)/ (2.1 GB)/(1.1 GB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:53:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Garfield
movie
Land of Bad (2024)
First
29
30
31
32
33
Last
Previous
Next