Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
The Pregnancy Scheme (2023)
The Pregnancy Scheme (2023)တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... ...
movie
The Pregnancy Scheme (2023)
2023
5.4
American Star (2024)
အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့John Wickထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the CaribbeanထဲကCaptain Blackbeardဖြစ်တဲ့ မင်းသားကြီးIan McShaneပါ။ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။'American Star'ဆိုတာက ကန်နေရီကျွန်းများထဲမှကမ်းခြေတစ်ခုမှာသောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊သယ်ပို့ယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်းကုန်သယ်ဖို့၊ ဟိုတယ်ဖွင့်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။နောက်ဆုံးတော့ ၁၉၉၄ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပို့ဆောင်ရင်း လမ်းခုလတ်မှာမုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင်နေခဲ့ပါတယ်...။ ၂၀၂၂ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကိုလူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို့ ပင်လယ်မျက်နှာပြင်မှာလုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး...။ဘာလို့ဒီအကြောင်းတွေပြောနေရလဲဆိုရင် ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကို ဒီသင်္ဘောနဲ့ ခိုင်းနှိုင်းပြီး ဇာတ်အိမ်တည်ထားလို့ပါပဲ...။ကြေးစားလူသတ်သမားဖြစ်တဲ့ ဝီလ်ဆန်ဟာ သူ့ရဲ့ပစ်မှတ်ကိုလုပ်ကြံဖို့အတွက် ဖွယ်တီဗန်တူရာကျွန်းကိုရောက်လာခဲ့ပါတယ်။သို့ပေမယ့် ပစ်မှတ်ဟာ အဲ့ဒီကျွန်းမှာရှိမနေခဲ့တာကြောင့် ဝီလ်ဆန်တစ်ယောက် ပစ်မှတ်အလာကိုစောင့်ရင်း ကျွန်းပေါ်မှာအချိန်ဖြုန်းဖို့ကြံခဲ့ပါတယ်။ ကျွန်းပေါ်မှာနေတဲ့ကာလအတွင်း ဝီလ်ဆန်ဟာဘယ်လိုလူတွေနဲ့ကြုံတွေ့ရမလဲ၊သူ့အလုပ်ကိုရော ပြီးမြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.54GB / 662MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 47m Genre ….. ...
movie
American Star (2024)
5.3
Red Right Hand (2024)
Red Right Hand (2024)ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 1GB Quality ...
movie
Red Right Hand (2024)
2024
5.1
Hunt to Kill (2010)
တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာအလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34%သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာကအဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကိုလိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှားရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင်ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သားအဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်းဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle ...
movie
Hunt to Kill (2010)
6.1
Brake (2012)
ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီးထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီးဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ်သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာအရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.14GB / 936MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Brake (2012)
6.5
False Trail (2011)
IMDB -6.5Rotten Tomato - 100%Rating မြင့်မှကြည့်ချင်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ဆွီဒင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာတော့ နယ်မြို့လေးတစ်မြို့က အမဲလိုက်အဖွဲ့ကသစ်တောထဲမှာသားကောင်ပစ်လို့ပြင်ဆင်နေကြရင်းနဲ့အရက်ဆိုင်မှာအလုပ်လုပ်တဲ့ အဲလင်းရဲ့ကားကိုအမှတ်မထင်တွေ့သွားတယ်။ ကားထဲမှာဘယ်သူမှမရှိပေမယ့် သွေးစသွေးနတွေနဲ့ဖရိုဖရဲဖြစ်နေတာကိုတွေ့တော့ ရဲတပ်ဖွဲ့မှူးမတ်က အမဲလိုက်အဖွဲ့မှာပါတဲ့ ရဲအရာရှိဖြစ်တဲ့ တိုစတန်ကိုဖုန်းဆက်ခေါ်လိုက်တယ်။အခြေအနေကိုစမ်းစစ်ပြီးနောက်မှာတော့ အဲလင်ဟာအသတ်ခံရတာဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်။ အလောင်းနဲ့ လူသတ်လက်နက်ကိုရှာမတွေ့ပေမယ့် သံသယရှိသူတွေကိုစစ်ဆေးမေးမြန်းရင်းနဲ့ကားပေါ်မှာကျန်ခဲ့တဲ့လက်ဗွေရာနဲ့ကိုက်ညီတဲ့ ရာရီဆိုတဲ့သူကိုရှာတွေ့သွားတယ်။ ရာရီက တိုစတန်နဲ့တစ်ချိန်တစ်ခါက ပြဿနာတစ်ချို့ရှိခဲ့ဖူးတော့ ပုဂ္ဂိုလ်ရေးပြဿနာတွေပါမှာစိုးတဲ့အတွက် မတ်ကစတော့ခ်ဟုမ်းက မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အကူအညီတောင်းလိုက်တယ်။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့မြို့မှာမွေးအဲ့မြို့မှာကြီးပြင်းခဲ့တဲ့ အဲရစ်ကို အမှုစစ်ဖို့လွှတ်လိုက်တယ်။အဲရစ်ရဲ့စစ်ဆေးမှုတွေအရ ရာရီဟာလူသတ်ပါတယ်ဆိုတဲ့လုံလောက်တဲ့သက်သေတွေ မရတဲ့အတွက်ရာရီလွှတ်လိုက်ရတယ်။အကုန်လုံးက ရာရီကိုလူသတ်တရားခံလို့ထင်နေချိန်မှာ အဲရစ်ကလူသတ်သမားက အခြားလူဖြစ်နိုင်တယ်လို့ထင်တဲ့အတွက်စစ်ဆေးမှုဆက်လက်လုပ်ဆောင်ပါတော့တယ်။ အဲရစ်တစ်ယောက်လူသတ်သမားအစစ်ကိုရှာဖွေနိုင်မလားဆိုတာဆက်လက်ကြည့်ရှူပေးကြပါဦး.. File size…2.09GB / 937MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 9m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
False Trail (2011)
7.5
Femme (2023)
ဂျူးလ်ဟာ drag queen တစ်ယောက်ဖြစ်ပြီး ပွဲတွေမှာ ဖျော်ဖြေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ ပွဲပြီးလို့ အိမ်ပြန်တဲ့လမ်းမှာ ဂေးမုန်းတီးတဲ့ လူမိုက်တစ်စုက ပစ်မှတ်ထားတိုက်ခိုက်တာကို ခံလိုက်ရပြီး သူ့ဘဝရော၊ အလုပ်တွေပါပျက်စီးသွားခဲ့ပါတယ်။ဒီလိုဆိုးဝါးတဲ့ဖြစ်ရပ်တွေအပြီး တစ်ညမှာတော့ ဂေးအပူထုတ်ခန်းမှာ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ ပရက်စတန်ကို တွေ့ခဲ့ပြီး လက်စားပြန်ချေဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။1917 ရဲ့သရုပ်ဆောင် George MacKay ရဲ့ ပုံမှန်ထပ် ထူးခြားကွဲထွက် နေတဲ့ သရုပ်ဆောင်ပုံတွေကိုပါကြည့်ရှုကြရမှာပါ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size…(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie
Femme (2023)
5.2
The River Murders (2011)
လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင်အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင်ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကိုတွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကိုလက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီးအသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီးဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံမုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ File size…1.51GB / 780MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ...
movie
The River Murders (2011)
7
PTU (2003)
PTU (2003)~ IMDb - 7/10, Rotten Tomatoes - 6% ~Directed by "Johnnie To"ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် ...
movie
PTU (2003)
2003
5.8
Hunter Prey (2010)
ဇာတ်လမ်းအစကတော့ ဂြိုလ်တစ်ခုပေါ်ကိုယာဉ်တစ်စီးပျက်ကျလာတယ်။ ယာဉ်ပေါ်ကတာဝန်ရှိတဲ့လူတွေထိခိုက်ဒဏ်ရာဖြစ်နေချိန်မှာ အကျဉ်းသားတစ်ယောက်ကလက်နက်ယူပြီးထွက်ပြေးသွားတယ်။ဒုဗိုလ်ဖြစ်တဲ့ ဆန်တူရီဟာ သူ့လူတွေသေဆုံးရတာဖြစ်တဲ့အတွက် အထက်အရာရှိဖြစ်တဲ့ ကွန်မန်ဒါကာဇာကိုအကျဉ်းသားရဲ့ အခြေအနေအစစ်အမှန်ကိုသိချင်နေတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက်မပြောချင်လို့ ကာဇာဟာဝေ့လည်ကြောင်ပတ် ဖြေရင်းအကျဉ်းသားကိုလိုက်ဖမ်းဖို့လုပ်နေတယ်။ ဌာနချုပ်ကအကျဉ်းသားကိုအသက်ရှင်လျက်လိုချင်တာဖြစ်တာကြောင့် တစ်ခုခုမဖြစ်ခင်မှာဖမ်းချင်တဲ့အတွက်အမိန့်ကိုနာခံရင်း ကာဇာက ကျန်တဲ့နှစ်ယောက်နဲ့အတူလိုက်ဖမ်းပါတော့တယ်။ တိုက်ခိုက်ရည်ကျွမ်းကျင်မှုကြောင့်ဂြိုလ်ရဲ့ကျောက်စောင်းတစ်နေရာမှာ တပ်သားတစ်ယောက်ထပ်မံဆုံးသွားတဲ့အတွက် ဆန်တူရီဟာ ကာဇာကိုအတော်လေးစိတ်ဆိုးသွားတယ်။ ဖြစ်ရပ်မှန်ကိုသိချင်ကြောင်းနဲ့မပြောပြရင် တစ်ယောက်တည်းလိုက်ဖမ်းမယ်လို့အတင်းခြိမ်းခြောက်တဲ့အတွက် ကာဇာကပြောပြလိုက်တယ်။အကျဉ်းသားဟာ သူတို့ဖျက်ဆီးခဲ့တဲ့ကမ္ဘာဂြိုလ်ရဲ့နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီးငါတို့ကိုလက်စားချေဖို့အတွက် နူကလီယားဗုံးတင်ထားတဲ့ယာဉ်ကို ငါတို့ဂြိုလ်ဆီကိုလွှတ်လိုက်တဲ့အတွက် ယာဉ်ရဲ့တည်နေရာကိုမဖြစ်မနေသိရဖို့ အသက်ရှင်လျက်ဖမ်းရမှာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့.... File size…1.49GB / 714MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Sci-fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Hunter Prey (2010)
5.9
Collision (2013)
ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ။စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာမော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာကားမတော်တဆဖြစ်ခဲ့ပါတယ် ။ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာသောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်းမဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီးကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူသူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါတော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်းရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ... အိုမာဟာ ဘယ်လိုလူလဲ ။စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ...
movie
Collision (2013)
6.6
Dark Blue (2002)
အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie
Dark Blue (2002)
They Want Me Gone (2022)
ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ်ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
They Want Me Gone (2022)
The Group (2022)
၂၀၂၂ ခုနှစ်ထွက် Crime thriller ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ မူးယစ်ဆေးစွဲသူတွေ ဆေးဖြတ်တဲ့ကာလမှာ အထောက်အကူပြုပေးရတဲ့ ပံ့ပိုးရေးအဖွဲ့တစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့လူခြောက်ယောက်ပါ မူးယစ်ဆေးဖြတ်အထောက်အကူပြုအဖွဲ့တစ်ခုဟာ ပုံမှန်အပတ်စဉ်တွေ့နေကျ တွေ့ဆုံပွဲတစ်ခုလုပ်ပါတယ်။ ပုံမှန်အစီအစဥ်အတိုင်း ဆောင်ရွက်နေစဉ်မှာ အမည်မသိ မျက်နှာစိမ်းလူတစ်ယောက် ရောက်ချလာပြီး ဝင်ဆွေးနွေးပါတယ်။နောက်ပိုင်းမှာ အဲ့လူဟာ ပုံမှန်စကားပြောနေရာကနေ ခေါင်းဆောင်ဆရာမကိုသေနတ်နဲ့ပစ်ပြီး အကြမ်းဖက်လာရာကနေ သူ့ရဲ့ဘီလူးခေါင်းကွာကျသွားပြီး သရုပ်မှန်ပေါ်လာပါတော့တယ်။ အမှန်တော့သူဟာ ဒီတွေ့ဆုံပွဲကို သဘောရိုးနဲ့မဟုတ်ဘဲ ဒုက္ခပေးဖို့ရောက်လာတဲ့ သေနတ်သမားတစ်ယောက်ပါ။ အဲ့လိုဖြစ်ပေမယ့် သူဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ကျန်တဲ့သူတွေက မသိကြသလို အဖြစ်အပျက်ကို နားလည်မလည်နိုင်ဖြစ်နေကြပါတယ်ပါ။သေနတ်သမားဟာ အဖွဲ့သားတွေကိုဖမ်းချုပ်ပြီး ညွှန်ကြားချက်တွေပေးကာ လိုက်လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေရင်းကနေ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာပြီး နောက်ဆုံးမှာ သေနတ်သမားရဲ့မူလဇာစ်မြစ် ဘွားခနဲ ပေါ်လာပါတော့တယ်။Dylan Baldwin၊ Mike Kelson၊ Tom Coulston၊ Jennifer Aries၊ Evangelina Burton၊ Luke ...
movie
The Group (2022)
Monolith (2023)
ဒီတစ်ခါတော့ ပရိသတ်ကြီး ဦးနှောက်ကို အလုပ်ပေးရမယ့် လျှို့ဝှက်ဆန်းကြယ် ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ် ချမ်းအေးတဲ့ ညနေခင်းလေးနဲ့လည်း လိုက်ဖက်မယ့် Horror အငွေ့အသက်ကိုပါ ခံစားရမှာပါဇာတ်လမ်းရဲ့တင်ပြပုံက ဆန်းပါတယ်မင်းသမီးဆိုလို့ Evil Dead ဇာတ်ကားသစ်ထဲက မင်းသမီးတစ်ယောက်ပဲ သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီး ကျန်တဲ့ ကာရိုက်တာအားလုံးကို အသံသရုပ်ဆောင်အဖြစ်ပဲ ထည့်သွင်းထားတာဖြစ်ပါတယ် ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးကို တောနက်ထဲက အိမ်တစ်လုံးမှာပဲ ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ခေါင်းမာတဲ့ ဂျာနယ်လစ်မလေးတစ်ယောက်က သတင်းမှားဖော်ပြမှုကြောင့် လူသိရှင်ကြား တောင်းပန်လိုက်ရပြီး စိတ်ပြေလက်ပျောက် မိဘတွေ ခရီးသွားနေတုန်း သူ့မိဘတွေအိမ်မှာ ခဏ ပြောင်းနေပါတယ်ဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအကြောင်း တင်ဆက်တဲ့ ပေါ့ကတ်စ်(podcast) အစီအစဉ်ကို တစ်ယောက်တည်း ထိုင်လုပ်ရင်း တစ်နေ့ အမည်မသိလူတစ်ယောက်က သူမကို "အနက်ရောင် အတုံးတစ်တုံး" အကြောင်းနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တစ်ခုကို ထူးထူးခြားခြားပို့လာပါတယ် ဒီကနေတစ်ဆင့် ဂမ္ဘီရဆန်လွန်းတဲ့ ဒီပစ္စည်းအကြောင်းကို တစ်ယောက်ပြီး တစ်ယောက် ...
movie
Monolith (2023)
Cold Copy (2023)
ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Cold Copy (2023)
8.3
Eagle (2024)
Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie
Eagle (2024)
2024
Cherry Falls (1999)
ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias
movie
Cherry Falls (1999)
The Shortcut (2009)
၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ...
movie
The Shortcut (2009)
Double Blind (2023)
Double Blind ဆိုတာက သုတေသနလုပ်ရာမှာ စမ်းသပ်တဲ့သူရော စမ်းသပ်ခံရတဲ့သူပါ စမ်းသပ်မှုမပြီးမချင်း သိရှိခြင်းမရှိဘဲ စမ်းသပ်တာကိုခေါ်တာပါ....ဒီကားလေးထဲမှာတော့ ဘလက်ခ်ဝုဒ်ဆိုတဲ့ ဆေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် ကျန်းမာတဲ့သူတွေကို အခကြေးငွေပေးပြီး ခေါ်ယူခဲ့တော့ စုစုပေါင်း ၈ယောက် စမ်းသပ်ခံခဲ့ပါတယ်.....အဲဒီထဲမှာ ပတ်ပြီးစမ်းသပ်ခံနေတဲ့သူတွေရော ပိုက်ဆံလိုလို့လာတဲ့သူတွေရော အဲဒီ ဘလက်ခ်ဝုဒ် ကုမ္ပဏီမှာပဲ အလုပ်သင်ဆင်းချင်လို့ မျက်နှာရအောင်လာတဲ့ ဆေးကျောင်းသားရော ပါလာခဲ့ပါတယ်......ဒီလိုနဲ့ ၅ရက်တာ စမ်းသပ်ရမဲ့ စမ်းသပ်မှုမှာ စမ်းသပ်ခံတွေက နည်းနည်းလေး မသင်္ကာလည်းဖြစ်လာရော ကုမ္ပဏီအနေနဲ့ ဘယ်လို ထပ်ဆွယ်မလဲ......သူတို့က ဘာကို စမ်းသပ်မှာလဲ......စမ်းသပ်ချက် အောင်မြင်ရင်ရော ဘယ်လိုအကျိုးပြုနိုင်တဲ့ ဆေးဝါးမျိုး ထုတ်လုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့....... File size…(1.1 GB)/(549 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Garfield
movie
Double Blind (2023)
First
28
29
30
31
32
Last
Previous
Next