Channel Myanmar

Thriller

Penthouse North (2013) 5.5
Penthouse North (2013)  ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီးသူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်းမကြိုက်တတ်ပါဘူး။ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာသောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကိုသိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း ......သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ .......လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေကဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ .....သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား ......ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား .....ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penthouse North (2013)

Argylle (2024)
Argylle (2024) Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။ဇာတ်လမ်းအကျဉ်းအယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်းရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကိုလုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီးသူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီးအသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။ www.cmapp.tv မှာ member ဝင်ပြီး CM ...
movie

Argylle (2024)

4K HEVC
Red Dot (2021) 5.5
Red Dot (2021)  တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကိုမြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လိုစိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသားဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီးနှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကိုပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lightsတွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်းရုတ်တရက်ကြီး  Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့  ကြည့်ရှူသူ‌တွေကိုအဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twistအပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေးကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror ...
movie

Red Dot (2021)

[18+] Slashening: The Final Beginning (2021)
[18+] Slashening: The Final Beginning (2021) ဒီရုပ်ရှင်ကတော့ 2015 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Slashening ရဲ့ အဆက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လောင်းအိုင်လန်သတ်ဖြတ်မှုကြီးဖြစ်အပြီး ငါးနှစ်အကြာမှာတော့ မက်ဒီဆင်ဟာ ဘရွတ်ကလင်းကိုပြောင်းလာခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း သူ့ကိုယ်သူသ-တ်သေသွားခဲ့တာမလို့ စိတ်အကြံပေးစကားဝိုင်းကိုသွားတက်ရင်း အစီအစဉ်မှူးက လောင်းအိုင်လန်သတ်ဖြတ်မှုကြီးမှာ ရှင်ကျန်ခဲ့တဲ့ ပတ်ဖြစ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့ထပ် တစ်နေ့ဆွေးနွေးပွဲကို လာတဲ့လူတွေနည်းနည်းလာခဲ့ပြီး ကောင်မလေးနှစ်ယောက်လည်း အသတ်ခံလိုက်ရတဲ့အခါ ...Low budget ကားဖြစ်တာမလို့ လိုအပ်ချက်တချို့ရှိပေမဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့တော့အဆင်ပြေတဲ့ ဟော်ရာကားလေး တစ်ကားဖြစ်ပါတယ်။သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။File size…(1.5 GB)/(665 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

[18+] Slashening: The Final Beginning (2021)

Ribblehead (2022)
Ribblehead (2022) အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က ...
movie

Ribblehead (2022)

Vengeance (2009) 6.5
Vengeance (2009) Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie

Vengeance (2009)

2009
The Beach House Murders (2024) 5.4
The Beach House Murders (2024) The Beach House Murders [2024] (IMDb 5.6/10)ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်... မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ... ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်... အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်... တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့် စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း... စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့... သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်... ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်... သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်... ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ ...
movie

The Beach House Murders (2024)

2024
Mrs. Influencer (2023) 7
Mrs. Influencer (2023) Senora Influencer (2023)အခုခေတ်မှာ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့နိစ္စဓူဝမှာ မပါမဖြစ်အရာတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ်တိုင်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာမှာ မွှေနှောက်ရှာဖွေရင်း အတင်းအဖျင်းတွေ ပွဲတွေရှာဖတ်ရင်း ဖြုန်းမှန်းမသိ ဖြုန်းမိနေတာပေါ့။ ဒီလိုပြော‌နေတဲ့ ကျွန်တော်သည်လည်း ဆိုရှယ်မီဒီယာမှာ နစ်မျောနေတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ လိုတာထက်ပိုလာရင် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ကလေးတွေအတွက်တော့ ဒီဆယ်လီရူးရောဂါက အတော်ကြီးတဲ့ဒုက္ခဖြစ်လာမှာပါ။ အခုဒီကားလေးကတော့ ဆိုရှယ်မီဒီယာရဲ့ လူထုအပေါ်သက်ရောက်မှုကို တစ်စေ့တစ်စောင်း မီးမောင်းထိုးပြထားတာပေါ့။ဖာတီမာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါကြောင့် ကုသမှုခံယူနေရတဲ့သူပေါ့။ ဒါပေမဲ့ အရူးကိုအရူးလို့ပြောရင် အရူးစိတ်ဆိုးသလိုပဲ ဖာတီမာကိုလည်း သူ့မိဘတွေက စိတ်ရောဂါကုဖို့ပြောရင် ဖာတီမာ အရမ်းစိတ်ဆိုးပါတယ်။ ဒါပေမဲ့လည်း မကုရင် ရင့်လာမယ့်ရောဂါဆိုတော့ အဖေကဘာမှမေးနေပြောမနေတော့ဘဲ ဖာတီမာကို ဆေးတွေအတင်းတိုက်ပြီး အိမ်ထဲပိတ်ထားတာပေါ့။ ဒီလုပ်ရပ်က မှန်လားမှားလားတော့မသိပေမဲ့ ဖာတီမာအတွေးထဲမှာတော့ အဖေကသူ့ကိုအဆိပ်တိုက်ပြီး အိမ်ထဲပိတ်ထားတယ်၊ အမေကလည်း သူ့ကိုယ်သူသတ်သေသွားတယ်ဆိုတဲ့ စိတ်ဒဏ်ရာတွေ ကြီးစိုးနေတာပေါ့။တစ်နေ့မှာ ဖာတီမာတစ်ယောက် အဖေ့ပိုက်ဆံကိုခိုးပြီး ဂျက်ကီဆိုတဲ့ life style influencerရဲ့ ဆွေးနွေးပွဲတက်ရာကနေ ဂျက်ကီရဲ့ ကမ္ဘာကြီးကို မဟားတရားအကောင်းမြင်တဲ့ အချိုသပ်စကားတွေထဲ မျောပြီး အရူးတောင်ပံတပ်‌သလို ဖြစ်‌နေချိန် ဖုန်းဝယ်လိုက်ချိန်မှာတော့ ဘဝမှာကွက်လပ်တွေပြည့်နေတဲ့ ...
movie

Mrs. Influencer (2023)

2023
Joy Ride (2001) 6.6
Joy Ride (2001) လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre...Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie

Joy Ride (2001)

Stalked by My Doctor (2015)
Stalked by My Doctor (2015)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကား‌လေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ‌ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင်Stalked by My Neighbour (2015), Stalked by My Doctor: The Return (2016), Stalked by My Mother (2016), Stalked by My Doctor: Patient's Revenge (2018) ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ...
movie

Stalked by My Doctor (2015)

Malicious (2023)
Malicious (2023)  2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie

Malicious (2023)

Cellphone (2023)
Cellphone (2023)  ၀င်နီလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ၀င်နီဟာ PTSD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရပါတယ်။၀င်နီဟာ အပြောင်းအလဲဖြစ်ဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်က လည်ကွင်းအိမ်လေးတစ်ခုကို ခေတ္တပြောင်းရွှေ့လာပါတယ်။ ဒါပေမဲ့ ၀င်နီတစ်ယောက် အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့အခါ မျှော်လင့်ထားသလို ခံစားနေရတဲ့စိတ်ဝေဒနာတွေဟာ မလျော့နည်းလာပြီး ပိုလို့တောင်တိုးလာခဲ့တဲ့အပြင် တကယ်မရှိတဲ့ မြင်ကွင်းတွေကိုပါ မြင်လာခဲ့ရပါတယ်။ဒီထက်ပိုဆိုးတာကတော့ သူမရဲ့ဖုန်းကို တကယ်မရှိတဲ့ ဖုန်းခေါ်ဆိုသူတွေက ခဏခဏခေါ်လာပြီး ၀မ်းနည်းစရာ ကြောက်စရာ စကားတွေ မြင်ကွင်းတွေကို ကြားရ မြင်ရအောင် လုပ်လာခဲ့ပါတယ်။၀င်နီအတွက် ကံကောင်းတာတစ်ခုကတော့ ၀င်နီနေထိုင်နေတဲ့ ခြံဘေးမှာ ဂိုထောင်လေးတစ်ခုရှိပြီး အဲဒီဂိုထောင်မှာ အလုပ်လုပ်တဲ့ ခရစ်လို့အမည်ရတဲ့အမျိုးသားဟာ ၀င်နီခံစားနေရတာတွေကို ရိပ်မိသွားတာပါ။ ဒီလိုနဲ့ ခရစ်တစ်ယောက် ၀င်နီကိုချဉ်းကပ်ပြီး အဖော်ပြုပေးဖို့ ၀င်နီတစ်ယောက် သူမခံစားနေတဲ့ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုမမျှော်လင့်ထားတဲ့အရာတွေကို ထပ်မံကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File ...
movie

Cellphone (2023)

Anaconda ( 2024 ) 5.7
Anaconda ( 2024 ) ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင် မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။ သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Anaconda ( 2024 )

Stranger in the Woods (2024)
Stranger in the Woods (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အိုလီဗီယာဆိုတဲ့ကောင်မလေးတစ်ယောက်မှာ သူနဲ့ စေ့စပ်ကြောင်းလမ်းထားသူကားမတော်တဆမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်သိပ်မကြာခင် သူမကိုလည်း လက်ကောက်ဝတ် လှီးထားတဲ့ဒဏ်ရာနဲ့ ရေချိုးခန်းထဲမှာ သတိလစ်နေတာကို သူငယ်ချင်းတွေကတွေ့ပြီး အချိန်မီ ဆေးရုံပိုနိုင်ခဲ့ပါတယ်.အဲဒီနောက်တော့ စိတ်ပြေလက်ပျောက် ဖြစ်အောင်သူငယ်ချင်းတွေစုပြီး တောအုပ်စခန်းချဖို အလည်ခရီးထွက်လာခဲ့ကြပါတယ်  စခန်းကို ရောက်ပြီး နောက်တစ်နေ့မှာအိုလီဗီယာနဲ့အတူ ပါလာတဲ့ ခွေးမလေး ပျောက်ဆုံးသွားခဲ့ပါတယ်။အဲဒီနောက် တယောက်ယောက် စောင့်ကြည့်ခံနေရသလိုခံစားရတဲ့ အိုလီဗီယာတစ်ယောက် ဘာတွေ ကြုံဆုံရမလဲ။သူငယ်ချင်းတွေ ယုံကြည်ထားကြသလို သူမ ကိုယ်တိုင်သေကြောင်းကြံစည်ခဲ့တာ မဟုတ်ခဲ့ဘူး ဆိုရင်ရော ဘယ်သူကလုပ်ခဲ့တာလဲ..။ File size…1.2GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Stranger in the Woods (2024)

Headshot (2016)
Headshot (2016) Headshot (2016)အကြမ်းအရမ်းမှာ နာမည်ကြီးတဲ့ အက်ရှင်မင်းသား Iko ရဲ့ ကားဟောင်းထဲက ကားကောင်းလေး ပြန်ကြည့်ကြမယ်နော်။၆နှစ်ကနေ ၁၀နှစ်အောက် ကလေးငယ်တွေကိုပဲ ရွေးဖမ်းပြီးတော့ လက်ရွေးစင်ခိုးဆိုးလုနှိုက်တွေဖြစ်အောင် ပျိုးထောင်နေတဲ့ အကြမ်းဖက်ဖခင်ကြီးလို တင်စားခေါ်ကြတဲ့လူ၊ အဲဒီလူတည်ထောင်ထားတဲ့ဂိုဏ်းကတော့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကြားမှာတောင် အကြမ်းဆုံး အကြောက်ရဆုံးဂိုဏ်းတစ်ခုပေါ့။ ပင်လယ်ကမ်းခြေမှာ ဒဏ်ရာတွေနဲ့လဲကျနေတာကိုမြင်ပြီး ကယ်တင်ခံခဲ့ရာကနေ အိုင်လင်လို့ခေါ်တဲ့ ဆရာဝန်လေးနဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေး၊ သူ့ရဲ့ဒဏ်ရာတွေကြောင့် အတိတ်ကိုပြန်သတိမရဘဲ သူ့ကိုယ်သူ အစ်ရှ်မိုင်ယာလို့ နာမည်ပေးလိုက်ပြီးနောက် ဆရာဝန်မလေးအိုင်လင်နဲ့ ရင်းနှီးလာကြပြီး ဆရာဝန်မလေးက သူ့ခေါင်းထဲက ကျည်စတွေကို ထုတ်နိုင်ဖို့ ဂျကာတာကိုသူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့ပေမဲ့ သူ့ကိုယ်သူပြန်လည်ရှာဖွေမယ်ဆိုပြီးတော့ ရှာဖွေခဲ့ရာကနေ .... ဘယ်လိုတွေကြုံတွေ့ရမလဲ ..... အဲဒီဂိုဏ်းနဲ့ရော သူကဘယ်လိုတွေ ပတ်သတ်နေလဲ ..... ဒီကောင်လေးနဲ့ ဆရာဝန်မလေးအိုင်လင်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .... ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File size… 1.8GB ...
movie

Headshot (2016)

2016
The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Parallel (2024)
Parallel (2024)  ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်...။ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ...။သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကိုလမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်းအိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာသူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်...။မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့်ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Parallel (2024)

Stuff and Dough (Marfa Si Banii) (2001) 7.3
Stuff and Dough (Marfa Si Banii) (2001) Marfa si banii ဆိုတာ ပစ္စည်း နဲ့ ငွေ ကို ရိုမေးနီးယားဘာသာစကားနဲ့ရေးထားတာပါ။ IMDb 7.3 အထိရရှိထားတဲ့ low budget film တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့...မိဘတွေကို အိမ်ဆိုင်ဖွင့်ကူရင်း တောက်တိုမယ်ရလုပ်ပြီး နေထိုင်နေတဲ့ အိုဗီဒူဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အိုဗီဒူက မိဘတွေနဲ့ အိမ်ခွဲနေပြီး သူ့ရဲ့ကိုယ်ပိုင်ဈေးဆိုင်လေးကို ဖွင့်ချင်တာ။ ဒီလိုဖွင့်ဖို့က‌လည်း အရင်းအနှီးတစ်ခုကတော့ လိုနေတာမလို့ အကြံအစည်ကိုအကောင်အထည်မဖော်နိုင်သေး ဖြစ်နေတယ်။တစ်ရက်မှာတော့ အိုဗီဒူကို အဖိုးကြီးတစ်ယောက်က ၃ ၊ ၄ နာရီ‌ပဲမောင်းရမယ့် ခရီးတစ်ခုအတွက် မြိုးမြိုးမြက်မြက်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီအလုပ်ကတော့ အိုဗီဒူတို့မြို့ကနေ တခြားမြို့ကို ပစ္စည်းပို့ပေးရမှာပါ။ နဂိုကတည်းက ပိုက်ဆံအချီကြီးရဖို့ စောင့်မျှော်နေတဲ့ အိုဗီဒူလည်း ဂွင်တွေ့သွားပြီ သူငယ်ချင်းအတွဲဖြစ်တဲ့ ဗာလီနဲ့ ဘက်တီ တို့ကိုခေါ်ပြီး ဗန်ကားလေးတစ်စီးနဲ့ ဘူကာရက်စ်မြို့ကနေထွက်ခွာလာခဲ့တယ်။ထုံးစံအတိုင်း လမ်းရောက်တော့မှ သယ်လာရတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေမဟုတ်မှန်း သိလိုက်ရတဲ့နောက်မှာတော့ အိုဗီဒူတို့သူငယ်ချင်းသုံးယောက် ...
movie

Stuff and Dough (Marfa Si Banii) (2001)

Jaspal (2024) 7.7
Jaspal (2024) Jaspal 2024 (ဂျက်စ်ပါ) IMDb _ 7.6ရုန်းထွက်ချင်တဲ့ ဘဝတစ်ခုမှာနေနေကြရတဲ့ ညီအစ်ကို၂ယောက်ဖြစ်တဲ့ဂျက်စ်ပါနဲ့ ဗစ်ကီ .. ဂျက်စ်ပါကတော့ လက်လှမ်းမမီနိုင်တဲ့နေရာတစ်ခုကကောင်မလေးကိုခိုးချစ်နေသူတစ်ယောက်ပါဗစ်ကီကတော့ ကနေဒါကိုပြောင်းရွှေ့နေထိုင်ပြီးတော့ ဘဝသစ်စချင်သူတစ်ဦး သူတို့လက်ရှိဘဝကတော့ ကြေးစားလူသတ်သမားတွေ ပိုက်ဆံပေးခိုင်းရင်ဘယ်သူ့ကိုမဆိုသတ်ပေးရတဲ့ လူသတ်သမားတွေပေါ့ငွေကဒုတိယဘုရားသခင်ဆိုသလို ငွေပိုရှိတဲ့ကောင်ဘုရင်ဖြစ်နေတဲ့ချန်ဒီဂါ့တ်မှာ ရဲအရာရှိဆန်ဂျေးခိုင်းတာကို လုပ်နေရတဲ့ဒီ၂ယောက်က နောက်ထပ်အလုပ်နည်းနည်းလေးသာထပ်လုပ်ပေးမယ်ဆိုရင် သူတို့ဘဝတွေကို ကနေဒါပြောင်းပြီးတော့ အသစ်စနိုင်မဲ့အခွင့်အရေးရှိနေပါတယ် ဒါပေမဲ့ကံဆိုးချင်တော့ ဒီလိုအခွင့်အရေးနီးကပ်လာတော့မှ ဆန်ဂျေးဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားမိတဲ့အခါ...သူတို့တွေ ဘယ်လိုရုန်းထွက်ကြမလဲ သူတို့အိပ်မက်တွေကိုရောအကောင်အထည်ဖော်နိုင်မှာလားဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.37GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ ...
movie

Jaspal (2024)