Channel Myanmar

Thriller

The Wages of Fear (2024)
The Wages of Fear (2024)  ဇာတ်လမ်းအကျဉ်းက တိုက်ခိုက်မှုတစ်ခုကြောင့် ရေနံတွင်းတစ်တွင်းမီးလောင်ကျွမ်းရာမှ ရွာသားများအသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်လာသောအခါ ရေနံကုမ္ပဏီမှတာဝန်ရှိသူများက ပေါက်ကွဲပစ္စည်းများကို သယ်ဆောင်ပြီး ဒီအန္တရာယ်က်ို ဖြေရှင်းဖို့ကြိုးပမ်းပါတော့တယ်။ဒီတာဝန်ကို လက်ခံလုပ်ဆောင်ပေးမည့်သူ မရှိသည့်အတွက် ဖရက်ဆိုသူကို အစ်ကိုဖြစ်သူအားထောင်ထဲကလွတ်အောင်လုပ်ပေးမည်ဟု မက်လုံးပေးကာ တာဝန်အပ်နှင်းပါတော့တယ်။ ဖရက်တို့အဖွဲ့ ပေါက်ကွဲပစ္စည်းတွေကို သယ်ကာ မီးလောင်တဲ့နေရာကို ဘယ်လိုသွားကြမလဲ၊လမ်းမှာဘယ်လို အန္တရာယ်တွေနဲ့ရင်ဆိုင်ကျော်လွှားရမလဲကို ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Wages of Fear (2024)

Farrey (2023) 6.3
Farrey (2023) Farrey (2024) IMDb.6.3 CM ပရိတ်သတ်တွေအတွက် remake ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ထိုင်းမှာသာမက ကမ္ဘာတစ်ခုလုံးမှာပေါက်ခဲ့တဲ့ Bad genius ကားရဲ့ အိန္ဒိယဗားရှင်းremakeလေးပါ... IMDb 6.3ရထားပြီး အိန္ဒိယစတိုင်သီချင်းအလန်းစား.အကအမိုက်စားလေးတွေနဲ့ ကြည့်ရှုရမှာပါ...နီယာတီက ငယ်စဥ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာပါ.အားတဲ့အချိန်တွေမှာ ဂိုက်သင်ပြီးအပိုဝင်ငွေရှာလေ့ရှိပါတယ်. တစ်ရက်တော့ နီယာတီက USPCစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမရပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်.. နာမည်ကြီးသူဌေးကျောင်းကိုစကော်လာနဲ့ဝင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်..မိဘမဲ့ဂေဟာအတွက် ငွေအရမ်းရှာပေးချင်တဲ့ နီဟာတီဟာ အဲဒီကျောင်းမှာ သူ့လိုပဲ ဉာဏ်ကြီးရှင်အာကတ်ရှ်နဲ့ပေါင်းပြီး နှစ်ယောက်သားငွေအတွက် ဘယ်လိုလုပ်ရပ်မျိုးတွေလုပ်ကြမလဲဆိုတာကတော့.... ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် File size…1.5GB / 705MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Farrey (2023)

2023
State of Consciousness (2023)
State of Consciousness (2023)  The Flash, The Walking Dead, 9-1-1 စတဲ့ Series တွေရဲ့ DirectorMarcus Stokes ရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးတစ်ကားပါInto The Wild နဲ့ The Girl Next Door ထဲက မင်းသား Emile Hirsch အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Tatjana Nardone နဲ့ Kesia Elwin တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းကတော့ စတီဖင် ဟာ ကိုယ်ပိုင် စတိုးဆိုင်လေးနဲ့ ဆီပန့်ဆိုင်လေးဖွင့်ထားပြီးဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ စစ်ပြန်ကြီးတစ်ယောက်ပေါ့ တစ်နေ့တော့ လူသတ်မှုတစ်ခုနဲ့ ထောင်ချောက်ဆင်ခံရပြီး ထောင်ထဲကိုသွားရမယ့်အစား ပြစ်ဒဏ်ပိုသက်သာရအောင်ဆိုပြီး စိတ်ဒဏ်ရာရပြီး စိတ်ရောဂါဖြစ်ဖူးတဲ့မှတ်တမ်းရှိဖူးတာကို အသုံးချပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်......ဆေးရုံမှာသူ့ကို ဒေါက်တာ ဖီဒါ က စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးရာကနေ......အဖြစ်အပျက်တွေက အရှေ့ရောက်လိုက် အနောက်ရောက်လိုက်နဲ့....ဘယ်ဟာက အမှန်တကယ်၊ ဘယ်ဟာက ထင်ယောက်ထင်မှား၊ ဘယ်ဟာက ...
movie

State of Consciousness (2023)

Sunshine (2007)
Sunshine (2007)  အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ်ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus ...
movie

Sunshine (2007)

Crank (2006) 7.0
Crank (2006) မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာအသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်....ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့  Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး....ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့  Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller ...
movie

Crank (2006)

4K HEVC
Sanjuro (1962) 8.0
Sanjuro (1962)  ၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ...
movie

Sanjuro (1962)

The Wicked Are Alive / Villain is Alive (2015)
The Wicked Are Alive / Villain is Alive (2015) The Wickerd are Alive / Villain is alive (2015)မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီး လှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ်ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာ မန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ်ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 452MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

The Wicked Are Alive / Villain is Alive (2015)

Amores Perros (2000) 8.1
Amores Perros (2000)  ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို...လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ...ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို...တို့ပဲဖြစ်ပါတယ်ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ...
movie

Amores Perros (2000)

The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Kickboxer 2: The Road Back (1991) 5.0
Kickboxer 2: The Road Back (1991) Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie

Kickboxer 2: The Road Back (1991)

Kickboxer (1989) 6.4
Kickboxer (1989) Kickboxer (1989) ================ IMDb rating - 6.4/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Action,sport,thriller ရုပ်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...Champ ဟာ အနောက်နိုင်ငံတစ်ခွင်မှာ သူ့ကိုဘယ်သူမှအနိုင်မယူနိုင်တဲ့ ချန်ပီယံကောင်းတစ်ယောက်ပါ။ဒီလိုနဲ့သူအားလုံးကိုအနိုင်ပိုင်းပြီးတဲ့နောက်မှာတော့ အားလုံးက kickboxing စတင်ဖြစ်ပေါ်လာတဲ့ ထိုင်းနိုင်ငံကချန်ပီယံကိုလည်း Champ တစ်ယောက်အနိုင်ယူနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ဒီလိုနဲ့ ထိုင်းနိုင်ငံရဲ့ချန်ပီယံရဲ့ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်ပြိုင်ဘက်ရဲ့မညှာတာမှုကြောင့် အကြောသေသွားတဲ့အထိအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့ညီကနေ သူ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှုကို လက်စားချေပြီးပြန်ယူပေးမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(1.8GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Action, Sport, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Kickboxer (1989)

Room 0 (2024)
Room 0 (2024) Room 0 (2024)အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller, Sci-fi Quality…. 1080p | 720p File size… ...
movie

Room 0 (2024)

2024
My Acting Coach Nightmare (2024)
My Acting Coach Nightmare (2024)  သရုပ်ဆောင်ဝါသနာပါတဲ့ ဆယ်ကျော်သက်ကောင်မလေး Sienna က သူတို့မြို့ရဲ့ သရုပ်ဆောင်နည်းပြတစ်ဦးဖွင့်မဲ့ သင်တန်းတက်ဖို့ သူ့အမေ Lisa ကို ခွင့်တောင်းခဲ့တယ်။ Lisaကလည်း သူ့ခင်ပွန်းဆုံးပြီးနောက်ပိုင်း သမီးလေး Sienna ရဲ့ ဝါသနာကို အားပေးချင်တာကြောင့် လက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်တန်းဆရာ နည်းပြဖြစ်တဲ့ Max ရဲ့ Sienna အပေါ်အပြုအမူတွေကို မသင်္ကါဖြစ်လာပါတော့တယ်။နည်းပြဖြစ်တဲ့ သရုပ်ဆောင် Max က တကယ်ပဲရိုးသားသူတစ်ယောက်လား၊ ဒါမှမဟုတ် Lisa ရဲ့ စိုးရိမ်မှုတွေကပဲ တကယ်မှန်နေသလား၊ Sienna ရဲ့ သရုပ်ဆောင်လောကအပေါ် စိတ်အားထက်သန်မှုတွေကရော သူ့ကို ဘယ်လိုရွေးချယ်မှုတွေဖြစ်ပေါ်စေမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလို့ရပါပြီခင်ဗျာ။ File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thwal Htoo Zin
movie

My Acting Coach Nightmare (2024)

The Midnight Game (2013) 5.0
The Midnight Game (2013) he Midnight Game (2013) IMDb - 4.6/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် horror/supernatural ဇာတ်လမ်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... The Midnight Game ဆိုတဲ့ဂိမ်းတစ်ခုက အထက်တန်းကျောင်းသားတွေကြားမှာ ရေပန်းစားတဲ့ဂိမ်းတစ်ခုပါ။လူငယ်တွေကတော့ supernatural ဖြစ်ရပ်တွေကို အယူသီးကြတဲ့ကလေးတစ်စုပေါ့။ဒီလိုနဲ့ Kaitlan ရဲ့အမေက အလုပ်ခရီးထွက်ဖို့ဖြစ်လာပြီး အိမ်မှာလူကြီးတွေမရှိတဲ့အချိန်မှာ သူ့သူငယ်ချင်း Jenna နဲ့ Rose တို့ရောက်လာပြီး သူတို့ကောင်လေးတွေဖြစ်တဲ့ Shane နဲ့ Jeff တို့ကိုပါဖိတ်ထားပါတယ်။အဲဒီလိုနဲ့ ဒီ The Midnight Game ကြီးကိုဆော့ကြရာကနေ သူတို့တွေရုန်းမထွက်နိုင်တဲ့သံသရာထဲမှာ သူတို့အကြောက်အရွံ့ဆုံးအရာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

The Midnight Game (2013)

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

The Number 23 (2007)
The Number 23 (2007)  ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie

The Number 23 (2007)

Ai Khai Dek Wat Chedi (2023) 6.1
Ai Khai Dek Wat Chedi (2023) Ai Khai Dek Wat Chedi (2023)• တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကို စီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ် ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူ‌ရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့• အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ် ရွာထဲရောက်တာနဲ့ ရွာကလူ‌ဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ်• စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့ စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ..• ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ? • ကန်တို့‌ညီအစ်ကိုနှစ်ယောက်က‌ရော လူဆိုးတွေလက်က လွတ်ပါ့မလား? • ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Laris M ပဲ ဖြစ်ပါတယ်။Genre..... Adventure, Fantasy, Thriller Quality…. 1080p | 720p File size…  ...
movie

Ai Khai Dek Wat Chedi (2023)

2023
Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Naked Fear (2007)
Naked Fear (2007) Naked Fear (2007) Genre – Thriller, Horrorဒွိုက်ဆိုတဲ့အရာရှိဟာ မြို့ပြောင်းလာပါတယ်သူ ပြောင်းလာတဲ့မြို့မှာ လူပျောက်တွေအတော်များပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြပါဘူး။ တစ်ဖက်မှာလည်း ဒိုင်ယာနာဆိုတဲ့ကောင်မလေးဟာနယ်မြို့လေးကနေ အလုပ်လုပ်ဖို့ဆိုပြီး မြို့ထဲကို ရောက်ရှိလာပါတယ်။ထင်ထားသလိုမဟုတ်ပဲ အဖော်အချွတ်မယ်အဖြစ် လုပ်ကိုင်ရလို့စိတ်ညစ်နေပေမဲ့လည်း အကြွေးတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ပိုက်ဆံပိုဝင်အောင်ဆိုပြီး ဖောက်သည်လိုက်သွားရာကနေလာခေါ်တဲ့လူက အမဲလိုက်ဝါသနာသူဖြစ်ပြီးတိရစ္ဆာန်တွေကို လိုက်ရတာ သဘောကျသူမဟုတ်ပဲ ကောင်မလေးတွေတုံးလုံးပြေးတာကို သဘောကျနေတဲ့လူ ဖြစ်နေသောအခါ…။ (ဇာတ်ကားနာမည်အတိုင်းပါပဲ အမျိုးသမီး ကိုယ်လုံးတီးခန်းတွေပါဝင်သောကြောင့် ကြည့်ရှုသူများ သတိပြုစေလိုပါတယ်)  File size…      3.4 GB /   1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
movie

Naked Fear (2007)