Channel Myanmar

Thriller

Junction (2024) 5.2
Junction (2024)  ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Junction (2024)

Breathe (2024)
Breathe (2024)  အနာဂတ်တစ်ချိန်မှာ ကမ္ဘာကြီးမှာ အောက်စီဂျင်တွေလုံး၀ကုန်ဆုံးသွားပြီး လူသားမျိုးနွယ်လည်း မျိုးတုန်းသွားခဲ့ပါတယ်။ မာယာနဲ့ သမီးဖြစ်သူဇိုရာတို့ကတော့ ဖခင်ဖြစ်သူရဲ့အကူအညီနဲ့ အောက်စီဂျင်ကိုဆက်လက်ထုတ်လုပ်ပြီး အသက်ရှင်နေနိုင်နေကြပါတယ်။ လေထုထဲမှာ အောက်စီဂျင်မရှိတာကြောင့် အာကာသထဲမှာလိုပဲ ပုန်းခိုနေတဲ့စခန်းထဲကထွက်ရင် အောက်စီဂျင်ကိရိယာအကူအညီနဲ့ပဲ ထွက်ခွာလို့ရပါတယ်။တရက်မှာတော့ မြို့ပျက်ကြီးထဲက မာယာတို့သားအမိရဲ့ ပုန်းအောင်းရာနေရာလေးကို သူစိမ်းတွေရောက်လာပြီး မာယာတို့ကိုအန္တရာယ်ပြုဖို့ကြိုးပမ်းလာတဲ့အခါမှာတော့ မာယာတို့သားအမိနှစ်ယောက် ဒီသူစိမ်းတွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ အသက်ရှင်ကျန်ရစ်တဲ့ လူသားတွေ‌မရှိ‌တော့တဲ့ကမ္ဘာကြီးမှာ ဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကိုလိုချင်တာလဲဆိုတာကို စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Breathe (2024)

Stolen (2024) 5.5
Stolen (2024)  ကမ္ဘာအနှံ့အပြားမှာ မထင်မရှား လူမျိုးနွယ်စုလေးတွေဟိုတစ်စု ဒီတစ်စုနဲ့ရှိနေတတ်ပါတယ်။ တချို့ လူမျိုးနွယ်စုတွေကျတော့ အခုခေတ်နဲ့အရမ်းဝေးကျန်နေခဲ့သလိုတချို့တိုင်းရင်းသား လူမျိုးစုတွေကျတော့လည်းခေတ်နဲ့အညီ လူတွေကြားထဲမှာအတူ ယှဉ်တွဲနေထိုင်နေကြပါတယ်။အခုတင်ဆက်ပေးမဲ့ Stolen ဆိုတဲ့ဇာတ်ကားလေးက ဆာမီလူမျိုးတွေကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆာမီလူမျိုးတွေက သမင်တွေကို ကျောင်းတဲ့အလုပ်ကိုအဓိကထားလုပ်ကြပြီး သမင်တွေက သူတို့အတွက်အရမ်းတန်ဖိုးထားရတဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူတို့လူမျိုးတွေကို မုန်းတီးတဲ့လူတစ်ယောက်က သမင်တွေကိုတစ်ကောင်ပြီး တစ်ကောင်စသတ်ပါတော့တယ်။ အဲ့ဒီအသတ်ခံရတဲ့ သမင်တွေထဲမှာညှပ်ပါသွားတာကတော့ ဆာမီကောင်မလေး အယ်လ်ဆာမကြာသေးခင်ကမှ ရရှိထားတဲ့ သမင်ပုံစံချိုတပ်ထားတဲ့နွားလေးပဲ ဖြစ်ပါတယ်။တရားခံကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်းမြင်ခဲ့ပေမဲ့ ကလေးဘ၀မှာ စိတ်ထိခိုက်စရာတွေအများကြီးကို ကြုံတွေ့ခဲ့ရတဲ့အတွက် ရဲတွေရှေ့မှာဘာမှပြောမထွက်ခဲ့ပါဘူး။ဒီလိုနဲ့နှစ် ၂၀ ကျော်ကြာသွားခဲ့ပြီးအယ်လ်ဆာ တစ်ယောက်အရွယ်ရောက်လာတဲ့အထိဒီသမင်တွေအသတ်ခံရတဲ့ ကိစ္စတွေကအဆုံးမသတ်သေးတဲ့အခါမှာတော့ ငယ်ငယ်တုန်းကစိတ်ဒဏ်ရာတွေကိုကျော်လွှားပြီး သနားစရာကောင်းတဲ့သမင်လေးတွေအတွက်တရားမျှတမှုကို ဖော်ထုတ်ပေးသွားနိုင်မလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.58GB / 774MB Quality…NF , WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle ...
movie

Stolen (2024)

Nandhi Varman (2024) 9
Nandhi Varman (2024) Nandhi Varman 2024 (ကျိန်စာသင့်ရွာ) =====================IMDb 9/10 ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ Supernatural mystery thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ တမီလ်စကားပြော ဇာတ်ကားကောင်းတစ်ကားတင်ဆင်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေ တူးဖော်သုတေသနလုပ်တာက စလို့ သမိုင်းကြောင်းကို အရင်ထည့်ပြောချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က ပါလာဗာမင်းဆက်ခေတ်မှာ ဟာနုမန်သာပူရမ်ဆိုတဲ့နေရာတစ်နေရာရှိခဲ့တယ် ပစ္စည်းဥစ္စာပေါကြွယ်ဝဆုံးနေရာဖြစ်လို့ ဓားပြတွေမျက်စိကျခဲ့ကြတဲ့နေရာတစ်ခုပေါ့ ဒီလိုပေါကြွယ်ဝမှုတွေက ဟာနုမန်သီရှာဝါရာရ်ဘုရားကျောင်းကြောင့်လို ပါလာဗီဘုရင်ကယုံကြည်သက်ဝင်ထားပါတယ်တခြားနေရာတွေမှာ လုယက်မှုတွေအများကြီးရှိခဲ့ပေမဲ့ အဲဒီနေရာကိုတော့ ဘယ်သူမှမလုရဲကြဘူးတဲ့လေ အကြောင်းရင်းကတော့ ပါလာဗာဘုရင်ကြောင့်ပါ ဒီဘုရင်ရဲ့ထင်ရှားမှုကိုပြောရရင်တော့ သူ့ဓားပေါ့ မမြင်ရတဲ့ဓားသွားတစ်လက်က ရန်သူ့သွေးနဲ့ထိရင်တော့ အလင်းနီတန်းပေါ်လာပြီး ပုံရိပ်ထင်လာတဲ့ဒီဓားကြောင့်ရယ် စစ်ဗျူဟာကောင်းလွန်းတဲ့ ပါလာဗီမင်းကြောင့် တော်ရုံဓားပြတွေ လက်ရှောင်ကြတဲ့ဒီနေရာကို မျက်စိကျမိသွားတာက အရက်စက်ဆုံးနဲ အကြမ်းကြုတ်ဆုံးလို့နာမည်ကြီးတဲ့ အာလာရီအဖွဲ့က ဂိုရာပါပဲ သူတို့၂ယောက်ရဲ့ ဇာတ်လမ်းကိုတော့ ဒီကားထဲမှာပဲ စိတ်ဝင်စားစရာတွေနဲ့ဆက်ကြည့်ရှုလိုက်ကြပါခုခေတ်ကိုပြန်ဆက်ရရင်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ရေမြုပ်ပြီး အမြှုပ်ခံလိုက်ရတဲ့ဒီဘုရားကျောင်းကိုပြန်တူးဖော်ဖို့ပါ ဒီဘုရားကျောင်းရှိတဲ့ရွာကို သုတေသနအတွက်တူးဖော်မယ်လို့ သတင်းပို့ပြီးပြီးချင်းမှာပဲ ရွာကအိမ်မီးလောင်တာတွေ လူသေတာတွေ ထဖြစ်ပါတော့တယ် ဒီရွာက တကယ်ပဲကျိန်စာသင့်နေမလား သုတေသနအတွင်း ဘာတွေများကြုံတွေလာရမလဲဆိုတာကိုတော့။။။။( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး Yunni ~ V ~ ToMo ~ Zwe ...
movie

Nandhi Varman (2024)

2024
Athomugam (2024) 9.6
Athomugam (2024) Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10' တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ' ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရောဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် ) File size… 1.3GB / 555MB Quality…WEB ...
movie

Athomugam (2024)

2024
Gaami (2024) 6.9
Gaami (2024) Gaami 2024 လမ်းပျောက်ကြယ်IMDb -7.0/10Indian movieတွေက emotionတွေ dramaတွေပဲများနေလို့ ခပ်ဆန်းဆန်းလေးtryကြည့်ချင်သူတွေအတွက် adventure ~ mystery တေလဂူကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လိုက်က သဲလွန်စတစ်ခုပြီးတစ်ခုရှာရင်းနဲ့ plotကို တစ်စစဖော်ထုတ်တဲ့ quest adventure ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့်မူဗီလေးမလို့ ပိတ်ရက်နဲ့ကြုံတုန်း ရှုစားလိုက်ပါဦးစို့။ဇာတ်လမ်းအစမှာတော့ အရှင်သျှီဝကို ကိုးကွယ်တဲ့သူတွေရဲ့ကျောင်းမှာ တစ်ကျောင်းလုံးအပယ်ခံဖြစ်နေရှာတဲ့ရှန်ကာ၊ ဒီကျောင်းမှာ ဘာပြဿနာပဲဖြစ်လာလာ ကျောင်းကိုအုပ်ချုပ်တဲ့သူကစလို့ အောက်ခြေသိမ်းအထိ ရှန်ကာကိုပဲ လက်ညှိုးထိုးကြပါတယ်။ အကြောင်းကတော့ ရှန်ကာကလူတွေနဲ့ထိတွေ့ရင် ဓာတ်လိုက်သလိုခံစားရတဲ့ ထူးခြားတဲ့ရောဂါတစ်ခု ခံစားနေရပြီးတော့ ဘုရားကျောင်းတစ်ခုလုံးကတော့ ဒါကို အရှင်သျှီဝရဲ့ကျိန်စာ၊ ရှန်ကာက ဂြိုဟ်ဆိုးလို့ သတ်မှတ်ကြလို့ပါပဲ။ဒီကျောင်းက ထွက်သွားဖို့ဆိုပြန်တော့လည်း ရှန်ကာက အတိတ်မေ့နေတာဖြစ်ပြီး သူသိတဲ့တစ်ခုတည်းသောအရာက သူ့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်က မဟာဂုရုကြီး ‌ကေဒါဘာဘာက သူ့ကိုဒီကျောင်းမှာ လာထားသွားတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂုရုကြီးကေဒါဘာဘာနောက်ဆုံးရှိတဲ့ကျောင်းကိုထွက်လာ‌ခဲ့ရင်းနဲ့ ဂုရုကြီးရဲ့တပည့်နဲ့ဆုံပြီး ဂုရုကြီးမှာခဲ့တဲ့ မီးလင်းတဲ့အနုမြူမှိုဆိုတာကိုရှာဖို့ ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း စစ်တပ်ရဲ့လျှို့ဝှက်နေရာတစ်နေရာမှာ လူတွေကိုဖမ်းဆီးပြီးတော့ ဓာတ်နဲ့တို့ပြီး စမ်းသပ်မှုတွေလုပ်နေပေမဲ့ လိုချင်တဲ့ရလဒ်အထိ မရောက်နိုင်တဲ့လူတစ်စုကရှိနေပြန်ပါတယ်။ရှန်ကာဓာတ်လိုက်သလိုခံစားနေရတာကရော ဓာတ်တို့စမ်းသပ်မှုတွေလုပ်နေတဲ့ စစ်တပ်ရဲ့လျှို့ဝှက်နေရာနဲ့ ဘာတွေပတ်သက်နေမလဲ။ ...
movie

Gaami (2024)

2024
Damaged (2024)
Damaged (2024) Damaged (2024)မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ...
movie

Damaged (2024)

2024
[18+] Girls on Film (2023) 5.6
[18+] Girls on Film (2023)  Sexy Model, Miss Bikini မင်းသမီးချော Dare Taylor နဲ့ Willow Grey တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၁၈ ယောက်စုကြည့်ရမယ့် Drama/Romance/Thriller ဇာတ်ကားလေးပါဇာတ်အိမ်လေးကတော့ သူနာပြုကျောင်းတက်ဖို့အတွက် Online ပေါ်ကနေ Live လွှင့်ပြီး sexy pose တွေနဲ့ ပိုက်ဆံရှာနေတဲ့ ဂျန်နာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ...... ဖခင်ဖြစ်သူရဲ့ ဂရုစိုက်မှုကိုမရဘဲ ငွေကိုရေလိုသုံးပြီး ပျက်ဆီးနေတဲ့ ဘလိတ်ခ် ဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်ဆုံမိရာကနေ.......၁၈ ယောက်စုကြည့်ရမယ့်အခန်းတွေအများကြီးနဲ့မို့ ကြိုပြီးသတိပေးထားပါရစေဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(650 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

[18+] Girls on Film (2023)

Dragon’s Cage ( 2024 ) 5.8
Dragon’s Cage ( 2024 ) ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း နဂါးထိန်းသိမ်းထောင်ကိုရှာပုံတော်ဖွင့်ရင်း ရန်အစွယ်စွယ်ကိုရင်ဆိုင်ရမဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ -လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ထျန်းချီဂိုဏ်းကမှော်ပညာတွေမှာ ကျွမ်းကျင်တတ်မြောက်ပြီးမင်းကြီးအတွက် တစ္ဆေစစ်သည်တွေဖန်တီးပေးကြပါတယ်တဲ့ ။ ဒါပေမဲ့ မင်းကြီးကအရပ်လေးမျက်နှာလုံးကိုစစ်တိုက်ဖို့ကြံတဲ့အချိန်မှာပဲ ရုတ်တရက်ပြီး တစ်ညအတွင်း ထျန်းကျီဂိုဏ်းက တစ်ဂိုဏ်းလုံးအမြစ်ပြတ်သုတ်သင်ခံလိုက်ရပါတော့တယ် ။ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ဂိုဏ်းတစ်ခုလိုမျိုးပေါ့ ။နှစ်ပေါင်းမျာစွာကြီးပြီးတဲ့နောက်မှာ ပိုင်ထျန်းလို့ခေါ်တဲ့ပန်းပဲဆရာလေးမှာ ပြဿနာရှာလွန်းနဲ့အစ်မတစ်ယောက်ရှိပါတယ် ။ တစ်နေ့ကျ အဲဒီပြဿနာအိုးအစ်မက လောင်းကစားရှုံးလို့ အကြွေးရှင်လိုက်တာခံရရင်း အိမ်ပြန်ရောက်လာခဲ့ပါတယ် ။အကြွေးရှင်ကလည်း ပိုင်ထျန်းရဲ့ စက်ယန္တယားနားလည်မှုကိုတွေ့သွားတော့ မသတ်တော့ဘဲ ပျောက်ဆုံးသွားတာကြာပြီဖြစ်တဲ့ ထျန်းကျီဂိုဏ်းရဲ့ ဂူဗိမာန်မှာရတနာရှာဖို့ဖြစ်လာပါတော့တယ် ။ အဲဒီလိုနဲ့ ပိုင်မောင်နှမရယ် အကြွေးရှင်သူရဲကောင်းကြီးရယ် ရတနာရှာတဲ့ခရီးစဉ်မှာဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့လိုက်လံကြည့်ရှုအားပေးကြပါအုံး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Dragon’s Cage ( 2024 )

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )

Death Whisperer / Tee Yod (2024) 6.6
Death Whisperer / Tee Yod (2024) Tee Yod / Death Whisperer (2024)Thai horrorတွေထဲမှာ ထူးထူးခြားခြား IMAX certified cameraနဲ့ ရှယ်ရိုက်ကူးထားတဲ့first thai imax horrorဖြစ်တဲ့အပြင် lead castကိုကြည့်ရင်လည်း acting တစ်ပေါက် ရှမ်းရှမ်းတောက်တဲ့ Nadech နဲ့ပွဲထွက်လာတဲ့ Death Whispererမနှစ်ထဲက တနုံ့နုံ့နဲ့ OTTတက်ဖို့ မျှော်ခဲ့ရ၊ ရုံမှာကြည့်တဲ့သူတွေရဲ့ အညွှန်းအတိုအစလေးတွေနဲ့ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့သူထဲ စီအမ်ပရိသတ်တွေပါခဲ့မယ်ဆိုရင် ခုပဲကြည့်ရှုခံစားလိုက်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ် Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ဒီရွာလေးမှာ သမီး ၃ ...
movie

Death Whisperer / Tee Yod (2024)

2024
Lavaste (2023) 5.3
Lavaste (2023) La Vaste (2023) "ပိုင်ရှင်မဲ့သူများ"IMDb 6.1 ရထားတဲ့ စိတ်ဝင်စားဖို့ကောင်းမယ့် အိန္ဒိယ ဟာသ/ပညာပေးကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ်ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ်အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.5GB / 680MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard ...
movie

Lavaste (2023)

2023
Brighton Rock (2010) 5.7
Brighton Rock (2010)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။  File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie

Brighton Rock (2010)

Snake Skin Beauty ( 2024 ) 5.8
Snake Skin Beauty ( 2024 ) တောနက်ကြီးထဲမှာအလောင်းကောင်တွေကိုစားသုံးနေတဲ့ မြွေကြီးတစ်ကောင်ရှိနေခဲ့တယ်။ မိန်းမလှလေးအဖြစ်အယောင်ဆောင်ထားတဲ့ မြွေကြီးလှည့်ဖျားမှုအောက်မှာ အလောင်းပြင်ဆရာတစ်ယောက်ဟာ အလောင်းတစ်ခုရဲ့ခေါင်းနဲ့ကိုယ်ကိုတွဲချုပ်ပေးလိုက်ခဲ့မိတယ်။အဲဒီအချိန်ကစပြီးတော့ အလောင်းပြင်ဆရာတို့လင်မယားရဲ့အေးချမ်းတဲ့ဘဝဟာ လှုပ်ခတ်လာခဲ့တယ်။ မြွေမလေးဟာ မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ လူတွေကိုစားသုံးနေရင်း အလောင်းပြင်ဆရာရဲ့ မိန်းမနေရာမှာအစားနိုင်ဖို့ကြိုးစားလာတဲ့အခါ...... မြွေမလေးရဲ့ညှို့ကွက်အောက်ကလွတ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Fantasy , Thriller Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Snake Skin Beauty ( 2024 )

Heaven and Earth Are Righteous ( 2024 ) 5.8
Heaven and Earth Are Righteous ( 2024 ) နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာ သစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက ၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်က အခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့ ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။ ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။ အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကို ဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့ အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကို ရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ...... သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ...... စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကို ရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Heaven and Earth Are Righteous ( 2024 )

DarkGame (2024) 5.5
DarkGame (2024)  ဒီရုပ်ရှင်လေးကတော့ စုံထောက်အမှုလိုက်ဇာတ်ကားမျိုးဖြစ်ပြီး အသက်နဲ့ရင်းပြီးကစားရတဲ့ကစားပွဲတစ်ခုကို စုံစမ်းထောက်လှမ်းရတဲ့ကားပါ။ဒီကစားပွဲမှာဆိုရင် လူတွေကို ပြန်ပေးဆွဲပြီးဂိမ်းတွေကစားခိုင်းတယ်...ရှုံးတဲ့သူကို နည်းမျိုးစုံနဲ့ အဆုံးစီရင်ခိုင်းတယ်ပေါ့.။ဒါ့အပြင် ဒီကစားပွဲစဥ်တွေကို dark webကနေတစ်ဆင့်လူတကာကြည့်နိုင် လောင်းကြေးထပ်နိုင်အောင်ပါစီစဥ်ထားတာပါ....။Gameshow တစ်ခုနဲ့ ရာဇဝတ်မှုမျိုးစုံကို ရဲတွေမျက်စိရှေ့အောက်တင်ကို ပေါ်တင်ကျူးလွန်နေကြတာပါ...။ရဲတွေဘက်က ဒီရာဇဝတ်သားတွေကို ဘယ်လိုခြေရာခံနိုင်မလဲ၊ တကယ်တမ်းရောဖမ်းဆီးနိုင်မလား...ဒီကစားပွဲစဥ်တွေမှာရော အသက်ကိုရင်းရတဲ့ဘယ်လိုစိတ်ဝင်စားစရာကစားနည်းတွေပါမလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ...။ File size…1.45GB / 566MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

DarkGame (2024)

Hitman (2008)
Hitman (2008)  နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Hitman (2008)

The Bank Job (2008)
The Bank Job (2008)  ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားပါ။ဒီဇာတ်ကားမှာတော့ Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို့ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ ဗြိတိသျှထောက်လှမ်းရေးက သတင်းရတယ်။ အဲဒီအခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖို့အတွက် အကြောင်းဖန်လာတော့တယ်။ ဒါကြောင့် ဘဏ်ကိုဖောက်ဖို့အတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲ့ကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။ဒီဇာတ်ကားဟာ တခြားစိတ်ကူးယဉ် ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုအလိုတွေမပါဘဲ ထိထိမိမိရိုက်ကူးတင်ဆက်ထားနိုင်တယ်။ အစိုးရအရာရှိကြီး‌တွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အရှိကိုအရှိအတိုင်း မချန်လှပ်ပဲပြသထားတာပါ...... File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Bank Job (2008)

Operation Laila (2024) 7.5
Operation Laila (2024) Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Operation Laila (2024)

2024