Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.2
Double Down South (2022)
တရားမဝင်လောင်းကြေးမြင့် ဘိလိယက်လောင်းကစားအိမ်ကို ဒိုင်ယာနာဆိုတဲ့အမျိုးသမီးငယ်လေးတစ်ယောက် ဘိလိယက်ထိုးဖို့ ရောက်လာရာမှ သူမရဲ့အရည်အချင်းကို ဘိလိယက်ခုံပိုင်ရှင်ဖြစ်သူ နစ်ခ်မှ သဘောကျကာ သူ့အတွက်လောင်းကြေးမြင့် ဘိလိယက်ကစားပေးပြီး အကျိုးအမြတ်ခွဲယူကြရန် ကမ်းလှမ်းပါတော့တယ်။ဒိုင်ယာနာတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် သူမမျှော်လင့်ထားသလို အကျိုးအမြတ်ရလာမလား။နစ်ခ်ရဲ့ နိုင်ထက်စီးနင်းပြုမှုတွေ လောင်းကစားရဲ့မထင်မှတ်ထားတဲ့အချိုးအကွေ့ နဲ့ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Eunice
movie
Double Down South (2022)
Bodyguard Seduction (2022)
ချာလီဆိုတဲ့ အမျိုးသမီးဟာ တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို သုံးကြိမ်ရရှိထားသူဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ အမြဲအထက်စီးဆန်လေ့ရှိပြီး လုပ်ချင်တာကိုပဲတဇွတ်ထိုးလုပ်တတ်သူတစ်ဦးပါ။ ချာလီတစ်ယောက် နေရင်းထိုင်ရင်းကနေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့က ဘယ်သူနဲ့မှ အလုပ်တွဲမလုပ်ချင်တဲ့သူ့ကို သက်တော်စောင့်တစ်ယောက် ငှားပေးခဲ့ပါတယ်။တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ချာလီဟာ သူရဲ့ သက်တော်စောင့်နဲ့အတူ ဘယ်လိုဖြေရှင်းကြမှာလဲ ရုတ်တရက် အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့ သူ့ရဲ့ သက်တော်စောင့်ကလည်း ယုံကြည်လို့ရနိုင်ရဲ့လားဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bodyguard Seduction (2022)
6.8
Spider (2002)
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။ ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။ သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Spider (2002)
7.2
Dead Ringers (1988)
အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက ...
movie
Dead Ringers (1988)
5.8
The Bride and The Beast ( 2024 )
ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီး လူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာ သူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲက တောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျို ယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါ ဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ...... လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရော ဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ...... ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့ အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Thriller Runtime : 1h 25 min Subtitle : Myanmar ...
movie
The Bride and The Beast ( 2024 )
Tideland (2005)
IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် ...
movie
Tideland (2005)
8.2
Article 370 (2024)
Article 370 (2024)"ပိုဒ်ခွဲ ၃၇၀" =======================အက်ရှေးကူးမားရ်ရဲ့ OMG 2 ထဲမှာ အမြင်ကပ်စရာရှေ့နေမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး ယာမီဂေါ်တမ်ရဲ့ IMDb 8.2 ရ ရုံတင်ရုပ်ရှင်သစ်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Article 370 ဆိုတာကတော့ အိန္ဒိယရဲ့ ထိရှလွယ်ဒေသဖြစ်တဲ့ ကတ်ရှိမီးယားကို ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်ဝန်ကြီးချုပ်၊ ကိုယ်ပိုင်အလံတွေထိ ခွင့်ပြုပေးထားတဲ့ ဥပဒေပိုဒ်ခွဲ ၃၇၀ ပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုရှယ်မီဒီယာတွေပေါ်လာပြီးနောက်ပိုင်း ကတ်ရှ်မီးယားဒေသမှာ ဘူရ်ဟန်ဝါနီလို့ခေါ်တဲ့ လူငယ်မူဂျာဟီဒင်တစ်ယောက် ပေါ်ပေါက်လာပါတယ်။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်တွေရဲ့ ထောက်ခံမှုအများအပြားရထားတဲ့သူပေါ့။သူ့ရဲ့ ဗွီဒီယိုကြောင့် ကတ်ရှ်မီးယားပြည်သူတွေရဲ့ ယုံကြည်မှုက ပါကစ္စတန်ဘက်ကို အလေးသာလာတဲ့အချိန်မှာ ထောက်လှမ်းရေးအေးဂျင့်ဖြစ်တဲ့ ဇူနီက ဘူရ်ဟန့်ကို စစ်ဆင်ရေးတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ ဘူရ်ဟန်ရဲ့ ကျဆုံးမှုကိုအသုံးချပြီး နိုင်ငံရေးသမားတွေက ပဋိပက္ခတစ်ခုဖန်တီးလိုက်တဲ့အခါ အဲဒီ ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဇူနီ့ခေါင်းပေါ်ကျလာတဲ့အတွက် ဇူနီတစ်ယောက် ပြဿနာတွေကို နည်းမျိုးစုံသုံးပြီး ဖြေရှင်းဖို့ကြိုးစားပါတော့တယ်..။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.9GB / 830MB Quality…WEB DL 1080p ...
movie
Article 370 (2024)
2024
6.7
The Immortal (2018)
The Immortal (2018) ==================IMDb - 6.7/10ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ပေးတာကို ခံနေရတဲ့ horror ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟုမ်တစ်ယောက် ချစ်သူ လင်းဆိုတဲ့ကောင်မလေးနဲ့ ဘဝရှေ့ရေးကိုတိုင်ပင်နေရင်းတစ်နေ့ အဖေဖြစ်သူရဲ့အမွေတွေကို မပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး အောက်လမ်းဆရာတစ်ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်နေခဲ့ပါတယ် အကိုအပေါ် လက်စားချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ်နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး သေခြင်းဂါထာစည်းမျဥ်းကို ချိုးဖောက်ပြီး ဂါထာနဲ့ လူတွေသတ်နေရင်း အောက်လမ်းပညာရဲ့ဆိုးကျိုးတွေကိုခံစားလာရပါတယ် ဒီထိရောက်လာပြီးမှ မသေချင်သေးတဲ့ ဟုမ်တစ်ယောက် အောက်လမ်းဆရာကို မသေခြင်းတရားဂါထာနဲ့ မသေမျိုးဖြစ်အောင် လုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီးလေ ပေးဆပ်ရတာများလေဖြစ်တာကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာတွေ ဘဝကနေ ပျောက်ကွယ်သွားပါတယ်မသေမျိုးဖြစ်လာပြီးတော့ ဟုမ်တစ်ယောက် ...
movie
The Immortal (2018)
7.2
Siren (2024)
Siren (2024) အချက်ပေးသံ IMDb 7.3/10ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.83GB / 1.28GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Siren (2024)
2024
7.4
The Talented Mr. Ripley (1999)
IMDb Rating (7.4) / Rotten Tomatoes (85%)နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ ...
movie
The Talented Mr. Ripley (1999)
5.9
Doll Bride ( 2024 )
ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie
Doll Bride ( 2024 )
6.0
Wrongfully Accused (1998)
ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ်ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့... စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ်Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို .......ပရိသတ်ကြီး ...
movie
Wrongfully Accused (1998)
Sleeping Dogs (2024)
ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie
Sleeping Dogs (2024)
Last Night at Terrace Lanes (2024)
ဒီနှစ်မှထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Comedy/Horror အမျိုးအစားဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုထဲမှာပိတ်မိနေပြီး သွေးဆာနေတဲ့လူသတ်သမားတွေလက်က လွတ်မြောက်ဖို့ကြိုးစားရတဲ့ Thriller/ Survival အမျိုးအစားလို့ပြောလည်းရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Kennedy နဲ့ သူငယ်ချင်း Tess တိုဟာ မနက်ဖြန်ဆိုရင် အပြီးပိတ်သိမ်းတော့မှာဖြစ်တဲ့ Terrace Lanes ဘိုးလင်းရုံကြီးမှာ နောက်ဆုံးညအနေနဲ့ အပန်းလာဖြေကြပါတယ်။ သူတို့နဲ့အတူ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်လည်းပါပါတယ်။ Kennedy ရဲ့အဖေဖြစ်သူ ဘိုးလင်းဝါသနာရှင် Bruce ကလည်း ဒီရုံကြီးမှာပဲအလုပ်လုပ်နေသူဖြစ်ပါတယ်။ အဲဒီညမှာပဲ အစွန်းရောက်အယူဝါဒဂိုဏ်းတစ်ခုက ဘိုးလင်းရုံကြီးကိုပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ Kennedy နဲ့ သူ့အဖေ Bruce တို့နှစ်ယောက်သား အကြမ်းဖက်တွေလက်ထဲက လွတ်မြောက်ဖို့ကြိုးစားရပုံကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမဲ့ကားဖြစ်ပြီး Slasher ဆန်ပေမဲ့သွေးထွက်သံယိုတွေ ဆိုးဆိုးဝါးဝါးမပါတာကြောင့် လူတိုင်းကြည့်ရှုလို့ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ Horror/ Thriller ကိုမှ Comedy အနည်းငယ်ရောထားတဲ့ ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူတွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(1.7 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre...Comedy, Horror, Thriller Subtitle….Myanmar ...
movie
Last Night at Terrace Lanes (2024)
They Turned Us Into Killers (2024)
ကာမာဆိုတဲ့ကောင်မလေးတစ်ယောက်ကို သူ့ရဲ့ရည်းစားBJက မူးယစ်ဆေးတွေတိုက်ကျွေးပြီး အဓမ္မပြုကျင့်လိုက်ပါတယ်ကာမာလည်းနောက်ပိုင်းမှာ ဆေးစွဲသွားပြီးစိတ်ဓာတ်ကျကာ နောက်ဆုံးမှာ သူ့ကိုယ်သူသတ်သေသွားပါတော့တယ် ဒါပေမဲ့ သူမသေခင်မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း"စတား"ဆီကို သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုစာရေးပြီးပို့ခဲ့ပါတယ် "စတား"ဟာ သူမသူငယ်ချင်းသေဆုံးခဲ့ရမှုမှာ ပါဝင်ပက်သက်နေတဲ့သူတွေအားလုံးကို ဘယ်လိုလက်စားပြန်ချေမလဲဆိုတာကတော့....... File size…(1.7 GB)/(880 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Crime, Horror, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie
They Turned Us Into Killers (2024)
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
8.1
Jaws (1975)
စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler's Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving ...
movie
Jaws (1975)
5.8
Jaws 2 (1978)
တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard ...
movie
Jaws 2 (1978)
Jaws 3-D (1983)
Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie
Jaws 3-D (1983)
Jaws: The Revenge (1987)
Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ...
movie
Jaws: The Revenge (1987)
First
20
21
22
23
24
Last
Previous
Next