Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.3
Iru Mugan (2016)
Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iru Mugan (2016)
Hellraiser: Deader (2005)
Hellraiser: Deader (2005)Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded ...
movie
Hellraiser: Deader (2005)
2005
7.6
Hide and Seek (Lapachhapi) (2017)
Lapachhapi 2017 (တူတူပုန်းတမ်း)တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ ........ ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ....... ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ.... ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်) File size… 1.8GB / 902MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ToMo~Alex~KKKZ~Linn Lun
movie
Hide and Seek (Lapachhapi) (2017)
Puzzle (2018)
Puzzle (2018)*************Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ လက်ရှိပြသနေတဲ့ Good Partner,Korea-Khitan War စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသားကြီး Ji Seung Hyun က...အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Extraordinary Attorney Woo ထဲကKang Ki Young ကလည်း support role အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -------------ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်....ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ်သမီးဖြစ်သူရဲ့မွေ့းနေမှာ ကိုရီးယားပြန်လာမယ်လို့ ကတိပေးထားတဲ့ မိန်းမနဲ့ သမီးက ပြန်မလာတဲ့အခါ...ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်...မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်...အဲဒီလူက ဘယ်သူဖြစ်မလဲ... ဒီပဟေဠိကို ...
movie
Puzzle (2018)
5.0
Risen (2021)
UFO လို့ခေါ်တဲ့ပန်းကန်ပြားပျံကြီးနဲ့ပတ်သတ်ပြီးတော့မတူညီတဲ့သီအိုရီတွေ အမြင်တွေရှိလာခဲ့ကြတာဟိုးအရင်ခေတ်တွေကတည်းက အခုထက်ထိပါပဲ။ဂြိုလ်သားတွေ ပန်းကန်ပြားပျံတွေရှိတယ်လို့တပ်အပ်အတည်ပြုပြောနိုင်တဲ့သူမရှိသေးသလိုမရှိဘူးလို့ပြောရအောင်လည်း ဟိုနားဒီနားလေးမှာ ပန်းကန်ပြားပျံတွေမြင်ဖူးသလိုလို ဂြိုလ်သားတွေမြင်ဖူးသလိုလိုသတင်းတွေကမကြာမကြာပေါ်ထွက်လာတာကိုသတိထားမိကြမှာပါ။အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေထွက်ခဲ့ဖူးတာလည်း မနည်းမနောပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဂြိုလ်သားတွေရောက်လာရင် ကမ္ဘာကြီးကိုကျူးကျော်မှာဆိုတဲ့အတွေးတစ်ခုကို လှလှပပမျက်စိထဲမြင်သာအောင်ရိုက်ကူးထားတဲ့ Risen ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။အေးချမ်းသာယာနေတဲ့ညနေခင်းလေးတစ်မှာ မြို့လေးတစ်မြို့ပေါ်ကိုဥက္ကာခဲလိုအရာကြီးကျလာခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီမြို့အတွက် ကံဆိုးတာကအဲ့ဒီဘာမှန်းမသိတဲ့အရာကြီးထဲကနေအဆိပ်ငွေ့တွေထွက်လာပြီး အချိန်တစ်ခဏလေးအတွင်းမှာတင်တစ်မြို့လုံးကိုသေစေခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အစိုးရက အဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် အတော်ဆုံးဇီ၀ဗေဒပညာရှင်နှစ်ယောက်ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့လော်ရာလို့ခေါ်တဲ့အာကာသဇီ၀ဗေဒပညာရှင်ဖြစ်ပြီး အဲ့ဒီစစ်ဆေးမှုမှာသူမထင်မှတ်ဘဲလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိဖြစ်လာပုံတွေကိုစိတ်ဝင်စားစရာအမြင်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 682MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Risen (2021)
6.6
Aitraaz (2004)
Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie
Aitraaz (2004)
5.8
Grendel (2017)
Grendel (2017)လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်... သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ...လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်)Genre..... Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. ...
movie
Grendel (2017)
7.9
High Noon (1952)
ကောင်းဘွိုင်ခေတ် အမေရိကန်တောင်ပိုင်း ကသာယာမြို့လေးတစ်မြို့မှာ လွန်ခဲ့တဲ့ငါးနှစ်က ဖမ်းခံလိုက်ရတဲ့ လူဆိုးတစ်ယောက်က ကြိုးမိန့်မကျဘဲ ပြန်လွှတ်လာပြီး မြို့ကိုလက်စာချေဖို့ ပြန်လာတာကို မြို့ကသူတွေဘယ်လိုဖြေရှင်းကျမလဲဆိုတာ ရင်ခုန်ခုန်နဲ့ကြည့်ရမယ့် ဇာတ်လမ်းလေးပါကြည့်ရင်းနဲ့မှ ပျော်ဝင်ခံစားလို့ကောင်းတာမို့ ဇာတ်လမ်းအညွှန်းကိုတော့ တိုတိုလေးပဲညွှန်းပါရစေ..... File size…(1.7 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:25:00 Genre... Classical Western, Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
High Noon (1952)
5.3
Jism (2003)
Jism (2003) "ညှို့ယူဖမ်းစားတတ်သော" IMDb - 5.3/10စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.88GB / 865MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jism (2003)
2003
6.1
Push (2009)
Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie
Push (2009)
2009
4K HEVC
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
6.1
(18+) Escort (2023)
ညတစ်ညမှာညငှက်လေးနဲ့ဟိုတယ်တစ်ခုမှာ မှားမိရာကနေကျွန်တော်တို့ဇာတ်လိုက်ကျော်မင်းသားကြီးဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကြည့်ရှုခံစားရမှာပါ2023 ကမှထွက်ထားတဲ့ Escort ဆိုတဲ့ရုပ်ရှင်မှာမင်းသားကြီး Zivko Anocic, Kresimir Mikic, Niksa Butijer နဲ့တခြားမင်းသားတွေအများအပြားပါဝင်တဲ့ Thrillerကားကောင်းလေးတစ်ကားဖြစ်ပါတယ် စဉ်းစားရမှာတွေ တွေးတောရမှာတွေ ကြောက်လန့်ရမှာတွေကိုမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေအတွက်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…(1.3 GB)/(570 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
(18+) Escort (2023)
6.2
Trap (2024)
ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာကအက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမားနာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာလိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကိုလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ File size… 11.27GB / 2.21 GB / 1.05GB Quality… WEB-DL 4K ...
movie
Trap (2024)
4K HEVC
5.8
Borderlands (2024)
ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie
Borderlands (2024)
4K HEVC
7.6
Game Over(2019)
Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File size…1.4GB / 610MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie
Game Over(2019)
2019
Manhole (2014)
Manhole (2014)**************Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှJung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအညွှန်း-မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကိုအစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီးနှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြားပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်းစုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလိုပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကိုဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီးဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)File size…1.30GB ...
movie
Manhole (2014)
6.4
Alien: Covenant (2017)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Alien: Covenant (2017)
2017
5.7
Dead Boys Club aka Geng Kubur (2023)
Dead Boys Club 2023 Imdb -5.7အိပ်မက်တစ်ခုတည်းကိုပဲ နှစ်တိုင်းအချိန်ကျလာရင်မက်တတ်တဲ့ဖာဟန် သူ့အိပ်မက်ကတော့ တောအုပ်တစ်ခုတည်း ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်နေတာပါငယ်စဉ်ထဲကမက်လာတဲ့ဒီအိပ်မက် အမေ့သေဆုံးနှစ်ပတ်လည်ရောက်လာချိန်တိုင်း ပြန်ပြန်မက်နေလို့ ဆရာဝန်ဆီသွားပြီးဆွေးနွေးမှုခံယူခဲ့ရတဲ့အထိပါပဲ ဖာဟန့်မှာ သူငယ်ချင်း၃ယောက်ရှိပါတယ် အတိအကျဆိုရင်တော့ ၄ယောက်ပါ ဒါပေမဲ့ ၄ယောက်မြောက်က လူသားမဟုတ်ဘဲ ဘယ်သူမှမမြင်ရပေမဲ့ ရှိတယ်လို့လက်ခံထားကြတဲ့ မွတ်စ်ဆိုတဲ့ပရလောကသားပါပဲသူတို့တွေက ညဘက်ဆိုသင်္ချိုင်းထဲသွားထိုင်ပြီး စကားစမြည်ပြောရတာကို သဘောကျကြပါတယ် အကြောင်းကတော့ သင်္ချိုင်းကတိတ်ဆိတ်ပြီးတော့ ပြန်ပြောမဲ့သူမရှိလို့ပါတဲ့လေ ဖာဟန်က သူ့အိပ်မက်အကြောင်းပြောပြဖြစ်ရင်းနဲ့ လူငယ်သဘာဝစူးစမ်းချင်စိတ်ကြောင့် ဖာဟန်မက်မက်နေတဲ့တောအုပ်ထဲသွားကြည့်ဖို့ဆုံးဖြတ်ရာကနေ ဘယ်လိုကြောက်မက်ဖွယ်ရာတွေတွေ့ကြုံလာရမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Teamတို့ပဲဖြစ်ပါတယ် ) File size… 1.8GB / 907MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
Dead Boys Club aka Geng Kubur (2023)
5.5
The Deaths of Ian Stone (2007)
အီယန်က ကောလိပ်တစ်ခုကကျောင်းသားတစ်ဖြစ်လည်း ကျောင်းကဟော်ကီအသင်းဝင်တစ်ယောက်ဆိုလည်းမမှားပါဘူး။တစ်နေ့ဟော်ကီပွဲအပြီး ချစ်သူကောင်မလေးဖြစ်တဲ့ ဂျန်နီကိုအိမ်ပြန်လိုက်ပို့ပေးပြီးအပြန်လမ်းမှာ တစ္ဆေလိုလို မကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်ချက်ကြောင့် အသက်ပါသွားတယ်။အဲ့နောက် အီယန်ဟာ ရုံးခန်းတစ်ခုမှာ ရုံးဝတ်စုံနဲ့ပြန်နိုးလာတယ်။ သူ့ကိုယ်သူလည်းဘာဖြစ်ခဲ့မှန်းမသိဘဲ အခြားလူတစ်ယောက်ပုံစံအဖြစ်နဲ့လည်းပုံမှန်နေ့စဉ်ဘဝလိုနေထိုင်နေတယ်။အဲ့ညနေခင်းမှာပဲ သူဟော်ကီကစားခဲ့တယ်ဆိုတဲ့ တကယ်မရှိခဲ့တဲ့မှတ်ဉာဏ်က တရေးရေးပြန်ပေါ်လာပေမဲ့ ကျောင်းမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ဟော်ကီအဖွဲ့ထဲ သူမဝင်ခဲကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ့ကိုတစ္ဆေသရဲလိုအကောင်တွေက လိုက်ပြီးခြောက်လှန့်နေတဲ့အခါမှာတော့ အီယန်တစ်ယောက် ဘာတွေဖြစ်နေတာလဲ ဘယ်လိုတွေအဖြေရှာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Khant Sett Naing ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Horror, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
The Deaths of Ian Stone (2007)
Escape (2024)
Escape (2024)***************ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လိုrating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီးSong Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယားတပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာလွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့ဘဝအသစ်တစ်ခုစတင်ဖို့ အိပ်မက်မက်နေသူပါ။ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေးစစ်မဲ့ဇုန်ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်းစစ်သားလေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့...။နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး ...
movie
Escape (2024)
1
2
3
4
Last
Previous
Next