Channel Myanmar

Thriller

Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
Hunt Her, Kill Her (2023) 5.3
Hunt Her, Kill Her (2023) Hunt Her, Kill Her ( 2022 ) =======================Hunt Her , Kill Herဟာ ဟော်ရာ Slasher အမျိုအစားရုပ်ရှင်ဖြစ်ပြီး သွေးထွက်သံယို သတ်ဖြတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေကို ကြိုက်တဲ့လူတွေအတွက် သင့်တော်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ထူးတာကတော့  The Evil Dead ( 1981 ) ကိုရိုက်ထားတဲ့ မြို့မှာပဲရိုက်ထားတာဖြစ်ပြီး ဇာတ်ကားထဲမှာလည်း  Evil Deadထဲက အိမ်က အုတ်ခဲကို တကူးတကထည့်သုံးထားပါသေးတယ်။  Tributeလုပ်တာလား ဘာလားတော့မသိဘူးပေါ့။ဇာတ်ကတော့ စင်ဂယ်မားသားတစ်ယောက်ဟာ စက်ရုံတစ်ရုံမှာ သန့်ရှင်းရေးနဲ့ ညစောင့်အလုပ်ကို လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လူကတော့ စက်ရုံကိုရောက်လာပေမဲ့ စိတ်ကတော့ နေမကောင်းတဲ့ ကလေးဆီမှာပဲ ရှိနေခဲ့တာပေါ့။ သူအပ်ခဲ့တဲ့ အိမ်နီးချင်းကလည်း သူ့ဆီ ဖုန်းတွေတဂွမ်ဂွမ် ဆက်နေခဲ့တယ်။ အလုပ်ကလည်း အလုပ်မှာ ဖုန်းပြောတာကို သိပ်သဘောမကျချင်ဘူး။ အလုပ်ရဲ့ ပထမဆုံးနေ့ကို ...
movie

Hunt Her, Kill Her (2023)

The Last Stop in Yuma County (2023) 7.1
The Last Stop in Yuma County (2023)  The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie

The Last Stop in Yuma County (2023)

A View To Kill For (2023)
A View To Kill For (2023)  မိသားစုနဲ့ပိုက်ဆံကြားလွန်ဆွဲတဲ့ဖြစ်ရပ်ဆိုး အမွေအတွက်နဲ့တလွဲတွေဖြစ်ကုန်တဲ့ ဖြစ်ရပ်မျိုးတွေဖြစ်နေတာမြင်ဖူးကြမယ်ထင်ပါတယ်။ A View to Kill For ရုပ်ရှင်ဟာဒီသဘောကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနဲ့ပိုက်ဆံ ချစ်ခြင်းနဲ့ငွေကြေးကြားက သဘောကိုရိုက်ပြသွားတာဖြစ်ပါတယ်။မော်လီနဲ့သူ့မိသားစုဟာငွေရေးကြေးရေးမပြည့်သုံပဲ အခက်အခဲတွေရင်ဆိုင်​နေရပါတယ်။ ဒါပေမယ့်ကံတရားဆိုတာတစ်ဆစ်ချိုးတတ်ပြီး ကောင်းတဲ့ဘက်ကိုဦးတည်သွားတတ်ပါတယ်။ မော်လီတို့မိသားစုမှာလည်းအဲလိုပဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မော်လီပေါ့လေ။ သူ(မ)ရဲ့မမြင်တောင်မမြင်ဖူးတဲ့ဖခင်ဟာ ငွေကြေးများစွာနဲ့အိမ်ကြီးကိုပါ အမွေပေးခဲ့ပါတယ်။ တစ်ခါမှတောင်မမြင်ဖူးတဲ့ဖခင်ဆီကအမွေရခဲ့တာက တကယ်ကိုကံကောင်းခြင်းပါပဲ။ ဒါမှမဟုတ်ကံကောင်းတာရောဟုတ်ရဲ့လား...ဘလန်ကာဘေး ဆိုတဲ့အိမ်ကြီးရှိရာကိုတစ်မိသားစုလုံးပြောင်းရွှေ့သွားခဲဲ့ကြပါတယ်။ ခက်တာက သူတို့ကိုကြိုဆိုတဲ့လူသိပ်မရှိဘဲ ဘလန်ကာဘေးဟာလူရွတ် လူချမ်းသာ လူ့ကန့်လန့်တွေနေတဲ့ မြို့ဖြစ်နေပါတယ်။ ဘယ်လိုများဆက်ဖြစ်မှာလဲ။ ရုတ်တရတ်ရလာတဲ့အမွေအပေါ်ကိုလူတိုင်းကကြည်ဖြူနေမှာလား။ မကြိုဆိုတဲ့ပတ်ဝန်းကျင်မှာ မော်လီတစ်​ယောက်ဘယ်လိုခရီးဆက်မှာလဲ။ မထင်မှတ်ထားတဲ့ အချိုးအကွေ့လည်းပါတာကြောင့် အဆုံးထိကြည့်ဖို့အကြံပေးပါရစေ။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

A View To Kill For (2023)

The Nomad (2023)
The Nomad (2023)  ဒီဇာတ်ကားကတော့ 2023 ခုနှစ်ထွက် Crime/Drama ကားဖြစ်ပါတယ် ဒနင်း ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှုအပြီးမှာ အယ်လ်ရွန်က အရမ်း ဒေါသထွက်ပြီး ဘုန်းတော်ကြီးတွေကို လိုက်သတ်တော့တယ် သတင်းထောက်မလေး လေယာက အယ်လ်ရွန် လူသတ်မှုကို ဗီဒီယို မှတ်တမ်း အရယူလိုက် နိုင်တယ်ဒါပေမဲ့ လီယာက အယ်လ်ရွန် အဖမ်းခံရဖို့ထက် ပိုအရေးကြီးတဲ့ Personal ကိစ္စလေးတွေရှိနေပြန်တယ် အဲ့တော့ ဒီကနေ ဘယ်လိုဘာဆက်ဖြစ်ကြမလဲ သူတို့ ရှာဖွေတွေ့ရှိမှုကရော ဘာမို့လို့ အယ်လ်ရွန်က ဘုန်းတော်ကြီးတွေကို လိုက်သတ်နေတာလည်း သတင်းထောက်လေးကရော အယ်လ်ရွန်ကို ရဲလက်အပ်မှာလား အသုံးချမှာလားဒနင်းကရော ဒီ အရှုပ်ထုပ်ထဲ ဘယ်လို ၀င်ပတ်သက်မှာလည်း ကြည့်ရမှာ ဖြစ်ပါတယ်... ဘာသာရေး/ဘ၀ရဲ့ အဓိပွါယ် စတဲ့ themes တွေနဲ့ပတ်သက်ပြီး တွေးစရာ dialgoues တစ်ချို့ပါပါတယ် File size…(896 MB)/(440 MB) Quality….Webrip 1080p ...
movie

The Nomad (2023)

An American Haunting (2005)
An American Haunting (2005) နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie

An American Haunting (2005)

A Sound of Thunder (2005)
A Sound of Thunder (2005)  2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie

A Sound of Thunder (2005)

O.Baby (2023)
O.Baby (2023) O Baby 2023 (အိုး ဘေဘီ) IMDb - 4.4/10နိုင်ငံခြားကိုပဲ အထင်ကြီးပြီး နိုင်ငံခြားမှာပဲ အနေများတဲ့မိသားစုတစ်စုအတွင်းက မာရင်ဆိုတဲ့ကောင်မလေးကို သောမတ်စ်လို့ခေါ်တဲ့ကောင်လေးနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့လုပ်ရင်းနဲ့ ကမ္ဘာ့ဆင်ဦးရေအများဆုံး ဇင်ဘာဘွေကို ရောက်ရှိလို့လာပါတယ်။ မာရင်ဟာ အိမ်ထောင်မပြုချင်ပေမယ့်လည်း မိဘတွေရဲ့အလိုကျ ပြန်မပြောနိုင်ဘဲ မင်္ဂလာပွဲကိုလက်ခံလိုက်ရတော့တာပေါ့။ ဘုရားကျောင်းမှာ မင်္ဂလာပွဲပြီးတဲ့နောက် အမျိုးတွေစုံကြရာကနေ တောထဲကို အမဲလိုက်ထွက်ဖို့ ပြင်ကြပါတော့တယ်။သူတို့ အမဲလိုက်ထွက်တဲ့တောထဲမှာ နတ်ဆိုးတောင်ကုန်းဆိုတာရှိပါတယ်။ အဲဒီနတ်ဆိုးတောင်ကုန်းဟာ ဘာအကြောင်းကြောင့်မှန်းတော့ မသိ အလုပ်သမားတွေဟာ ဒီနေရာကို ရှောင်ကြပါတယ်။ ဒီလိုနဲ့ အဲဒီနတ်ဆိုးတောင်ကုန်းပေါ်ကို တောင်တက်ခရီးကြမ်းနှင်ဖို့ ဘေဆယ်တို့ စီစဉ်ကြတဲ့အခါမှာတော့ ......ဘိုးဘွားစဉ်ဆက် နှောင်ကြိုးတွယ်နေတဲ့ ဓလေ့ထုံးတမ်းကို စိန်ခေါ်မိသလိုဖြစ်သွားရာကနေ သူတို့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ..... အိမ်ထောင်မပြုချင်ဘဲ အလုပ်နဲ့အကိုင်နဲ့ ကိုယ့်အားကိုယ်ကြိုးစားချင်တဲ့ မာရင်လေးရဲ့ အိမ်ထောင်ရေးကိစ္စဟာရော ဘယ်လိုတွေ ဖြစ်လာမလဲ ... ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Suri~KKKZ~Zwe~V~ToMo တို့ပဲ ဖြစ်ပါတယ်) File size…2GB / 897MB Quality…WEB DL 1080p / ...
movie

O.Baby (2023)

2023
S.I.T: Special Investigation Team (2024)
S.I.T: Special Investigation Team (2024) S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ...
movie

S.I.T: Special Investigation Team (2024)

2024
Gadera (2024) 6
Gadera (2024) Gadera (2024) "ရတနာသိုက်ရှာပုံတော်"လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.38GB / 586MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gadera (2024)

2024
Something in the Water (2024) 5.5
Something in the Water (2024)  Something in The Water ကတော့ နာမည်အတိုင်းရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကိုရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်ကMystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကိုစွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စားကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်း*************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်းငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကိုဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါတော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာတွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်းကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည်အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကိုသူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကိုပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာကလူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာအဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦးမှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Something in the Water (2024)

Engaged to be Murdered (2023) 5.5
Engaged to be Murdered (2023)  တစ်ခါတလေကျ ဘဝမှာ ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ်။ ဘဝဆိုတာ တခါတလေ ရိုးရှင်းမှုမရှိဘဲ ရှုပ်နေတတ်ပါတယ်။ Engaged to be Murdered ဟာ ၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားဖြစ်ပြီး အမေတစ်ယောက်ရဲ့​ချစ်ခြင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းအားအကောင်းမွန်ဆုံးပြသသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့Jack ကတော့ Amanda ရဲ့အချစ်ဆုံးတစ်ဦးတည်းသောသားဖြစ်ပါတယ်။ သူဟာစင်္ကာပူမှာ အလုပ်လုပ်ရင်း Olivia ဆိုတဲ့ မိန်းမချောလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ရုံမကပဲ မင်္ဂလာပါတစ်ခါတည်း ဆောင်ဖို့ရည်ရွယ်ထားကြပါတယ်။ ခက်တာက Amanda ဟာသူ့ရဲ့တစ်ဦးတည်းသောသားလေး မိန်းမယူမယ့်ကိစ္စကို အမေတစ်ယောက်အနေနဲ့ ချင့်ချိန်ရမှာတွေရှိတာမလို့ သဘောချက်ချင်းမတူခဲ့ပါဘူး။ Jack ကလည်း Olivia မှ Olivia ဖြစ်နေတာမလို့ ဘာတွေဆက်ဖြစ်ကြမှာလဲကြည့်လိုက်ကြပါ။ဇာတ်လမ်းပြီးခါနီးထိခန့်မှန်းမရလောက်တဲ့ဇာတ်လမ်းမလို့ အတော်လေးဆွဲဆောင်မှုရှိပါတယ်။ တစ်ခုပြောချင်တာက လူကြီးမင်းတို့ထင်နေသလိုမဟုတ်ဘူးဆိုတာပါပဲ..... File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Engaged to be Murdered (2023)

Pula (2024) 5.0
Pula (2024) Pula (2024)=========Pula ဆိုတာ တိတ်ဆိတ်အေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ပါတယ်။မြို့သူမြို့သားတွေကလည်း ရိုးသားငြိမ်းချမ်းကြပြီး ဘာသာတရားကိုင်းရှိုင်းသူ ရှေးရိုးစွဲသူတွေဖြစ်ကြတယ်။တစ်နေ့မှာတော့ မြို့လေးရဲ့ငြိမ်းချမ်းမှုကိုလှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အသတ်ခံရမှုဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကတည်းက မြို့မှာ ကပ်ဆိုးတစ်ခုဆိုက်ရောက်လာတော့မယ့် နိမိတ်ပုံတွေပြနေခဲ့တာပါ။အဲ့ဒီနိမိတ်တွေဟာ အယူသီးတဲ့ မြို့သူမြို့သားတွေရဲ့အစွဲအလန်းတစ်ခုပဲလား။ ဒါမှမဟုတ် သူတို့ရဲ့အယူအဆဟာ တကယ်ပဲမှန်ကန်နေမလား? ကပ်ဆိုးဟာ သူတို့ဆီကို ဘယ်လိုပုံစံမျိုးနဲ့ဆိုက်ရောက်လာမလဲ ဆိုတာတွေကို ဇာတ်လမ်းထဲမှာ အဖြေရှာရပါလိမ့်မယ်။၂၁ ရာစုရဲ့ထူးချွန်ဆုအများဆုံးမင်းသားတစ်ယောက်ဖြစ်တဲ့ Coco Martin နဲ့ ဇနီးချော Julia Montes တို့ခေါင်းဆောင်ပါဝင်ထားပြီးလိင်အသားပေးကားတွေကနေ Mainstream လောကကို တိုးဝင်လာပြီဖြစ်တဲ့ Vivamax sweetheart လေး Christine Bermas လည်းပါဝင်အားဖြည့်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Pula (2024)

3 (2012) 7.4
3 (2012) 3 Three (2012) အချစ်ရူးလေးရမ် IMDb - 7.4/10Vaathiလို ဒရာမာပဲလာလာ Maariလိုခပ်ကြမ်းကြမ်းဇာတ်ရုပ်ပဲလာလာ သရုပ်ဆောင်ချက်ပိုင်နိုင်လွန်းတဲ့ တစ်ကားဆိုရင် တစ်ကားဆိုသလောက်‌ ပရိသတ်ရင်ထဲ‌ရောက်တဲ့ မင်းသားကြီးဒနွတ်ရှ်နဲ့ Salaarထဲက ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ရှရူတီဟာဆန်ရဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့ Three (2012)ကို စီအမ်ချစ်သူ‌တို့ တောင်းဆိုနေတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါပြီ။ဒီတစ်ခါမှာတော့ ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို ထူးဆန်းထွေလာဇာတ်ကြောင်းလေးပါဝင်တဲ့ အချစ်ဒရာမာ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရမ်လို့ခေါ်တဲ့ ၁၂တန်းအရွယ်ကျောင်းသားလေးဟာ တစ်ရက်ကျောင်းကိုသွားရင်း မိုးရွာနေတဲ့လမ်းမပေါ်မှာ စက်ဘီးချိန်းကျပြီး ဒုက္ခရောက်နေတဲ့ ဂျာနန်နီကိုမြင်လို့ ဝင်ရောက်ကူညီပေးရင်း ချစ်မိသွားပါတော့တယ်။အချစ်နဲ့တွေ့ရင် အရာရာကို ကြိုးစားချင်တယ်ဆိုတဲ့စိတ်တွေနဲ့ အရင်က စာကို အာရုံမစိုက်ခဲ့တဲ့ ရမ်တစ်ယောက် ချစ်ရသူကိုမြင်ခွင့်ရဖို့အတွက်နဲ့ ဂျာနန်နီတက်တဲ့ ကျူရှင်ကိုလိုက်တတ်ရင်း စာတွေကြိုးစားခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ ဂျာနန်နီရဲ့အချစ်ကို ရရှိခဲ့ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ လက်ထပ်လိုက်ကြပြီး ဘဝတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ဖြစ်တတ်ကြတဲ့ထုံးစံအတိုင်းပဲ ပြဿနာသေးသေးလေးတွေကနေ ကြီးထွားလာခဲ့ပါတော့တယ်။ လက်ထပ်ခါစ စုံတွဲလေးဖြစ်ပေမယ့် နားလည်မှုလွဲတဲ့ကိစ္စတွေ အခက်အခဲတွေကို ရင်ဆိုင်လာရင်း တစ်ရက်မှာ မထင်မှတ်ထားပဲ ရမ်ဖြစ်သူဟာ သတ်သေသွားတဲ့ အခါမှာတော့ .....ရမ်ဘာကြောင့် သတ်သေရလည်းဆိုတာကို ဂျာနန်နီတစ်ယောက် စုံစမ်းကြည့်တဲ့အခါမှာ ဘယ်လိုထူးဆန်းထွေလာကိစ္စတွေ ...
movie

3 (2012)

2012
A Chef’s Deadly Revenge (2024) 4.5
A Chef’s Deadly Revenge (2024) A Chef's Deadly Revenge (2024) ========================လူစီ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အနိုင်ကျင့်နှိပ်စက် တတ်တဲ့ ယောက်ျားနဲ့ဆက်ဆံရေးဆီကနေ ထွက်ပြေးပြီး မြို့အ သစ်မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အဲဒီနောက်မှာ ဖရန့် ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက် ခြင်းကို ခံရပါတော့တယ်။ အနိုင်ကျင့်နှိပ်စက်တဲ့ ယောက်ျားဆီ ကနေ ‌ထွက်လာတဲ့လူစီဟာ ဒီတစ်ခါမှာတော့ ငြိမ်မခံတော့ဘဲ လိုက်နှောက်ယှက်တဲ့သူကို ပြန်ပြီး လက်စားချေပါတော့တယ်။ စားဖိုမှူးတစ်ယောက်ဖြစ်တဲ့လူစီဟာ ထက်မြတ်ရဲရင့်တဲ့ မိန်းမ‌ တစ်ယောက်ပီပီ လာပြီးနှောက်ယှက်တဲ့သူကို ဘယ်လိုပြန်ပြီး လက်စားချေမလဲ၊ ဖရန့်ကရော ဘာလို့ လူစီကို လိုက်နှောက် ယှက်နေရတာလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.44 GB) / (645 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Katt Encoder..........SWM
movie

A Chef’s Deadly Revenge (2024)

2024
My Little Nightmare (2024) 5.2
My Little Nightmare (2024) My Little Nightmare (2024) =====================ဒီဇာတ်လမ်းထဲမှာ သူငယ်ချင်းငါးယောက်က အပျော်ခရီးထွက်ရင်း ကလေးလေးတစ်ဦးကို ကားနဲ့တိုက်မိပြီး ကလေးလေး သေသွားခဲ့ တယ်။ လူငယ်တွေဖြစ်ပြီး မူးနေတာကြောင့် ထောင်မကျချင်တဲ့ သူ တို့သူငယ်ချင်းငါးယောက်က ကလေးရဲ့အလောင်းကို လမ်းဘေးထား ပြီးထွက်ပြေးဖို့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြတယ်။ဒီမတော်တဆမှုကို အားလုံးက မေ့ပျောက်လိုက်ကြပေမဲ့ နောက်ပိုင်း နှစ်ကြာလာတဲ့အခါမှာ အဲဒီအရာက သူတို့ကိုပြန်လက်စားချေဖို့ တစ် ယောက်ချင်းစီကို ဘယ်လိုရောက်လာမလဲဆိုတာကိုတော့ ဒီဇာတ်လမ်း ထဲမှာ သဲထိတ်ရင်ဖို ကျောချမ်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (630 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

My Little Nightmare (2024)

2024
Kampon (2023)
Kampon (2023) Kampon 2023အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူး ပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့် ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ် ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ် တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီး တကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာအညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror, Thriller Quality…. 1080p | 720p File size… 901MB | 481MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Kampon (2023)

2023
Chief of Station (2024) 5.5
Chief of Station (2024)  Cheif Of Station (2024) ဇာတ်ကားဟာဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာသူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လားသူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေကဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ်ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာပြောသွားတဲ့စကားဖြစ်တဲ့ "ဒီထောက်လှမ်းရေးလောကမှာဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး" ဆိုတဲ့စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင်ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ File size…1.28GB / 577MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre …..Action ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Chief of Station (2024)

Locked in My House (2024) 5.2
Locked in My House (2024) Locked in My House (2024) =======================စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်း မျိုးပါ။ ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင် ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေး ပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထား တဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ် ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့ တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ‌ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့် ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှု ကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအ မျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကို စိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာ‌ဖွေပြီး အပြစ် ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်...။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ...
movie

Locked in My House (2024)

2024
13 Bombs (2023) 6.7
13 Bombs (2023) 13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie

13 Bombs (2023)

2023