Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
5.3
Time Addicts (2023)
ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအနေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ်အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike
movie
Time Addicts (2023)
Light (2024)
ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါအနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ်Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ်သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ... အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလားနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Science Fiction, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Light (2024)
In Dreams (2023)
ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာတာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(964 MB)/(434 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
In Dreams (2023)
Fatum (2023)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်....ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်...ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်....ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ...ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ...တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်...ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်....သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်....နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ...ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ....အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလိုလည်းရောက်ရှိလာခဲ့ပါတယ်... ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်...ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ..... File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Fatum (2023)
Knox Goes Away (2024)
Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie
Knox Goes Away (2024)
5.0
Monster (2023)
ဒီရုပ်ရှင်ကတော့ ဘယာနကရသ ကိုပေးတဲ့ရုပ်ရှင်ဖြစ်ပြီး ပါဏာတိပါတာကား အမျိုးအစားဖြစ်ပါတယ်။စိတ္တဇကောင်တစ်ကောင်က ကျောင်းနေအရွယ်ကလေးလေးနှစ်ယောက်ကို ဖမ်းသွားပြီးရက်ရက်စက်စက်လုပ်ဖို့ ကြိုးစားလာတဲ့အချိန်မှာကလေးနှစ်ယောက် နိုင်သလောက်အားလေးနဲ့အသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်တာကို ကြည့်ရမှာဖြစ်ပါတယ်။ တစ်ကားလုံး ဒိုင်ယာလော့မသုံးဘဲနဲ့ပြကွက်တွေကိုချည်း သုံးထားပြီး အသက်အောင့်ကြည့်မိအောင်လုပ်ထားတဲ့ကားမျိုးမို့ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်ပါဦး။ File size…1.10GB / 480MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie
Monster (2023)
Bad Hombres (2023)
Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter's to do list, Rango, Spiderman (Tom Holland's versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ...
movie
Bad Hombres (2023)
5.8
Sting (2024)
IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူးပြထားတာဖြစ်ပြီး တခြားပင့်ကူကားတွေနဲ့မတူတာကတော့ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံတစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူတစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကိုစွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်ကမွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလိုချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီးစတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်းချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီးအိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီးချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကိုခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။ File size…1.77GB / 615MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Sting (2024)
6.1
unDEFILED (2024)
Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာအိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေစွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်းသိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲအေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါးလက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကိုကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri
movie
unDEFILED (2024)
5.8
Cobra (1986)
အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Cobra (1986)
5.0
Chasing Raine (2024)
Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raineရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီးMaurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့ကအဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားကာ မိဘနဲ့သားသမီးကြားကမေတ္တာကိုဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်းကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့်တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်းအုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကိုအမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာစိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေမှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်းတစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင်ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…1.50GB / 791MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Chasing Raine (2024)
Darkness of Man (2024)
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(1.7 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie
Darkness of Man (2024)
6.7
Adagio (2023)
ဇာတ်ကားကတော့ အီတလီ action crime thrillerအမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်းစီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင်ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ...။သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေတပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီးချောက်ချဖို့ကျန်တယ်ပေါ့။ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်ကလွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီရောက်သွားပါတယ်...။ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီလူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော....ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်ကလွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲရောက်သွားမလား...ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ....။ File size…1.54GB / 706MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Adagio (2023)
New Life (2024)
သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica -- သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ်သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် - တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်...ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Science Fiction, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
New Life (2024)
The Baby Swindler (2023)
ယောကျ်ားဖြစ်တဲ့သူ ဆုံးသွားပြီးတဲ့နောက်မှာ ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ ဆူဇီ ဆိုတဲ့မိန်းကလေးတစ်ယောက်...... ဆူဇီ အတွက်သူ့ယောက်ျားကအသက်အာမခံငွေတွေနဲ့ ပိုင်ဆိုင်မှုတွေအများကြီးချန်ပေးထားခဲ့တယ်...နှစ်ယောက်သား ကလေးယူဖို့ကြိုးစားနေပြီးတော့ ဆူဇီ ရဲ့အားနည်းချက်ကြောင့် ကိုယ်ဝန်မဆောင်နိုင်တဲ့အချိန်မှာ ဆေးရုံမှာအေးခဲထားတဲ့ သူ့တို့ရဲ့သန္ဓေသားလောင်းလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့အတွက် မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ရှာခဲ့ရတယ်..... ဆူဇီ အစားအငှားကိုယ်ဝန်ဆောင်ပေးတဲ့မိန်းကလေးဟာ ကိုယ်ဝန်ဆောင်ပေးနေစဉ်မှာပဲ ရုတ်တရက်ပျောက်သွားရာကနေ.....ဆူဇီ လုံးဝမျှော်လင့်မထားတဲ့ အန္တရာယ်တွေ၊ လှည့်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့၊ ဘယ်လိုဒုက္ခမျိုးတွေနဲ့တွေ့ကြုံရမလဲဆိုတာကိုတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(619 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
The Baby Swindler (2023)
Don’t Let Me Stay (2023)
ဒီတစ်ခါမှာတော့ Don’t Let Me Stay ဆိုတဲ့ 2023 ထွက် horror/thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ အိုဟောင်းနေတဲ့ စံအိမ်ကြီးတွေဟာ ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပြီး နံရံကအစကြမ်းပြင်အထိ ပြောပြစရာ ပုံပြင်ဟောင်းတွေရှိနေတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ် ။ဂျက်ဆင်နဲ့သောမတ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ကောလိပ်ပြီးသွားတဲ့အခါမှာ သောမတ်ဟာ သူစိတ်ဝင်စားတဲ့ ဗိသုကာလက်ရာတွေလေ့လာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ကနေထွက်သွားခဲ့ပါတယ်။ အဆက်အသွယ်လုံးဝမလုပ်ခဲ့တဲ့ သောမတ်ဟာ နှစ်အနည်းငယ်ကြာမှ မြို့ကိုပြန်ရောက်လာခဲ့ပြီး ဂျက်ဆင်အပြင် ကောလိပ်ကသူငယ်ချင်းတွေဖြစ်ကြတဲ့ ကလိုက်ထ်, ဒါကိုတာ, ဝယ်လ်, ကော်နီ တို့ကို သူဝယ်ထားတဲ့ ရှေးဟောင်းအိမ်ကြီးမှာ ပိတ်ရက်အပန်းဖြေဖို့ဆိုပြီး ဖိတ်ခေါ်လာပါတယ်။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းက ဖိတ်ခေါ်လို့သွားခဲ့တဲ့ ဂျက်ဆင်နဲ့သူငယ်ချင်းတစ်သိုက်ဟာ သူတို့ရဲ့ငယ်ငယ်က ဆရာဟောင်းဖြစ်တဲ့ မစ္စတာ ပီတာဆင်အပြင် သောမတ်ရဲ့ညီငယ် ဒန်နီရယ်ပါ အိမ်ကြီးမှ ရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုနဲ့ဆရာဟောင်းတို့ ...
movie
Don’t Let Me Stay (2023)
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)
5.5
Lazareth (2024)
ကမ္ဘာကြီးမှာ လူသားတွေဟာ သဘာဝတရားကပေးတဲ့အရာတွေကို သုံးချင်သလိုသုံးပြီး နေလာကြတဲ့အချိန်အတိုင်းအတာ တစ်ခုမှာ လောကကြီးမှာပြန်အဖတ်ဆယ်လို့ မရအောင် ပျက်စီးသွားတဲ့ အခြေအနေတစ်ခုကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ကုသမရနိုင်တဲ့ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့ကူးစက် သေဆုံးခဲ့ကြပြီးမြို့ပြကြီးတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့ကုန်ပါတယ်။ရောဂါပိုးနဲ့ မထိတွေ့ဘဲ ကျန်ရစ်နေခဲ့တဲ့ လီဆိုတဲ့ အမျိုးသမီးဟာတူမလေး နှစ်ယောက်နဲ့အတူ လူတွေနဲ့ ဝေးလံတဲ့ ကျေးလက်ဒေသတစ်နေရာမှာ အထီးကျန် နေထိုင်ခဲ့ပါတယ်။ လာဇရက်လို့အမည်ပေးထားတဲ့ သူတို့အိမ်လေးမှာ တူဝရီးသုံးယောက်ဘေးမသီရန်မခ နေထိုင်ရင်း တစ်နေ့ကျတော့ သူတို့နေအိမ်အနီးတောအုပ်ထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။ဒီကောင်လေးရောက်လာချိန်ကစပြီး သူတို့တွေရဲ့ စည်းချက်ညီလှုပ်ရှားနေတဲ့ နေအိမ်လေးမှာ ဟန်ချက်မညီမျှတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်...။ဒီကောင်လေးက ဘယ်ကနေ ဘာအတွက်ကြောင့်ဒီကိုရောက်လာခဲ့တာလဲ။သူနဲ့အတူ ဘယ်လို ဘေးအန္တရာယ်တွေပါ လိုက်ပါလာမလဲဆိုတာ....။ File size…1.18 GB/ 443 MB Quality… NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. ...
movie
Lazareth (2024)
6.3
Taken 3 (2014)
Taken 3 (2014) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။Taken 3Taken trilogy ရဲ့ ၂၀၁၄ ခုနှစ်ထွက် နောက်ဆုံးကားဖြစ်ပါတယ်။ Liam Neeson နှင့် သူ၏စွန့်စားခန်းများ ...
movie
Taken 3 (2014)
4K HEVC
6.2
Taken 2 (2012)
Taken 2 (2012) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ ...
movie
Taken 2 (2012)
4K HEVC
First
16
17
18
19
20
Last
Previous
Next