Channel Myanmar
Thriller
Alien Invasion: S.U.M.1 3.8
Alien Invasion: S.U.M.1 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ''Alien Invasion S.U.M 1 ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်... အညွန်းကိုဖတ်ကြည့်ရအောင်. ကမ္ဘာမြေဟာ ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုခံနေရတဲ့ ကာလဖြစ်ပါတယ်.. လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းလောက် သတ်ခံခဲ့ရပါတယ် ... ကမ္ဘာမြေမှ အကြီးအကဲများဟာ ဂြိုဟ်သားတွေလက်ထဲမှ ကမ္ဘာမြေကို ပြန်လည်ရယူဖို့ အစောင့်တပ်သားများကို စေလွှတ်ခဲ့ပါတယ်.. ဒီအစောင့်တပ်သားများထဲမှ Sum 1 ဆိုတဲ့ တပ်သားအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်... တပ်သားတွေဟာ ရက် ၁၀၀ မစ်ရှင်းဖြင့် တာဝန်ထမ်းဆောင်ရပါတယ်... ဒုက္ခရောက်ပြည်သူများကို လုံခြုံရာနေရာသို့ ပြောင်းရွှေ့ပေးရပါတယ်.. Sum1 ဟာ ကမ္ဘာမြေအောက်ခြေ တာဝါတစ်ခုမှာတစ်ကိုယ်တည်း နေထိုင်ရပါတယ်... သူ့ရဲ့တစ်နေ့တာ တာဝန်ကတော့ တာဝါဝန်းကျင်ကင်မရာများကို စောင့်ကြည့်တာ ချဉ်းကပ်လာသူ ဂြိုဟ်သားတွေရန်ကို ကာကွယ်တာ စတာတွေဖြစ်ပါတယ်... သူ့ရဲ့တစ်နေ့တာ တာဝန်ကတော့ တာဝါဝန်းကျင်ကင်မရာများကို စောင့်ကြည့်တာ ချဉ်းကပ်လာသူ ဂြိုဟ်သားတွေရန်ကို ကာကွယ်တာ စတာတွေဖြစ်ပါတယ်... Sum1 မတိုင်ခင်က အရင်ထမ်းဆောင်ခဲ့တဲ့ တပ်သားဟာ ကျန်းမာရေးအခြေအနေကြောင့် Sum1 ကို အရေးပေါ်အစားထိုးခဲ့ခြင်းဖြစ်ပါတယ်.... လူတွေရဲ့ထုံးစံအတိုင်း Sum1 တစ်ယောက် ရက် ၁၀၀ မစ်ရှင်းအစမှာတော့ တက်ကြွပြီး တာဝန်သိစိတ်အပြည့်အဝနဲ့ ကြိုးစားခဲ့ပါတယ်... ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝ စကားပြောဖော်အပေါင်းအသင်းမရှိတဲ့ဘဝကို သူစိတ်ပျက်လာပါတယ်... တစ်နေ့လာလည်း ...
movie
Alien Invasion: S.U.M.1
2017
Memento (2000) 8.4
Memento (2000) Memento (2000) IMDb (8.4/10)__________Rotten Tomatoes (93%)Memento (2000)သူ.........ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း..........မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ......................ရိုင်းစိုင်းမှုတွေ...............အသနားခံမှုတွေ.........။ သေချာသွားပြီ.........သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ "John G. raped and murdered my wife."Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ...
movie
Memento (2000)
2000
No Country for Old Men(2007) 8.1
No Country for Old Men(2007) No Country for Old Men (2007)ဒီဇာတ်ကားကတော့ IMDB Rating 8.1/10 နဲ့ RT Rating 93 % ရရှိထားတဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကားပါ Ethan Coen နဲ့ Joel Coen ဆိုတဲ့ ညီနောင် ဒါရိုက်တာရဲ့ ဖန်တီးမှုဖြစ်ပြီးBest Picture Best Actor (Supproting) Best Director Best Writing Adapted စတဲ့ အော်စကာ ၄ ဆုနဲ့ အခြားဆုပေါင်း ၁၅၆ ဆု တောင် ရရှိထားတဲ့ ဇာတ်ကားကြီးပါဇာတ်လမ်းအကျဉ်းကတော့ လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်း မထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအ၀ယ်တစ်ခု ပြသနာတက်တဲ့ နေရာကို တွေ့သွားမိတယ် ...အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ် သေလုမျောမျောလူတစ်ယောက်ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး...ဒါကြောင့် အမဲလိုက်သမားဟာ မှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ယူခဲ့မိပါတယ် အဲဒီနောက်မှာတော့ ...
movie
2007
The Ward(2010) 5.6
The Ward(2010) .. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်...ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်...Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်...ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ...ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်...Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်... Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်...ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်.... Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်... သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ...
movie
The Ward(2010)
2010
Under the Skin (2013) 6.3
Under the Skin (2013) Under the Skin (2013)IMDb - 6.3/10_____Rotten - 85%  စကားလက်ဂျိုဟန်ဆန်ရဲ့ Lucy (2014) ဇာတ်ကားကို ကြည့်ဖူးကြမယ်ထင်ပါတယ်...ဇာတ်လမ်းအဆုံးမှာ Lucy တစ်ယောက် ဘယ်ကို လွတ်မြောက်သွားသလဲ....အခုတော့ ဘယ်ရောက်နေလဲ သိပါပြီ...Lucy တစ်ယောက် Under The Skin ဇာတ်ကားထဲရောက်လာပြီး လုပ်ချင်ရာလုပ်နေပါတယ်.....:Pဒါကတော့ Under The Skin ဇာတ်ကားကို ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးတာပါ။တကယ်တော့ ဒီဇာတ်ကားဟာ ခင်ဗျားကို လေးလံမှု အပြည့်ပါတဲ့ ထိုင်းမှိုင်းမှုတွေနဲ့ အာရုံထွေပြား ဒွိဟတချို့ကိုသာ သယ်ဆောင်လာပေးမှာပါ။ကျွန်တော်ဒီလိုပြောနေလဲ ခင်ဗျားတို့ကတော့ Scarlett Johansson ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်နေပြီမလား...သူကလဲ ဒီဇာတ်ကားမှာ အတော်ဟော့ပါတယ်။Poster နဲ့ Scarlett Jo ကိုတွေ့ပြီး ကျွန်တော့်လိုပဲ ခင်ဗျားတို့လဲ ဇာတ်လမ်းကို အမှတ်မရှိ ကြည့်ကြပါဦးမယ်..ကျွန်တော်ကတော့ ဒီဇာတ်ကားကို ခင်ဗျားတို့ဆီ သယ်ဆောင်လာရတာ အတော်ကို ကျေနပ်နေပါတယ်။ဇာတ်ကားကြည့်ပြီး ဘာမှန်းမသိတဲ့ ...
movie
Under the Skin (2013)
2013
Serpent (2017) 5.6
Serpent (2017) သူ့ဖုန်းကို ခဏခဏဝင်နေတဲ့ အသံမက်ဆေ့ချ်တွေကို ဖျက်ပစ်နေပါတယ်သူကားမောင်းအိမ်ပြန်သွားတော့ အိမ်မှာ သူ့ခင်ပွန်းဖြစ်သူက ညစာချက်ပြုတ်ပြင်ဆင်နေပါတယ်ညစာချက်လို့မပီးခင် သူတို့ပြောနေတဲ့စကားဝိုင်းလေးမှာ ခင်ပွန်းဖြစ်သူက သူအင်းဆက်တွေကိုတောထဲမှာ လေ့လာဖို့ အချိန်ကြာကြာသွားရမယ်ဆိုတာကို ပြောလိုက်ပါတယ်အမျိုးသမီးဟာ သူ့ခင်ပွန်းသည်ကို ဟန်မပျက်အလိုက်အထိုက် စကားပြောနေပေမယ့် သူ့မျက်နှာမရွှင်မလန်းဖြစ်နေပါတယ်ပြီးတော့ သူ့ခင်ပွန်းသွားမယ့်ခရီးကို လိုက်လိုကြောင်းပြောပါတယ်သူတစ်ခုခုကနေ ရှောင်ပြေးဖို့ ကြိုးစားနေပုံပါပဲနောက်တစ်နေ့သူ့ခင်ပွန်းနဲ့ တောထဲကို သူလိုက်သွားတဲ့အခါ သူတို့ ဘာတွေကြုံတွေ့ရမှာလဲသူဖုံးကွယ်ဖို့ကြိုးစားနေတာကရော ဘာလဲ သူ့ခင်ပွန်းရော သိသွားမလားဆိုတာတွေကိုတော့ အရသာပျက်သွားမယ်စိုးလို့ မပြောတော့ပါဘူး ကိုယ်တိုင်ကြည့်ကြပါလို့ တောအုပ်ထဲက သည်းထိပ်ရင်ဖို ဖြစ်ရပ်တွေနဲ့ ပရိသတ်တွေ စိတ်မပျက်စေမယ့် ဇာတ်ကားတစ်ကားပါလို့ ညွှန်းပါရစေFile Size : (700 MB) and (350 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
Serpent (2017)
2017
Absurd Accident (2017) 6.3
Absurd Accident (2017) Absurd Accident ကတော့ ချာလည်ရိုက်ပြီးပတ်ရှုပ်နေတဲ့ တရုတ်ဟာသကားလေးပါ၊ဒီကားထဲမှာရန်ပိုင်ဝမ့်နဲ့သူ့မိန်းမမာလိလျန်ဟာတည်းခိုခန်းပိုင်ရှင်လင်မယားနှစ်ယောက်ပါ၊သူဌေးရန်ကသူမြုံနေတဲ့အတွက်သူ့မိန်းမကိုတခြားယောကျာ်းနဲ့ဖောက်ပြန်နေမလားဆိုပြီးအမြဲသံသယဝင်နေတဲ့သူပါတစ်နေ့မှာသူ့မိန်းမတခြားယောကျာ်းနဲ့ဖောက်ပြန်နေတာကိုဆွံ့အနားမကြားကတွေ့လိုက်တယ်ဆိုပြီးသူ့မိတ်ဆွေရဲ့ပြောစကားအရဆွံ့အနားမကြားကိုကိုယ်တိုင်သွားမေးပြီးအထင်လွဲသွားခဲ့တယ်ဒါနဲ့ပဲသူဆေးကုနေတဲ့ဆရာဝန်ပီကျန့်ရှောင့်ဟာလူဆိုးဂိုဏ်းကလူတွေနဲ့သိတယ်ဆိုပြီးဆရာပီကိုအကူအညီတောင်းပြီးသူ့မိန်းမကိုသတ်ခိုင်းပါတော့တယ်ဇာတ်လမ်းကတော့အဲဒီကနေစတာပါပဲ၊ရတနာဆိုင် ဓားပြတိုက်ပြီးပြန်လာတဲ့ဓားပြနှစ်ယောက်ထဲကတစ်ယောက်ကနောက်တစ်ယောက်မသိအောင်ပတ္တမြားလက်စွပ်ကိုသူဌေးရန်တို့ဆိုင်စားပွဲအောက်မှာပီကေနဲ့ကပ်ပြီးဖွက်ထားခဲ့ပါတယ်ညသန်းခေါင်ရောက်တာနဲ့သူ့လက်စွပ်ကိုပြန်လာယူတဲ့အချိန်...မာလိလျန်ကိုသတ်ဖို့ရောက်လာတဲ့လူနဲ့ထိပ်တိုက်တွေ့နေခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့ချာလည်ရိုက်နေတဲ့အရှုပ်တွေနဲ့ဟာသတွေနှောထားပါတော့တယ်ရန်ပိုင်ဝမ့်ကသူ့မိန်းမကိုအဆုံးထိသံသယဝင်နေမှာလား......သူအထင်လွဲနေတာကိုပဲအမြင်မှန်ရသွားမှာလား..... File Size : (800 MB) and (400 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre :Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL AAC2.0 H.264-FDHD Translated by Yamin Thawdar Maung Encoded by Thanhtike Zaw
movie
Absurd Accident (2017)
2016
The Nile Hilton Incident (2017) 7.0
The Nile Hilton Incident (2017) Channel Myanmar ပရိသတ်​ကြီးအတွက်​ အီဂျစ်​စုံ​ထောက်​ကား​လေးတစ်​ကားတင်​ဆက်​​ပေးလိုက်​ပါတယ်​အီဂျစ်​နိုင်​ငံရဲ့နိုင်​ငံ​ရေးမတည်​ငြိမ်​မှု​တွေ လူတန်းစားခွဲခြား​ရေးအ​ခြေအ​နေ​တွေ အာဏာပိုင်​​တွေရဲ့ခြစားမှုအ​ခြေအ​နေ​တွေကိုသိသာမြင်​သာ​အာင်​ရိုက်​ပြထားတဲ့ကား​လေးတစ်​ကားပါဇာတ်​လမ်းအကျဉ်းဟာဆိုရင်​ဖြင့်​ တစ်​ညနိုင်းဟီလ်​တန်​ဆိုတဲ့​ကြယ်​ငါးပွင့်​​ဟော်​တယ်​တစ်​ခုမှာ လူသတ်​မှုတစ်​ခုဖြစ်​ပွားခဲ့ပါတယ်​ ​Grand ဟော်​တယ်​ဆို​တော့လည်းထုံးစံအတိုင်းလူချမ်းသာ​တွေရဲ့ကျက်​စားရာ​နေရာတစ်​ခု​ပေါ့ဗျာဖြစ်​ပုံက​တော့ အဆို​တော်​မ​လေးတစ်​​ဗွေနဲ့သူရဲ့​ဘောစိတို့ အခန်းထဲမှာစကားများ​နေတာကို သန့်​ရှင်း​ရေးဝန်​ထမ်းမ​လေးဆူဒန်​အမျိုးသမီး​လေးတစ်​​ယောက်​ကမ​တော်​တဆကြားခဲ့ပါတယ်​ ​ဘဲကြီးထွက်​သွားပြီးမကြာဘူးအခန်းထဲကဝရုန်းသုန်းကားအသံ​တွေကြားရပြီး အဆို​တော်​စကီ​လေး​သေဆုံးခဲ့ပါတယ်​ အဆို​တော်​မ​လေးလာလီနာနဲ့​ဘောစိဘဲကြီးဟာတမ်​ရှာဖစ်​တို့ကတိတ်​တိတ်​ပုန်းဇာတ်​လမ်းရှိတဲ့သူ​တွေပါဒီဘဲကြီးက​ခေသူ​တော့မဟုတ်​ပါဘူးပါလီမန်​အဖွဲ့ဝင်​တစ်​​ယောက်​လည်းဖြစ်​ပါတယ်​လူချမ်းသာ​တွေရဲ့ကြိုးကိုင်​ခြင်းကိုခံ​နေရတဲ့ လူ​တွေ​ကြောင့်​အမှုဟာကြန့်​ကြာပြီးရှုပ်​​ထွေးလာပါတယ်​ဒီလိုတိုင်​ပတ်​​နေတဲ့လူသတ်​မှုကို လာဘ်​စားမှု​တွေ , နိုင်​ငံ​ရေးမတည်​ငြိမ်​မှု​တွေ , လူမျိုး​ရေးခွဲခြားမှု​တွေ ,အာဏာပိုင်​​တွေရဲ့ဂယက်​ရိုက်​မှု​တွေကြားထဲက​နေ စုံ​ထောက်​နိုဒင်းတစ်​​ယောက်​ မျက်​မြင်​သက်​​သေဖြစ်​တဲ့ဆူဒန်​လူမည်းမ​လေးဆာဝါက​နေတစ်​ဆင့်​ ​ဖော်​ထုတ်​နိုင်​ပါ့မလားဆိုတာက​တော့...... File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 46min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-USURY Translated by Pyae ...
movie
The Nile Hilton Incident (2017)
2017
Munich (2005) 7.5
Munich (2005) Munich (2005)IMDb - 7.5/10_____Rotten - 78%  ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
movie
Munich (2005)
2005
Super Dark Times (2017) 6.6
Super Dark Times (2017) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်လာတဲ့ Super Dark Time ဆိုတဲ့ကားလေးပါလူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပြသနာလေးတွေကို ရိုက်ပြထားတာပါဒီထဲမှာတော့ ဇက်နဲ့ ဂျော့ရှ်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေပါဇက်မှာ ငယ်ငယ်က အမြဲအတူတူဆော့ခဲ့တဲ့ ဒဲလ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်သူကပြသနာကောင်ပေါ့ ဒါ့အပြင် သူတို့ထက်နည်းနည်းငယ်တဲ့ အလယ်တန်းကျောင်းကကောင်လေး ချာလီဆိုတာလဲ ရှိပါသေးတယ်သူတို့က အမြဲကိုယ်စီစက်ဘီးတွေနဲ့ အုပ်စုလိုက် တံတားပေါ်မှာ လျှောက်လည်လေ့ရှိပါတယ်တစ်နေ့တော့ ဂျော့ရှ်အိမ်ကို လိုက်သွားရင်း ဂျော့ရှ်အစ်ကိုရဲ့ ဆေးခြောက်ထုပ်ကိုတွေ့တော့ဒဲလ်က စမ်းသုံးကြည့်ချင်ပါတယ်ဂျော့ရှ်က ခွင့်မပြုပါဘဲ တခြားစိတ်ဝင်စားစရာပစ္စည်းတစ်ခု ထုတ်ပြပါတယ်အဲဒါက သူ့အစ်ကိုရဲ့ဓားပါ သူတို့အဲ ဓားနဲ့ဆော့မယ်ဆိုပြီး တောထဲထွက်လာကြပါတယ်ဒဲလ်က ဂျော့ရှ်မသိအောင် ဆေးခြောက်ထုပ်ခိုးယူလာတာကို သိသွားတော့ ပြသနာတက်ကြပြီး ထိုးရင်းကြိတ်ရင်းဒဲလ်ကို ဓားနဲ့ထိုးမိသွားပါတယ်အဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ဒီကိစ္စကို လူမသိအောင်ဖုံးရင်းဖိရင်း ဘာတွေကြုံရတယ်ဆိုတာကို ရိုက်ပြထားတာပါတကယ်ကြည့်လို့ကောင်းတဲ့ကားလေးပါဒါ့အပြင် လူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်သရုပ်ဆောင်ပုံလေးတွေနဲ့ တကယ်ကြည့်ရှုသင့်တဲ့ကားမျိုးလို့ ညွှန်းပါရစေ File Size : (900 MB) and (370 MB) Quality : ...
movie
Super Dark Times (2017)
2017
Amityville: The Awakening (2017) 4.9
Amityville: The Awakening (2017) ''ဘယ်​လီ''လို့​ခေါ်တဲ့ က​လေးသုံး​ယောက်​အ​မေ မုဆိုးမဟာ ပတ်​ဝန်းကျင်​အသစ်​​ကြောင့်​ သားဖြစ်​​သူပြန်​လည်​​နေ​ကောင်းလာအောင်​ infamous 112 Ocean Ave လမ်းထဲမှာရှိတဲ့အိမ်​ကို​ပြောင်းလာခဲ့တယ်​။ပိန်​ချုံးပြီး​ကြောက်​စရာ​ကောင်းတဲ့ပုံစံနဲ့ဂျိမ်းစ်​က​တော့ မိသားစုကိုစွဲ​နေတဲ့မှင်​စာ​လေးတစ်​​ကောင်​​ပေါ့။အ​မေဖြစ်​သူက​တော့ သူသား​လေးပြန်​​ကောင်းလာနိုင်​တယ်​လို့ ထင်​နေ​ပေမယ့်​ သမီး​ဖြစ်​သူ​တွေက​တော့ ဂျိမ်းစ်​ကသူတို့ကို ​အ​စောကြီးကတည်းကထားသွားခဲ့ပြီဆိုတာ ယုံကြည်​နေခဲ့တယ်​။အ​မေဖြစ်​သူဘယ်​လီက အိမ်​ကြီးရဲ့​နောက်​​ကြောင်းကို​သေချာမသိခဲ့ဘူးဒါ​ပေမယ့်​လည်းအသိတစ်​​ယောက်​​ကြောင့်​ 1979 တုန်း​ကထူးခြားတဲ့ DVD က​နေတစ်​ဆင့်​ သိခဲ့ရပါတယ်​။အဲ့​နောက်​ပိုင်း​တော့ အိမ်​ကြီးက ပိုမို​ခြောက်​ခြားလာပြီး ညဘက်​ဆိုလည်း အရိပ်​မည်း​တွေကိုမြင်​​နေရပါ​တော့တယ်​။အဲ့အချိန်​မှာဘဲ သားဖြစ်​သူဂျိမ်းစ်​က ပြန်​​​နေ​ကောင်းလာတာလား...လိပ်​ပြာချင်းလဲခံလိုက်​ရတာလား ဆိုတာက​တော့...  File Size : (700 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 25min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Tadashi Takero Encoded by Thanhtike ...
movie
Amityville: The Awakening (2017)
2017
American Assassin (2017) 6.5
American Assassin (2017) ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ...
movie
American Assassin (2017)
2017
One Buck (2017) 6.9
One Buck (2017) စုံ​ထောက်​အက်​ရှင်​ကြိုက်​ပရိသတ်​​တွေအတွက်​ Rating ​ကောင်း​ကောင်းရထားတဲ့ ဇာတ်​ကား​​ကောင်းလေးတင်​ဆက်​​ပေးထားပါတယ်​ ဇာတ်​လမ်အကျဉ်း​လေးက​တော့​အ​မေရိကန်​နိုင်​ငံ ​ဆင်​​ခြေဖုံးမြို့တစ်​မြို့ဖြစ်​တဲ့ဘော်​စီရာမြို့​လေးမှာ ကွင်းဆက်​လူသတ်​မှု​တွေတစ်​မှုပြီးတစ်​မှုဖြစ်ပွားခဲ့ပါတယ်ရဲဘက်​ကကော FBI ကပါ ​ခြေရာခံ​နေ​ပေမယ့်​ ၁၁​ယောက်​​မြောက်​လူသတ်​မှုဖြစ်​ပွားတဲ့အထိတရားခံကိုဖမ်းမမိခဲ့ပါဘူး ပိုဆိုးတာက ဟယ်​ရီမက်​ဂျီယိုလို့​ခေါ်တဲ့အလွတ်​တန်းစုံ​ထောက်​တစ်​​ယောက်​ရဲ့ ကိုယ်​ဝန်​နု​သေးရဲ့ဇနီးပါ ကံဆိုးစွာနဲ့လူသတ်​သမားရဲ့သား​ကောင်​စာရင်းထဲပါဝင်​ခဲ့ပါတယ်​ကိုယ်​ဝန်​သည်​ဇနီး​သေသွားလို့ပရိ​ဒေဝမီး​တောက်​​လောင်​​နေတဲ့ ဟယ်​ရီတစ်​​ယောက်​ လမ်း​ပေါ်မှာ​လေလွင့်​​နေခဲ့ပြီးသူ့ခံစားချက်​ကိုပိုဆိုး​စေတဲ့တစ်​ချက်​က​တော့ သူ့မိန်းမအပါအဝင်​မိန်းက​လေး​တွေ၁၁​ယောက်​လုံးအသတ်​ခံ​နေရတာကို သူမဖမ်း​ပေးနိုင်​တာပါပဲ ဒီလိုနဲ့ဟယ်​ရီတစ်​​ယောက်​ မိန်းက​လေး​တွေချည့်​၁၁​ယောက်​​လုံးသတ်​ခဲ့တဲ့ ကွင်းဆက်​လူသတ်​တရားခံကိုအမိဖမ်းပြီးဇနီးသည်​အတွက်​​သွေး​ကြွေးပြန်​ဆပ်​နိုင်​မလား ဆိုတာက​တော့.........  File Size : (700 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 720p DTS x264-MT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
One Buck (2017)
2017
Thumper (2017) 6.2
Thumper (2017) ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်လာတဲ့ လူငယ်ကားလေး Thumper ပါဒီထဲမှာတော့ ဆေးအရောင်းအဝယ်လုပ်တဲ့ ကောင်လေး ထရွိုင်ဆိုတာ ရှိပါတယ်သူ့ကိုရောင်းဖို့ ဆေးချက်ပေးနေတဲ့ အဓိကလူကတော့ ဝိုင်းရေးဗားဆိုတဲ့သူပါထရွိုင်တို့ လူငယ်အုပ်စုဟာ လူငယ်ဘာဝ အပျော်ရှာရင်း ဆေးစွဲနေကြတာပါတစ်နေ့တော့ သူတို့ထဲက ဘီဘာဆိုတဲ့ ကောင်လေးဟာ ကျောင်းမှာ ကတ်ဆိုတဲ့ ကောင်မလေးနဲ့ ငြိလာပြီး ကတ်က သူတို့အုပ်စုထဲ ရောက်လာပါတယ်ကတ်ဟာ သူတို့နဲ့မတူထူးခြားနေပေမယ့် အမှုမဲ့ အမှတ်မဲ့ပေါင်းသင်းနေတုန်း ဝိုင်းကတော့ သူ့ကို သံသယရှိနေပါတယ်ဝိုင်းဟာ ကတ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မှာလားကတ်ကရော အမှန်တကယ်ဘယ်သူလဲ လူဆိုးလား လူကောင်းလားဆိုတာတော့ စောင့်ကြည့်ကြပါဒါ့အပြင့် ဒီဇာတ်ကားလေးထဲမှာ GOT ထဲက Lena Headey ( Cercei Lannister ) လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဇာတ်ကားလေးမို့ တကယ်ကြည့်လို့ကောင်းတယ်လို့ ...
movie
Thumper (2017)
2017
The Truth Beneath (2016) 6.8
The Truth Beneath (2016) ​တောင်​ကိုရီးယားနိုင်​ငံရဲ့ ၂၁ရာစု အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးအတွက်​ အပြိုင်​အဆိုင်​ဒိတ်​ဒိတ်​ကြဲဖြစ်​​နေတဲ့ အမတ်​​လောင်း ကင်​ဂျုံချန်​နဲ့ အမတ်​​လောင်း နိုဂျယ်​ဆွန်းတို့နှစ်​​ယောက်​။ပထမဦးဆုံးမဲဆွယ်​စည်းရုံးတဲ့​နေ့မှာဘဲ အမတ်​​လောင်းကင်​ဂျုံချန်​ရဲ့ သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားခဲ့တယ်​။သမီး​လေးကင်​မင်​ဂျင်​​ပျောက်​ဆုံးသွားတာနဲ့ပက်​သက်​ပြီး ​သောက​ရောက်​​နေတဲ့မိခင်​ မစ္စကင်​နဲ့ သမီး​ပျောက်​တာကိုသိပ်​အ​ရေးမစိုက်​ဘဲ မဲဆွယ်​စည်းရုံးတဲ့အလုပ်​ကိုဆက်​လုပ်​​နေတဲ့ ဖခင်​ကင်​ဂျုံချန်​တို့ရဲ့အိမ်​​ထောင်​​ရေးအ​ခြေအ​နေက​တော့ သမီး​ဖြစ်​သူ​သေဆုံးသွားသည်​ကိုသိပြီး​နောက်​ပိုင်း ပိုဆိုးဝါးလာခဲ့တယ်​။အရမ်းကိုပူ​ဆွေး​သောက​ရောက်​ပြီးရူးမတတ်​ဖြစ်​​နေတဲ့မိခင်​မစ္စကင်​က​တော့ သမီးနဲ့ပက်​သက်​သမျှအချက်​အလက်​​တွေကို ပိုက်​စိပ်​တိုက်​နည်းအမျိုးမျိုးဖြင့်​လိုက်​ရှာကာ သမီးဖြစ်​သူ၏အချစ်​ဆုံးသူငယ်​ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်​​ပြီးစစ်​​ဆေးမှု​တွေလုပ်​ခဲ့တယ်​။သမီး​လေးရဲ့အခန်းမှာခိုးပြီးတပ်​ထားတဲ့အသံဖမ်းစက်​​တွေက သူတို့ရဲ့ပြိုင်​ဖက်​နိုဂျယ်​ဆွန်းတို့နဲ့ပက်​သက်​​နေတယ်​လို့လဲသိထားခဲ့တယ်​။ဒါဆိုရင်​ ဒီသမီးဖြစ်​သူကင်​မင်​ဂျင် အသတ်​ခံရတဲ့အ​ကြောင်းအရင်းနဲ့ သတ်​ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်​ဆုံးသူငယ်​ချင်းလား?ဒါမှမဟုတ်​ အမတ်​​လောင်းနိုဂျယ်​ဆွန်းတို့ဘက်​ကလား ဆိုတာက​တော့....  (ဘာသာပြန်သူကတော့ Htet Thin Zar Maung ပါ)  File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Thin ...
movie
The Truth Beneath (2016)
2016
Radius (2017) 6.3
Radius (2017) Accident တစ်ခုကြောင့်အတိတ်မေ့သွားတဲ့လူတစ်ယောက်၊သူ့အနားမှာရှိတဲ့လူတွေအကုန် အဖြေရှာမတွေ့နိုင်တဲ့ သေဆုံးမှုတွေနဲ့သေဆုံးနေတာကိုတွေ့လိုက်တဲ့ "လီယမ်"။သင်သာဆိုရင်ရော?ဘာမှမသိရတဲ့အခြေအနေတစ်ခုမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အဖြစ်အပျက်တွေဖြစ်နေတယ်ဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?တစ်ဖြည်းဖြည်းနဲ့မှတ်မိလာတဲ့မှတ်ဉာဏ်တွေရဲ့ အကူအညီနဲ့ လီယမ် တစ်ယောက် ဒီအခြေအနေတွေကိုဘယ်လိုရင်ဆိုင်မလဲ?သူလိုပဲ အတိတ်မေ့သွားခဲ့တဲ့မိန်းကလေးကရော သူနဲ့ဘယ်လိုပါတ်သတ်နေလဲ?မထင်မှတ်ထားတဲ့ Story Line ကြီးနဲ့ ကြည့်ရှုခံစားရမယ့်ဒီဇာတ်လမ်းကတော့ Radius (2017)ပါ။သို့လော သို့လောခံစားချက်တွေနဲ့ဇာတ်သိမ်းကိုခန့်မှန်းရခက်တဲ့ကားတွေကိုနှစ်သက်တဲ့ပရိသတ်ကြီးအဖို့တော့ အကြိုက်တွေ့စေမှာပါ။Imdb Rating 6.3 Rotten Tomatoes 100%ရရှိထားပါတယ်။  (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ)  File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 27min Format : Mp4 Genre :Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Thanhtike Zaw
movie
Radius (2017)
2017
Strangerland(2015) 5.2
Strangerland(2015) ဒီ StrangerLandဆိုတဲ့ ဇာတ်ကားဟာ 5.2IMDbရထားပါတယ်။ နစ်ကိုးကစ်ဒ်မန်း ပရိတ်သတ်တွေ ကြည့်သင့်တဲ့ကားလေးပါ ဇာတ်လမ်းအညွှန်းကတော့ သူမတို့မိသားစုဟာ နိုင်ဂါရီက ဝေးလံခေါင်သီတဲ့ သြစတြေးလျသဲကန္တာရမြို့ကို ပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။ သူမတို့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ကြပါတယ်...တစ်နေ့မှာ သူတို့ ကလေးနှစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။လင်မယား ၂ယောက်ဟာ ကလေးပျောက်သွားတဲ့အတွက် နည်းမျိုးစုံသုံးပြီးရှာဖွေကြပါတယ်..ဒါပေမဲ့ လိုက်လံရှာဖွေဖို့က အတော်ခက်ခဲနေပါတယ် .. ကလေးရှာဖွေနေတုန်းမှာ တွေ့ကြုံရတဲ့ အနေအထားတွေဟာ သူတို့မမျှောလင့်ထားတဲ့ အံဩစရာအနေအထားမျိုးတွေကြုံတွေ့နေရတယ်.. ထူးဆန်းတဲ့အနေအထားတွေမှာ ကလေးတွေပြန်တွေ့မလား အခက်အခဲတွေကိုရှင်ဆိုင်းဖြေရှင်းနိုင်မလားဆိုတာကိုတော့ ကလေးနှစ်ယောက်လုံးကို ရှာတွေ့နိုင်မလားဆိုတာကိုတော့ ......ကိုင်း ရင်တထိတ်ထိတ်နဲ့ခံစားကြည့်လိုက်ပါဦး  File Size…(831MB) and (301MB) Quality… 720p Format…mp4 Duration…01:54:00 Subtitle by khuppi09 Encoder...Phyo Pyae
movie
Strangerland(2015)
2015
RV: Resurrected Victims (2017) 5.3
RV: Resurrected Victims (2017) သေရွာပြန် ဆိုတာကို ပရိသတ်ကြီး ကြားဖူးပါသလား?"မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ" ဆိုတဲ့ စကားပုံကိုရော ကြားဖူးပါသလားဇာတ်ကွက်လှလှလေးတွေ လှည့်ပြတတ်တဲ့ ကိုရီးယားရဲ့ ထုံးစံအတိုင်း ယခု တင်ဆက်ပေမယ့် ဇာတ်လမ်းလေးဟာလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်မတရားသဖြင့် သေဆုံးခဲ့ရပါတဲ့ နစ်နာသူတွေဟာ သူတို့ကို သတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို ဥပဒေက အပြစ်မပေးခဲ့ပါလျှင် သူတို့ ကိုယ်တိုင် အပြစ်ပေးဖို့ ပြန်လာတတ်ကြပါတယ် ပြန်လာတဲ့အခါမှာလည်း သူတို့ကို သေစေသူများကိုသာ ရန်ရှာ သတ်ဖြတ်ကြပါတယ်မိခင်ဖြစ်သူ ချွဲမြောင်စု သေဆုံးသွားပြီးတဲ့နောက်မှာ အမေမကြိုက်တဲ့ အရက်ကိုပင် မသောက်ပဲ တရားခွင်မှာ ရဲဝံစွာ လာဘ်ပေးလာဘ်ယူ ကင်းကင်းနဲ့ အမှုတွေကို ဖြေရှင်းတတ်တဲ့ ဆိုးဂျင်ဟုန်ဟာ ပြတ်သားတဲ့ စုံစမ်းရေးမှူးတစ်ယောက်ပါ...မိခင်ဖြစ်သူ၏ သေဆုံးမှုကို တရားခံအတုနှင့် အမှုပိတ်လိုက်သောကြောင့် မကျေမနပ်နှင့် ဆက်လက် စုံစမ်းနေသူလည်း ဖြစ်ပါတယ်...တစ်ရက်မှာတော့ ... ချွဲမြောင်ဆုဟာ သူ့သေဆုံးမှုအတွက် တရားခံ အစစ်ကို အပြစ်ပေးဖို့ လူ့လောကကို ...
movie
RV: Resurrected Victims (2017)
2017
Good Time (2017) 7.4
Good Time (2017) Good Time (2017) IMDb - 7.4/10_____Rotten - 92%  Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။   (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ)    File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw
movie
Good Time (2017)
2017
Total Recall (1990) 7.5
movie
Total Recall (1990)
1990