Channel Myanmar
Thriller
The Silent War (2012) 6.2
The Silent War (2012) CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ Silent War ဆိုတဲ့ တရုတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ "Ting feng zhe" ဆိုတဲ့ နာမည်ကြီး တရုတ်ဝတ္ထု အပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို ၁၉၅၀ ခုနှစ်မှာ အခြေခံထားပါတယ်။ 1949 ခုနှစ် ပြည်တွင်းစစ် အပြီးမှာ တရုတ် အစိုးရဟာ ပြည်တွင်းမှာ နေထိုင်နေတဲ့ ကူမင်တန် သူလျှို တွေကို လိုက်လံ ရှင်းလင်းနေရဆဲပါ။ ဒီလိုရှင်းလင်းတဲ့ နေရာမှာ လျှို့ဝှက် အဖွဲ့အစည်း ဖွဲ့စည်းပြီး ကူမင်တန်တွေ ပေးပို့တဲ့ ကြေးနန်း သတင်းပို့ချက်တွေကို ရယူကာ လိုက်လံရှင်းလင်းရတာပါ။ ဒီလို လုပ်ဆောင် ရင်းနဲ့ တစ်နေ့မှာ ကြေနန်း ထုတ်လွှင့်နေတဲ့ ချန်နယ် ၁၂၀ လုံးပျောက်သွားပါတယ်။ ဘယ်သူမှ မဖော်ထုတ်နိုင်တဲ့ အတွက် ရန်သူရဲ့ အရေးကြီးသတင်းတွေကို ကြားဖြတ်ဖမ်းယူဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဒီလို အချိန်မှာ ...
movie
The Silent War (2012)
2012
Term Life (2016) 5.5
Term Life (2016) 2016 ခုနှစ်​မှာထွက်​ခဲ့တဲ့ မှုခင်းအက်​ရှင်​ဇာတ်​ကား​လေးပါ။လက်​စား​ချေချင်​စိတ်​ပြင်းထန်​တဲ့ မူးယစ်​​ဆေး​မှောင်​ခို​ခေါင်း​ဆောင်​တစ်​​ယောက်​နဲ့ ​ကောက်​ကျစ်​တဲ့ရဲတစ်​အုပ်​ရဲ့ အသက်​အန္တရာယ်​ခြိမ်း​ခြောက်​မှု​တွေ အစိုးရရဲ့ အလိုရှိ​နေမှု​တွေကြားထဲက ထွက်​​ပြေးပုန်း​ရှောင်​​နေရတဲ့ နစ်​ခ်​ဘဲရိုးတစ်​​ယောက်​ သူ​သေသွားရင်​တောင် ​​သူ့ရဲ့တစ်​ဦးတည်း​သော သမီး ကက်​သရင်းအတွက်​ စိတ်​ချရ​အောင်​ အသက်​အာမခံတစ်​ခုလုပ်​ထားလိုက်​တယ်​။သုံးပတ်​ကြာ​စောင့်​ရမဲ့ ​ဆေးစစ်​ချက်​ရ​တော့မှာ အာမခံကအတည်​ဖြစ်​မှာဖြစ်​တဲ့အတွက်​ နစ်​ခ်​ဘဲရိုးတစ်​​ယောက်​ ထွက်​​ပြေးရင်း ပုန်းရင်းနဲ့ သုံးပတ်​ကြာ အသက်​ရှင်​​နေနိုင်​ပါ့မလား....သူ့ရဲ့သမီးက​ရော ဒုစရိုက်​သမား​တွေ အန္တရာယ်​ကလွတ်​ပါ့မလား...မူးယစ်​​ဆေးဝါး​မှောင်​ခိုသမား​တွေနဲ့ ယုတ်​မာတဲ့ရဲ​တွေရင်​ဆိုင်​​တွေ့ကြတဲ့အခါမှာ​ရော ဘာ​တွေဆက်​ဖြစ်​မှာလဲဆိုတာ​တော့.... File Size : (750 MB) and (280 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-ROVERS Translated by Htet Myat Encoded by Thanhtike ...
movie
Term Life (2016)
2016
The Foreigner (2017) 7.2
The Foreigner (2017) The Foreigner (2017) IMDb - 7.0/10________Rotten - 65%၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ အက်ရှင်ကားအသစ်ကိုတင်ပေးထားပါတယ်။မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲ့တစ်ခုကလို့ သိရတဲ့နောက်မှာ အဲဒီအဖွဲ့ဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်......ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို့ ဒုက္ခရောက်မလား...လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူက ကိုနီယိုပါ)    File Size : (952 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar ...
movie
The Foreigner (2017)
2017
Gone in Sixty Seconds (2000) 6.5
Gone in Sixty Seconds (2000) ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်......သူ့ဘ၀ဟာ စိုးရိမ်ထိတ်လန့်စရာတွေမရှိဘူး....သာမန်လူတွေလိုပဲနေရတာကိုသူနှစ်ခြိုက်မိနေတယ်...ဒါပေမယ့် သူ့ကျေနပ်နေတဲ့ဘ၀ကို လက်လွှတ်လိုက်ရဖို့အကြောင်းဖန်လာတယ်...အဲ့ဒါကတော့ သူ့ရဲ့ညီဟာ တကယ့်လူဆိုးဂိုဏ်းအဖွဲ့နဲ့ငွေရေးကြေးရေးအရှုတ်တစ်ခုလုပ်မိတာပါပဲ...အစ်ကိုတစ်ယောက်အနေနဲ့ မိသားစုအရေးဆိုတော့မျက်ကွယ်ပြုလို့မရတော့ဘူး...သူ့ရဲ့ညီရဲ့အရှုတ်တွေကိုကူညီဖြေရှင်းပေးရတော့တယ်တကယ်တော့သူဟာ သိပ်တော်တဲ့ကားခိုးသမားတစ်ယောက်..ကောင်းမွန်တဲ့အစီအစဉ်တွေ...ထိရောက်တဲ့ဖြတ်ထိုးဥာဏ်တွေ သွေးအေးအေးနဲ့လုပ်တတ်တဲ့ကားခိုးသမား....သူ့ညီရဲ့အသက်အန္တရယ်ကိုကာကွယ်ပေးဖို့ကလည်း ကားခိုးပေးရမှာဆိုတော့ သူစတင်အစဉ်ဆွဲရပါတော့တယ်....ခိုးရမယ့်ကားတွေကလည်း တန်ဘိုးမြင့်နာမည်ကြီးကားတွေပါပဲ...သူဟာ ဥပဒေဘောင်အတွင်းကလည်းလုပ်ချင် လုပ်ရမယ့်အလုပ်ကလည်း ဥပဒေပြင်ပ...သူ့အဖွဲ့တွေကလည်း တကွဲတပြားသူရင်ဆိုင်နေရတာလည်း တကယ့်လူဆိုးဂိုဏ်း.သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့..ကိုင်းပြိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး File Size : (950 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p Blu-Ray x264 SPARKS Subtitle by Wai Linn Kyaw Encoded by Thanhtike Zaw
movie
2000
Joker Game (2015) 5.4
Joker Game (2015) Joker Game (2015)_____IMDb - 5.4/10  Kato ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်လေ့ကျင့်ရေး စခန်းတစ်ခုက စစ်သားတစ်ယောက် ဖြစ်ပါတယ်။ မမျှော်လင့်တဲ့ ပစ်မှုတစ်ခုကြောင့် Kato ဟာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခံရပြီး ဘဝဆုံးပြီ ထင်ခဲ့ရပေမယ့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့ D Agency က လာရောက်ကယ်တင်သွားပါတယ်။ဗိုလ်မှူးကြီး ယုကီဟာ ဂျပန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ D Kikan ရဲ့ ခေါင်းဆောင်ဖြစ်ပြီး စစ်ပွဲကြီးရဲ့ အဆုံးသတ်ကို ကြိုတင်ခန့်မှန်းနိုင်သူလည်း ဖြစ်ပါတယ်။ စစ်ရှုံးတော့မယ့် ဂျပန်နိုင်ငံ လုံးဝပြိုလဲသွားနိုင်တဲ့ အခြေအနေကို ကြိုတင်သိမြင်နေပေမယ့် လုပ်ပိုင်ခွင့် မရှိတာကြောင့် ရနိုင်သမျှ လူအင်အား စုဆောင်းပြီး ထောက်လှမ်းရေး သင်တန်းကျောင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။Kato ဟာ D Kikan ပညာသင်ယူပြီးနောက် တာဝန်ထမ်းဆောင်ဖို့ အချိန်ကျရောက်လာတဲ့အခါ ဟောင်ကောင်ကို ထွက်ခွာသွားပါတယ်။ ဟောင်ကောင်မှာ အမေရိကန် ...
movie
Joker Game (2015)
2015
Cujo 6.0
Cujo ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ၀တ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ်အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ်အဲ့ဒီထဲမှာ Cujo လဲ အပါအ၀င်ပါပဲ Cujo ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်...==================================ချစ်စရာခွေးကလေး Cujo အကြောင်း ကနေ စရမယ် ထင်တာပဲCujo ဟာ သူ့သခင်တွေအပေါ် အရမ်းသစ္စာရှိပြီး ချစ်တက်သူပါအဓိက သူ့ကို ပိုချစ်တဲ့ ကားဝပ်ရှော့ပိုင်ရှင် ရဲ့ သားဖြစ်သူ ဘရက် ကိုပိုအလေးထားတဲ့သူပါ...တစ်ခြားတစ်ဖက်မှာတော့ သရဲကြောက်တဲ့ကောင်လေး တဒ် နဲ့ သူ့မိဘ တွေရဲ့အကြောင်းကိုလဲ ထပ်ပြထားပါတယ် မိသားစု ၂ ခုအကြောင်းပေါ့...တဒ် ရဲ့ အဖေ ဖြစ်သူ ဗစ် က စီးပွားရေး သမားတစ်ယောက်ဖြစ်ပြီးအချိန်ပြည့် အလုပ်များနေခဲ့ပါတယ် ဒါပေမယ့် သူ့သားကိုတော့ သူတော်တော်ချစ်ပါတယ်ဇနီးသည် ဖြစ်သူ ...
movie
Cujo
1983
Happy Death Day (2017) 6.5
movie
Happy Death Day (2017)
2017
Super 8 (2011) 7.0
Super 8 (2011) လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားရှေ့ကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ ...
movie
Super 8 (2011)
2011
The Hunt for Red October(1990) 7.6
The Hunt for Red October(1990) IMDb...7.6,,,,,,Rotten....86 ပုံမှန်ထက်မီတာ၂၀ပိုရှည်ပြီးကြီးမားတဲ့ ရေငုတ်သင်္ဘောကိုရုရှားတို့တည်ဆောက်ပြီးစီးသွားခြင်းအားဗြိတိသျှတို့ထောက်လှမ်းမိသွားတယ်.....အဖျက်စွမ်းအားကြီးမားတဲ့ နျူးကလိယားဗုံးတွေသယ်ဆောင်နိုင်သလို ခြေရာခံဖို့ခက်ခဲလှတဲ့အဲ့ဒီရေငုတ်သင်္ဘောဟာ အမေရိကန်ရေငုတ်သင်္ဘောတွေလှည့်လည်နေတဲ့နေရာမှာ သွားလာနေတယ်....ဒီရေငုတ်သင်္ဘောဟာ ဘာကြောင့်ဒီပတ်ဝန်းကျင်ကိုရောက်လာတာလဲ ဘာလက်နက်တွေပါလဲ သို့လော သို့လော မေးခွန်းတွေဟာ အမေရိကန်တို့အဖို့ အတော်ခေါင်းစားနေပါတယ် CIA ကကျွမ်းကျင်ပညာရှင်ကလည်း အဆိုပါ သင်္ဘောကိုဦးစီးတဲ့ Captain ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်နေကြောင်းကိုအတည်ပြုပါတယ်.......စစ်ကားနဲ့နိုင်ငံရေးဘက်ကိုအနည်းငယ်စိတ်ဝင်စားရုံနဲ့မီလီစက္ကန့်လေးတောင်ကျော်မကြည့်ချင်လောက်အောင်ကာင်းတဲ့ ဇာတ်ကားကြီးပါ..ဒီလိုမျိုးတွေစိတ်မ၀င်စားဘူးဆိုရင်တော့ဒေါင်းရကျိုးနပ်မှာမဟုတ်ပါဘူး.....နာမည်ကြီးမင်းသားကြီး တွေဖြစ်တဲ့ Sean Connery ,Alec Baldwin,Scott Glenn ပါဝင်သရုပ်ဆောင်ထားပါတယ်...... File Size…(900MB) and (368MB) Quality…BluRay 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe 
movie
The Hunt for Red October(1990)
1990
Jeepers Creepers III (2017) 4.2
Jeepers Creepers III (2017) Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ရှေ့နှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ဒီအပိုင်းမှာတော့ ရှေ့နှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တ၀ါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တ၀ါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File ...
movie
Jeepers Creepers III (2017)
2017
Coherence (2013) 7.2
Coherence (2013) ဒီတစ်ခေါက်တောာ့ IMDB Rating 7.2 အထိရထားပြီး ဆု တွေရထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေး က $50K ပဲ ကုန်ကျစရိတ် သုံးထား ပြီး နေရာတစ်နေရာ ထဲမှာပဲ ရိုက်ကူးထားပေမဲ့ ကြည့်ရှု့ သူတွေကို ဆွဲခေါ်နိုင်တဲ့ ဇာတ်ကား တစ်ကား ဖြစ်ခဲ့ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းတာ က ဒီဇာတ်ကား ကို ရိုက်ကူးတဲ့ အခါမှာ သရုပ်တောင် တွေ အတွက် သီးသန့် Dialouge ရယ်လို့ သတ်မှတ် ပေးထားတာ တာ မရှိပဲ သရုပ်ဆောင်တိုင်းကို စာပိုဒ်လေး တစ်ပိုဒ် ပဲပေးပြီး ကိုယ့်ဘာသာ ဥာဏ်ကွန့်မြူးစေခဲ့တယ်လို့လဲ သိရပါတယ်။ ဇာတ်လမ်းကို အနည်းငယ် မိတ်ဆက် ပေးရရင်တော့ Emily နဲ့ သူ့ကောင်လေး Kevin တို့ နဲ့ တကွ သူတို့ရဲ့ သူငယ်ချင်းတွေ ဟာ ...
movie
Coherence (2013)
2013
Missing You (2016) 6.7
Missing You (2016) Missing You (2016)_____IMDb - 6.7/10    အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၆ က ထွက်ခဲ့တဲ့ Missing You ဆိုတဲ့ကားပါ ဒီကားကတော့ Mo Hong-jin ရေးသားရိုက်ကူးထားတဲ့ တောင်ကိုရီးယားလက်စားချေတဲ့ကားလေးပါ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ တောင်ကိုရီးယားမှာ ထုတ်လွှင့်ခဲ့ပါတယ် Hee-ju ဆိုတဲ့ကောင်မလေးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့အဖေကိုသတ်သွားခဲ့တဲ့ ကွင်းဆက်လူသတ်သမား Ki-bum လွတ်လာမယ့်နေ့ကို စောင့်နေခဲ့ပါတယ် K-bum ဟာ သူ့ပြစ်ဒဏ်ကိုပေးဆပ်ပြီးနောက်မှာ ထောင်ကလွတ်လာခဲ့ပါတယ် Dae-young ဆိုတဲ့စုံထောက်ကလည်း ထောင်ထွက်ကို သံသယရှိနေဆဲဖြစ်တဲ့အတွက် သူ့ကို အနီးကပ်စောင့်ကြည့်ပါတယ် သူ့ရဲ့လွတ်မြောက်မှုကို စောင့်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရယ် လူသတ်သမားရဲ့လွတ်မြောက်မှုကို စောင့်ကြည့်နေတဲ့ စုံထောက်တစ်ယောက်ရယ် ဖြစ်ရပ်ဆန်းကိုဖြစ်နေသေးတဲ့တစုံတခုကိုစောင့်နေတဲ့ မိန်းကလေးငယ်တစ်ယောက်ရယ် သူတို့ ၃ ယောက်ဟာ ရှုပ်ထွေးတဲ့ပတ်သက်ဆက်နွယ်မှုတွေ ရှိနေခဲ့ပါတယ် ဇာတ်လမ်းလေးက လျှို့ဝှက်စွာနဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာမို့ Thriller ချစ်ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ    File Size : (900 MB) Quality ...
movie
Missing You (2016)
2016
The Tag-Along 2 (2017) 5.5
The Tag-Along 2 (2017) The Tag-Along 2 (2017) IMDb - 5.5/10_____Rotten - 60%    The Tag Along (The little girl in red) ကားလေးကတော့ထိုင်ဝမ်သရဲကားလေးပါ ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတာတဲ့ဇာတ်ကားလေးပါ ဆုရရှိဖို့အတွက်လဲ nominate လေးငါးခုလျာထားခြင်းခံရတဲ့ကားလေးပါ နှလုံးမကောင်းရင်မကြည့်ကြပါနဲ့ မိခင်တစ်ဦးရဲ့ကိုယ့်သားသမီး မိမိမျက်စိရှေ့မှာတင်သေဆုံးသွားတာကိုတွေ့လိုက်ရတဲ့အတွက် ယူကျုံးမရဖြစ်၊လက်မခံနိုင်ဖြစ်ပြီး သမီးလေးအသက်ပြန်ဝင်လာအောင် နည်းလမ်းတွေသုံးလိုက်တဲ့အခါမှာ သမီးလေးကအသက်ပြန်မရှင်လာပဲ မကောင်းဆိုးဝါးဖြစ်လို့သွားပါတော့တယ် ထိုကောင်မလေးကအင်္ကျီအနီရောင်ကိုဝတ်ဆင်ထားပြီး တောထဲကိုလာတဲ့သူမှန်သမျှနောက်ကနေလိုက်ပြီး အသက်တွေကိုခြွေလေ့ရှိပါတယ် သူ့အမေကမိဘမဲ့ဂေဟာကကောင်မလေးကိုမွေးစားလိုက်တဲ့အခါသူ့ကိုမချစ်တော့ဘူးလို့ထင်ကာလက်စားချေဖို့ဇာတ်လမ်းစပါတော့တယ် ရည်းစားနဲ့ခြေတွေလက်တွေလွန်ပြီးကိုယ်ဝန်ရသွားတဲ့ကောင်မလေးတစ်ယောက်ကိုအသုံးချပြီး သူ့အမေကိုပြန်လည်လက်စားချေဖို့ကြံရွယ်ပါတော့တယ် ဒါပေမယ့်ကိုယ်ဝန်လွယ်ထားရတဲ့ကောင်မလေးရဲ့အမေနဲ့ မိဘမေတ္တာတွေ၊သူ့အမေကသူ့အပေါ်ထားရှိတဲ့တကယ့်သံယောဇဉ်တွေနဲ့ အဆုံးမှာဘာဖြစ်မလဲဆိုတာ..........    The Tag Along (The little girl in red)ကားလေးကတော့ထိုင်ဝမ်သရဲကားလေးပါ ၂၀၁၇ ခုနှစ်မှာထွက်ရှိထားတာတဲ့ဇာတ်ကားလေးပါ ဆုရရှိဖို့အတွက်လဲ nominate လေးငါးခုလျာထားခြင်းခံရတဲ့ကားလေးပါ နှလုံးမကောင်းရင်မကြည့်ကြပါနဲ့ မိခင်တစ်ဦးရဲ့ကိုယ့်သားသမီး မိမိမျက်စိရှေ့မှာတင်သေဆုံးသွားတာကိုတွေ့လိုက်ရတဲ့အတွက် ယူကျုံးမရဖြစ်၊လက်မခံနိုင်ဖြစ်ပြီး သမီးလေးအသက်ပြန်ဝင်လာအောင် နည်းလမ်းတွေသုံးလိုက်တဲ့အခါမှာ သမီးလေးကအသက်ပြန်မရှင်လာပဲ မကောင်းဆိုးဝါးဖြစ်လို့သွားပါတော့တယ် ထိုကောင်မလေးကအင်္ကျီအနီရောင်ကိုဝတ်ဆင်ထားပြီး တောထဲကိုလာတဲ့သူမှန်သမျှနောက်ကနေလိုက်ပြီး အသက်တွေကိုခြွေလေ့ရှိပါတယ် သူ့အမေကမိဘမဲ့ဂေဟာကကောင်မလေးကိုမွေးစားလိုက်တဲ့အခါသူ့ကိုမချစ်တော့ဘူးလို့ထင်ကာလက်စားချေဖို့ဇာတ်လမ်းစပါတော့တယ် ရည်းစားနဲ့ခြေတွေလက်တွေလွန်ပြီးကိုယ်ဝန်ရသွားတဲ့ကောင်မလေးတစ်ယောက်ကိုအသုံးချပြီး သူ့အမေကိုပြန်လည်လက်စားချေဖို့ကြံရွယ်ပါတော့တယ် ဒါပေမယ့်ကိုယ်ဝန်လွယ်ထားရတဲ့ကောင်မလေးရဲ့အမေနဲ့ မိဘမေတ္တာတွေ၊သူ့အမေကသူ့အပေါ်ထားရှိတဲ့တကယ့်သံယောဇဉ်တွေနဲ့ အဆုံးမှာဘာဖြစ်မလဲဆိုတာ..........   File Size : (850 MB) Quality : 720p HCHDRip Running Time : ...
movie
The Tag-Along 2 (2017)
2017
Ittefaq (2017) 7.5
Ittefaq (2017) အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်...မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု...ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ...သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်...တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်...ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်...ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်...ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်....ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်...ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်...ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်...မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ...ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်...ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်....ဗစ်ကရမ်ထွက်ဆိုချက် ================ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး...ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်..ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်..ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်...ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်..မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်... ...
movie
Ittefaq (2017)
2017
Eyes Wide Shut (1999) 7.4
Eyes Wide Shut (1999) Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75%    ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999
Metro Manila (2013) 7.6
Metro Manila (2013)    Metro Manila ရုပ်​ရှင်​ဇာတ်​ကားဟာ 2013 ခုနှစ်​ကထွက်​ရှိထားတဲ့ British ရုပ်​ရှင်​ဇာတ်​ကား​ကောင်းတစ်​ခုဖြစ်​ပြီး ဖိလစ်​ပိုင်​နိုင်​ငံမှာ ဇာတ်​အိမ်​တည်​ထားပါတယ်​ IMDb 7.6 , Rotten tomatoes 94%ထိရရှိထားတဲ့ဇာတ်​ကား​ကောင်း​လေးပါ ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ Jake Macapagal,John Arcilla,Althea Vega တို့အ​ဓေိကပါဝင်​ထားပါတယ်​ ဇာတ်​လမ်းအကျဉ်း​လေးက​တော့ Banaue မှာ​နေထိုင်​တဲ့လယ်​သမား​လေး Oscar တစ်​​ယောက်​ စီးပွား​ရေးမ​ကောင်းတာ​ကြောင့်​ ဇနီးနဲ့သားသမီး ၂​ယောက်​ကို​ခေါ်ကာ Manila မြို့ကြီးဆီ​ပြောင်း​ရွှေ့လာပါတယ်​ သို့​သော်​အလိမ်​ခံရတာ​ကြောင့်​ တိုက်​ခန်း​ပြောင်း​ပေးရပြီး ဆင်​​ခြေဖုံးရပ်​ကွက်​ ​လေးဆီ​ပြောင်း​ရွှေ့​နေထိုင်​ရပါ​တော့တယ်​ ကံ​ကောင်း​ထောက်​မပြီး Oscar တစ်​​ယောက်​ ကုမ္ပဏီတစ်​ခုမှာ လုံခြုံ​ရေးအရာရှိအ​နေနဲ့အလုပ်​ရခဲ့ပါတယ်​ လုပ်​​ဖော်​ကိုင်​ဖက်​ Ong ကလည်း မိသားစု​ပြောင်း​ရွှေ့​နေထိုင်​ဖို့ တိုက်​ခန်းတစ်​ခန်းစီစဉ်​​ပေးခဲ့ပါတယ်​ သို့​သော်​ ဒါ​တွေက တစ်​ကယ်​ပဲကံ​ကောင်းခြင်း​တွေလား......Ong က​ရောလုပ်​​ဖော်​ကိုင်​ဖက်​​ကောင်းလား.....သူတို့မိသားစုမြို့ကြီးမှာဘယ်​လို​တွေကြုံ​တွေ့ရမလဲဆိုတာ ကြည့်​ရှုသူတို့ခံစားကြည့်​လိုက်​ပါဦး Qty - 720p BlurayDuration - 2hr 10minGern - Drama / ThrillTranslator - May Thu SoeEncoder ...
movie
Metro Manila (2013)
2013
Better Watch Out (2017) 6.6
Better Watch Out (2017) Better Watch Out movie ဟာ ​၂၀၁၇ခုနှစ်​ထွက်​ စိတ္တဇ horror ကား အမျိုးအစားဖြစ်​ပါတယ်​Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​ပါဝင်​သရုပ်​​ဆောငိထားသူ​တွေက​တော့ Levi Miller,Olivia Dejonge , Ed Oxenbould တို့အဓိကပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ အခုလိုခရစ္စမတ်​ရာသီမှာကြည့်​​ကောင်းမယ်​ ခရစ္စမတ်​ horror ကား​လေးပါဇာတ်​လမ်းအကျဉ်းက​တော့Ashley တစ်​​ယောက်​ ခရစ္စမတ်​အားလပ်​ရက်​မှာ ၁၂သား Luke Lerner ကိုက​လေးထိန်း​ပေးရပါတယ်​Luke ဟာ သူမကိုမြူဆွယ်​တဲ့အမူအရာ​တွေလုပ်​တက်​တာလည်း သတိပြုမိ​နေခဲ့ပါတယ်​ထို့​နောက်​ Luke သူငယ်​ချင်း Garret အိမ်​အလည်​လာချိန်​ သူတို့တစ်​​တွေ အိမ်​အ​ပေါ်ထပ်​ကအုတ်​ချပ်​မှာ ထွက်​သွားရင်​​သေရမယ်​ ဆိုတဲ့စာတန်း​တွေ့တဲ့အခါ......ထူးဆန်းတာ​တွေဖြစ်​လာတဲ့အခါ......Garrett တစ်​​ယောက်​အမည်​မသိ ​သေနတ်​သမားပစ်​သတ်​ချင်းခံရတဲ့အခါ.......လူသတ်​သမားအစစ်​ကဘယ်​သူလဲ......​နောက်​ကွယ်​ကကြံစည်​​နေသူက ဘယ်​သူလဲ......ဆိုတာ ကြည့်​ရှုသူကိုယ်​တိုင်​ပဲ ခံစားကြည့်​လိုက်​​နော်​ File Size : (700 MB) and (230 MB) Quality : ...
movie
Better Watch Out (2017)
2016
The End of April (2017) 6.8
The End of April (2017)   မပြေလည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တဲ့ ဂျိုဟီးက အိမ်နီးချင်း အစ်မ ယောင်ဂျင်းကို သိပ်အားကျခဲ့ပါတယ် ...ယောင်ဂျင်းကလည်း ဂျိုဟီးကို ညီမလေးလို ချစ်တာမို့ အတတ်နိုင်ဆုံးကာကွယ်ပေးခဲ့သူပါ ...ဒါပေမယ့် အချိန်တန်ကျတဲ့အခါ ကိုယ့်ဘဝနဲ့ကိုယ်လည်ပတ်ရတဲ့ အခါမှာ ယောင်ဂျင်းက ယောင်ဂျင်းဘဝ ဂျိုဟီးက ယောင်ဂျင်းဘဝ ဖြစ်လာပါတယ် (ရှုပ်သွားလား မသိ ?) ရုပ်ရှင်လေးကို ကြည့်ကြည့်ရင် နားလည်လာပါလိမ့်မယ်နော် ...လောကကြီးမှာ ဘယ်သူမှ မယုံရပါဘူး ....ဘယ်အရူးကမှလည်း ကိုယ့်ကိုကိုယ် ရူးတယ်လို့ မပြောတတ်ကြပါဘူး...မြင်မြင်ချင်းအချစ်တို့ အကြောင်းမသိပဲ ချစ်တယ်တို့ဆိုတာလည်း မကောင်းပါဘူး ...ဘယ်အရာကိုမှ အလွယ်တွေးတာ မကောင်းပါဘူး ...အဲ့ဒီ "ဘူး" တွေကို ဒီကားကြည့်ပြီးတဲ့ အခါ ယုံသွားပါလိမ့်မယ်...ယောကျာ်းလေးပရိသတ်တွေဆို အတန်းထဲက အကြောင်းမသိတဲ့ ကောင်မလေးကိုတောင် မကြိုက်ရဲ ဖြစ်သွားစေရမယ် ??၁၈+ ...
movie
The End of April (2017)
2017
The Ninth Gate (1999) 6.7
The Ninth Gate (1999) အတတ်ပညာတစ်ခုကို တစ်ဘက်ကမ်းခတ် တတ်မြောက်သွားသူကို ဝိဇ္ဇာလို့ ခေါ်တယ် ။ဘာသာရေးအရ သာမန်လူတွေ မလုပ်နိုင်တဲ့ ဂမ္ဘီရအတတ်ပညာတစ်ချို့ကို တစ်ဘက်ကမ်းခတ် တတ်မြောက်ပြီး အရှင်ထွက် အသေထွက်နဲ့ နောင်ပွင့်မယ့်ဘုရားဖူးဖို့ လွတ်မြောက်ရာလမ်းလို့ ခေါ်တဲ့ ထွက်ရပ်လမ်းကို ရောက်သွားတာတွေရှိတယ် ။သူတို့ကို ထွက်ရပ်ပါက် ပုဂ္ဂိုလ်လို့ ခေါ်တယ် ။ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေကို ဝိဇ္ဇာလို့လည်း ခေါ်ကြသေးတယ် ။ဝိဇ္ဇာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့အထဲ ကျွန်တော်တို့သိတာ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ဆေးဝိဇ္ဇာ စသဖြင့် နည်းနည်းပါးပါးပဲ သိကြတာပဲ ရှိသေးတယ် ။ထားတော့ .... ဝိဇ္ဇာအကြောင်းဆက်ရှင်းနေရင် ကိုယ်တိုင်တောင် အဂ္ဂိရတ် ထထိုးနေရမယ် ။ဒီရုပ်ရှင်ကတော့ နဝမမြောက် တံခါးကနေ ထွက်ရပ်လိုင်းကို လျှောက်လမ်းမယ့် စာအုပ်ဝိဇ္ဇာပဲ ဖြစ်ပါတယ် ။ဂမ္ဘီရအတတ်ပညာတစ်ချို့ကို စိတ်ဝင်စားရင် ကြည့်ကြပေါ့ဗျာ .......ps. ...
movie
The Ninth Gate (1999)
1999
Wild Tales (2014) 8.1
Wild Tales (2014)   ဒီဇာတ်ကားက နည်းနည်းလေးဆန်းတယ်။ ကျွန်တော်တို့ နေစဉ်ကြုံနေကြပြသနာလေး တွေမှာ တစ်ချို့ က စိတ်မထိန်းနိုင်တော့ဘဲ တစ်ဖက်ခြမ်းကို ရောက်သွားကြတယ့် လူ့ သဘာဝ ဖြစ်စဉ်လေးတွေ ကို သည်းခံစိတ် ရဲ့ အလွန်အနေထားလေးတွေ တွေ့ မြင်ရမှာပါ။ ဒီကားကို ရွှေးချယ်ဖြစ်ရခြင်းအကြောင်းရင်းတစ်ခု က ကိုယ်မတရားခံနေရသည်ဖြစ်သော်ငြားလဲ စိတ်နောက် အလိုလိုက်ပြီး တုန့် ပြန်လိုက်တဲ့ အခါ သူ့ အတွက် သာမက ကိုယ့် အတွက်ပါ ကြီးကြီးမားမားထိခိုက်စေတယ်ဆိုတာကို သိ စေချင်လို့ ပါ။" သောက်ရေးကြီးနေပါတယ်ဆိုမှာ သောက်ကားတွေ ကလာပိတ်နေတယ် အကုန်ဝင်တိုက်ပလိုက်ရ ...သောက်ဖုန်းကဒ်က ပိုက်ဆံကတော့ဖြတ်တယ် လိုင်းကျတော့ အ၀ိုင်းလည်တာထိုင် ကြည့်နေရတယ် သောက်ရုံး(....)ကို ဗုံးသွားခွဲ မိတော့မယ်....."အဲ့လို့ ကျွန်တော်တို့  တွေ ဖြစ်တက်ကြတယ့် သည်းခံနိုင်မှုအတိုင်းအတာတစ်ခဏလေးကုန်ဆုံးသွားတဲ့ အလွန်အခြေအနေလေးမှာ လူတစ်ချို့  က သူတို့  ဖုန်းကို ရိုက်ခွဲမိသွားတာမျိုးတို့  ၊ လူကြီးတစ်ယောက်ကို မကျေနပ် လို့ ဆဲဆို လိုက်တာမျိုး ကျောက်တုံးကို ခေါင်းနဲ့  ပစ်တိုက် သလို ငပိကြော်စားသွားရတာမျိုးကို ဖြစ်သွားတက်ပါတယ်။ဒီဇာတ်ကားထဲမှာ စိတ်ထဲသဘော ဇာတ်လမ်း တစ်ခန်း စီတိုင်းမှာ မတူညီတယ့် ...
movie
Wild Tales (2014)
2014