Channel Myanmar

Thriller

Proud Mary (2018) 5.0
Proud Mary (2018) ေကျးဇူးကြွေးတွေကြောင့် မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတဲ့ မယ်ရီတစ်ယောက်သူ့ကြောင့်ဖခင်မဲ့ဖြစ်သွားရတဲ့ ၁၂အရွယ် ခပ်ရိုင်းရိုင်းကောင်လေးကိုသနားစိတ်ဝင်ပြီး စောင့်ရှောက်ဖို့ကြိုးပမ်းရာမှ ပေါ်ပေါက်လာမယ့်ပြသနာတွေနဲ့အတူ သွေးမတော်သားမစပ်တဲ့သူ နှစ်ဦးကြားက သံဃောဇဉ်နဲ့မိခင်စိတ်တို့ကိုမြင်ရမှာပါမယ်ရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကတော့ နာမည်ကြီးဇာတ်ကား Hidden Figures (2016) ထဲမှာ Katherine အဖြစ်ပါဝင်ခဲ့သူ Taraji P.Henson ပဲဖြစ်ပါတယ်သူရဲ့ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပုံကြောင့်သာ ဒီဇာတ်လမ်းဟာပိုကြွလာတယ်လို့ Rotten Tomatoes မှာတော့ဆိုထားပါတယ်Action,Crime ကားကောင်းကောင်းတောင့်တ နေသူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့အထဲမှာပါပါတယ်။IMDB - 4.9/10 ရရှိထားပါတယ်File Size : (700 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Myat Thu Encoded by Thanhtike Zaw
movie

Proud Mary (2018)

2018
Safe Haven (2013) 6.7
Safe Haven (2013) Safe Haven (2013)_____IMDb - 6.7/10   ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ...
movie

Safe Haven (2013)

2013
[18+] Fetish (2008)
[18+] Fetish (2008)   ဟိုးအရင်တုန်းကပဲ ကိုရီးယားနိုင်ငံမှာ အရှေ့တိုင်း မြန်မာ၊တရုတ်၊ထိုင်း နိုင်ငံများနည်းတူ ၀ိဉာဏ်ပိုင်းဆိုင်ရာ စိတ်နယ်လွန်ပညာရပ်တွေကို လိုက်စားတဲ့ ရှာမန်ဆိုတဲ့ ပညာသည်တစ်မျိုးရှိခဲ့ကြပါသတဲ့.......ဆိုးလ်မြို့ ရှင်ဆွန်းအမျိုးသမီးအနုပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ "ဆူကီ"ဟာ စကားမပြောတတ်တဲ့ သူ့မိခင်ဆီကနေ ဒီပညာကို လက်ဆင့်ကမ်းတတ်မြောက်လာခဲ့သူပါ။တစ်နေ့မှာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကိုရီးယားလူမျိုး ပီတာတို့သားအမိနဲ့တွေ့ပြီး ပီတာနဲ့လက်ထပ်ဖြစ်ကာ အမေရိကားကို လိုက်ပါလာခဲ့ပါတော့တယ်။ ပီတာနဲ့ဆူကီလက်ထပ်ထိမ်းမြှားပြီးလို့ တစ်ပတ်မပြည့်ခင်မှာပဲ ပီတာတစ်ယောက် ရုတ်တရက်သေဆုံးသွားရတဲ့အခါ သတို့သမီးအသစ်စက်စက်ကလေးကနေ မုဆိုးမဘဝကို ချက်ချင်းရောက်ခဲ့ရသူကတော့ ဆူကီပါ။ပီတာရဲ့ မိခင်က ဆူကီရဲ့ ယောက်ခမ ဖြစ်သူက ဆူကီရဲ့ မိခင်ဟာ ရှာမန်ပညာသည်တစ်ယောက် ဖြစ်တယ်ဆိုတာကို သိသွားရတဲ့အခါ ချွေးမဖြစ်သူကို အိမ်ပေါ်ကနေ နှင်ချဖို့ ကြံစည်ပါတော့တယ်..... ဆူကီ ကလည်း ခေသူမဟုတ်ပါဘူး တစ်ပင်မလဲခင်တစ်ပင်ထူဖို့ အတွက်ကိုအကွက်ကြိုရွေ့ထားခဲ့သူလည်း ဖြစ်ပါတယ်။ အိမ်နီးချင်း ဂျွန်တို့ လင်မယားနဲ့ ဆူကီတို့ နှစ်ယောက်အကြားမှာ ပဠိပက္ခအသေးလေးတစ်ခု စတင်အညှောက်တွယ်လာခဲ့ပြီ ဖြစ်ပါတယ်။ဆူကီက ဂျွန်နဲ့တိတ်တိတ်ပုန်းကြိုက်နေကြပြီဖြစ်ပါတယ်။ဂျွန်ကလည်း မရေရာ မပြတ်သားဘဲ အားနာတတ်သူတစ်ယောက်လိုပါ။ဆူကီက ဂျွန်ကိုပြောလိုက်ပါတယ်။ သူနဲ့မယားကြီး ဂျူလီ တို့နဲ့ သုံးယောက်သား ...
movie

[18+] Fetish (2008)

Secret Window (2004) 6.6
Secret Window (2004) Secret Window (2004) IMDb - 6.6/10_____Rotten - 46%   တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်…ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ..ဇာတ်လမ်က အေးပါတယ် ..ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ်ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး…မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ..ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ..နောက်ထပ်လူသတ်မှုတွေ…?????2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten ...
movie

Secret Window (2004)

2004
The Chase (2017) 6.0
The Chase (2017) The Chase ဆိုတဲ့ဇာတ်​ကား​လေးက​တော့ ကွင်းဆတ်​လူသတ်​မှု​လေးတစ်​ခုကို လျှို့ဝှက်​ချက်​​တွေနဲ့ဇာတ်​အိမ်​တည်​ထားတဲ့ မှုခင်းကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။"လူတစ်​​ယောက်​ရဲ့ အပြင်​ပန်းမြင်​ရတဲ့စရိုက်​ကိုကြည့်​ရုံနဲ့ အဲ့လူရဲ့အတွင်းစိတ်​ကို အကဲဖြတ်​လို့မရပါဘူး"ရှင်းဒုတ်​ဆူ ဟာ အများက ​ငွေဘဲသိတဲ့အဘိုးကြီးလို့သတ်​မှတ်​ထားကြတဲ့ အ​ပေါက်​ဆိုးတဲ့ ​တိုက်​ခန်းပိုင်​ရှင်​တစ်​ဦးပါ။ သား မယားမရှိပဲ တစ်​ဦးတည်းဘ၀က်ို အထီးကျန်​ကျန်​ဖြတ်​သန်း​နေရတဲ့ ရှင်းဒုတ်​ဆူတို့ ရပ်​ကွက်​မှာ သက်​ကြီးရွယ်​အို​တွေ ​သေဆုံးမှု​တွေ ဖြစ်​ပွားခဲ့ပါတယ်​။ သဘာဝအတိုင်း​သေဆုံးတယ်​ထင်​ခဲ့​ပေမယ့်​ သံသယဖြစ်​စရာ​တွေများလာပြီး​နောက်​ပိုင်း ရှင်းဒုတ်​ဆူရဲ့တိုက်​ခန်းက ဂျီအွန်းဆိုတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ ​ပျောက်​ဆုံးသွားခဲ့ပါတယ်​။လခကို ပုံမှန်​မ​ပေးနိုင်​​ပေမယ့်​ အလုပ်​ကြိုးစားပြီးမိခင်​ကို​ထောက်​ပံ့​နေတဲ့ ဂျီအွန်းဟာ ရုတ်​တရက်​​ပျောက်​ဆုံးသွားပြီး သူ့အခန်းမှာ​တော့ သူ့သူငယ်​ချင်​ ဆူ​ယောင်းရဲ့အ​လောင်းကို ရှင်းဒုတ်​ဆူ ​တွေ့ခဲ့ရပါတယ်​။ရှင်းဒုတ်​ဆူပိုင်​ဆိုင်​တဲ့ တိုက်​ခန်းကိုငှား​နေသူ ချွဲမျိုးနွယ်​လူကြီးရဲ့မိတ်​​ဆွေ ​ဘတ်​​ဖျောင်းဒယ်​ဆိုတဲ့ စုံ​ထောက်​နဲ့ ရှင်းဒုတ်​ဆူ​တွေ့ဆုံခဲ့ပြီး သူတို့နှစ်​​ယောက်​ ပူး​ပေါင်းစုံစမ်းရာမှာ​တော့ ဒီအမှုဟာ လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​က ကွင်းဆက်​လူသတ်​မှုနဲ့ ထပ်​တူကျ​နေတာ ​တွေ့ခဲ့ရပါတယ်​။လွန်​ခဲ့တဲ့နှစ်​သုံးဆယ်​က လူသတ်​တရားခံကို မဖမ်းနိုင်​ခဲ့လို့ ယူကြုံးမရဖြစ်​​နေတဲ့ ဘတ်​​ဖျောင်းဒယ်​တစ်​​ယောက်​ ထိုရပ်​ကွက်​ထဲ ​မကြာခင်​က​ပြောင်းလာတဲ့ နာဂျွန်​ဟွတ်​ဆိုတဲ့ ​စေတနာဆရာဝန်​တစ်​ဦးကို​တွေ့တဲ့အခါ သူဟာလူသတ်​သမားပဲလို့ ...
movie

The Chase (2017)

2017
The Rum Diary (2011) 6.2
The Rum Diary (2011)  မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ဘာလို့ဆို ကျွန်တော်တို့ပုရိသယောကျင်္ားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။ File size(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Rum Diary (2011)

2011
Small Town Crime (2017) 6.6
Small Town Crime (2017) အလုပ်တစ်ခုကို ပုံမှန်လုပ်နေပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ဆိုးကြိုးတွေများနေရင်တော့ ရလဒ်ကမကောင်းပါဘူးရဲအရှိ မိုက်တစ်ယောက်လည်းဒီလိုပဲ...ဖြစ်ရပ်တစ်ခုမှာ ဆိုးကြိုးတွေများတဲ့အတွက်ကြောင့် ကြီးမားတဲ့​ပေါ့ဆမှုလို့ခေါင်းစဉ်တပ်ခံလိုက်ရပြီး တာဝန်​ကရပ်​ဆိုင်းခံလိုက်ရတယ်....သူဟာ အရပ်သားဖြစ်ပြန်ပြန်တော့ အပြင်လောကမှာ သိပ်အံမ၀င်ချင်...ရဲဝန်ထမ်းကောင်းမဟုတ်တောင်မှ သူဟာ ဆိုးယုတ်မှုတွေကိုမျက်ကွယ်ပြုတ်တတ်သူမဟုတ်..ဒီလိုနဲ့ ပြည့်​တန်​ဆာမ​လေးတစ်​​ယောက်​ အသတ်​ခံရတဲ့အမှုမှာ ဝင်​ပတ်​သက်​မိသွားတယ်...သူပတ်သက်မိတဲ့ လူသတ်မှုနောက်ကွယ်မှာ မဟာအရှုတ်တော်ပုံကြီးရှိနေတာ အသိနောက်ကျသွားတယ်...ကိုင်း သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အမိုက်စား actionခန်းတွေ စွန့်စားခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ပါဦး။ ။ File Size : (750 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre :Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-MT Translated by Lex Luthor Encoded by [email protected]
movie

Small Town Crime (2017)

2017
Muse (2017) 5.3

Muse (2017)

Cinderella the Cat (2017) 7.0
Cinderella the Cat (2017) ဒီတစ်​ခါမှာ​တော့ ကာတွန်းကားချစ်​တဲ့ပရိတ်​သတ်​​တွေအတွက်​ Cinderella the Cat ဆိုတဲ့ ကာတွန်းကား​လေးနဲ့တင်​ဆက်​​ပေးလိုက်​ပါတယ်​။ဒီဇာတ်​ကား​လေးက​တော့ ​အောင်​မြင်​​ကျော်​ကြားခဲ့တဲ့ စင်​ဒရဲလားနဲ့​ရွှေဖိနပ်​ပုံပြင်​​လေးကို အ​ခြေခံပြီး ဇာတ်​ကွက်​အသစ်​​တွေနဲ့ ပြန်​လည်​တင်​ဆက်​ထားတဲ့အီတလီကာတွန်းဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။ဇာတ်​လမ်း​လေးရဲ့ အကျဉ်းက​တော့.....အီတလီနိုင်​ငံ၊ ​နေပယ်​စ်​ ဆိုတဲ့ဆိပ်​ကမ်းမြို့​လေးမှာ အသက်​ရွယ်​2နှစ်​သာရှိ​သေးတဲ့စင်​ဒရဲလား​လေးရဲ့ဖခင်​ဖြစ်​သူဟာ ​အောင်​မြင်​​ကျော်​ကြားတဲ့သိပ္ပံပညာရှင်​တစ်​​ယောက်​ဖြစ်​ပြီး​တော့ အဲ့ဒီဆိပ်​ကမ်းမြို့​လေးကိုတိုးတက်​လာ​စေဖို့အတွက်​ စီမံကိန်းချအလုပ်​​တွေလုပ်​ကိုင်​ခဲ့ပါတယ်​။သို့​ပေမယ့်​ သူရဲ့​အောင်​မြင်​​ကျော်​ကြားမှုနဲ့ကြွယ်​ဝချမ်းသာမှု​တွေကို​တော့ မနာလိုတဲ့သူတစ်​​ယောက်​ရှိပါတယ်​။သူက​တော့ စင်​ဒရဲလား​ရဲ့အ​ဖေနဲ့သူငယ်​ချင်းဖြစ်​သူ 'မင်းသား​လေး'​လို့ခေါ်ကြတဲ့ ​အောင်​မြင်​တဲ့အနုပညာရှင်​တစ်​​ယောက်​ပဲဖြစ်​ပါတယ်​။အဲ့​တော့ သူဟာ စင်​ဒရဲလား​လေး အ​ဖေရဲ့ ​အောင်​မြင်​မှု​တွေကိုလုယုဖို့ကြိုးစားပါ​တော့တယ်​။ဒီလိုကြိုးစားရာမှာ သူ့ရဲ့ချစ်​သူဖြစ်​တဲ့ အိမ်​ဂျယ်​လီကာကို စင်​ဒရဲလားရဲ့အ​ဖေနဲ့ လက်​ထပ်​ခိုင်း​စေပြီး စင်​ဒရဲလားရဲ့အ​ဖေဆီက​လုပ်​ငန်း​တွေကို လုယူဖို့ကြံစဉ်​ပါ​တော့တယ်​။ချော​မောလှပတဲ့ အိမ်​ဂျယ်​လီကာဟာ က​လေး​ခြောက်​​ယောက်​ရဲ့ မိခင်​ဖြစ်​တယ်​။ဒီလိုနဲ့လက်​ထပ်​ပွဲပီးတဲ့အခါမှာပဲ စင်​ဒရဲလားရဲအ​ဖေကို မင်းသား​လေးက သတ်​ပစ်​လိုက်​ပါ​တော့တယ်​။အစီအစဉ်​က ဖခင်​မဲ့စင်​ဒရဲလား​လေးဟာ အရွယ်​​ရောက်​လာတဲ့အခါကျရင်​ သူ့အ​ဖေရဲ့လုပ်​ငန်း​တွေကိုလွှဲ​ပြောင်း​ပေးဖို့ လက်​မှတ်​ထိုးခိုင်းမယ်​ဆိုပြီး​တော့​ပေါ့။ဒီ​တော့ မိဘမဲ့စင်​ဒရဲလား​လေး အရွယ်​​ရောက်​လာတဲ့အချိန်​ထိကို က​လေး​ခြောက်​​ယောက်​အ​မေတစ်​ဖြစ်​လဲ အိမ်​ဂျယ်​လီကာက ​မွေးထားပါ​တော့တယ်​။ အဲ့မှာ စင်​ဒရဲလားရဲ့ဘဝစ​တော့တာပါပဲ။အိမ်​ဂျယ်​လီကာ အပါအဝင်​သူ့ရဲ့က​လေး​ခြောက်​​ယောက်​ကပါ စင်​ဒရဲ​လေးကို ဝိုင်းနှိပ်​စက်​ကြလွန်းလို့. စင်​ဒရဲလား​လေးခဗျာ စိတ်​ထိခိုက်​ပြီးအတိတ်​​မေ့သွားကာ စကား​တောင်​မ​ပြောနိုင်​ဘဲ စွန့်​အသွားတဲ့ဘဝကို​ရောက်​သွားပါ​တော့တယ်​။ဒီလိုနဲ့စင်​ဒရဲလား​လေး 18နှစ်​ပြည့်​လို့ အရွယ်​​ရောက်​လာတဲ့အခါမှာ​တော့ ...
movie

Cinderella the Cat (2017)

Bent (2018) 5.1
Bent (2018) IMDb 5.1 rating ရထားတဲ့ ၂၀၁၈မှာထွက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကောင်းနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုသွားဖမ်တဲ့ ရဲ၂ယောက်ရဲ့ အမှုလွဲချော်သွားမှုကနေစတင်ထားပါတယ်။ အဲ့ဒီကနေမှ အစိုးရအတွင်းရေးတွေမှာ လှိုက်စားနေမှုတွေ, လာဘ်စားမှုတွေ သစ္စာဖောက်မှုတွေကြောင်းကိုဖော်ကြူးထားပါတယ်။ဒီဇာတ်လမ်းကို Star Trekတို့ Lord of the Rings တို့မှာသရုပ်ဆောင်ထားတဲ့မင်းသားတစ်ယောက်ဖြစ်တဲ့ Karl Urban ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်Thriller, crime ကြိုက်တဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအတွက်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်လမ်းတစ်ခုဖြစ်မှာအသေအချာပါပဲ File Size : (800 MB) and (300 MB) Quality : WEB-DL 720p Running Time : 1h 36min Format : Mp4 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by JtheKoala Encoded by Thanhtike Zaw
movie

Bent (2018)

Ronin (1998) 7.3
Ronin (1998) Ronin(1998) IMDb...7.3/10,,,,Rotten.,.67%Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်... Heat,The Score ,Casino ကားတွေကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ပရိတ်သတ် ဖြစ်သွားတယ် . ..ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်...ဒီကားရဲ့ အက်ရှင်ခန်းတွေ .. .အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေ ဟာ အသက်ပါလွန်းပဲလား မသိ .. .၁၉၉၉ခုနှစ်ရဲ့Science Fiction, Fantasy & Horror Films, USA မှာ Academy ဆိုရရှိခဲ့ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကို လိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Reno နဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ ...
movie

Ronin (1998)

1998
Mute (2018) 5.5
Mute (2018) Mute ဇာတ်​ကားဟာ2018မှာ Netflix filmကထုတ်​​လုပ်​ခဲ့တဲ့ Sci-Fi - Drama ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​။Mute ဇာတ်​ကားကို Warcraft(2016) ကိုတာဝန်​ယူရိုက်​ကူးခဲ့တဲ့ Director Duncan Jonesကရိုက်​ကူးထားပြီး​တော့ IMDb rating-5.4/10 ရရှိထားတဲ့ ဇာတ်​ကားဖြစ်​ပါတယ်​။ဇာတ်​လမ်းအကျဉ်းက​တော့ ငယ်​စဉ်​က အက်​စီးဒင့်​တစ်​ခု​ကြောင့်​စကားမ​ပြောနိုင်​​တော့တဲ့ Leo ဆိုတဲ့သူတစ်​​ယောက်​ သူ့ဘဝကိုနားလည်​​ပေးတဲ့တစ်​ဦးတည်း​သောချစ်​သူ Naadirah နဲ့အတူ ဘားတစ်​ခုမှာ အရက်​စပ်​တဲ့သူအဖြစ်​ လုပ်​ကိုင်​ရင်း ဘဝကို​ပျော်​ရွှင်​စွာနဲ့ ဖြတ်​သန်း​နေခဲ့ပါတယ်​။သူ့ရဲ့ချစ်​သူ ​ထူးဆန်းစွာ ​ပျောက်​ဆုံးသွားချိန်​မှာ​တော့ Leo တစ်​​ယောက်​ သဲလွန်​စ​တွေ​လိုက်​ရှာပြီး သူ့ချစ်​သူကိုပြန်​​ရှာ​တွေ့ဖို့ကြိုးစားရင်​ ဂိုဏ်းဆန်​ဆန်​ အဖွဲ့​တွေနဲ့ ပက်​သက်​မိသွားတဲ့အချိန်​မှာ​တော့...‌Mute ဇတ်​ကားက ဇာတ်​အိမ်​ကို 2052ခုနှစ်​ အနာဂါတ်​သိပ္ပံ​လောကကို အ​ခြေခံထားပြီး​တော့ ဂျာမဏီနိုင်​ငံ ဘာလင်​မြို့မှာ ဇာတ်​အိမ်​တည်​ထားပါတယ်​။Sci-fi အမျိုးအစားဖြစ်​သည့်​အား​လျော်​စွာ​ခေတ်​လွန်​ နည်းပညာ အသုံးအ​ဆောင်​ပစ္စည်း​တွေနဲ့ ဖက်​ရှင်​​တွေက ကြည့်​ရူ့သူပုရိတ်​သတ်​ကို တမျိုးဆန်း​စေမှာပါ File Size : (950 MB) and (400 MB) Quality ...
movie

Mute (2018)

2018
[18+] The Tenants Downstairs (2016) 5.6
[18+] The Tenants Downstairs (2016) Dark Side Production မှ တင်ဆက်သည်။     ပရိတ်သတ်တွေအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာက" The Tenants Downstairs "ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ "အောက်ထပ်မှအိမ်ငှားများ"ဆိုပြီး မြန်မာမှုပြုရင် နီးစပ်မယ်လို့ထင်ပါတယ်။ ထိုင်ဝမ်မင်းသမီးချော "Sophia Li Xing" က Ms.Chenအဖြစ်သရုပ်ဆောင်ထားပြီး လိင်စိတ်ရမ္မက်ပြင်းထန်တဲ့ အဆောင်ငှားနေသူရုံးဝန်ထမ်းအမျိုးသမီး တစ်ယောက်အနေနဲ့ တွေ့ရမှာပါ အလုပ်က အိမ်ပြန်လာတိုင်း ယောက်ျားအဖော်တွေတစ်နေ့တစ်ယောက် မရိုးရအောင် အိမ်ခေါ်လာတတ်ပြီးတော့ချစ်တင်းနှောတတ်တဲ့သူတစ်ယောက်ပါ..... အခန်းချင်းကပ်ရက်ဖြစ်တဲ့ အိမ်ထောင်ကွဲခါစ လူလွတ်တစ်ယောက်ဖြစ်တဲ့အားကစားနည်းပြဖြစ်တဲ့ Mr.Chang တစ်ယောက်မှာတော့ Ms.Chen ရဲ့အခန်းထဲကချစ်တင်းနှောကြတဲ့အသံတွေကို နားကြပ်ပင်နဲ့ထောက်ထောက်ပြီး အသံခိုးနားထောင်သူတစ်ယောက်ပါ အားကစားနည်းပြMr.Changရဲ့ အဖြစ်ကို မကြည့်ရက်နိုင်သူတစ်ယောက်ရှိပါတယ် ဒါနဲ့ပဲ...Mr.Chang လက်ထဲကို Ms.Chen ရဲ့အခန်းသော့အပိုတစ်စုံရောက်လာခဲ့ပါတယ်....... တစ်နေ့.......Ms.Chen ရဲ့အခန်းထဲကိုဝင်ကြည့်နေတုန်းမှာ Ms.Chen တစ်ယောက်အိမ်စောစောပြန်လာတာနဲ့ ပက်ပင်းတိုးပါတော့တယ် ဘာတွေဆက်ဖြစ်လာမယ် ထင်ပါသလဲ........ သေချာတာကတော့........... Zzz (မင်းသမီးလေးတွေကတော့ မှုံနေအောင်ချောလွန်းပါတယ် :P)   File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Adult, Crime, ...
movie

[18+] The Tenants Downstairs (2016)

2016
Wine Wars (2017) 5.0
Wine Wars (2017) ဒီတစ်ခါတော့ဝိုင်ချစ်သူရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွတ်၂၀၁၇ ထွက် Wine War ဆိုတဲ့တရုတ်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ဟာသနဲ့အက်ရှင်ပေါင်းထားတာလေးပါ။ဇာတ်လမ်းကယန်မင်းဆက်လက်ထက်တုန်းကအရမ်းကိုတော်တဲ့ဝိုင်ပြုလုပ်ပေးတဲ့သူတစ်ယောက်ရှိပါတယ်။အဲ့အချိန်တည်းကကမ္ဘာပေါ်မှာအကောင်းဆုံးဝိုင်ပြုလုပ်တဲ့နည်းကိုရှာဖွေတွေ့ရှိခဲ့ကြတာပါ။အဲ့နည်းလမ်းကိုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြတာအခုခေတ်တန်ကြေးနဲ့ဆို ယူရို ၅မီလီယံအထိဖြစ်လာတယ်။အဲ့နည်းလမ်းသာရပြီဆိုသေချာပေါက်သူဌေးဖြစ်ပြီလေ။အဲ့အချိန်မှာပဲအဲ့နည်းလမ်းကိုလေလံတင်ရောင်းချမယ်ဆိုတော့လေလံဆွဲကြပြီပေါ့။ဘယ်သူကဘယ်လိုလေလံဈေးနဲ့ရသွားမလဲ။လေလံတင်တဲ့သူဘက်ကရောမျိုးရိုးစဉ်ဆက်ထိန်းသိမ်းရမယ့်နည်းလမ်းကိုဘာလို့လေလံတင်လိုက်တာလဲ။နောက်ဆုံးအဲ့နည်းနဲ့သူဌေးဖြစ်မယ့်သူကဘယ်သူလဲဆိုတာရယ်ရယ်မောမောနဲ့ကြည့်လိုက်ကြရအောင်ပါ။ဇာတ်ကားကြည့်ပြီးဝိုင်သောက်ချင်တယ်ဆိုရင်တော့ကိုယ်ဟာကိုယ်ဝယ်သောက်ကြပါလို့ပြောချင်ပါတယ်။အက်ဒမင်တွေကိုလည်းဝယ်တိုက်ချင်ရင်အချိန်မရွေးလက်ခံပါတယ်လို့ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုနေမျိုးပါ) File Size : (800 MB) and (270 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264-WiKi Translated by Nay Myo Encoded by Thanhtike Zaw
movie

Wine Wars (2017)

2015
Bhaagamathie (2018) 7.0
Bhaagamathie (2018) Bhaagamathie (2018)_____IMDb - 7.0/10   ၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ... အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ...
movie

Bhaagamathie (2018)

2018
The Brink (2017) 5.5
The Brink (2017) The Brink(2017) ဟာIP man-3မှာပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော် တရုတ်မင်းသားJhang Jinရဲ့ ဖိုက်တင် ကားကောင်းလေး တစ်ကားပါ...ဇာတ်လမ်းအကျဉ်းလေးကတော့....Saigau(Jhang Jin)ဟာ ပေါ့တိပေါ့ဆနဲ့ ကမူးရှုးထိုး လူဆိုးဖမ်းတတ်တဲ့ ရဲတစ်ယောက်ပါ...မှောင်ခို ရွှေအရောင်းအဝယ်သမား Shing ဆိုတဲ့သူ့ရဲ့ ဒုစရိုက် ရန်သူတော်ကြီးကို ရေကုန်ရေခမ်းလိုက်ဖမ်းဆီးဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူလည်းဖြစ်ပါတယ်...Shingကတော့ ငါးဖမ်းလှေတွေ အယောင်ပြပြီး ရွှေမှောင်ခို ရောင်းဝယ်နေသူပါ...တစ်နေ့မှာတော့ Shing တစ်ယောက် ရေအောက်က လျှို့ဝှက်ရွှေတွင်းကို လိုက်ရှာနေကြောင်း ပြည့်သူရဲကြီး Saigau သိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ သားကောင်နောက်ကို ဘယ်လို ခြေရာခံလိုက်လံဖမ်းဆီးမလဲ ဆိုတာကို ခပ်ကြမ်းကြမ်း အတိုက်အခိုက်ကားကောင်းမျိုးမှ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်ကြီးအတွက် The Brink (2017)ကို တင်ဆက်ပေးလိုက်ရပါတယ် (ဘာသာပြန်သူကတော့ Ann Mary ပါ) File Size : (900 MB) and (376 MB) Quality : ...
movie

The Brink (2017)

2017
Mom (2017) 7.4
Mom (2017) 2017 မှာထွက်ခဲ့သမျှ Bollywood ကားတွေမှာ အားရစရာ သိပ်မတွေ့ခဲ့ဘူး အထူးသဖြင့် တကယ့် ဂရိတ်ကြီးတွေရဲ့ ကားတွေ တော် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး (Akshay ရဲ့ Toilet တော့မကြည့်ရသေး)Badrinath Ki Dulhania လေးတော့ မဆိုးပါဘူး====================================================ဒီတစ်ခါ Bollywood ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ မင်းသမီးကြီး Sridevi ရဲ့ Mom ဆိုတဲ့ ဇာတ်ကားပါပဲ့ English Vinglish မှာ ထူးထူးခြားခြား သတိထားမိတာပါ ( တခြားကားတွေ မကြည့်ဖူး )ဒီကားထဲမှာလည်း သရုပ်ဆောင်သွားတာ သိပ်ကောင်းလွန်းလို့ မျက်ရည်ဝဲမိတဲ့ အထိပါပဲ့ အမေတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ ဒေါသ အားလုံးကို ကျွန်တော့်တို့ကို ချပြသွားနိုင်ပါတယ်မိခင် ဖြစ်ထားတဲ့ သူတွေ မိခင်ဖြစ်လာမည့် သူတွေ တွေ သမီးမိန်းကလေးတွေ သမီးရှင်တွေ လက်လွတ်မခံပဲ ကြည့်ထားသင့်တဲ့ ပညာပေး ဇာတ်ကား တစ်ကားပါ။IMDB ...
movie

Mom (2017)

2017
Haseena Parkar (2017) 5.0
Haseena Parkar (2017) ဘောလီဝုဒ် ပရိတ်သတ်တွေအတွက် Biography ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းမြို့ရဲ့ ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ ဒါဝူဒ် အေဗရာဟင်ရဲ့ ညီမဖြစ်သူ ဟစီနားပါကရ်ရဲ့ အထ္ထုပ္ပတ္တိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်အနေနဲ့ မင်းသမီး ရှရ်ဒါးကပူးရ်က သရုပ်ဆောင်ထားပြီး အရင်က သူ့သရုပ်ဆောင်မှုတွေကို သိပ်သဘောမတွေ့ခဲ့ပေမယ့် ဒီကားထဲမှာ တော်တော်လေး နှစ်ခြိုက်မိပါတယ်လူတွေလက်ခံထားတဲ့ စကားပုံအတိုင်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ အယူအဆတွေနဲ့ ဂိုဏ်းစတား ဒါဝူဒ်ရဲ့ ဒုစရိုက်မှုမှန်သမျှအတွက် ညီမဖြစ်သူ ဟစီနားကို သံသယဝင်ကာ စစ်ဆေးမေးမြန်းဖို့အတွက် အကြိမ်ကြိမ် ရဲစခန်းက ခေါ်လို့ အသွားအလာလုပ်ခဲ့ရပါတယ်နောက်ဆုံးထွက်သက်အထိ တရားရုံးနဲ့အိမ် ကူးကလန်ခက်ရင်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာကို ပုံဖေါ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ဟစီနားဆိုတာ မွေးချင်းညီကိုမောင်နှမများတဲ့ သာမန်မိသားစုလေးတစ်စုက ကောင်မလေးတစ်ယောက် အထက်က အစ်ကိုနှစ်ယောက်နဲ့ အသက်ချင်းသိပ်မကွာတော့ ပိုနီးစပ်သလို သံယောဇဉ် ပိုရှိတာပေါ့အစ်ကိုကြီးဆုံး ဒါဝူဒ်က မှောင်ခိုနဲ့ဒုစရိုက်အလုပ်တွေ လုပ်ပြီး ဂိုဏ်းစတား ဖြစ်လာခဲ့တယ်အချိန်ကြာလာတာတော့ ရဲတပ်ဖွဲက ပစ်ခတ်ဖမ်းစီးမှုတွေရှိလာတော့ တခြားနိုင်ငံကူးသွားခဲ့တယ်ဒါပေမဲ့ ဟစီနားကတော့ အိမ်ထောင်ကျပြီး သူ့ယောက်ျားနဲ့ အဆင်ပြေပြေဘဝလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ်ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုမှာ ဟစီနားအစ်ကိုကို တရားခံဖြစ်သတ်မှတ်ပြီး ရဲစခန်းက စစ်ဆေးဖို့ ...
movie

Haseena Parkar (2017)

2017
Jurassic Park (1993) 8.1
Jurassic Park (1993)  Jurassic Park (1993) မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (997 MB) and (362MB) Quality : Blu-ray 1080p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated by Naing Win ...
movie

Jurassic Park (1993)

1993
Forgotten (2017) 5.7
Forgotten (2017) Forgotten (2017)_____Rotten - 7.4/10   ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။တစ်ညမှာတော့ ...
movie

Forgotten (2017)

2017