Channel Myanmar
Thriller
The Departed (2006) 8.5
The Departed (2006) IMDb (8.5)....Rotten Tomatoes (90%) ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် ...
movie
The Departed (2006)
2006
Crying Fiddle (2004)
Crying Fiddle (2004) Crying Fiddle (2004) မြန်​မာစာတန်းထိုး ===========================အခုတစ်​ခါ​တော့ ထိုင်းကား ပရိတ်​သတ်​ကြီးအတွက်​ထိုင်း စုန်း ဖုတ်​ က​ဝေ မှင်​စာ သရဲ သဘက်​ ​မှော်​ဇာတ်​ကြမ်းကားကြီးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ဇာတ်​လမ်းအ​ကြောင်းကို မပြာပြခင်​ ပထမဆုံး​ပြောချင်​တာက ဒီကားဟာ ထိုင်း​ကျေးလတ်​သဘာဝကိုထင်​ဟပ်​ပြီး ရိုက်​ပြထားတာ​ကြောင့်​ ထိုင်းနိုင်​ငံရဲ့ ​​ကျေးလတ်​သဘာဝ ရိုးရာ​ပုံစံ​တွေ နဲ့ ထိုင်းရွာစတိုင်​သမီးရီးစားချိန်း​တွေ့ခန်း ​တွေနဲ့ ဘု ခန်း​လေး အနည်းငယ်​ပါပါတယ်​ဆိုတာ အသိ​ပေးခြင်​ပါတယ်​ 18+ လို့ နာမည်​မတပ်​ချင်​တာက​တော့ 18+ ဆန်​ဆန်​ကြီးလိုမဟုတ်​တာရယ်​ဇာတ်​ကား​ကောင်းကို မိန်းက​လေး​တွေ လက်​လွတ်​သွားမှာစိုးရိမ်​လို့ပါ ဒါ​ကြောင့်​ အမျိုး​ကောင်းသမီး​တွေအ​နေနဲ့​တော့ဇာတ်​လမ်းသ​ဘောတရားလို့ သ​ဘောထားကြီး​ပေးကြဖို့​မေတ္တာ ရပ်​ခံချင်​ပါတယ်​​နော်​ကဲဇာတ်​လမ်းအကျဉ်း​လေးကို ​ပြောလိုက်​ကြရ​အောင်​ရွှာတစ်​ရွာမှာ ပရင်း ဆိုတဲ့ တိုင်​ရှမ်းမ​လေးတစ်​​ယောက်​ရှိပြီးရှမ်းမ​လေးရဲ့ မိဘ​တွေက ရွာမျက်​နှာဖုံး သူ​ဌေး​တွေပါရှမ်းမ​လေးပရင်းဟာ သူ​ဌေးသမီးတို့ထုံးစံ သူ့အိမ်​ကအလုပ်​သမား​လေးတိုင်​ နဲ့ လူငယ်​ဘာဝ ၁၈+ ကြပါတယ်​ဒါကို ပရင်းရဲ့မိဘ​တွေက သိပြီး ခွဲပစ်​ကြ​တော့ပရင်းဟာ အလွမ်းဒဏ်​​တွေကို မခံစားနိုင်​ပဲအဖန်​၅၀၀ ၅ကမ္ဘာကိုမ​ကြောက်​ပဲ သတ်​​သေပါတယ်​အဲ့မှာ ...
movie
Crying Fiddle (2004)
Seven Years of Night (2017) 6.1
Seven Years of Night (2017) ပထမဆုံးပြောရမယ်ဆိုရင် ဒီကားဟာကျွန်တော်တို့မြန်မာပရိတ်သတ်တွေနဲရင်းနှီးပြီးသားဖြစ်တဲ့မင်းသား Ryu Seung နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်)တို့ကပါဝင်ထားပြီး ထူးချွန်ဆုတွေရရှိထားတဲနာမည်ကျော်ကိုရီးယားဒါရိုက်တာကဖန်တီးရိုက်ကူးထားပါတယ်....ဒီကားကို အမေရိကန်ပြည်ထောင်စု Los Angeles , Buena Park,Jersey နဲ့ Vancouver တို့မှာပြသခဲ့ပါတယ်...ချွဲဟွန်းဆူဆိုတဲ့သူဟာ မြူခိုးထူထပ်တဲ့တစ်ညမှာဆဲယောင်းရွာမှာရှိတဲ့ သူ့မိသားစုနဲ့အတူတူနေဖို့အတွက်ဝယ်ထားတဲ့အိမ်လေးကိုသွားကြည့်မယ်ဆိုပြီးတော့ အရက်မူးမူးနဲ့ထွက်လာခဲ့ပါတယ်...ဆဲယောင်းရွာအရောက်မှာတော့ ဟွန်းဆူဟာ အသက်၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုမတော်တဆ ကားနဲ့တိုက်မိသွားပြီး အလောင်းကိုတော့ ဆဲယောင်းရွာရှိလူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ထဲကို ကြောက်လန့်လန့်ဖြင့် ပစ်ချခဲ့ပါတယ်...သေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေကလဲ ဆဲယောင်းရွာမှာ အမျက်ဒေါသအလွန်ကြီးပြီးအလွန်ဆိုးသွမ်းလှတဲ့ သူဌေး ဝူယောင်းဂျယ်ဖြစ်နေပါတယ်...ဝူယောင်းဂျယ်ဟာ သူ့ရဲ့မတရားသေဆုံးသွားရတဲ့သမီးလေးအတွက်ယူကြုံးမရဖြစ်ကာ ချွဲဟွန်းဆူနဲ့ သူ့မိသားစုကို ကလဲ့စားချေမယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်...အဲဒီနောက်မှာတော့လူသတ်သမားကို သူ့ဘာသာရှာဖွေခဲ့ပြီးလက်တုံ့ပြန်ကလဲ့စားချေဖို့အတွက်အစီစဉ်တွေရေးဆွဲခဲ့ပါတယ်...ဒီကားဟာ စာရေးဆရာ Jeong You Jeoung ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုဖြစ်တဲ့Seven Years of Darkness ကိုအခြေခံထားတဲ့ လူသားတို့ကြားမှာရှိနေတဲ့မကောင်းဆိုးဝါးလူသားကိုဖော်ထုတ်နိုင်ဖို့အတွက်ရိုက်ကူးခဲ့ပါတယ်...ဒါရိုက်တာ ချိုချန်မင်းရဲ့ရိုက်ချက်တွေကနေရှုပ်ထွေးတဲ့ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်တွေကို နစ်မျောသွားနိုင်မှာပါ...ဒါရိုက်တာချိုဟာ သူချပြခဲ့တဲ့ Late Blossom နဲ့Masquerade ရုပ်ရှင်ကားတွေမှာလို ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံကြောင့်လူသိများပါတယ်...ဒီကားကိုတောင်ကိုရီးယားနိုင်ငံမှာ မတ်လ ...
movie
Seven Years of Night (2017)
Corbin Nash (2018) 8.0
Corbin Nash (2018) Vampire အကြမ်းစားတွေ၊ Demon Hunter တွေတိုက်ခိုုက်တဲ့ Action ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။တခြား Vampire တွေနဲ့မတူဘဲ တော်တော်ထူးခြားပြီး ရက်စက်တဲ့ Vampire တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အက်ရှင်ကားကြည့်ချင်သူတွေအတွက် ၂၀၁၈ထွက်ဇာတ်ကားသစ်လေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Cobin Nash ဆိုတဲ့သူဟာ ရဲဝန်ထမ်းအဖြစ် ခက်ခဲတဲ့အမှုတွေကိုလိုက်တဲ့သူပဲဖြစ်ပါတယ်။ပုံမှန်သူ့ဘဝလုပ်ဆောင်ချက်တွေနဲ့ လည်ပတ်နေစဉ်မှာပဲ တစ်နေ့မှာသူဟာ Demon Hunter တွေရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီး သူတို့မိသားစုရဲ့ ဘဝအမှန်ကိုသိသွားရုံသာမက သူ့မိဘတွေဘယ်လိုသေရတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ဒါပေမယ့် ယုတ္တိရှိတာကိုပဲ ယုံကြည်တတ်တဲ့ Cobin တစ်ယောက် ဒါတွေကိုလျစ်လျုရှုပြီး ထူးဆန်းတဲ့အမှုတစ်ခုကိုလိုက်နေခဲ့ပါတယ်။အဲဒီမှာပဲ သူ့ရဲ့ ကံကြမ္မာပြောင်းလဲလာတော့တာပါပဲ။သူမယုံကြည်ပါဘူးဆိုတဲ့ မကောင်းဆိုးဝါးတွေကို ထိပ်တိုက်တွေ့ခဲ့ရပြီး ပိတ်လှောင်ခံခဲ့ရပါတယ်။Demon Hunter မျိုးဆက်သစ်တစ်ယောက် ဒီလိုပဲအဆုံးသတ်သွားမှာလား။ဘယ်လိုလက်စားပြန်ချေမလဲ။Demon Hunter အနေနဲ့ပဲလား ဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာတစ်ဆစ်ချိုးသွားမလဲဆိုတာကို အကြမ်းပတမ်း တိုက်ခိုက်ဟန်တွေ၊ သွေးထွက်သံယိုရိုက်ချက်တွေနဲ့တွေ့ရမှာပါ။Sexual နဲ့ပတ်သက်ပြီး အခန်းတွေ စကားပြောကြမ်းတာတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေများစွာပါဝင်တဲ့အတွက် မိသားစုနဲ့တော့ မကြည့်ရှုသင့်ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 ...
movie
Corbin Nash (2018)
2014
The Town (2010) 7.5
movie
The Town (2010)
2010
Net I Die (2017) 3.8
Net I Die (2017) Net I Die ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၁၇ခုနှစ်​ထွက်​ ထိုင်းသရဲကားတစ်​ကားဖြစ်​ပါတယ်​အင်​တာနက်​​ပေါ်က ​ဝေဖန်​​ပြောဆိုမှု​တွေ​ကြောင့်​ လူတစ်​​ယောက်​ဘ၀ပျက်​စီး ​သေဆုံးရတဲ့အထိ ဖြစ်​ပျက်​သွားပုံကို ပညာ​ပေးအ​နေနဲ့ရိုက်​ကူးထားတာဖြစ်​ပါတယ်​သရုပ်​​ဆောင်​ထားသူ​​တွေက​တော့ Kachai Pich....Fahkuelon Ratsameekhae..... Klai-Udom Sarantornစတဲ့သူ​တွေအပါအ၀င်​ မိန်းမ​ချော​လေး​တွေ အများကြီးပါပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့ မျက်​နှာလိမ်းခရင်​မ်​တံဆိပ်​တစ်​ခုကို review လုပ်​​ပေးဖို့ ငှါးရမ်းခြင်းခံရတဲ့ အင်​တာနက်​ဆယ်​လီ Monica တစ်​​ယောက်​ ခရင်​မ်​​ကြောင့်​ မျက်​နှတစ်​ခုလုံးမြင်​မ​ကောင်း​အောင်​စုတ်​ပြတ်​သွားတဲ့အခါ အရင်​ကသူ့ကိုချစ်​ခင်​သူ​တွေက သူ့ကို ချိုးနှိမ်​ပါ​တော့တယ်​.....ဒီလိုနဲ့စိတ်​ဆင်းရဲပြီးသတ်​​သေသွားတဲ့အခါ သူ့ကို ဒီလိုဖြစ်​​အောင်​လုပ်​သူ​တွေကို ကလဲ့စား​ချေပါ​တော့တယ်​....သူ​သေဆုံးသွားရတာ ဘာ​ကြောင့်​လဲ.....ဘာ​ကြောင့်​ သူ့ဘ၀ပျက်​သွားတယ်​ဆိုတာ ​ဖြည်းဖြည်းချင်း​ပေါ်​ပေါက်​လာပါ​တော့တယ်​.......ပရိသတ်​​တွေအားလုံး ဇာတ်​ကားထဲကမိန်းမ​ချော​လေး​တွေကိုရှုစားရင်း ရင်​တထိတ်​ထိတ်​နဲ့ကြည့်​ရှုရမယ့်​ဇာတ်​ကား​ကောင်းဖြစ်​ပါတယ်​??? (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ အန်တီ အိပပစံပါ) File Size : (700 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar ...
movie
Net I Die (2017)
2017
Submergence (2017) 5.4
Submergence (2017) Submergence (2017)_____IMDb - 5.4/10    Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါ့မယ် ဒီကားလေးထဲမှာတော့ သူက အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေကြောင့် ခရူးဆိတ်စစ်ပွဲ(ဘာသာရေးစစ်ပွဲ)တွေပြန်အစပျိုးလာတဲ့အာဖရိကရဲ့ကက်စ်စမဒရိုးဒေသဆီသွားပြီးဂျီဟတ်ဒ်စစ်ပွဲပြင်ဆင်ဖို့ဖိအားပေးခြင်းခံနေရတဲ့ဒုက္ခသည်တွေအတွက် ရေရရှိဖို့အကျိုးဆောင်မယ့်အင်ဂျင်နီယာဂျိမ်းစ်မောအဖြစ်တွေ့ရမှာပါ ဒီလိုပြင်ဆင်ရင်းနဲ့ပဲ ဟိုတယ်တစ်ခုမှာပရော်ဖက်ဆာဒန်နီဖလင်းဒါးလို့ခေါ်တဲ့အဏ္ဏဝါဗေဒပညာရှင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်လမ်းဘာညာစတယ်ဆိုပါတော့ဗျာ ဒန်နီကလည်းသူမရဲ့အိပ်မက်ဖြစ်တဲ့ရေအောက်အနက်ဆုံးအလွှာထိဆင်းပြီးလေ့လာဖို့ ဂျိမ်းစ်ကလည်း စစ်ပွဲတွေအဆုံးသတ်ဖို့အတွက် ဆိုတဲ့ကိုယ်စီအိပ်မက်တွေယှဉ်လာချိန်မှာတော့....... သူတို့ပြန်ဆုံနိုင်ပါ့မလား အိပ်မက်ကိုယ်စီကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့...??? ကြည့်ကြည့်ရအောင်ဗျာ....???(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ)    File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Submergence (2017)
2017
10×10 (2018) 5.0
10×10 (2018) ၁၀ ပေပတ်လည်အခန်းလေးတစ်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ရှိတယ်။အပြင်မှာတော့ ယောက်ျားတစ်ယောက်က လွန်ခဲ့တဲ့ ၄ နှစ်က သတင်းတစ်ပုဒ်ကိုပဲ ထပ်ခါထပ်ခါ နားထောင်နေတယ်။တစ်ခါတစ်လေကျ သူ့မိသားစုဗီဒီယိုမှတ်တမ်းလေးတွေပြန်ကြည့်တယ်။အခန်းထဲက အမျိုးသမီးက မေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါဖြေနေရတယ်။ဒါပေမယ့် သူဖြေလိုက်တိုင်း အလိမ်အညာတွေကြီးပဲဖြစ်နေတယ်။ ဘာဖြစ်လို့လဲ?အတိတ်ကနေ မရုန်းထွက်နိုင်သေးတဲ့ လင်ယောက်ျားတစ်ယောက်နဲ့ ဘ၀သစ်တစ်ခုကို စတင်နေတဲ့ မိန်းမတစ်ယောက်ဒီ ၁၀ပေပတ်လည်အခန်းလေးထဲမှာ သူတို့နှစ်ယောက်လုံးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရှင်းတမ်းထုတ်ကြတဲ့အခါဘယ်သူက မှားခဲ့တာလဲ၊ ဘယ်သူက မှန်သလဲ၊ တကယ်အပြစ်တင်ရမှာ ဘယ်သူလဲဆိုတာ Jigsaw Puzzle တစ်ခုလိုပဲ တဖြေးဖြေးရုပ်လုံးပေါ်လာပါတော့တယ်ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ဒီဇာတ်ကားထဲက ယောက်ျားလိုဖြစ်လာမှာလား မိန်းမလိုဖြစ်လာမှာလားဆိုတဲ့ စဉ်းစားစရာလေး ချန်ထားပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ဇာတ်အိမ်ကို သေချာမပြောပြရတဲ့အကြောင်းအရင်းကတော့ ဒီဇာတ်အိမ်တစ်ခုလုံးက ရုပ်ရှင်တစ်ကားလုံးရဲ့ မြုပ်ကွက်အကြီးကြီးဖြစ်နေလို့ပါပဲ။နာမည်ကျော်မင်းသား Luke Evans ပါဝင်သရုပ်ဆောင်ထားပြီး Psycho နည်းနည်းဆန်တဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အာကာဖြိုးပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr ...
movie
10×10 (2018)
2018
Pink (2016) 8.2
Pink (2016) unicodeIMDb (8.2)..Rotten Tomatoes (100%)အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ဇာတ်လမ်းကတော့......မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ...
movie
Pink (2016)
2016
The Specialist (1994) 5.6
movie
The Specialist (1994)
1994
Maze Runner: The Death Cure (2018) 6.8
Maze Runner: The Death Cure (2018) အမေရိကန်စာရေးဆရာ James Dashner ရဲ့The Maze Runner series မှတတိယမြောက်စာအုပ်ဖြစ်တဲ့The Death Cure ကိုအရင်ဇာတ်ကားတွေကို ရိုက်ကူးတဲ့ဒါရိုက်တာ Wes Ball ပဲရိုက်ကူးထားပြီးDylan O'Brien, Thomas Bordie-Sangster,Rosa Salazar, Ki Hong Lee, Kaya Soladiaro,Dexter Darden, Aiden Gillen, Barry Pepper,Patricia Clarkson, Will Poulter,Gnaicalo Esposito, Walton Gogginsတို့ပါဝင်ထားပါတယ်။2017 February 17 မှာ ရုံတင်ဖို့စီစဉ်ထားခဲ့သော်လည်း Dylan O'Brien ရိုက်ကွင်းမှာထိခိုက်မှုဖြစ်ပွားပြီး ရုံတင်ရက်ကိုတစ်နှစ်နီးပါးနောက်ဆုတ်ခဲ့ရပါတယ်။အခုဒီကားထဲမှာ​တော့​ပထမ၂ကားထဲက လွတ်​​မြောက်​လာကြတဲ့​​ကောင်​​လေး ​တွေထဲကThomas က လွတ်​​မြောက်​လူသူ​တွေကို စုစည်​းပြီး Glader ဆိုတဲ့အဖွဲ့ကိုတည်​​ထောင်​ထားပြီး အဓိကရည်​ရွယ်​ချက်​ကသူ့သူငယ်​ချင်​း​တွေကို ကယ်​ဆယ်​ဖို့ပါဒီလိုနဲ့ တစ်​ရက်​မှာ မလွတ်​​သေးပဲ ကျန်​​နေခဲ့​သေးတဲ့သူ့သူငယ်​ချင်​း​တွေကိုတင်​​ဆောင်​လာတဲ့ ရထားကိုဖြတ်​တိုက်​ပြီး​တော့ ကယ်​ဖို့ကြိုးစားရင်​း မ​အောင်​မြင်​ပဲThomas ,Newt နဲ့Frypanတို့ ...
movie
Maze Runner: The Death Cure (2018)
2018
The Informers (2008)
The Informers (2008) မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie
The Informers (2008)
Maze Runner: The Scorch Trials (2015) 6.3
Maze Runner: The Scorch Trials (2015) အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီဒီ Maze Runner 2 မှာတော့ သောမတ်(စ်) ဆိုတဲ့ကောင်လေးကို WCKD အဖွဲ ့က အဖွဲ ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ ့အစပျိုးထားပါတယ်နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်(စ်)နဲ ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ ့ဝင်တွေကို မစ္စတာ ဂျေဆင် က ကယ်တင်ခဲ့ပါတယ်သူကတော့ WCKD အဖွဲ ့ဝင်တွေရဲ ့ ရန်ကနေ ကယ်တင်ပေးဖို ့လို ့ပြောပေမဲ့ သောမတ်(စ်) ကမသင်္ကာလို ့စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျေဆင်ကလည်းWCKD အဖွဲ ့နဲ ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်ဒီနောက်ပိုင်းမှာတော့ သူတို ့တွေ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြရမှာပါ(ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်)File Size : (900 MB) ...
movie
Maze Runner: The Scorch Trials (2015)
2015
Spinning Man (2018) 5.6
Spinning Man (2018) လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie
Spinning Man (2018)
2018
You Were Never Really Here (2017) 7.5
You Were Never Really Here (2017) အက်ရှင်ကားမှကြိုက်တဲ့ပရိတ်သတ်တွေ ရှိလား...ဒါဆိုရင်တော့ "You were never really here" ဆိုတဲ့ ဇာတ်ကားလေးညွှန်းပေးချင်ပါတယ်...အညွှန်း.... နိုင်ငံအတွက် အချိန်အကြာကြီး စစ်မှုထမ်းပေးခဲ့တဲ့ စစ်မှုထမ်းဟောင်း Joe...စစ်သားပီပီ ကယ်ဆယ်ကူညီပေးရတာ စိတ်အားထက်သန်သူ..Joe က ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေကို ကူညီရှာဖွေပေးပါတယ်...ဒီလိုကူပေးရင်းနဲ့ သူရလာတဲ့ လှည့်ကွက်တစ်ခုက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်...Joe တစ်ယောက် မိန်းကလေးတွေကို ဘယ်လိုကူပေးမလဲ...သူ့ရဲ့ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် သူချစ်တဲ့သူတွေပါ ဒုက္ခတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်မလား...စတဲ့ လားလား မေးခွန်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းကို ကြည့်ရှူခံစားရမှာပါ...File Size : (699 MB) and (326 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle ...
movie
You Were Never Really Here (2017)
2017
Liar Game: The Final Stage (2010) 7.3
Liar Game: The Final Stage (2010)  သင် လူတွေကို အလွယ်တကူယုံကြည်တတ်ပါသလား... ရိုးသားလွန်းတဲ့...ယုံကြည်လွယ်လွန်းတဲ့ လူတစ်ယောက်အဖို့ ယနေ့ခေတ်ကြီးမှာ ရှင်သန်နေထိုင်ရတာ အန္တရာယ်များလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ရတဲ့ကစားပွဲတစ်ခုမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီ Liar Game ဆိုတဲ့ဇာတ်ကားလေးက ဂျပန်ကားကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ ကြည့်ပျော်စေမယ့် ဇာတ်ကားလေးပါ။ လှည့်ကွက်များစွာနဲ့ တဖြေးဖြေးဆွဲဆောင်သွားတဲ့ ဒီဇာတ်ကားလေးဟာ IMDb Rating (7.3) ထိရရှိထားပါတယ်။Liar Game ဆိုတဲ့ ဂျပန်စီးရီးကို အခြေပြုဖန်တီးတင်ဆက်ထားပြီး ကိုရီးယားစီးရီး Liar Game အဖြစ်လဲ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းပါ။Liar Game ဇာတ်ကားအဆက် Liar Game 2:Reborn ဇာတ်ကားလဲ ၂၀၁၂ မှာထပ်မံထွက်ရှိခဲ့ပါတယ်...https://channelmyanmar.to/?s=liar+game  မှာရှာပါ။  File size…(999 MB) and (420MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by  Daniel Sharman 
movie
2010
Kung Fu Traveler (2017) 7.6
Kung Fu Traveler (2017) ဒီနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ၂၀၁၇ ကထွက်ရှိထားတဲ့ Kung fu traveler ဆိုတဲ့ တရုတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အေဒီ ၂၁၀၀ ကျော်မှာ ကမ္ဘာကြီးဟာ ဂြိုလ်သားတွေရဲ့ကျူးကျော်ခြင်းကိုခံနေရပါတယ်လူသားမျိုးနွယ်အကုန် ပူးပေါင်းကာကွယ်ပေမယ့်လည်း လူသားတွေသုံးတဲ့လက်နက်ဟာ ဂြိုလ်သားတွေအပေါ်ထိရောက်မှုမရှိတာကြောင့် အရေးနိမ့်နေကြရပါတယ်တစ်နေ့မှာတော့ ဒါရိုက်တာချန်းဆိုသူဟာ ကွန်ဖူးတိုက်ကွက်နဲ့ ဂြိုလ်သားတစ်ကောင်ကို အနိုင်ယူလိုက်နိုင်ပါတယ်ဒါပေမယ့် အဲ့ဒီခေတ်အခါမှာ ကွန်ဖူးပညာဟာတိမ်ကောနေပြီဖြစ်တာကြောင့် အကျပ်ရိုက်နေစဉ်မှာပဲ စူဇိရင်ပေးတဲ့အကြံနဲ့ စက်ရုပ်တစ်ရုပ်ကို အတိတ်ခေတ်ကိုအချိန်ခရီးသွားခိုင်းပြီး ကွန်ဖူးအကျော်အမော်ကြီးဆီက ကွန်ဖူးပညာကိုသင်ခိုင်းဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်အဲ့စက်ရုပ်ရယ် သူ့ technician စူဇိရင်ရယ် နှစ်ယောက်သား သူ့ခေတ်သူ့အခါက နယ်ချဲ့တွေကိုတိုက်ထုတ်နေရတဲ့ ကင်မင်းဆက်ခေတ်ကို ရောက်သွားပြီး ကွန်ဖူးဘုရင်လို့တင်စားကြတဲ့ ဆရာကြီးဇူးနဲ့ စိတ်ထားကောင်းတဲ့ သူ့သမီးလေး ရှောင်းဟွာတို့နဲ့ဆုံပြီးတဲ့နောက် ဆရာကြီးကတပည့်လက်မခံကြောင်းခါးခါးသီးသီးငြင်းလွှတ်လိုက်တဲ့အခါ...စက်ရုပ်တစ် တဖြစ်လဲ အဂျဲ တစ်ယောက် ကွန်ဖူးပညာတွေကို အနာဂတ်ဆီပို့ပေးပြီး ကမ္ဘာကြီးကိုကယ်တင်နိုင်မှာလား...စိတ်ခံစားချက်မရှိတဲ့စက်ရုပ်တစ်ရုပ် ခံစားတတ်လာတဲ့အခါ....အနာဂတ်ကိုပြန်လာလို့မရမှန်းသိသိရက်နဲ့ လိုက်ပါသွားခဲ့တဲ့ စူဇိရင်ရဲ့ နှလုံးသားကကော ဘယ်သူ့ဆီမှာကျန်ခဲ့သလဲဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်IMDB rating 7.3/10 အထိ ...
movie
Kung Fu Traveler (2017)
2017